ငွေဇင်လှိုင်း လိုက်ဖ်ရှိုးကို လာရောက်အားပေးတဲ့ ပရိတ်သတ်က မျက်လုံးပြူးစရာ....


ငွေဇင်လှိုင်းဟာ အဆို သမ္ဘာရှိတယ်၊ ဆွဲဆောင်မှုရှိတယ်လို့ ပရိတ်သတ်များက သတ်မှတ်ခြင်း ခံထားရသူဖြစ်ပြီး အနည်းဆုံး Top 3 ထိပါသင့်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
PannPwit
========
မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကနေ နှုတ်ဆက်ပြီး အိမ်ပြန်သွားတဲ့ ငွေဇင်လှိုင်းရဲ့ လိုက်ရှိုးကို ဒေသခံ ပရိတ်သတ် ထောင်ပေါင်းများစွာ လာရောက် အားပေးခဲ့ကြပါတယ်။
ငွေဇင်လှိုင်းက မြန်အိုင်ဒေါ Top 4 ကနေ အိမ်ပြန်ခဲ့ရတာဖြစ်ပြီး သူ့ဇာတိ တမူးသားတွေက အံ့သြလောက်ဖွယ်ရာ စည်စည်ကားကား ကြိုဆိုခဲ့ကြပါတယ်။
ဒီညမှာလည်း တစ်ကိုယ်တော် လိုက်ဖ်ရှိုးပြုလုပ်ခဲ့ပြီး ကလေး၊ တမူးက ပရိတ်သတ်တွေ အံ့ဖွယ်ကောင်းလောက်အောင် လာရောက် အားပေးခဲ့ကြတာ ဖြစ်ပါတယ်။
စက်ရောင်ဘီလူး ခန်းမကြီးထဲမှာ ဖျော်ဖြေတာဖြစ်ပြီး ဇာတ်မင်းသား ဖိုးချစ်လာကတုန်းကတောင် ဒီလောက်ထိ တမူးမှာ စည်ကားဖူးတဲ့ ပွဲမရှိခဲ့ဖူးဘူးလို့လည်း သိရပါတယ်။
ငွေဇင်လှိုင်းဟာ အဆို သမ္ဘာရှိတယ်၊ ဆွဲဆောင်မှုရှိတယ်လို့ ပရိ်တ်သတ်များက သတ်မှတ်ခြင်း ခံထားရသူဖြစ်ပြီး အနည်းဆုံး Top 3 ထိပါသင့်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
PannPwit

Comments