ကြန္ကရစ္ စည္ပိုင္းထဲ အႏွစ္ျမဳပ္ခံရတဲ့ အထက္တန္းေက်ာင္းသူေလး "



ကြန္ကရစ္ စည္ပိုင္းထဲ အႏွစ္ျမဳပ္ခံရတဲ့ အထက္တန္းေက်ာင္းသူေလး "

🌟ဤ ျဖစ္ရပ္မွန္သတင္း ေဆာင္းပါးသည္ အလြန္ ရက္စက္ၾကမ္းၾကဳတ္လွေသာေၾကာင့္ အသက္ ၁၈ ႏွစ္ေအာက္အရြယ္မ်ား မဖတ္သင့္ပါ..။🌟

Misato, Saitama Prefecture, Japan.

မီဆတိုဆိုတဲ့ၿမိဳ႕ေလးမွာ သိပ္လွတဲ့ မိန္းကေလးတစ္ေယာက္ရွိတယ္။ သူမ အသက္က ၁၇ ႏွစ္....။ သူမ နာမည္က ဂၽြန္းကို ဖု႐ုတ (Junko Furuta) တဲ့...။

ဂၽြန္းကို က ႐ုပ္ပဲေခ်ာတာလား...? သိပ္ၿပီး လိမၼာတဲ့မိန္းကေလးတစ္ေယာက္ေပါ့...။လိမၼာ႐ုံပဲလား..? သူမဟာ စာလည္းေတာ္တယ္ေလ..။

စာပဲႀကိဳးစားတာမဟုတ္... ေက်ာင္းကဖြဲ႕စည္းတဲ့ အသင္းအဖြဲ႕ေတာ္ေတာ္မ်ားမ်ားမွာ သူမ မပါရင္မၿပီးသေလာက္ပါပဲ...အမ်ားအက်ိဳးေဆာင္ရြက္တတ္တဲ့သူေလးေပါ့...။

ေဆးလိပ္ေသာက္ ၊ အရက္ေသာက္၊ ေဆးခ်၊ ရည္းစားထား... ဒီလို ေက်ာင္းသားေတြမလုပ္သင့္တဲ့ အလုပ္မ်ိဳး တစ္ခုမွမလုပ္...။ ဝါသနာလည္းမပါ.. ။ သူမ ဒါေတြလုပ္ဖို႔ အခ်ိန္လည္းမရ...။

ဒါေၾကာင့္ ဂြ်န္းကိုဟာ “ငါ့သမီးေလးမ်ားျဖစ္ရင္ ဘယ္ေလာက္ ေကာင္းလိုက္မလဲ..?" ရယ္လို႔ မိဘတိုင္း အားက် ပိုင္ဆိုင္ခ်င္မိတဲ့ သမီးလိမၼာေလး တစ္ေယာက္ေပါ့...။

အခ်ိန္ပိုင္းအလုပ္ဝင္လုပ္ေနတဲ့ အထက္တန္းေက်ာင္းသူ ဂၽြန္းကိုဟာ အဲဒီေန႔က အလုပ္ၿပီးတဲ့အခ်ိန္ကို ေစာင့္ရတာ အၾကာဆံုးပဲ... အိမ္ျပန္ခ်င္ၿပီ... ညဖက္ျမန္ျမန္ေရာက္ခ်င္ၿပီ...။

ဂၽြန္းကိုဟာ အဲဒီေန႔က TV ကလာတဲ့ ဂ်ပန္ အခန္းဆက္ ဒရမ္မာၾကည့္ဖို႔ စိတ္ေစာေနတာေပါ့....။

အဲဒီေန႔ညက ဒရမ္မာ ေနာက္ဆံုးဇာတ္သိမ္းပိုင္းလာမယ့္ညေလ...။ သူမ သိပ္ႀကိဳက္တဲ့ ဒရမ္မာမို႔ ဘယ္လိုဇာတ္သိမ္းမွာလဲဆိုတာ သိပ္သိခ်င္ေနၿပီး သိပ္ၿပီးစိတ္လွဳပ္ရွားေနမိတာေပါ့...။

အဲဒီေန႔ဟာ၁၉၈၈ ခုႏွစ္ရဲ႕ ခ်မ္းေအးလွတဲ့ ေဆာင္းရာသီ- ၁၁ လပိုင္း ၂၂ ရက္ေန႔ျဖစ္တယ္။

သူမေစာင့္ေမွ်ာ္ေနတဲ့ ည ၈နာရီ ၃၀ မိနစ္ ေရာက္လာပါၿပီ....။

ဂၽြန္းကိုဟာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ စက္ဘီးေလးကို အျမန္နင္းၿပီး အိမ္ျပန္လာတယ္။



စက္ဘီးေလးနဲ႔ မိန္းမလွေလး ဂၽြန္းကို ကို ပန္းျခံတစ္ခုထဲက လွမ္းျမင္လိုက္တဲ့ မိုက္တိမိုက္ကန္း အထက္တန္းေက်ာင္းသားတစ္ေယာက္က သူ႔ေနာက္လိုက္ေက်ာင္းသားကို ခိုင္းလိုက္တယ္။

" အဲ့ေကာင္မ စက္ဘီးကိုေျခေထာက္နဲ႔ကန္ပစ္ကြာ!.."

အျဖစ္အပ်က္ဟာ ျမန္လြန္းလွတယ္။

ေက်ာင္းသားဟာ တစ္ဟုန္တည္းေျပးထြက္လာၿပီး စက္ဘီးကို ေျပးကန္လိုက္တယ္...။

စက္ဘီးနင္းလာတဲ့ မိန္းမလွေလး ဂၽြန္းကို ဟာ စက္ဘီးေပၚက ေဇာက္ထိုးမိုးေမွ်ာ္လိမ့္က်သြားတယ္...။

စက္ဘီးကို ကန္လိုက္တဲ့ေက်ာင္းသားကေတာ့ ထြက္ေျပးသြားၿပီ...။

ဂၽြန္းကို စီးလာတဲ့ စက္ဘီးကို ေျခထိုးခံဖို႔ ခိုင္းေစလိုက္တဲ့ သူကေတာ့ သူမ နဲ႔ ဆန္႔က်င္ဖက္ မေကာင္းတာမွန္သမွ်လုပ္တဲ့ မီယာႏို ဟီလိုရွိ (Hiroshi Miyano)ဆိုတဲ့ အထက္တန္းေက်ာင္းသား တစ္ေယာက္ ေပါ့...။

သူကလည္း ဂၽြန္းကိုနဲ႔ တစ္ေက်ာင္းတည္း တက္ေနတာပါပဲ..။

မီယာႏိုဟာ အဲဒီၿမိဳ႕မွာ ယခူဇာလက္သစ္ လိုလို ဘာလိုလိုနဲ႔ အထက္တန္းေက်ာင္းသား လူမိုက္ အုပ္စုရဲ႕ေခါင္းေဆာင္လုပ္ေနတာေပါ့...။

အိုခုရာ ဂ်ိဳ ( Jō Ogura) ဆိုတဲ့ေက်ာင္းသားက ဒုတိယ ေခါင္းေဆာင္..။

ဂြ်န္းကိုရဲ႕ စက္ဘီးကို ေျပးကန္ခဲ့တဲ့ မီနာတို ရွင္းဂ်ိ( Minato Shinji) နဲ႔ ဝါထာနာဘဲ ယာဆုရွိ ( Yasushi Watanabe) တုိ ့ႏွစ္ေယာက္က ေနာက္လိုက္ေပါ့...။

(ပထမေခါင္းေဆာင္ မီယာႏို နဲ႔ ေနာက္လိုက္ မီနာတို နာမည္ခ်င္းဆင္ေနလို႔ ေနာက္လိုက္ တပည့္ မီနာတိုကို ‘ N ‘ လို႔ သတ္မွတ္ၿပီး ဆက္ေရးပါမယ္)

ေခါင္းေဆာင္ မီယာႏိုနဲ႔ အေပါင္းအပါေတြဟာမေကာင္းတာမွန္သမွ် အကုန္လုပ္တဲ့အျပင္ အဲဒီအရြယ္ ၁၇ ႏွစ္မွာ မိန္းကေလးေတြကိုပါ မုဒိမ္းက်င့္ဖူးေနၿပီ..။

ဂၽြန္းကိုက ေခ်ာလည္းေခ်ာ .. ေက်ာင္းမွာ နာမည္လည္းႀကီးေတာ့ မ်က္စိက်ေနတာၾကာေပါ့...။..တကယ္ခ်စ္မိတာမ်ိဳး မဟုတ္...။မီယာႏိုက ခဏ အေပ်ာ္တြဲ ခ်င္လာတယ္။

တစ္ေန႔ေပါ့...။

"ေဟ့ ဂၽြန္းကို..ငါနဲ႔ ရည္းစားျဖစ္ၾကရေအာင္..." လို႔ေျပာဖူးတယ္။

"ဟင့္အင္း.." လို႔ ဂၽြန္းကိုကလည္း မဆိုင္းမတြ ျငင္းဖူးတယ္။

ယာခူဇာဆိုတဲ့ အဖြဲ႕အစည္းနဲ႔ အဆက္အသြယ္ရွိတယ္ဆိုၿပီး ဘဝင္ျမင့္ေနတဲ့လူမိုက္ မီယာႏိုဟာ သူလိုခ်င္တာ ဘာမဆို ရႏိ္ုင္တယ္လို႔ ထင္ေနတာေပါ့... ၊

ဒီလို ထင္တိုင္းက်ဲေနတဲ့ လူမိုက္ မီယာႏိုဟာ ဂၽြန္းကိုရဲ႕ ျငင္းဆိုမႈကိုခံလိုက္ရတဲ့အတြက္ အေတာ့္ကို ေဒါသျဖစ္သြားခဲ့တယ္။

အခုေတာ့ ဂၽြန္းကို သူ႔ေရွ႕မွာ ေမွာက္ရက္လဲေနၿပီ.... ။ ည ၈:၃၀ ဆိုေတာ့ ေမွာင္ေနၿပီေလ..။

မီယာႏိုဟာ ဂြ်န္းကိုရဲ႕ စက္ဘီးကို ေျခေထာက္နဲ႔ ကန္ပစ္ၿပီး ထြက္ေျပးသြားတဲ့ N ကို ၾကည့္လိုက္တယ္...

"မိန္းကေလးတစ္ေယာက္ကို ဒီလိုေစာ္ကားတာ ဘယ္ေကာင္းမလဲ..အေတာ္ ဆိုးတာပဲကြာ.. " .., လို႔ေရရြတ္ရင္း ဂၽြန္းကို ဆီေလွ်ာက္လာတယ္..။

"ဟာ... ဒီေကာင္... ေစာေစာကပဲ ငါ့ကိုလည္း ဓားနဲ႔ၿခိမ္းေျခာက္ ေသးတယ္... ဒီေကာင္ျပန္လာမယ္ထင္တယ္... ကဲကဲ..ထ.. ငါ နင့္အိမ္လိုက္ပို႔ေပးမယ္..."

သူတို႔ အတူလမ္းေလွ်ာက္လာၾကတယ္...။

ဂြ်န္းကို ေနတဲ့အိမ္ေရာက္ဖို႔ ၁၀ မိနစ္အလို... မီယာႏိုက ကားဂိုေဒါင္ အပ်က္ႀကီးထဲ ဂြ်န္းကို ကို ႐ုတ္တရက္ ဆြဲသြင္းသြားၿပီး...

" နင့္ကို ငါ့လွဳိ့ဝွက္ခ်က္ေျပာျပမယ္.. ငါ ယခူဇာအဖြဲ႕ဝင္တစ္ေယာက္ပဲ...အထက္က နင္နဲ႔ နင့္မိသားစု ကိုသတ္ဖို႔ အမိန္႔ေပးထားတယ္.. ငါ...နင့္ သနားလို႔ အခုအထိ မသတ္ေသးတာ.."

ဂြ်န္းကိုဟာ အလြန္တုန္လွဳပ္သြားတယ္။ သူမ ၾကားဖူးတာက ယာခူဇာ ဆိုတာ သိပ္ၿပီး ၾကမ္းၾကဳတ္ ရက္စက္တယ္ဆိုပဲ...။



"ငါ့ မိသားစုကိုေတာ့ အသက္ခ်မ္းသာေပးပါဟာ.."

"နင့္ မိသားစု အသက္ခ်မ္းသာရာ ရခ်င္ရင္.. အခု ငါနဲ႔ တစ္ခါအိပ္....နင့္မိသားစုကို ဘာမွမလုပ္ဖို႔ ငါေျပာေပးမယ္.. ဘယ္လို သေဘာရလဲ...?"

မီယာႏိုဟာ ဂြ်န္းကို ကို ဂိုေထာင္ေနာက္က လူမေနတဲ့အိမ္ထဲအထိ ဆြဲသြင္းၿပီး အဓမၼက်င့္လိုက္တယ္။

" ယာခူဇာေတြ ေစာင့္ေနႏိုင္ေသးတယ္... စိတ္မခ်ရေသးဘူး...နင္ ငါ့ေနာက္လိုက္ခဲ့ .. ေအာ္ရင္ သတ္ပစ္မယ္.. ငါ့သူငယ္ခ်င္းေတြ ပန္းျခံထဲမွာ ေစာင့္ေနတယ္..နင္ ေအာ္လိုက္တာနဲ႔ နင့္မိဘေတြ ေသၿပီမွတ္...."

