



















crd;naing ye wai



==============

ဦးပိန်တံတားနားက ကမ္ဘာကျော် သစ်ချောက်ပင်ကြီး ကျိုးလေပြီ

မန္တလေးတိုင်း၊ အမရပူရမြို့နယ် တောင်သမာန်အင်း အတွင်း ဦးပိန်တံတား အနီးမှာ ရှိတဲ့ သစ်ချောက်ပင်ကြီးရဲ့ အကိုင်း အခက်တွေဟာ ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ နေ့လည် ၁၂ နာရီခွဲဝန်းကျင်မှာ ကျိုးကျခဲ့ပါတယ်။

ဦးပိန်တံတားကို သွားရောက်လည်ပတ်သူတော်တော်များများဟာ ဒီသစ်ချောက်ပင်ကြီးနဲ့ ဓာတ်ပုံ တွဲရိုက်လေ့ရှိကြသလို....

ဦးပိန်တံတားပေါ်ကနေ နေဝင်ဆည်းဆာကိုကြည့်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေအတွက်လည်း ဒီသစ်ချောက်ပင်ကြီးက အလှတရားတခုအဖြစ် ပါဝင်ခဲ့တာပါ။

ဒီသစ်ချောက်ပင်ကြီးဟာ တောင်သမာန်အင်း၊ ဦးပိန်တံတားတို့နဲ့ တွဲပြီး သဘာဝ ပန်းချီကားကြီးတချပ်လို လှပခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်း ဦးပိန်တံတားကို သွားလည်ကြသူတွေအဖို့တော့ အလှတရားတခုခု လိုနေတယ်ဆိုရင် ဒီသစ်ချောက်ပင်ကြီးလည်း ဖြစ်နိုင်ပါတယ်။

ဓာတ်ပုံ - ဇော်ဇော်၊ ဧရာဝတီ

crd;naing ye wai

Comments