ဘယ္ေလာက္ပဲ ယုံၾကည္ရသူျဖစ္ပါေစ.. သူတပါးအား လုံး၀ မေျပာျပသင့္ေသာ အရာႀကီး ကိုးပါး…


ဘယ္ေလာက္ပဲ ယုံၾကည္ရသူျဖစ္ပါေစ.. သူတပါးအား လုံး၀ မေျပာျပသင့္ေသာ အရာႀကီး ကိုးပါး…
ထိုအေၾကာင္းတရား ကိုးပါးကို ထင္ရွားစြာ ထုတ္ေဖၚ မဆိုရာဟု ဟိေတာပေဒသ၌ လာရွိ၏၊မလုံၿခဳံက ပ်က္စီးက်ိဳးမဲ့ ျဖစ္တတ္သည္။
(၁) အာယု- မိမိေနရအံ့ေသာ အသက္အပိုင္းအျခား၊
(၂) ဝိတၱ- မိမိပိုင္ စည္းစိမ္ဥစၥာ ရတနာဟူသမွ်၊
(၃) ေဂဟဆိဒၵ- မိမိ၏ အိမ္၌ မလုံၿခဳံေသာ ေနရာႏွင့္ အျပစ္အဆာ ဟူသမွ်၊
(၄) မႏၲ- လွ်ိဳ႕ဝွက္အပ္ေသာ တိုင္ပင္ ေဆြးေႏြးမႈမ်ား၊
(၅) ေမထုန- ကိုယ့္မယားအား သံဝါသမႈ စပ္ရွက္ဉပပုံနည္းႏွင့္ ျပဳေသာေနရာဌာန၊
(၆) ေဘသဇၨနယ- ခဲခက္စြာ ေဖၚစပ္အပ္ေသာ ေဆးစြမ္းေကာင္းမ်ား၊
(၇) တပ- မိမိ၏ ခ်ိဳးၿခံစြာေသာ အက်င့္၊
(၈) ဒါန- လႉဒါန္း ေပးကမ္းျခင္း၊
(၉) အပမာဏ- မိမိအား သူတပါးတို႔က ပမာမထား မေလးစားပုံ အျခင္းအရာ။
မွတ္ခ်က္။ ။တပ,ႏွင့္ ဒါန,တို႔အတြက္ကိုမူ မိမိအား သူတပါးတို႔က အထင္အျမင္ႀကီးလာေအာင္ ျဖစ္ေစ၊ ဂုဏ္ပကာသနကို ေဖၚလို၍ ျဖစ္ေစ၊ မေျပာဆိုအပ္၊ ထင္ေသး ျမင္ေသး ျဖစ္တတ္သည္ ဟူ၏၊
“ပတၱိဒါန”အမွ်ေပးေဝေရး အတြက္ကိုမူကား ထင္ရွားစြာေျပာဆိုအပ္၏ဟု မွတ္ေလ။
ေကာင္းက်ိဴးလိုရာျပည့္ၾကပါေစ
========
ဘယ်လောက်ပဲ ယုံကြည်ရသူဖြစ်ပါစေ.. သူတပါးအား လုံးဝ မပြောပြသင့်သော အရာကြီး ကိုးပါး…
ထိုအကြောင်းတရား ကိုးပါးကို ထင်ရှားစွာ ထုတ်ဖေါ် မဆိုရာဟု ဟိတောပဒေသ၌ လာရှိ၏၊မလုံခြုံက ပျက်စီးကျိုးမဲ့ ဖြစ်တတ်သည်။
(၁) အာယု- မိမိနေရအံ့သော အသက်အပိုင်းအခြား၊
(၂) ဝိတ္တ- မိမိပိုင် စည်းစိမ်ဥစ္စာ ရတနာဟူသမျှ၊
(၃) ဂေဟဆိဒ္ဒ- မိမိ၏ အိမ်၌ မလုံခြုံသော နေရာနှင့် အပြစ်အဆာ ဟူသမျှ၊
(၄) မန္တ- လျှို့ဝှက်အပ်သော တိုင်ပင် ဆွေးနွေးမှုများ၊
(၅) မေထုန- ကိုယ့်မယားအား သံဝါသမှု စပ်ရှက်ဉပပုံနည်းနှင့် ပြုသောနေရာဌာန၊
(၆) ဘေသဇ္ဇနယ- ခဲခက်စွာ ဖေါ်စပ်အပ်သော ဆေးစွမ်းကောင်းများ၊
(၇) တပ- မိမိ၏ ချိုးခြံစွာသော အကျင့်၊
(၈) ဒါန- လှူဒါန်း ပေးကမ်းခြင်း၊
(၉) အပမာဏ- မိမိအား သူတပါးတို့က ပမာမထား မလေးစားပုံ အခြင်းအရာ။
မှတ်ချက်။ ။တပ,နှင့် ဒါန,တို့အတွက်ကိုမူ မိမိအား သူတပါးတို့က အထင်အမြင်ကြီးလာအောင် ဖြစ်စေ၊ ဂုဏ်ပကာသနကို ဖေါ်လို၍ ဖြစ်စေ၊ မပြောဆိုအပ်၊ ထင်သေး မြင်သေး ဖြစ်တတ်သည် ဟူ၏၊
“ပတ္တိဒါန”အမျှပေးဝေရေး အတွက်ကိုမူကား ထင်ရှားစွာပြောဆိုအပ်၏ဟု မှတ်လေ။
ကောင်းကျိူးလိုရာပြည့်ကြပါစေ

Comments