ေစာေစာက ပန္းျခံထဲျပန္ေရာက္လာတယ္...။မီယာႏိုဟာ သူငယ္ခ်င္း ၃ ေယာက္ဆီ ဂြ်န္းကို ကိုတြန္းပို႔လိုက္တယ္။

အဲဒီ ၃ ေယာက္က ဂြ်န္းကို ကို အဓမၼထပ္က်င့္ျပန္တယ္...။

ၿပီးေတာ့ မီယာႏိုဟာ ဂၽြန္းကို ကို တပည့္ N ရဲ႕ အိမ္ကိုဖမ္းခ်ဳပ္ေခၚေဆာင္သြားၾကတယ္။

N ေနတဲ့အိမ္က ၂ ထပ္အိမ္... မိဘေတြက အိမ္ေအာက္မွာေနတယ္...။N နဲ႔ N ရဲ႕ အစ္ကိုက အိမ္ေပၚထပ္မွာ တစ္ခန္းစီေနတယ္။

N ရဲ႕ မိဘေတြက ဂၽြန္းကို ကို အိမ္ေပၚေခၚတင္လာတာကိုေတြ႕ေတာ့...

"မိန္းကေလးက ဘယ္သူလဲ...? ေနာက္က်ေနၿပီ.. ကေလးမကို အိမ္ျပန္ပို႔.." လို႔ေျပာေပမဲ့ N က ဂ႐ုေတာင္မစိုက္ ဂြ်န္းကို ကိုအိမ္ေပၚေခၚတင္သြားတယ္။

သူတို႔ဟာ ဂြ်န္းကို ကို အိမ္ေပၚေရာက္တာနဲ႔ ႐ုတ္တရက္ စတင္နွိပ္စက္ ႐ိုက္ႏွက္ၾကေတာ့တယ္။

အိမ္ျပန္ခြင့္မရတဲ့ သူမဟာ သူမ ၾကည့္ခ်င္တဲ့ ဒရမ္မာနဲ႔လြဲခဲ့ရၿပီ...။ အဲဒီေန႔ကစၿပီး ဂြ်န္းကို ဟာ သူတို႔ေလးေယာက္ရဲ႕ အဓမၼက်င့္တာကို ခံရ႐ုံမက စိတ္ႀကိဳက္ နွိပ္စက္႐ိုက္ႏွက္တာကိုပါ ခံရရွာေတာ့တယ္။



၁၁ လပိုင္း ၂၈ ရက္ေန႔.....

အသံထြက္ ေအာ္လို႔မရေအာင္ ဂြ်န္းကိုရဲ႕ မ်က္ႏွာကို ေစာင္ ၊ ေခါင္းအံုးေတြနဲ႔ဖိထားၿပီး ေျခေတြလက္ေတြကို တုပ္ေႏွာင္လိုက္ၾကတယ္။

ၿပီးေတာ့ ေခါင္းေဆာင္ မီယာႏို ဟာ သိသမွ် ေယာက္်ား အေပါင္းအသင္းေတြေခၚလာၿပီး ဂြ်န္းကို ကို မုဒိမ္းက်င့္ခိုင္းေတာ့တယ္။

၁၁ လပိုင္း ၃၀ ရက္....

ဂၽြန္းကိုမိဘေတြက ရဲစခန္းမွာ လူေပ်ာက္တိုင္ၿပီး အပူတျပင္းလိုက္ရွာေနၾကၿပီ...။

မီယာႏိုနဲ႔ အေပါင္းအပါေတြဟာ ဂြ်န္းကိုရဲ႕ မိဘေတြေၾကာင့္ ရဲစခန္းက သူတို႔အိမ္ကို လာရွာမွာကို စိုးရိမ္လာတယ္။

သူတို႔ ဂြ်န္းကို ကိုအေဝးတစ္ေနရာေခၚသြားၾကတယ္...။

လမ္းေဘးဖုန္းနဲ႔ ..

"အေမ သမီး သူငယ္ခ်င္းေတြနဲ႔ ေအးေအးေဆးေဆး ရွိေနတယ္.. ဘာမွ စိတ္မပူနဲ႔ေနာ္..အားလံုး အဆင္ေျပတယ္...” ...လို႔ အတင္းအၾကပ္ေစခိုင္း ေျပာဆိုေစတယ္။

အဲဒီအခ်ိန္ N ရဲ႕မိခင္ဟာ သားေတြရဲ႕အခန္းကို သန္႔ရွင့္ေရးလုပ္ရင္း မိန္းကေလး ဓမၼတာလာရင္သံုးတဲ့ ပစၥည္းေတြေတြ႕သြားတယ္..။

" ဟို ညကမိန္းကေလး ဒီေန႔အထိရွိေသးတယ္ ထင္တယ္.."

အဲဒီေန႔ ညက N ျပန္လာေတာ့ N ရဲ႕မိခင္က " သား မိန္းကေလး ျပန္မပို႔ေသးဘူးလား..?

" ပို႔လိုက္ၿပီ" N ရဲ႕အေမက မယံုလို႔ ေနာက္တစ္ေန႔တက္ၾကည့္ျပန္တယ္။ ဂြ်န္းကို ကို ေတြ႕သြားတယ္..။

မီယာႏိုဟာ ဂြ်န္ကို ကို N ရဲ႕ရည္းစားေယာင္ေဆာင္ခိုင္းထားတယ္..။

N နဲ႔သူမ ထမင္းအတူစားၿပီး ဂိမ္းကစားေနၾကတယ္...။ မိဘေတြကိုယ္တိုင္က N ကိုေၾကာက္ရတယ္.. ဘာမွ မေျပာရဲဘူး..။

ေဘးအခန္းက N ရဲ႕အစ္ကိုကလည္း ဒါေတြအကုန္သိေပမဲ့ မသိခ်င္ေယာင္ေဆာင္ေနခဲ့တယ္။ N ရဲ႕အစ္ကိုက သူ႔ညီနဲ႔အေပါင္းအပါေတြကို ေသေလာက္ေအာင္ေၾကာက္တယ္ေလ..။



N ရဲ႕အေမဟာ ဂြ်န္းကို ဆီက ဖုန္းနံပါတ္ေတာင္းၿပီး ဂြ်န္းကိုရဲ႕ မိဘေတြဆီဖုန္းဆက္ခဲ့တယ္။

" ဂြ်န္းကိုဆိုတဲ့ မိန္းကေလး ရွိပါသလား..?"

"ဂြ်န္းကို ဘယ္မွာရွိလဲ သိရင္ေျပာျပပါရွင္.."

N ရဲ႕အေမဟာ ဖုန္းခ်ပစ္လိုက္တယ္.. အခုေတာ့ သူရဲ႕ သား N ဟာ ဂြ်န္းကို ကို ျပန္ေပးဆြဲထားၿပီဆိုတာ ရိပ္မိသြားၿပီေပါ့...။

N ရဲ႕အေမဟာ ဂြ်န္းကို ကိုထြက္ေျပးလို႔ရေအာင္ ကူညီခဲ့တယ္။

" ကေလးမ...ထြက္ေျပး... ေျပး..."

ဂြ်န္းကို တစ္ခါတည္း ထြက္ေျပးေတာ့တယ္။

အိမ္ေအာက္ထပ္ အထိေျပး လမ္းေပၚလည္းေရာက္ေရာ... N နဲ႔ N ရဲ႕အစ္ကို နဲ႔တန္းတိုးေတာ့တာပဲ...။

ဒီလိုနဲ႔ ဂြ်န္းကိုဟာ ကံဆိုးစြာနဲ႔ ထပ္အဖမ္းခံရျပန္တယ္။

N ဟာ မိဘေတြအိပ္တဲ့အထိ ဂြ်န္းကို ကို အိမ္အျပင္မွာ ဖမ္းထားၿပီး မိဘေတြအိပ္ေတာ့ တိတ္တဆိတ္ အိမ္ေပၚေခၚတင္ခဲ့ျပန္တယ္။

အဲဒီေန႔က စၿပီး ပိုဆိုးေတာ့တယ္........္။

သူတို႔ ဂြ်န္းကို ကို လူသားတစ္ေယာက္လို မသတ္မွတ္ၾကေတာ့ဘူး။ မုဒိမ္းက်င့္ ႐ိုက္ႏွက္တာေတြ အရင္ကထက္ ျပင္းထန္လာေတာ့တယ္။

ဂြ်န္ကိုဟာ တစ္ေန႔ ၁၈ နာရီ အဓမၼက်င့္ခံရတယ္...အနွိပ္စက္ခံရတယ္....။

"ကြ်န္မကို အသက္ရွင္ခြင့္ေပးပါ.. ကြ်န္မ နာက်င္လွပါၿပီ..."

သူမဘဝဟာ လိင္ကြ်န္ျဖစ္ခဲ့ၿပီ...။

ေရဒီယိုထဲက သူမ အၾကဳိက္ဆံုး ဒရမ္မာထဲက သီခ်င္းမၾကာခဏလာတယ္..။ အဲဒီသီခ်င္းလာရင္ သူမ မ်က္ရည္ေတြနဲ႔ လိုက္ဆိုမိတယ္...

" အားတင္းထား... အားတင္းထား..."

ပထမ သူမကို ဖမ္းလာခဲ့တုန္းက သူမဆီမွာ ေန႔စားလုပ္အားခ ယန္း ၃၀၀၀ ပါလာတယ္။

မီယာႏိုနဲ႔ အေပါင္းအပါေတြဟာ အဲဒီေငြနဲ႔ စားၾကေသာက္ၾက ... ဂြ်န္းကို ကိုလည္း ထမင္းေကြ်းၾကတယ္...။ အဲဒီေငြကုန္သြားေတာ့ သူမကို မေကြ်းေမြး ၾကေတာ့ဘူး...။

N ရဲ႕အစ္ကိုက လူလစ္ရင္ ဂြ်န္းကို ကို စားစရာေတြယူလာၿပီးေကြ်းေပမဲ့ သူမ သိပ္မစားႏိုင္ရွာေတာ့ဘူး။

သူမ သြားေတြလည္း က်ိဳးကုန္ၿပီ.. အူ၊ အစာအိမ္ေတြလည္း ထိုးႏွက္ဒါဏ္ရာေတြနဲ႔ အတြင္းေၾက ေၾကေနၿပီေလ...သူမ ႏြားႏို႔ေလာက္ပဲ ေသာက္ႏိုင္ေတာ့တယ္။

ဒီဇင္ဘာလ လဆန္းပိုင္းမွာ သူမဟာ N ရဲ႕အိမ္က ထြက္ေျပးဖို႔ႀကိဳးစားျပန္တယ္။

ဒါေပမဲ့ သူမမွာ အက်ၤ ီက မရွိ ကိုယ္တုံးလံုး....။ ဒီအိမ္ေရာက္ကတည္းက သူမ အက်ႌ ဝတ္ခြင့္ မရတာမ်ားတယ္...။

သူမဟာ အျပင္အထိထြက္ဖို႔ အခြင့္မသာေတာ့ ရဲစခန္းကို ဖုန္းဆက္လိုက္တယ္။

"ရဲစခန္းကလား..? ကြ်န္မကို ကယ္ပါ..".... မီယာႏိုက N အိမ္မွာရွိေနတယ္။



မီယာႏို ႏိုးလာၿပီး ဖုန္းကိုဆြဲလုလိုက္ၿပီး ဖုန္းခ်လိုက္တယ္...။ရဲေတြက ခ်က္ခ်င္းဖုန္းျပန္ဆက္တယ္။

မီယာႏိုက " ကၽြန္ေတာ့္ သူငယ္ခ်င္း ေနာက္တာပါ.. " ...။ အသံုးမက်တဲ့ရဲေတြကလည္း ယံုခဲ့တယ္။

ဂြ်န္းကို ပိုၿပီး ကံဆိုးၿပီ...။မီယာႏိုတို႔ အဖြဲ႕ေဒါသႀကီးကုန္ၾကၿပီေလ...။

အားနည္းေနတဲ့ ဂြ်န္ကို ကို သူတို႔ရွိသမွ်အားေတြနဲ႔ ႐ိုက္ႏွက္ လိုက္ၾကတယ္။

႐ိုက္လို႔အားမရ သူမ ခႏၶာကိုယ္ေပၚတက္ၿပီး ခုန္ၾကတယ္။ အားမရေတာ့ အေလးတုံးေတြနဲ႔ ပစ္ေပါက္ၾကတယ္။

ဝါးျခမ္းျပားနဲ႔ ရိုက္ၾကတယ္။ အားမရတဲ့အခါ ေဂါက္႐ိုက္တဲ့ အတံနဲ႔ ႐ိုက္ၾကျပန္တယ္။

ေဆးလိပ္မီးနဲ႔ တို႔ၾကတယ္..။ ေဆးလိပ္မီးနဲ႔တို႔တာ အားမရေတာ့ သူမ ခႏၶာကိုယ္ကို မီးျခစ္ထဲထည့္တဲ့ ဆီေတြစြတ္ၿပီး မီး႐ွဳိ့လိုက္တယ္။

မိန္းမငယ္ဂြ်န္းကိုဟာ အရွင္လတ္လတ္ မီး႐ွဳိ့ခံရေလၿပီ...။

မီးေလာင္ဒါဏ္ရာက ေသြးေတြ ျပည္ေတြထြက္လာၿပီး တစ္ကိုယ္လံုးရြံစရာေကာင္းလာေတယ္။ အဲဒီေတာ့ သူတို႔ဟာ ပလပ္စတစ္လက္အိတ္စြပ္ၿပီး ဆက္႐ိုက္ၾကတယ္။

အစာေကြ်းမယ့္အစား သူမကို စကၠဴခြက္ထဲ မွာ က်င္ငယ္ရည္ကို စြန္႔ခိုင္းၿပီး ျပန္ေသာက္ခိုင္းတယ္။ သူတို႔က်င္ငယ္ရည္ေတြနဲ႔လည္း ပက္ျဖန္းၾကတယ္..၊

မိယာႏိုနဲ႔အေပါင္းအပါေတြဟာ ဂြ်န္းကို အေရွ႕မွာ မိမိကိုယ္ကိုယ္တစ္ကိုယ္ရည္အာသာေျဖၿပီး ထြက္လာတဲ့ သုတ္ရည္ေတြကို သူမပါးစပ္ထဲထည့္ၿပီး ျမိဳခ်ခိုင္းတယ္။

ပိုးဟတ္အရွင္ေတြကို ဖမ္းၿပီးစားခိုင္းတယ္။

ဗိုက္ဆာတယ္ဆိုရင္ သူမခႏၶာကိုယ္က ထြက္ေနတဲ့ ေသြးပုတ္ ျပည္ပုတ္ေတြစားခိုင္းတယ္..။ ေဆးလိပ္ေတြ တစ္ခါတည္းနဲ႔ ၅ လိပ္ တစ္ၿပိဳင္နက္ေသာက္ခိုင္းတယ္...။ အရက္ေတြ အတင္းတိုက္တယ္။

သူမ ဗိုက္ဆာတယ္ မေျပာရဲေတာ့ဘူး။ နာက်င္လြန္းလို႔ ဗိုက္လည္း မဆာႏိုင္ေတာ့ပါဘူး။

၁၂ လပိုင္း ၅ ရက္ေန႔ တိုက်ိဳမွာ ရထားမီးေလာင္မႈႀကီးျဖစ္တယ္။ လူေတြအမ်ားႀကီးေသတယ္။

ဒုတိယေခါင္းေဆာင္ အိုခုရာ က " ဂြ်န္းကို သတင္းၾကည့္စမ္း.. ရထားမီးေလာင္တာ နင့္အေဖ ေသၿပီတဲ့ .."

မိဘေတြ အသတ္မခံရေအာင္ ဒီလို ေသလုေျမာပါး အနစ္နာခံေနတယ္လို႔ စိတ္တစ္ခုထဲနဲ႔ ေျဖသိမ့္ေနရတဲ့ဂြ်န္းကိုဟာ အလြန္ပဲ ဝမ္းနည္း ငိုေႂကြးေတာ့တယ္။

ဒါကို သူတို႔က သေဘာက်တယ္...။ ၿပီးေတာ့ ခဏအၾကာ " ဟားဟား ငါတို႔ေလွ်ာက္ေျပာတာ.. "

သူတို႔ဟာ ဂြ်န္းကို ကို တစ္ေန႔တစ္ေန႔ ဘယ္လို ႐ိုက္ႏွက္ရမယ္...စိတ္ဆင္းရဲေအာင္လုပ္ရမလဲလို႔ပဲေတြးေနၾကတာေပါ့..။

ဒီလိုနဲ႔ ဂြ်န္ကိုဟာ လမ္းေတာင္မေလွ်ာက္ႏိုင္ေတာ့ဘူး။

"အိမ္ျပန္ခ်င္တယ္..."

" အိမ္ျပန္ခ်င္ရင္ ငါတို႔ကို က ျပ...။"

ဂြ်န္းကိုက အားယူၿပီး မရ ရ ေအာင္ကုန္း႐ုန္း ထၿပီး က ျပရွာတယ္....။ ဒါေပမဲ့ မတ္တပ္မရပ္ႏိုင္ ပစ္လဲသြားေတာ့ သူတို႔အတြက္ ရယ္စရာေပါ့...။

သူတို႔ ၄ ေယာက္ဟာ ဂြ်န္းကို ကို တစ္ေန႔တစ္မ်ိဳး မ႐ိုးႏိုင္ေအာင္ ၾကံစည္ နွိပ္စက္ေတာ့တယ္။

သူမရဲ႕ မိန္းမအဂၤါနဲ႔ အညစ္အေၾကးစြန္႔အဂၤါေတြထဲမွာ မီးပန္းေတြတပ္ၿပီးမီး႐ွဳိ့ၾက...အမွိုက္ေတြထိုးထည့္....ေတြ ့သမွ် အခြ်န္ပစၥည္းေတြ ထိုးထည့္ ..ေနာက္ဆံုး ပုလင္းေတြ ထိုးထည့္ ၿပီး ပုလင္းေတြကြဲတဲ့အထိ ဗိုက္ေပၚတက္ခုန္ၾကတယ္။



ပလာယာနဲ႔ အသားေတြကို တစ္စစီ ဆြဲၿဖဲၾကတယ္။

ကတ္္ေႀကး ေတြနဲ႔ထိုး၊ စတီးေခ်ာင္းေတြနဲ႔႐ိုက္... သူတို႔ အၾကံရသမွ် နည္းမ်ိဳးစံုနဲ႔ နွိပ္စက္ၾကတယ္။

ပ်င္းရင္ သူမ ကိုယ္ကို ထုတ္တန္းမွာ တြဲေလာင္းခ်ၿပီး လက္ေဝွ႕ထိုးၾကေသးတယ္။

ဂြ်န္းကိုဟာ အႀကိမ္ ၄၀၀ ထက္မနည္း မုဒိမ္းက်င့္ခံခဲ့ရပါ တယ္။ အခုေတာ့ ရြံစရာေကာင္းနံေစာ္ေနတဲ့ ေသြးအလိမ္းလိမ္း မလွမပႀကီးျဖစ္ေနၿပီေလ...။

မုဒိမ္းက်င့္ဖို႔ထက္ နွိပ္စက္ဖို႔ပဲ အသံုးဝင္တာေပါ့...။

ဖူးေရာင္ေနတဲ့ မ်က္ႏွာေပၚ ဖေယာင္းစက္ေတြခ်ျပန္တယ္...။

ေဆာင္းရာသီႀကီး ဝရန္တာမွာထုတ္ထား၊ ေအးလားလို႔ ေမး... ေအးတယ္ေျဖရင္ တစ္ကိုယ္လံုး ဆီစြတ္ မီးထပ္႐ွဳိ့...။

"ကြ်န္မကို သတ္ေပးပါရွင္.. ေတာင္းပန္ပါတယ္.."

ဘဝကို အ႐ွဳံးေပးလိုက္ၿပီ...သူမ အသက္မရွင္လိုေတာ့ၿပီ..။

မီယာႏိုဟာ ဂြ်န္းကို ကို ဒီလို အိမ္ထဲထည့္နွိပ္စက္တာကို လူ အေယာက္ ၁၀၀ ေက်ာ္ သိေနတယ္။

ဒါေပမဲ့ ဘယ္သူမွ ဘာမွ မေျပာရဲဘူး။ သူမကို ကယ္မယ့္သူ တစ္ေယာက္မွ မရွိခဲ့ဘူး...။

၁၉၈၉ ခုႏွစ္ ၁ လပိုင္း ၄ ရက္

မီယာႏိုဟာ အျပင္မွာ ယန္း တစ္သိန္းေပ်ာက္သြားတယ္။ စိတ္တိုတိုနဲ႔ အျပစ္မရွိတဲ့ ဂြ်န္းကို ကို ႐ိုက္ႏွက္တယ္။

ဂြ်န္းကိုဟာ သူမရဲ႕ခါင္းနဲ႔ ကက္ဆက္ စပီကာနဲ႔ ေဆာင့္ၿပီး သတိလစ္သြားေတာ့တယ္။

ဘာမွမတုန္႔ျပန္တဲ့သူမကို ၆ ကီလိုေလးတဲ့ အေလးမတံုးေတြနဲ႔ ပစ္ေပါက္တယ္။ သူမက တုတ္တုတ္မွမလွဳပ္...။

"ေကာင္မ .. သ႐ုပ္ေဆာင္ေကာင္းလွခ်ည္လား..." ဆိုၿပီး သူမကို မီးရွဳိ့ျပန္တယ္။

သတိျပန္လည္လာတယ္။ ေနာက္ထပ္ ၂ နာရီခန္႔ ထပ္႐ိုက္ႏွက္ျပန္တယ္။ ဂြ်န္ကိုို ေသဆံုးသြားတယ္။

သူမ N ရဲ႕အိမ္မွာ ငရဲက်ခဲ့တာ အားလံုး ၄၄ ရက္ေပါ့ ... အခုေတာ့ ငရဲသားဘဝက လြတ္ေျမာက္ခဲ့ရၿပီေလ...။

၁၉၈၉ ခုႏွစ္ ၁ လပိုင္း ၅ ရက္

ေသဆံုးသြားတဲ့ ဂြ်န္းကို ကိုၾကည့္ၿပီး မီယာႏိုနဲ႔ အေပါင္းအပါေတြဟာ ရယ္ခ်င္ရက္ ပက္က်ိျဖစ္သြားၾကတယ္။

သူတို႔ဟာ တိုင္ပင္မထားပဲ ၿပိဳင္တူ ေအာ္ဟစ္ရယ္ေမာလိုက္ၾကတယ္။

ဂြ်န္းကိုရဲ႕အေလာင္းကို ေစာင္နဲ႔ပတ္၊ ခရီးေဆာင္အိတ္အထဲ ထည့္၊ ၿပီးေတာ့ အဲဒီအိတ္ကို ဘိလပ္ေျမေဖ်ာ္တဲ့ စည္ပိုင္းထဲထည့္ၿပီး ဘိလပ္ေျမေတြေလာင္းခ်ပစ္လိုက္တယ္။

ၿပီးေတာ့ တိုက်ိဳၿမိဳ႕ လမ္းေဘး တစ္ေနရာ ေနရာမွာသြားပစ္ထားလိုက္တယ္။

၂ ပတ္အၾကာ....

သူတို႔အုပ္စုဟာ အျခားမိန္းကေလးတစ္ေယာက္ကို အုပ္စုလိုက္ မုဒိမ္းက်င့္မႈနဲ႔ အဖမ္းခံရျပန္တယ္။

ေထာက္လွမ္းေရးက "မင္းအရြယ္ နဲ႔ လူသတ္ မုဒိမ္းက်င့္ အကုန္လုပ္ေနတာ မင္းကို ဒီအတိုင္းပစ္ထားလို႔မရေတာ့ဘူး..." ..လို႔ စိတ္ပ်က္လက္ပ်က္ေျပာလိုက္တယ္။

"ဘာ! ဟိုေကာင္ေတြသစၥာေဖာက္ၿပီ... ဂြ်န္းကို ကိုက်ဳပ္တစ္ေယာက္ထဲသတ္တာမဟုတ္ဘူးဗ်...!"

ေထာက္လွမ္းေရးက အေတာ္အံၾသသြားတယ္။ ခ်က္ခ်င္း အမူအရာမပ်က္ ျပန္ထိန္းၿပီး..

"ေအး ဘယ္လိုသတ္ခဲ့လဲ ေျဖာင့္ခ်က္ေပး.. လိမ္ရင္ ပိုဆိုးမယ္..."

မီယာႏိုဟာ အကုန္ေျဖာင့္ခ်က္ေပးမိေတာ့တယ္...။

ေထာက္လွမ္းေရးတို႔ အေလာင္းကို စစ္ေဆးၾကည့္ေတာ့... မၾကည့္ရဲေလာက္ေအာင္ ရက္စက္ထားတာေတြ႕ရတယ္။

ဂြ်န္းကိုရဲ႕ ရင္သားေတြမွာ အပ္ေတြ အမ်ားႀကီးစိုက္ထားတယ္။

သြားေတြ တစ္ေခ်ာင္းမွမရွိေတာ့ ......

အစာအိမ္ထဲကို စစ္ေဆးၾကည့္ေတာ့ အစားအစာေတြအစား က်င္ငယ္ေရ၊ သုတ္ေရ၊ ပိုးဟတ္ေတြပဲ ရွိေနတယ္။

မ်က္ႏွာက အ႐ိုးေတြအကုန္နီးပါး က်ိဳးေနတယ္။ဆံပင္ေတြ အကုန္ကြ်တ္ေနတယ္။

ဆရာဝန္က သူမဟာ မေသခင္က နားေတြလည္း ကန္းေနခဲ့တယ္လို႔ မွတ္ခ်က္ခ်တယ္...။

ကိုယ္ အေလးခ်ိန္ ၅၅ ကီလိုရွိခဲ့တဲ့ က်မ္းက်မ္းမာမာ မိန္းမငယ္ေလးဟာ ေသဆံုးသြားတဲ့အခါ ၃၅ ကီလိုပဲရွိခဲ့တယ္။



၁၉၉၀ ခုႏွစ္ ၇ လပိုင္း......

ခံျပင္းဖို႔ေကာင္းတာက ဒီလို လူသားတစ္ေယာက္ကို လူမဆန္ နွိပ္စက္ခဲ့တဲ့ သူတို႔ ၄ ေယာက္ဟာ အသက္မျပည့္ေသးတဲ့အတြက္.....

အသက္မျပည့္ဆိုးသြမ္းလူငယ္ ဥပေဒ အရ (juvenile law ) ျပင္းထန္တဲ့ ေထာင္ဒါဏ္ေပးျခင္းမခံခဲ့ရဘူး။

၁။ မီယာႏို - Hiroshi Miyano- ၂၀ ႏွစ္

၂။ N- Shinji Minato- ၅ႏွစ္ မွ ၉ ႏွစ္

၃။ အိုဂုရ- Jo Ogura- ၈ ႏွစ္ ( အျခား လူ႐ိုက္မႈ တစ္မႈနဲ႔ ႏွစ္မႈေပါင္း အျပစ္ဒါဏ္)

၄။ ဝါတနဘဲ- Yasushi Watanabe- ၅ ႏွစ္မွ ၇ ႏွစ္

....လို႔ ေနာက္ဆံုး အျမင့္ဆံုးတရား႐ုံးက သတ္မွတ္လိုက္တယ္။ အျခားေက်ာင္းသား ၁၀ ေယာက္ေလာက္ကိုလည္း မုဒိမ္းမႈနဲ႔ အေရးယူခဲ့တယ္။

N မိဘေတြကေတာ့ ဂြ်န္းကို ကို သူတို႔ သား N ရဲ႕ရည္းစားလို႔ ထင္ခဲ့ေၾကာင္း...။ ဒါေပမဲ့ လြတ္ေျမာက္ဖို႔ ကူညီခဲ့ၿပီး ေနာက္ပိုင္း မသိခဲ့ပါဘူးလို႔ အေလွ်ာက္ေကာင္းခဲ့လို႔ ေထာင္ထဲမဝင္ခဲ့ရဘူး...။

တရားခြင္မွာ သူတို႔ေျဖာင့္ခ်က္ေပးတိုင္း ၾကားနာရၿပီး မူးေမ့လဲက်သြားခဲ့တဲ့ ဂ်ပန္ျပည္သူေတြအေတာ္မ်ားမ်ားရွိခဲ့တယ္။

လူေတြမွဟုတ္ၾကရဲ႕လား..?

ငိုယိုၾကတာေတာ့ မေျပာနဲ႔ ... တရား႐ုံးမွာ တကယ့္ငိုပြဲႀကီးျဖစ္ခဲ့တယ္။

မီယာႏိုလည္း ေနာက္ဆံုး ေထာင္ထဲဝင္ခါနီး ျခဳံးပြဲခ်ငိုလိုက္တယ္...

" ကံမေကာင္းလို႔ အဖမ္းခံရတာ.. အေလာင္းကို ပင္လယ္ထဲပစ္လိုက္ရမွာ..ငါ ညံ့ခဲ့တယ္..."...တဲ့...။

အခုေတာ့ သူတို႔ ၄ ေယာက္လြတ္လာၿပီေပါ့...။

မီယာႏို - Hiroshi Miyano

သူဟာ ေထာင္ကထြက္လာၿပီး သူ႔နာမည္ကို Hiroshi Yokoyama လို႔ေျပာင္းလိုက္တယ္။

၂၀၁၃ ခုႏွစ္မွာ လိမ္လည္မႈနဲ႔ ထပ္အဖမ္းခံရေပမဲ့ သက္ေသအေထာက္ အထား မခိုင္လံုေတာ့ ျပန္လြတ္လာတယ္။

မီယာႏို မိဘေတြဟာ ဂြ်န္းကို မိဘေတြအတြက္ အလြန္ပဲ ဝမ္းနည္းခဲ့တယ္။

သူတို႔ေနတဲ့ အိမ္ကိုေရာင္းၿပီး ယန္းေပါင္း သိန္း ၅၀၀ (USD 425,000) ေပးခဲ့တယ္။ ဂြ်န္းကို မိဘေတြက လက္မခံခဲ့ပါဘူး။

ထပ္ကာထပ္ကာ ေတာင္းပန္လိုက္ ေငြပို႔ဖို႔ႀကိဳးစားလိုက္ လုပ္ေနခဲ့တယ္။

ဂြ်န္းကိုရဲ႕မိခင္ႀကီးကေတာ့ စိတၱဇေဆး႐ုံမွာ ေဆးကုသမႈခံေနရဆဲ....။ ေနေကာင္းလိုက္ မေကာင္းလိုက္ပါပဲ...။

N- Shinji Minato

သူက မီယာႏိုထက္ ငယ္တယ္။ ေထာင္က်ေတာ့ ၁၆ ႏွစ္ပဲရွိေသးတယ္။ သူ႔မိဘေတြဟာ အဲဒီၿမိဳ႕မွာ မေနရဲေတာ့လို႔ အျခားၿမိဳ႕ကို ေျပာင္းသြားၾကတယ္။

သူဟာ ေထာင္ကထြက္လာၿပီး ရိုေမးနီးယား အမ်ိဳးသမီး (Romanian woman) နဲ႔အိမ္ေထာင္က်ခဲ့တယ္။

အိုဂုရ- Jo Ogura

သူကေတာ့ ၁၉၉၉ ခုႏွစ္ ၾသဂုတ္လမွာ ေထာင္ကထြက္လာၿပီး သူ႔နာမည္ကို Jō Kamisaku လို႔ေျပာင္းလိုက္တယ္။

သူဟာ ၂၀၀၄ ခုႏွစ္မွာ Takatoshi Isono ဆိုတဲ့သူကို သူ႔ရည္းစားနဲ႔ အထင္လြဲၿပီး ၄ နာရီလံုးလံုး ႐ိုက္ႏွက္ထိုးႀကိတ္တဲ့အမႈနဲ႔ ေထာင္ ၇ ႏွစ္ထပ္က်တယ္။

"ငါ ... လူသတ္ဖူးတယ္ကြ! မင္းကို ဘယ္လိုသတ္ပစ္ရမလဲဆိုတာ မခက္ဘူး "..လို႔ေျပာခဲ့ေသးတယ္။

တ႐ုတ္ အမ်ိဳးသမီးတစ္ေယာက္ နဲ႔ လက္ထပ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူး။

သူ႔မိဘေတြကေတာ့ သူ႔သားဘဝပ်က္တာ ဂြ်န္းကိုေၾကာင့္ ဆိုၿပီး ဂြ်န္းကိုရဲ႕ အုတ္ဂူ ကို သြားေရာက္ ဖ်က္ဆီးခဲ့ေသးတယ္။

ဝါတနဘဲ- Yasushi Watanabe

သူကေတာ့ ေထာင္ထဲကထြက္လာၿပီး လူေၾကာက္တဲ့ စိတ္ေဝဒနာခံစားရေတာ့တယ္။

သူ႔အမနဲ႔ ယိုကိုဟားမားျမိဳ႕မွာအတူေနပါတယ္...။

တစ္ခါတစ္ရံ ဘဝမွာ မထင္မွတ္တာေတြ အခ်ိန္မေရြးျဖစ္လာႏိုင္ပါတယ္။ အဲဒါ ေကာင္းတာေတြလည္းျဖစ္ႏိုင္သလို ဆိုးတာေတြလည္းျဖစ္ႏိုင္တယ္...။

"ကြန္ကရစ္ စည္ပိုင္းထဲ နစ္ျမဳတ္ေနတဲ့ အထက္တန္းေက်ာင္းသူေလး " ဆိုတဲ့ သတင္းဆိုးဟာ ကမ႓ာကို တုန္လွဳပ္ေစခဲ့တဲ့ ....သိပ္ဝမ္းနည္းဖို႔ေကာင္းတဲ့ ျဖစ္ရပ္မွန္တစ္ခုျဖစ္ပါတယ္....။

ကြ်န္မတို႔ မသိေသးတဲ့ ေလာကႀကီးထဲက တစ္ခ်ိဳ႕ေသာ လူေတြမွာ ေမတၱာဆိုတာ မရွိ ေလာက္ေအာင္ ေခါင္းပါးေနတယ္။ သူတို႔ဟာ သင့္နံေဘးမွာထိုင္ေနတဲ့သူလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။

ကိုယ္ကေကာင္းေပမဲ့ ေခါင္းေရြ႕ခဲ့ရတဲ့အျဖစ္ေတြ ေလာကႀကီးထဲမွာ ဆက္တိုက္ျဖစ္ေနဆဲ....,။

မိမိ ဘယ္ေလာက္ပဲ ေကာင္းေအာင္ မွန္ေအာင္ေနပါေစ....လူယုတ္မာေတြလက္ထဲေရာက္သြားတတ္တဲ့ ကံဆိုးတဲ့သူေတြရွိေနတတ္တယ္ဆိုတာ ဂြ်န္းကိုရဲ႕ အျဖစ္ဆိုးက သက္ေသပါပဲ....။

လူယုတ္မာေတြဟာ သူတို႔ ရဲ႕ ကိုယ္၊ စိတ္ ခ်မ္းသာဖို႔ သားေကာင္ေတြ အၿမဲရွာေနေလ့ရွိတယ္....။

ဒီလိုအျဖစ္ဆိုးမ်ိဳးကို အခ်ိန္ပိုင္းအလုပ္လုပ္ၿပီး စက္ဘီးနဲ႔အိမ္ျပန္လာခ်ိန္မွာလဲၾကဳံေတြ႕ႏိုင္တယ္။

အိမ္ထဲမွာအိပ္ေနရင္းလည္း ၾကံဳေတြ႕ႏိုင္တယ္။ ဒါေၾကာင့္ အၿမဲ သတိရွိရပါမယ္..။

ကံ ကံ၏ အက်ိဳးကို ယံုၾကည္ၿပီး ဝ႗္ေႂကြးဆိုတာေၾကာင့္ ဒီလိုခံစားရတယ္လို႔ ယံုၾကည္တဲ့သူေတြရွိရင္ ဒီဘဝမွာ ကုသိုလ္ေကာင္းမႈေတြ တတ္ႏိုင္သေလာက္ မ်ားမ်ား ျပဳလုပ္ႏိုင္ပါမွ... လို႔ မိမိကိုယ္မိမိ သတိေပးႏိုင္ပါမွ...။

ဒါမွ ေကာင္းတဲ့အက်ိဳးေပးမႈေတြ မ်ားလာၿပီး ဒီလို ဝ႗္ေႂကြး အျဖစ္ဆိုးႀကီးေတြဟာ တျဖည္းျဖည္း ေမွးမွိန္သြားႏိုင္သလို ၊ ေနာက္ဆုတ္ အခ်ိန္ဆြဲထားႏိုင္မွာျဖစ္တယ္။

ဂြ်န္းကို....။

၁၉၈၉ ခုႏွစ္ ၄ လပိုင္း ၂ ရက္ေန႔မွာ သူမရဲ႕အေလာင္းကို ေျမျမႇဳတ္သၿဂိဳၤဟ္လိုက္ပါတယ္။

သူမဟာ ေမွ်ာ္လင့္ခ်က္ေတြ နဲ႔ ေပ်ာ္ရြင္စိတ္လွဳပ္ရွားခဲ့ဖူးတယ္။

သူမ အဖမ္းခံခဲ့ရတဲ့ ညက သူမ သိပ္ေမွ်ာ္လင့္ခဲ့တဲ့ ဂ်ပန္ အခန္းဆက္ ဒရမ္မာ ဘယ္လိုအဆံုးသတ္ေလမလဲ....?

သူမဟာ ကိတ္မုန္႔ဖုတ္တာ အရမ္းဝါသနာပါခဲ့တယ္။

ဒီဇင္ဘာလ ၂၅ ရက္ ခရစ္စမတ္မွာ မိခင္နဲ႔ ကိတ္မုန္႔ဖုတ္ဖို႔ အစီအစဥ္ေတြဆြဲထားၾကတာ....။

" အေမ အံ့ၾသသြားမယ္.. သမီးမွာ အကုန္ စဥ္းစားထားၿပီးသား..."....စိတ္ကူးယဥ္ ခရစ္စမတ္ ကိတ္ေလးလည္း မလုပ္ျဖစ္ႏိုင္ခဲ့...။

ခ်မ္းေအးလွတဲ့ ေဆာင္းရာသီမွာ အက်ႌမပါ ကိုယ္လံုးတီးနဲ႔ ေယာက္်ားေတြ အာသာေျပ ေနျပခဲ့ရရွာတယ္...။

၁၉၈၉ ခုႏွစ္ ႏွစ္သစ္ကူးေန႔....သူမ်ားေတြ ေပ်ာ္ေနတဲ့အခ်ိန္ သူမမွာေတာ့ ဘယ္သူက ဘယ္လို လာနွိပ္စက္မလဲ ..? မုဒိမ္းပဲအက်င့္ခံရမလား...မီးပဲအ႐ွဳိ့ခံရမလား.. ေၾကာက္ရြံ့တုန္လွဳပ္ေနခဲ့ရတယ္။

ဂၽြန္းကို ဟာ ၁၉၇၁ ခုႏွစ္ ဇန္နဝါရီလ ၁၈ ရက္ေန႔မွာ ေမြးဖြားခဲ့သူျဖစ္တယ္။ သူမ ဟာ ၁၉၈၉ ခုႏွစ္ ဇန္နဝါရီလ ၁၄ ရက္ မွာေသဆံုးခဲ့တယ္။

သူမအရမ္းေမွ်ာ္လင့္ စိတ္ကူးယဥ္ခဲ့တဲ့ ၁၈ ႏွစ္ေျမာက္ ေမြးေန႔ မေရာက္မွီ ၄ ရက္အလိုမွာ ေလာကႀကီးက နာက်င္စြာနဲ႔ ထြက္ခြာခဲ့ရတယ္။

ေက်ာင္းဆင္းၿပီး ည ၈ နာရီ ၃၀ မိနစ္အထိဘာလို႔ အခ်ိန္ပိုင္းလုပ္ခဲ့တာလဲဆိုတာ သိလိုက္ရတဲ့သူေတြ မ်က္ရည္ အလိုလိုစီးက်လာခဲ့ရတယ္...။

ဂ်ပန္ႏိုင္ငံတို႔ ကိုရီးယားႏိုင္ငံမွာ အထက္တန္းေက်ာင္းၿပီးသြားရင္ ဘဝရဲ႕ ပထမေျခလွမ္း ၿပီးဆံုးတဲ့ အထိမ္းအမွတ္နဲ႔ ခရီးထြက္ၾကတယ္။ အဲဒါကို High School Graduation Trips လို႔ေခၚတယ္။

သူမ အထက္တန္းေနာက္ဆံုးႏွစ္မို႔ စာေမးပြဲၿပီးရင္ခရီးထြက္ဖို႔ ပိုက္ဆံစုေနတာျဖစ္တယ္။ သူမ မိဘေတြက အကုန္အက်ခံၿပီး လက္ေဆာင္အေနနဲ႔ ခရီးထြက္ဖို႔ေငြကို ေပးမယ္ဆိုေပမယ့္ မခ်မ္းသာတဲ့ မိဘေတြ ပင္ပင္ပန္းပန္းအလုပ္လုပ္ရမွာကို သူမ မလိုလားခဲ့.....။

အခုေတာ့ သူမ အၾကာႀကီးေစာင့္စားခဲ့ရတဲ့ စိတ္လွဳပ္ရွားစရာ ႏိုင္ငံျခား ခရီးတစ္ခုခုကိုလည္း မသြားခဲ့ရေတာ့....။

ေနာက္ဆံုး ဒီလို အရွင္လတ္လတ္ ငရဲက်ခံဖို႔ လိုက္သြားခဲ့တာလည္း "နင့္မိသားစုကို သတ္ပစ္မယ္..." ဆိုတာကို ေၾကာက္လြန္းလို႔....။

သူမရဲ႕အုတ္ဂူ နံေဘးမွာ သူငယ္ခ်င္းေတြေရးထားတဲ့ ေက်ာက္စာေလး ဒီေန႔အထိရွိေနတယ္။

ဂြ်န္းခ်န္ေရ....ျပန္လာခဲ့ေနာ္...။

ငါတို႔ နင့္ကို ဒီလိုျပန္ေတြ႕ရမယ္လို႔ အိပ္မက္ေတာင္ မမက္ဖူးခဲ့ပါဘူး...။နင္ ေတာ္ေတာ္ နာက်င္ ခံစားခဲ့ရမွာပဲေနာ္....။

ဒါနဲ႔....ဒီႏွစ္ happi (法被, 半被) ႐ိုးရာ ပြဲေတာ္မွာ နင္မရွိေတာ့ေပမဲ့ ငါတို႔ နင့္အစား အေကာင္းဆံုးျဖစ္ေအာင္ လုပ္ၾကမယ္...။

ငါတို႔ နင့္ကိုဘယ္ေတာ့မွ မေမ့ဘူး..သိလား..။

ေက်ာင္းအုပ္ဆရာႀကီးက နင့္ကို ေအာင္လက္မွတ္ေပးမယ္တဲ့ဟ...။ ငါတို႔ အားလံုး အထက္တန္း အတူတူေအာင္ၾကၿပီေပါ့ဟာ...။

ဂြ်န္းခ်န္ေရ.... ၊

နင္ေရာက္ေနတဲ့ေနရာမွာ နာက်င္မႈေတြလည္းမရွိ ေဝဒနာခံစားမႈေတြလည္းမရွိေတာ့တာမို႔ ေအးေအးေဆးေဆး အနားယူေနေနာ္...သူငယ္ခ်င္း...။

ဂြ်န္းကိုရဲ႕မိဘေတြဟာ ဂ်ပန္ျပည္မွာ ဒီလို ယုတ္မာ ႐ိုင္းစိုင္းတဲ့ ဆယ္ေက်ာ္သက္ေတြရွိေနတာ ျပည္သူ ျပည္သားေတြ သတိထားႏိုင္ဖို႔ ဒီ သတင္းေဆာင္းပါးကို ႐ုပ္ရွင္႐ိုက္ၿပီး ႐ုံတင္ျပသဖို႔ ခြင့္ျပဳခဲ့ပါတယ္။ ဒီလို ခြင့္ျပဳခဲ့ေပမယ့္ ဒီ႐ုပ္ရွင္ေၾကာင့္ သူတို႔ ပိုၿပီး ဝမ္းနည္းရလို႔ ျပန္လည္႐ုပ္သိမ္းခဲ့ၾကတယ္။

မေရႊမိုး ( ကိုရီးယား )

June 30th, 2018.

( ျမန္မာျပည္က ေမာင္ႏွမတစ္ခ်ိဳ႕ ေတာင္းဆိုထားလို႔ ဘာသာျပန္ေပးလိုက္ပါတယ္..။)

References

가장 잔인했던 미소녀 여고생 콘크리트 살인사건!!! ㅣ기묘한이야기ㅣ도쿄K짱ㅣ Tokyo Kㅣ

The 44-Day Horror Story Of Junko Furuta By Katie Serena

Published January 24, 2018

Updated February 7, 2018

=================

ကွန်ကရစ် စည်ပိုင်းထဲ အနှစ်မြုပ်ခံရတဲ့ အထက်တန်းကျောင်းသူလေး "

🌟ဤ ဖြစ်ရပ်မှန်သတင်း ဆောင်းပါးသည် အလွန် ရက်စက်ကြမ်းကြုတ်လှသောကြောင့် အသက် ၁၈ နှစ်အောက်အရွယ်များ မဖတ်သင့်ပါ..။🌟

Misato, Saitama Prefecture, Japan.

မီဆတိုဆိုတဲ့မြို့လေးမှာ သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။ သူမ အသက်က ၁၇ နှစ်....။ သူမ နာမည်က ဂျွန်းကို ဖုရုတ (Junko Furuta) တဲ့...။

ဂျွန်းကို က ရုပ်ပဲချောတာလား...? သိပ်ပြီး လိမ္မာတဲ့မိန်းကလေးတစ်ယောက်ပေါ့...။လိမ္မာရုံပဲလား..? သူမဟာ စာလည်းတော်တယ်လေ..။

စာပဲကြိုးစားတာမဟုတ်... ကျောင်းကဖွဲ့စည်းတဲ့ အသင်းအဖွဲ့တော်တော်များများမှာ သူမ မပါရင်မပြီးသလောက်ပါပဲ...အများအကျိုးဆောင်ရွက်တတ်တဲ့သူလေးပေါ့...။

ဆေးလိပ်သောက် ၊ အရက်သောက်၊ ဆေးချ၊ ရည်းစားထား... ဒီလို ကျောင်းသားတွေမလုပ်သင့်တဲ့ အလုပ်မျိုး တစ်ခုမှမလုပ်...။ ဝါသနာလည်းမပါ.. ။ သူမ ဒါတွေလုပ်ဖို့ အချိန်လည်းမရ...။

ဒါကြောင့် ဂျွန်းကိုဟာ “ငါ့သမီးလေးများဖြစ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ..?" ရယ်လို့ မိဘတိုင်း အားကျ ပိုင်ဆိုင်ချင်မိတဲ့ သမီးလိမ္မာလေး တစ်ယောက်ပေါ့...။

အချိန်ပိုင်းအလုပ်ဝင်လုပ်နေတဲ့ အထက်တန်းကျောင်းသူ ဂျွန်းကိုဟာ အဲဒီနေ့က အလုပ်ပြီးတဲ့အချိန်ကို စောင့်ရတာ အကြာဆုံးပဲ... အိမ်ပြန်ချင်ပြီ... ညဖက်မြန်မြန်ရောက်ချင်ပြီ...။

ဂျွန်းကိုဟာ အဲဒီနေ့က TV ကလာတဲ့ ဂျပန် အခန်းဆက် ဒရမ်မာကြည့်ဖို့ စိတ်စောနေတာပေါ့....။

အဲဒီနေ့ညက ဒရမ်မာ နောက်ဆုံးဇာတ်သိမ်းပိုင်းလာမယ့်ညလေ...။ သူမ သိပ်ကြိုက်တဲ့ ဒရမ်မာမို့ ဘယ်လိုဇာတ်သိမ်းမှာလဲဆိုတာ သိပ်သိချင်နေပြီး သိပ်ပြီးစိတ်လှုပ်ရှားနေမိတာပေါ့...။

အဲဒီနေ့ဟာ၁၉၈၈ ခုနှစ်ရဲ့ ချမ်းအေးလှတဲ့ ဆောင်းရာသီ- ၁၁ လပိုင်း ၂၂ ရက်နေ့ဖြစ်တယ်။

သူမစောင့်မျှော်နေတဲ့ ည ၈နာရီ ၃၀ မိနစ် ရောက်လာပါပြီ....။

ဂျွန်းကိုဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ စက်ဘီးလေးကို အမြန်နင်းပြီး အိမ်ပြန်လာတယ်။

စက်ဘီးလေးနဲ့ မိန်းမလှလေး ဂျွန်းကို ကို ပန်းခြံတစ်ခုထဲက လှမ်းမြင်လိုက်တဲ့ မိုက်တိမိုက်ကန်း အထက်တန်းကျောင်းသားတစ်ယောက်က သူ့နောက်လိုက်ကျောင်းသားကို ခိုင်းလိုက်တယ်။

" အဲ့ကောင်မ စက်ဘီးကိုခြေထောက်နဲ့ကန်ပစ်ကွာ!.."

အဖြစ်အပျက်ဟာ မြန်လွန်းလှတယ်။

ကျောင်းသားဟာ တစ်ဟုန်တည်းပြေးထွက်လာပြီး စက်ဘီးကို ပြေးကန်လိုက်တယ်...။

စက်ဘီးနင်းလာတဲ့ မိန်းမလှလေး ဂျွန်းကို ဟာ စက်ဘီးပေါ်က ဇောက်ထိုးမိုးမျှော်လိမ့်ကျသွားတယ်...။

စက်ဘီးကို ကန်လိုက်တဲ့ကျောင်းသားကတော့ ထွက်ပြေးသွားပြီ...။

ဂျွန်းကို စီးလာတဲ့ စက်ဘီးကို ခြေထိုးခံဖို့ ခိုင်းစေလိုက်တဲ့ သူကတော့ သူမ နဲ့ ဆန့်ကျင်ဖက် မကောင်းတာမှန်သမျှလုပ်တဲ့ မီယာနို ဟီလိုရှိ (Hiroshi Miyano)ဆိုတဲ့ အထက်တန်းကျောင်းသား တစ်ယောက် ပေါ့...။

သူကလည်း ဂျွန်းကိုနဲ့ တစ်ကျောင်းတည်း တက်နေတာပါပဲ..။

မီယာနိုဟာ အဲဒီမြို့မှာ ယခူဇာလက်သစ် လိုလို ဘာလိုလိုနဲ့ အထက်တန်းကျောင်းသား လူမိုက် အုပ်စုရဲ့ခေါင်းဆောင်လုပ်နေတာပေါ့...။

အိုခုရာ ဂျို ( Jō Ogura) ဆိုတဲ့ကျောင်းသားက ဒုတိယ ခေါင်းဆောင်..။

ဂျွန်းကိုရဲ့ စက်ဘီးကို ပြေးကန်ခဲ့တဲ့ မီနာတို ရှင်းဂျိ( Minato Shinji) နဲ့ ဝါထာနာဘဲ ယာဆုရှိ ( Yasushi Watanabe) တို ့နှစ်ယောက်က နောက်လိုက်ပေါ့...။

(ပထမခေါင်းဆောင် မီယာနို နဲ့ နောက်လိုက် မီနာတို နာမည်ချင်းဆင်နေလို့ နောက်လိုက် တပည့် မီနာတိုကို ‘ N ‘ လို့ သတ်မှတ်ပြီး ဆက်ရေးပါမယ်)

ခေါင်းဆောင် မီယာနိုနဲ့ အပေါင်းအပါတွေဟာမကောင်းတာမှန်သမျှ အကုန်လုပ်တဲ့အပြင် အဲဒီအရွယ် ၁၇ နှစ်မှာ မိန်းကလေးတွေကိုပါ မုဒိမ်းကျင့်ဖူးနေပြီ..။

ဂျွန်းကိုက ချောလည်းချော .. ကျောင်းမှာ နာမည်လည်းကြီးတော့ မျက်စိကျနေတာကြာပေါ့...။..တကယ်ချစ်မိတာမျိုး မဟုတ်...။မီယာနိုက ခဏ အပျော်တွဲ ချင်လာတယ်။

တစ်နေ့ပေါ့...။

"ဟေ့ ဂျွန်းကို..ငါနဲ့ ရည်းစားဖြစ်ကြရအောင်..." လို့ပြောဖူးတယ်။

"ဟင့်အင်း.." လို့ ဂျွန်းကိုကလည်း မဆိုင်းမတွ ငြင်းဖူးတယ်။

ယာခူဇာဆိုတဲ့ အဖွဲ့အစည်းနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဘဝင်မြင့်နေတဲ့လူမိုက် မီယာနိုဟာ သူလိုချင်တာ ဘာမဆို ရနိ်ုင်တယ်လို့ ထင်နေတာပေါ့... ၊

ဒီလို ထင်တိုင်းကျဲနေတဲ့ လူမိုက် မီယာနိုဟာ ဂျွန်းကိုရဲ့ ငြင်းဆိုမှုကိုခံလိုက်ရတဲ့အတွက် အတော့်ကို ဒေါသဖြစ်သွားခဲ့တယ်။

အခုတော့ ဂျွန်းကို သူ့ရှေ့မှာ မှောက်ရက်လဲနေပြီ.... ။ ည ၈:၃၀ ဆိုတော့ မှောင်နေပြီလေ..။

မီယာနိုဟာ ဂျွန်းကိုရဲ့ စက်ဘီးကို ခြေထောက်နဲ့ ကန်ပစ်ပြီး ထွက်ပြေးသွားတဲ့ N ကို ကြည့်လိုက်တယ်...

"မိန်းကလေးတစ်ယောက်ကို ဒီလိုစော်ကားတာ ဘယ်ကောင်းမလဲ..အတော် ဆိုးတာပဲကွာ.. " .., လို့ရေရွတ်ရင်း ဂျွန်းကို ဆီလျှောက်လာတယ်..။

"ဟာ... ဒီကောင်... စောစောကပဲ ငါ့ကိုလည်း ဓားနဲ့ခြိမ်းခြောက် သေးတယ်... ဒီကောင်ပြန်လာမယ်ထင်တယ်... ကဲကဲ..ထ.. ငါ နင့်အိမ်လိုက်ပို့ပေးမယ်..."

သူတို့ အတူလမ်းလျှောက်လာကြတယ်...။

ဂျွန်းကို နေတဲ့အိမ်ရောက်ဖို့ ၁၀ မိနစ်အလို... မီယာနိုက ကားဂိုဒေါင် အပျက်ကြီးထဲ ဂျွန်းကို ကို ရုတ်တရက် ဆွဲသွင်းသွားပြီး...

" နင့်ကို ငါ့လှို့ဝှက်ချက်ပြောပြမယ်.. ငါ ယခူဇာအဖွဲ့ဝင်တစ်ယောက်ပဲ...အထက်က နင်နဲ့ နင့်မိသားစု ကိုသတ်ဖို့ အမိန့်ပေးထားတယ်.. ငါ...နင့် သနားလို့ အခုအထိ မသတ်သေးတာ.."

ဂျွန်းကိုဟာ အလွန်တုန်လှုပ်သွားတယ်။ သူမ ကြားဖူးတာက ယာခူဇာ ဆိုတာ သိပ်ပြီး ကြမ်းကြုတ် ရက်စက်တယ်ဆိုပဲ...။

"ငါ့ မိသားစုကိုတော့ အသက်ချမ်းသာပေးပါဟာ.."

"နင့် မိသားစု အသက်ချမ်းသာရာ ရချင်ရင်.. အခု ငါနဲ့ တစ်ခါအိပ်....နင့်မိသားစုကို ဘာမှမလုပ်ဖို့ ငါပြောပေးမယ်.. ဘယ်လို သဘောရလဲ...?"

မီယာနိုဟာ ဂျွန်းကို ကို ဂိုထောင်နောက်က လူမနေတဲ့အိမ်ထဲအထိ ဆွဲသွင်းပြီး အဓမ္မကျင့်လိုက်တယ်။

" ယာခူဇာတွေ စောင့်နေနိုင်သေးတယ်... စိတ်မချရသေးဘူး...နင် ငါ့နောက်လိုက်ခဲ့ .. အော်ရင် သတ်ပစ်မယ်.. ငါ့သူငယ်ချင်းတွေ ပန်းခြံထဲမှာ စောင့်နေတယ်..နင် အော်လိုက်တာနဲ့ နင့်မိဘတွေ သေပြီမှတ်...."

စောစောက ပန်းခြံထဲပြန်ရောက်လာတယ်...။မီယာနိုဟာ သူငယ်ချင်း ၃ ယောက်ဆီ ဂျွန်းကို ကိုတွန်းပို့လိုက်တယ်။

အဲဒီ ၃ ယောက်က ဂျွန်းကို ကို အဓမ္မထပ်ကျင့်ပြန်တယ်...။

ပြီးတော့ မီယာနိုဟာ ဂျွန်းကို ကို တပည့် N ရဲ့ အိမ်ကိုဖမ်းချုပ်ခေါ်ဆောင်သွားကြတယ်။

N နေတဲ့အိမ်က ၂ ထပ်အိမ်... မိဘတွေက အိမ်အောက်မှာနေတယ်...။N နဲ့ N ရဲ့ အစ်ကိုက အိမ်ပေါ်ထပ်မှာ တစ်ခန်းစီနေတယ်။

N ရဲ့ မိဘတွေက ဂျွန်းကို ကို အိမ်ပေါ်ခေါ်တင်လာတာကိုတွေ့တော့...

"မိန်းကလေးက ဘယ်သူလဲ...? နောက်ကျနေပြီ.. ကလေးမကို အိမ်ပြန်ပို့.." လို့ပြောပေမဲ့ N က ဂရုတောင်မစိုက် ဂျွန်းကို ကိုအိမ်ပေါ်ခေါ်တင်သွားတယ်။

သူတို့ဟာ ဂျွန်းကို ကို အိမ်ပေါ်ရောက်တာနဲ့ ရုတ်တရက် စတင်နှိပ်စက် ရိုက်နှက်ကြတော့တယ်။

အိမ်ပြန်ခွင့်မရတဲ့ သူမဟာ သူမ ကြည့်ချင်တဲ့ ဒရမ်မာနဲ့လွဲခဲ့ရပြီ...။ အဲဒီနေ့ကစပြီး ဂျွန်းကို ဟာ သူတို့လေးယောက်ရဲ့ အဓမ္မကျင့်တာကို ခံရရုံမက စိတ်ကြိုက် နှိပ်စက်ရိုက်နှက်တာကိုပါ ခံရရှာတော့တယ်။

၁၁ လပိုင်း ၂၈ ရက်နေ့.....

အသံထွက် အော်လို့မရအောင် ဂျွန်းကိုရဲ့ မျက်နှာကို စောင် ၊ ခေါင်းအုံးတွေနဲ့ဖိထားပြီး ခြေတွေလက်တွေကို တုပ်နှောင်လိုက်ကြတယ်။

ပြီးတော့ ခေါင်းဆောင် မီယာနို ဟာ သိသမျှ ယောက်ျား အပေါင်းအသင်းတွေခေါ်လာပြီး ဂျွန်းကို ကို မုဒိမ်းကျင့်ခိုင်းတော့တယ်။

၁၁ လပိုင်း ၃၀ ရက်....

ဂျွန်းကိုမိဘတွေက ရဲစခန်းမှာ လူပျောက်တိုင်ပြီး အပူတပြင်းလိုက်ရှာနေကြပြီ...။

မီယာနိုနဲ့ အပေါင်းအပါတွေဟာ ဂျွန်းကိုရဲ့ မိဘတွေကြောင့် ရဲစခန်းက သူတို့အိမ်ကို လာရှာမှာကို စိုးရိမ်လာတယ်။

သူတို့ ဂျွန်းကို ကိုအဝေးတစ်နေရာခေါ်သွားကြတယ်...။

လမ်းဘေးဖုန်းနဲ့ ..

"အမေ သမီး သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး ရှိနေတယ်.. ဘာမှ စိတ်မပူနဲ့နော်..အားလုံး အဆင်ပြေတယ်...” ...လို့ အတင်းအကြပ်စေခိုင်း ပြောဆိုစေတယ်။

အဲဒီအချိန် N ရဲ့မိခင်ဟာ သားတွေရဲ့အခန်းကို သန့်ရှင့်ရေးလုပ်ရင်း မိန်းကလေး ဓမ္မတာလာရင်သုံးတဲ့ ပစ္စည်းတွေတွေ့သွားတယ်..။

" ဟို ညကမိန်းကလေး ဒီနေ့အထိရှိသေးတယ် ထင်တယ်.."

အဲဒီနေ့ ညက N ပြန်လာတော့ N ရဲ့မိခင်က " သား မိန်းကလေး ပြန်မပို့သေးဘူးလား..?

" ပို့လိုက်ပြီ" N ရဲ့အမေက မယုံလို့ နောက်တစ်နေ့တက်ကြည့်ပြန်တယ်။ ဂျွန်းကို ကို တွေ့သွားတယ်..။

မီယာနိုဟာ ဂျွန်ကို ကို N ရဲ့ရည်းစားယောင်ဆောင်ခိုင်းထားတယ်..။

N နဲ့သူမ ထမင်းအတူစားပြီး ဂိမ်းကစားနေကြတယ်...။ မိဘတွေကိုယ်တိုင်က N ကိုကြောက်ရတယ်.. ဘာမှ မပြောရဲဘူး..။

ဘေးအခန်းက N ရဲ့အစ်ကိုကလည်း ဒါတွေအကုန်သိပေမဲ့ မသိချင်ယောင်ဆောင်နေခဲ့တယ်။ N ရဲ့အစ်ကိုက သူ့ညီနဲ့အပေါင်းအပါတွေကို သေလောက်အောင်ကြောက်တယ်လေ..။

N ရဲ့အမေဟာ ဂျွန်းကို ဆီက ဖုန်းနံပါတ်တောင်းပြီး ဂျွန်းကိုရဲ့ မိဘတွေဆီဖုန်းဆက်ခဲ့တယ်။

" ဂျွန်းကိုဆိုတဲ့ မိန်းကလေး ရှိပါသလား..?"

"ဂျွန်းကို ဘယ်မှာရှိလဲ သိရင်ပြောပြပါရှင်.."

N ရဲ့အမေဟာ ဖုန်းချပစ်လိုက်တယ်.. အခုတော့ သူရဲ့ သား N ဟာ ဂျွန်းကို ကို ပြန်ပေးဆွဲထားပြီဆိုတာ ရိပ်မိသွားပြီပေါ့...။

N ရဲ့အမေဟာ ဂျွန်းကို ကိုထွက်ပြေးလို့ရအောင် ကူညီခဲ့တယ်။

" ကလေးမ...ထွက်ပြေး... ပြေး..."

ဂျွန်းကို တစ်ခါတည်း ထွက်ပြေးတော့တယ်။

အိမ်အောက်ထပ် အထိပြေး လမ်းပေါ်လည်းရောက်ရော... N နဲ့ N ရဲ့အစ်ကို နဲ့တန်းတိုးတော့တာပဲ...။

ဒီလိုနဲ့ ဂျွန်းကိုဟာ ကံဆိုးစွာနဲ့ ထပ်အဖမ်းခံရပြန်တယ်။

N ဟာ မိဘတွေအိပ်တဲ့အထိ ဂျွန်းကို ကို အိမ်အပြင်မှာ ဖမ်းထားပြီး မိဘတွေအိပ်တော့ တိတ်တဆိတ် အိမ်ပေါ်ခေါ်တင်ခဲ့ပြန်တယ်။

အဲဒီနေ့က စပြီး ပိုဆိုးတော့တယ်........်။

သူတို့ ဂျွန်းကို ကို လူသားတစ်ယောက်လို မသတ်မှတ်ကြတော့ဘူး။ မုဒိမ်းကျင့် ရိုက်နှက်တာတွေ အရင်ကထက် ပြင်းထန်လာတော့တယ်။

ဂျွန်ကိုဟာ တစ်နေ့ ၁၈ နာရီ အဓမ္မကျင့်ခံရတယ်...အနှိပ်စက်ခံရတယ်....။

"ကျွန်မကို အသက်ရှင်ခွင့်ပေးပါ.. ကျွန်မ နာကျင်လှပါပြီ..."

သူမဘဝဟာ လိင်ကျွန်ဖြစ်ခဲ့ပြီ...။

ရေဒီယိုထဲက သူမ အကြိုက်ဆုံး ဒရမ်မာထဲက သီချင်းမကြာခဏလာတယ်..။ အဲဒီသီချင်းလာရင် သူမ မျက်ရည်တွေနဲ့ လိုက်ဆိုမိတယ်...

" အားတင်းထား... အားတင်းထား..."

ပထမ သူမကို ဖမ်းလာခဲ့တုန်းက သူမဆီမှာ နေ့စားလုပ်အားခ ယန်း ၃၀၀၀ ပါလာတယ်။

မီယာနိုနဲ့ အပေါင်းအပါတွေဟာ အဲဒီငွေနဲ့ စားကြသောက်ကြ ... ဂျွန်းကို ကိုလည်း ထမင်းကျွေးကြတယ်...။ အဲဒီငွေကုန်သွားတော့ သူမကို မကျွေးမွေး ကြတော့ဘူး...။

N ရဲ့အစ်ကိုက လူလစ်ရင် ဂျွန်းကို ကို စားစရာတွေယူလာပြီးကျွေးပေမဲ့ သူမ သိပ်မစားနိုင်ရှာတော့ဘူး။

သူမ သွားတွေလည်း ကျိုးကုန်ပြီ.. အူ၊ အစာအိမ်တွေလည်း ထိုးနှက်ဒါဏ်ရာတွေနဲ့ အတွင်းကြေ ကြေနေပြီလေ...သူမ နွားနို့လောက်ပဲ သောက်နိုင်တော့တယ်။

ဒီဇင်ဘာလ လဆန်းပိုင်းမှာ သူမဟာ N ရဲ့အိမ်က ထွက်ပြေးဖို့ကြိုးစားပြန်တယ်။

ဒါပေမဲ့ သူမမှာ အကျင်္ ီက မရှိ ကိုယ်တုံးလုံး....။ ဒီအိမ်ရောက်ကတည်းက သူမ အကျႌ ဝတ်ခွင့် မရတာများတယ်...။

သူမဟာ အပြင်အထိထွက်ဖို့ အခွင့်မသာတော့ ရဲစခန်းကို ဖုန်းဆက်လိုက်တယ်။

"ရဲစခန်းကလား..? ကျွန်မကို ကယ်ပါ..".... မီယာနိုက N အိမ်မှာရှိနေတယ်။

မီယာနို နိုးလာပြီး ဖုန်းကိုဆွဲလုလိုက်ပြီး ဖုန်းချလိုက်တယ်...။ရဲတွေက ချက်ချင်းဖုန်းပြန်ဆက်တယ်။

မီယာနိုက " ကျွန်တော့် သူငယ်ချင်း နောက်တာပါ.. " ...။ အသုံးမကျတဲ့ရဲတွေကလည်း ယုံခဲ့တယ်။

ဂျွန်းကို ပိုပြီး ကံဆိုးပြီ...။မီယာနိုတို့ အဖွဲ့ဒေါသကြီးကုန်ကြပြီလေ...။

အားနည်းနေတဲ့ ဂျွန်ကို ကို သူတို့ရှိသမျှအားတွေနဲ့ ရိုက်နှက် လိုက်ကြတယ်။

ရိုက်လို့အားမရ သူမ ခန္ဓာကိုယ်ပေါ်တက်ပြီး ခုန်ကြတယ်။ အားမရတော့ အလေးတုံးတွေနဲ့ ပစ်ပေါက်ကြတယ်။

ဝါးခြမ်းပြားနဲ့ ရိုက်ကြတယ်။ အားမရတဲ့အခါ ဂေါက်ရိုက်တဲ့ အတံနဲ့ ရိုက်ကြပြန်တယ်။

ဆေးလိပ်မီးနဲ့ တို့ကြတယ်..။ ဆေးလိပ်မီးနဲ့တို့တာ အားမရတော့ သူမ ခန္ဓာကိုယ်ကို မီးခြစ်ထဲထည့်တဲ့ ဆီတွေစွတ်ပြီး မီးရှို့လိုက်တယ်။

မိန်းမငယ်ဂျွန်းကိုဟာ အရှင်လတ်လတ် မီးရှို့ခံရလေပြီ...။

မီးလောင်ဒါဏ်ရာက သွေးတွေ ပြည်တွေထွက်လာပြီး တစ်ကိုယ်လုံးရွံစရာကောင်းလာတေယ်။ အဲဒီတော့ သူတို့ဟာ ပလပ်စတစ်လက်အိတ်စွပ်ပြီး ဆက်ရိုက်ကြတယ်။

အစာကျွေးမယ့်အစား သူမကို စက္ကူခွက်ထဲ မှာ ကျင်ငယ်ရည်ကို စွန့်ခိုင်းပြီး ပြန်သောက်ခိုင်းတယ်။ သူတို့ကျင်ငယ်ရည်တွေနဲ့လည်း ပက်ဖြန်းကြတယ်..၊

မိယာနိုနဲ့အပေါင်းအပါတွေဟာ ဂျွန်းကို အရှေ့မှာ မိမိကိုယ်ကိုယ်တစ်ကိုယ်ရည်အာသာဖြေပြီး ထွက်လာတဲ့ သုတ်ရည်တွေကို သူမပါးစပ်ထဲထည့်ပြီး မြိုချခိုင်းတယ်။

ပိုးဟတ်အရှင်တွေကို ဖမ်းပြီးစားခိုင်းတယ်။

ဗိုက်ဆာတယ်ဆိုရင် သူမခန္ဓာကိုယ်က ထွက်နေတဲ့ သွေးပုတ် ပြည်ပုတ်တွေစားခိုင်းတယ်..။ ဆေးလိပ်တွေ တစ်ခါတည်းနဲ့ ၅ လိပ် တစ်ပြိုင်နက်သောက်ခိုင်းတယ်...။ အရက်တွေ အတင်းတိုက်တယ်။

သူမ ဗိုက်ဆာတယ် မပြောရဲတော့ဘူး။ နာကျင်လွန်းလို့ ဗိုက်လည်း မဆာနိုင်တော့ပါဘူး။

၁၂ လပိုင်း ၅ ရက်နေ့ တိုကျိုမှာ ရထားမီးလောင်မှုကြီးဖြစ်တယ်။ လူတွေအများကြီးသေတယ်။

ဒုတိယခေါင်းဆောင် အိုခုရာ က " ဂျွန်းကို သတင်းကြည့်စမ်း.. ရထားမီးလောင်တာ နင့်အဖေ သေပြီတဲ့ .."

မိဘတွေ အသတ်မခံရအောင် ဒီလို သေလုမြောပါး အနစ်နာခံနေတယ်လို့ စိတ်တစ်ခုထဲနဲ့ ဖြေသိမ့်နေရတဲ့ဂျွန်းကိုဟာ အလွန်ပဲ ဝမ်းနည်း ငိုကြွေးတော့တယ်။

ဒါကို သူတို့က သဘောကျတယ်...။ ပြီးတော့ ခဏအကြာ " ဟားဟား ငါတို့လျှောက်ပြောတာ.. "

သူတို့ဟာ ဂျွန်းကို ကို တစ်နေ့တစ်နေ့ ဘယ်လို ရိုက်နှက်ရမယ်...စိတ်ဆင်းရဲအောင်လုပ်ရမလဲလို့ပဲတွေးနေကြတာပေါ့..။

ဒီလိုနဲ့ ဂျွန်ကိုဟာ လမ်းတောင်မလျှောက်နိုင်တော့ဘူး။

"အိမ်ပြန်ချင်တယ်..."

" အိမ်ပြန်ချင်ရင် ငါတို့ကို က ပြ...။"

ဂျွန်းကိုက အားယူပြီး မရ ရ အောင်ကုန်းရုန်း ထပြီး က ပြရှာတယ်....။ ဒါပေမဲ့ မတ်တပ်မရပ်နိုင် ပစ်လဲသွားတော့ သူတို့အတွက် ရယ်စရာပေါ့...။

သူတို့ ၄ ယောက်ဟာ ဂျွန်းကို ကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ကြံစည် နှိပ်စက်တော့တယ်။

သူမရဲ့ မိန်းမအင်္ဂါနဲ့ အညစ်အကြေးစွန့်အင်္ဂါတွေထဲမှာ မီးပန်းတွေတပ်ပြီးမီးရှို့ကြ...အမှိုက်တွေထိုးထည့်....တွေ ့သမျှ အချွန်ပစ္စည်းတွေ ထိုးထည့် ..နောက်ဆုံး ပုလင်းတွေ ထိုးထည့် ပြီး ပုလင်းတွေကွဲတဲ့အထိ ဗိုက်ပေါ်တက်ခုန်ကြတယ်။

ပလာယာနဲ့ အသားတွေကို တစ်စစီ ဆွဲဖြဲကြတယ်။

ကတ််ကြေး တွေနဲ့ထိုး၊ စတီးချောင်းတွေနဲ့ရိုက်... သူတို့ အကြံရသမျှ နည်းမျိုးစုံနဲ့ နှိပ်စက်ကြတယ်။

ပျင်းရင် သူမ ကိုယ်ကို ထုတ်တန်းမှာ တွဲလောင်းချပြီး လက်ဝှေ့ထိုးကြသေးတယ်။

ဂျွန်းကိုဟာ အကြိမ် ၄၀၀ ထက်မနည်း မုဒိမ်းကျင့်ခံခဲ့ရပါ တယ်။ အခုတော့ ရွံစရာကောင်းနံစော်နေတဲ့ သွေးအလိမ်းလိမ်း မလှမပကြီးဖြစ်နေပြီလေ...။

မုဒိမ်းကျင့်ဖို့ထက် နှိပ်စက်ဖို့ပဲ အသုံးဝင်တာပေါ့...။

ဖူးရောင်နေတဲ့ မျက်နှာပေါ် ဖယောင်းစက်တွေချပြန်တယ်...။

ဆောင်းရာသီကြီး ဝရန်တာမှာထုတ်ထား၊ အေးလားလို့ မေး... အေးတယ်ဖြေရင် တစ်ကိုယ်လုံး ဆီစွတ် မီးထပ်ရှို့...။

"ကျွန်မကို သတ်ပေးပါရှင်.. တောင်းပန်ပါတယ်.."

ဘဝကို အရှုံးပေးလိုက်ပြီ...သူမ အသက်မရှင်လိုတော့ပြီ..။

မီယာနိုဟာ ဂျွန်းကို ကို ဒီလို အိမ်ထဲထည့်နှိပ်စက်တာကို လူ အယောက် ၁၀၀ ကျော် သိနေတယ်။

ဒါပေမဲ့ ဘယ်သူမှ ဘာမှ မပြောရဲဘူး။ သူမကို ကယ်မယ့်သူ တစ်ယောက်မှ မရှိခဲ့ဘူး...။

၁၉၈၉ ခုနှစ် ၁ လပိုင်း ၄ ရက်

မီယာနိုဟာ အပြင်မှာ ယန်း တစ်သိန်းပျောက်သွားတယ်။ စိတ်တိုတိုနဲ့ အပြစ်မရှိတဲ့ ဂျွန်းကို ကို ရိုက်နှက်တယ်။

ဂျွန်းကိုဟာ သူမရဲ့ခါင်းနဲ့ ကက်ဆက် စပီကာနဲ့ ဆောင့်ပြီး သတိလစ်သွားတော့တယ်။

ဘာမှမတုန့်ပြန်တဲ့သူမကို ၆ ကီလိုလေးတဲ့ အလေးမတုံးတွေနဲ့ ပစ်ပေါက်တယ်။ သူမက တုတ်တုတ်မှမလှုပ်...။

"ကောင်မ .. သရုပ်ဆောင်ကောင်းလှချည်လား..." ဆိုပြီး သူမကို မီးရှို့ပြန်တယ်။

သတိပြန်လည်လာတယ်။ နောက်ထပ် ၂ နာရီခန့် ထပ်ရိုက်နှက်ပြန်တယ်။ ဂျွန်ကိိုု သေဆုံးသွားတယ်။

သူမ N ရဲ့အိမ်မှာ ငရဲကျခဲ့တာ အားလုံး ၄၄ ရက်ပေါ့ ... အခုတော့ ငရဲသားဘဝက လွတ်မြောက်ခဲ့ရပြီလေ...။

၁၉၈၉ ခုနှစ် ၁ လပိုင်း ၅ ရက်

သေဆုံးသွားတဲ့ ဂျွန်းကို ကိုကြည့်ပြီး မီယာနိုနဲ့ အပေါင်းအပါတွေဟာ ရယ်ချင်ရက် ပက်ကျိဖြစ်သွားကြတယ်။

သူတို့ဟာ တိုင်ပင်မထားပဲ ပြိုင်တူ အော်ဟစ်ရယ်မောလိုက်ကြတယ်။

ဂျွန်းကိုရဲ့အလောင်းကို စောင်နဲ့ပတ်၊ ခရီးဆောင်အိတ်အထဲ ထည့်၊ ပြီးတော့ အဲဒီအိတ်ကို ဘိလပ်မြေဖျော်တဲ့ စည်ပိုင်းထဲထည့်ပြီး ဘိလပ်မြေတွေလောင်းချပစ်လိုက်တယ်။

ပြီးတော့ တိုကျိုမြို့ လမ်းဘေး တစ်နေရာ နေရာမှာသွားပစ်ထားလိုက်တယ်။

၂ ပတ်အကြာ....

သူတို့အုပ်စုဟာ အခြားမိန်းကလေးတစ်ယောက်ကို အုပ်စုလိုက် မုဒိမ်းကျင့်မှုနဲ့ အဖမ်းခံရပြန်တယ်။

ထောက်လှမ်းရေးက "မင်းအရွယ် နဲ့ လူသတ် မုဒိမ်းကျင့် အကုန်လုပ်နေတာ မင်းကို ဒီအတိုင်းပစ်ထားလို့မရတော့ဘူး..." ..လို့ စိတ်ပျက်လက်ပျက်ပြောလိုက်တယ်။

"ဘာ! ဟိုကောင်တွေသစ္စာဖောက်ပြီ... ဂျွန်းကို ကိုကျုပ်တစ်ယောက်ထဲသတ်တာမဟုတ်ဘူးဗျ...!"

ထောက်လှမ်းရေးက အတော်အံသြသွားတယ်။ ချက်ချင်း အမူအရာမပျက် ပြန်ထိန်းပြီး..

"အေး ဘယ်လိုသတ်ခဲ့လဲ ဖြောင့်ချက်ပေး.. လိမ်ရင် ပိုဆိုးမယ်..."

မီယာနိုဟာ အကုန်ဖြောင့်ချက်ပေးမိတော့တယ်...။

ထောက်လှမ်းရေးတို့ အလောင်းကို စစ်ဆေးကြည့်တော့... မကြည့်ရဲလောက်အောင် ရက်စက်ထားတာတွေ့ရတယ်။

ဂျွန်းကိုရဲ့ ရင်သားတွေမှာ အပ်တွေ အများကြီးစိုက်ထားတယ်။

သွားတွေ တစ်ချောင်းမှမရှိတော့ ......

အစာအိမ်ထဲကို စစ်ဆေးကြည့်တော့ အစားအစာတွေအစား ကျင်ငယ်ရေ၊ သုတ်ရေ၊ ပိုးဟတ်တွေပဲ ရှိနေတယ်။

မျက်နှာက အရိုးတွေအကုန်နီးပါး ကျိုးနေတယ်။ဆံပင်တွေ အကုန်ကျွတ်နေတယ်။

ဆရာဝန်က သူမဟာ မသေခင်က နားတွေလည်း ကန်းနေခဲ့တယ်လို့ မှတ်ချက်ချတယ်...။

ကိုယ် အလေးချိန် ၅၅ ကီလိုရှိခဲ့တဲ့ ကျမ်းကျမ်းမာမာ မိန်းမငယ်လေးဟာ သေဆုံးသွားတဲ့အခါ ၃၅ ကီလိုပဲရှိခဲ့တယ်။

၁၉၉၀ ခုနှစ် ၇ လပိုင်း......

ခံပြင်းဖို့ကောင်းတာက ဒီလို လူသားတစ်ယောက်ကို လူမဆန် နှိပ်စက်ခဲ့တဲ့ သူတို့ ၄ ယောက်ဟာ အသက်မပြည့်သေးတဲ့အတွက်.....

အသက်မပြည့်ဆိုးသွမ်းလူငယ် ဥပဒေ အရ (juvenile law ) ပြင်းထန်တဲ့ ထောင်ဒါဏ်ပေးခြင်းမခံခဲ့ရဘူး။

၁။ မီယာနို - Hiroshi Miyano- ၂၀ နှစ်

၂။ N- Shinji Minato- ၅နှစ် မှ ၉ နှစ်

၃။ အိုဂုရ- Jo Ogura- ၈ နှစ် ( အခြား လူရိုက်မှု တစ်မှုနဲ့ နှစ်မှုပေါင်း အပြစ်ဒါဏ်)

၄။ ဝါတနဘဲ- Yasushi Watanabe- ၅ နှစ်မှ ၇ နှစ်

....လို့ နောက်ဆုံး အမြင့်ဆုံးတရားရုံးက သတ်မှတ်လိုက်တယ်။ အခြားကျောင်းသား ၁၀ ယောက်လောက်ကိုလည်း မုဒိမ်းမှုနဲ့ အရေးယူခဲ့တယ်။

N မိဘတွေကတော့ ဂျွန်းကို ကို သူတို့ သား N ရဲ့ရည်းစားလို့ ထင်ခဲ့ကြောင်း...။ ဒါပေမဲ့ လွတ်မြောက်ဖို့ ကူညီခဲ့ပြီး နောက်ပိုင်း မသိခဲ့ပါဘူးလို့ အလျှောက်ကောင်းခဲ့လို့ ထောင်ထဲမဝင်ခဲ့ရဘူး...။

တရားခွင်မှာ သူတို့ဖြောင့်ချက်ပေးတိုင်း ကြားနာရပြီး မူးမေ့လဲကျသွားခဲ့တဲ့ ဂျပန်ပြည်သူတွေအတော်များများရှိခဲ့တယ်။

လူတွေမှဟုတ်ကြရဲ့လား..?

ငိုယိုကြတာတော့ မပြောနဲ့ ... တရားရုံးမှာ တကယ့်ငိုပွဲကြီးဖြစ်ခဲ့တယ်။

မီယာနိုလည်း နောက်ဆုံး ထောင်ထဲဝင်ခါနီး ခြုံးပွဲချငိုလိုက်တယ်...

" ကံမကောင်းလို့ အဖမ်းခံရတာ.. အလောင်းကို ပင်လယ်ထဲပစ်လိုက်ရမှာ..ငါ ညံ့ခဲ့တယ်..."...တဲ့...။

အခုတော့ သူတို့ ၄ ယောက်လွတ်လာပြီပေါ့...။

မီယာနို - Hiroshi Miyano

သူဟာ ထောင်ကထွက်လာပြီး သူ့နာမည်ကို Hiroshi Yokoyama လို့ပြောင်းလိုက်တယ်။

၂၀၁၃ ခုနှစ်မှာ လိမ်လည်မှုနဲ့ ထပ်အဖမ်းခံရပေမဲ့ သက်သေအထောက် အထား မခိုင်လုံတော့ ပြန်လွတ်လာတယ်။

မီယာနို မိဘတွေဟာ ဂျွန်းကို မိဘတွေအတွက် အလွန်ပဲ ဝမ်းနည်းခဲ့တယ်။

သူတို့နေတဲ့ အိမ်ကိုရောင်းပြီး ယန်းပေါင်း သိန်း ၅၀၀ (USD 425,000) ပေးခဲ့တယ်။ ဂျွန်းကို မိဘတွေက လက်မခံခဲ့ပါဘူး။

ထပ်ကာထပ်ကာ တောင်းပန်လိုက် ငွေပို့ဖို့ကြိုးစားလိုက် လုပ်နေခဲ့တယ်။

ဂျွန်းကိုရဲ့မိခင်ကြီးကတော့ စိတ္တဇဆေးရုံမှာ ဆေးကုသမှုခံနေရဆဲ....။ နေကောင်းလိုက် မကောင်းလိုက်ပါပဲ...။

N- Shinji Minato

သူက မီယာနိုထက် ငယ်တယ်။ ထောင်ကျတော့ ၁၆ နှစ်ပဲရှိသေးတယ်။ သူ့မိဘတွေဟာ အဲဒီမြို့မှာ မနေရဲတော့လို့ အခြားမြို့ကို ပြောင်းသွားကြတယ်။

သူဟာ ထောင်ကထွက်လာပြီး ရိုမေးနီးယား အမျိုးသမီး (Romanian woman) နဲ့အိမ်ထောင်ကျခဲ့တယ်။

အိုဂုရ- Jo Ogura

သူကတော့ ၁၉၉၉ ခုနှစ် သြဂုတ်လမှာ ထောင်ကထွက်လာပြီး သူ့နာမည်ကို Jō Kamisaku လို့ပြောင်းလိုက်တယ်။

သူဟာ ၂၀၀၄ ခုနှစ်မှာ Takatoshi Isono ဆိုတဲ့သူကို သူ့ရည်းစားနဲ့ အထင်လွဲပြီး ၄ နာရီလုံးလုံး ရိုက်နှက်ထိုးကြိတ်တဲ့အမှုနဲ့ ထောင် ၇ နှစ်ထပ်ကျတယ်။

"ငါ ... လူသတ်ဖူးတယ်ကွ! မင်းကို ဘယ်လိုသတ်ပစ်ရမလဲဆိုတာ မခက်ဘူး "..လို့ပြောခဲ့သေးတယ်။

တရုတ် အမျိုးသမီးတစ်ယောက် နဲ့ လက်ထပ်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

သူ့မိဘတွေကတော့ သူ့သားဘဝပျက်တာ ဂျွန်းကိုကြောင့် ဆိုပြီး ဂျွန်းကိုရဲ့ အုတ်ဂူ ကို သွားရောက် ဖျက်ဆီးခဲ့သေးတယ်။

ဝါတနဘဲ- Yasushi Watanabe

သူကတော့ ထောင်ထဲကထွက်လာပြီး လူကြောက်တဲ့ စိတ်ဝေဒနာခံစားရတော့တယ်။

သူ့အမနဲ့ ယိုကိုဟားမားမြို့မှာအတူနေပါတယ်...။

တစ်ခါတစ်ရံ ဘဝမှာ မထင်မှတ်တာတွေ အချိန်မရွေးဖြစ်လာနိုင်ပါတယ်။ အဲဒါ ကောင်းတာတွေလည်းဖြစ်နိုင်သလို ဆိုးတာတွေလည်းဖြစ်နိုင်တယ်...။

"ကွန်ကရစ် စည်ပိုင်းထဲ နစ်မြုတ်နေတဲ့ အထက်တန်းကျောင်းသူလေး " ဆိုတဲ့ သတင်းဆိုးဟာ ကမ႓ာကို တုန်လှုပ်စေခဲ့တဲ့ ....သိပ်ဝမ်းနည်းဖို့ကောင်းတဲ့ ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်....။

ကျွန်မတို့ မသိသေးတဲ့ လောကကြီးထဲက တစ်ချို့သော လူတွေမှာ မေတ္တာဆိုတာ မရှိ လောက်အောင် ခေါင်းပါးနေတယ်။ သူတို့ဟာ သင့်နံဘေးမှာထိုင်နေတဲ့သူလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

ကိုယ်ကကောင်းပေမဲ့ ခေါင်းရွေ့ခဲ့ရတဲ့အဖြစ်တွေ လောကကြီးထဲမှာ ဆက်တိုက်ဖြစ်နေဆဲ....,။

မိမိ ဘယ်လောက်ပဲ ကောင်းအောင် မှန်အောင်နေပါစေ....လူယုတ်မာတွေလက်ထဲရောက်သွားတတ်တဲ့ ကံဆိုးတဲ့သူတွေရှိနေတတ်တယ်ဆိုတာ ဂျွန်းကိုရဲ့ အဖြစ်ဆိုးက သက်သေပါပဲ....။

လူယုတ်မာတွေဟာ သူတို့ ရဲ့ ကိုယ်၊ စိတ် ချမ်းသာဖို့ သားကောင်တွေ အမြဲရှာနေလေ့ရှိတယ်....။

ဒီလိုအဖြစ်ဆိုးမျိုးကို အချိန်ပိုင်းအလုပ်လုပ်ပြီး စက်ဘီးနဲ့အိမ်ပြန်လာချိန်မှာလဲကြုံတွေ့နိုင်တယ်။

အိမ်ထဲမှာအိပ်နေရင်းလည်း ကြုံတွေ့နိုင်တယ်။ ဒါကြောင့် အမြဲ သတိရှိရပါမယ်..။

ကံ ကံ၏ အကျိုးကို ယုံကြည်ပြီး ဝဋ္ဋ်ကြွေးဆိုတာကြောင့် ဒီလိုခံစားရတယ်လို့ ယုံကြည်တဲ့သူတွေရှိရင် ဒီဘဝမှာ ကုသိုလ်ကောင်းမှုတွေ တတ်နိုင်သလောက် များများ ပြုလုပ်နိုင်ပါမှ... လို့ မိမိကိုယ်မိမိ သတိပေးနိုင်ပါမှ...။

ဒါမှ ကောင်းတဲ့အကျိုးပေးမှုတွေ များလာပြီး ဒီလို ဝဋ္ဋ်ကြွေး အဖြစ်ဆိုးကြီးတွေဟာ တဖြည်းဖြည်း မှေးမှိန်သွားနိုင်သလို ၊ နောက်ဆုတ် အချိန်ဆွဲထားနိုင်မှာဖြစ်တယ်။

ဂျွန်းကို....။

၁၉၈၉ ခုနှစ် ၄ လပိုင်း ၂ ရက်နေ့မှာ သူမရဲ့အလောင်းကို မြေမြှုတ်သဂြိုင်္ဟ်လိုက်ပါတယ်။

သူမဟာ မျှော်လင့်ချက်တွေ နဲ့ ပျော်ရွင်စိတ်လှုပ်ရှားခဲ့ဖူးတယ်။

သူမ အဖမ်းခံခဲ့ရတဲ့ ညက သူမ သိပ်မျှော်လင့်ခဲ့တဲ့ ဂျပန် အခန်းဆက် ဒရမ်မာ ဘယ်လိုအဆုံးသတ်လေမလဲ....?

သူမဟာ ကိတ်မုန့်ဖုတ်တာ အရမ်းဝါသနာပါခဲ့တယ်။

ဒီဇင်ဘာလ ၂၅ ရက် ခရစ်စမတ်မှာ မိခင်နဲ့ ကိတ်မုန့်ဖုတ်ဖို့ အစီအစဉ်တွေဆွဲထားကြတာ....။

" အမေ အံ့သြသွားမယ်.. သမီးမှာ အကုန် စဉ်းစားထားပြီးသား..."....စိတ်ကူးယဉ် ခရစ်စမတ် ကိတ်လေးလည်း မလုပ်ဖြစ်နိုင်ခဲ့...။

ချမ်းအေးလှတဲ့ ဆောင်းရာသီမှာ အကျႌမပါ ကိုယ်လုံးတီးနဲ့ ယောက်ျားတွေ အာသာပြေ နေပြခဲ့ရရှာတယ်...။

၁၉၈၉ ခုနှစ် နှစ်သစ်ကူးနေ့....သူများတွေ ပျော်နေတဲ့အချိန် သူမမှာတော့ ဘယ်သူက ဘယ်လို လာနှိပ်စက်မလဲ ..? မုဒိမ်းပဲအကျင့်ခံရမလား...မီးပဲအရှို့ခံရမလား.. ကြောက်ရွံ့တုန်လှုပ်နေခဲ့ရတယ်။

ဂျွန်းကို ဟာ ၁၉၇၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်တယ်။ သူမ ဟာ ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် မှာသေဆုံးခဲ့တယ်။

သူမအရမ်းမျှော်လင့် စိတ်ကူးယဉ်ခဲ့တဲ့ ၁၈ နှစ်မြောက် မွေးနေ့ မရောက်မှီ ၄ ရက်အလိုမှာ လောကကြီးက နာကျင်စွာနဲ့ ထွက်ခွာခဲ့ရတယ်။

ကျောင်းဆင်းပြီး ည ၈ နာရီ ၃၀ မိနစ်အထိဘာလို့ အချိန်ပိုင်းလုပ်ခဲ့တာလဲဆိုတာ သိလိုက်ရတဲ့သူတွေ မျက်ရည် အလိုလိုစီးကျလာခဲ့ရတယ်...။

ဂျပန်နိုင်ငံတို့ ကိုရီးယားနိုင်ငံမှာ အထက်တန်းကျောင်းပြီးသွားရင် ဘဝရဲ့ ပထမခြေလှမ်း ပြီးဆုံးတဲ့ အထိမ်းအမှတ်နဲ့ ခရီးထွက်ကြတယ်။ အဲဒါကို High School Graduation Trips လို့ခေါ်တယ်။

သူမ အထက်တန်းနောက်ဆုံးနှစ်မို့ စာမေးပွဲပြီးရင်ခရီးထွက်ဖို့ ပိုက်ဆံစုနေတာဖြစ်တယ်။ သူမ မိဘတွေက အကုန်အကျခံပြီး လက်ဆောင်အနေနဲ့ ခရီးထွက်ဖို့ငွေကို ပေးမယ်ဆိုပေမယ့် မချမ်းသာတဲ့ မိဘတွေ ပင်ပင်ပန်းပန်းအလုပ်လုပ်ရမှာကို သူမ မလိုလားခဲ့.....။

အခုတော့ သူမ အကြာကြီးစောင့်စားခဲ့ရတဲ့ စိတ်လှုပ်ရှားစရာ နိုင်ငံခြား ခရီးတစ်ခုခုကိုလည်း မသွားခဲ့ရတော့....။

နောက်ဆုံး ဒီလို အရှင်လတ်လတ် ငရဲကျခံဖို့ လိုက်သွားခဲ့တာလည်း "နင့်မိသားစုကို သတ်ပစ်မယ်..." ဆိုတာကို ကြောက်လွန်းလို့....။

သူမရဲ့အုတ်ဂူ နံဘေးမှာ သူငယ်ချင်းတွေရေးထားတဲ့ ကျောက်စာလေး ဒီနေ့အထိရှိနေတယ်။

ဂျွန်းချန်ရေ....ပြန်လာခဲ့နော်...။

ငါတို့ နင့်ကို ဒီလိုပြန်တွေ့ရမယ်လို့ အိပ်မက်တောင် မမက်ဖူးခဲ့ပါဘူး...။နင် တော်တော် နာကျင် ခံစားခဲ့ရမှာပဲနော်....။

ဒါနဲ့....ဒီနှစ် happi (法被, 半被) ရိုးရာ ပွဲတော်မှာ နင်မရှိတော့ပေမဲ့ ငါတို့ နင့်အစား အကောင်းဆုံးဖြစ်အောင် လုပ်ကြမယ်...။

ငါတို့ နင့်ကိုဘယ်တော့မှ မမေ့ဘူး..သိလား..။

ကျောင်းအုပ်ဆရာကြီးက နင့်ကို အောင်လက်မှတ်ပေးမယ်တဲ့ဟ...။ ငါတို့ အားလုံး အထက်တန်း အတူတူအောင်ကြပြီပေါ့ဟာ...။

ဂျွန်းချန်ရေ.... ၊

နင်ရောက်နေတဲ့နေရာမှာ နာကျင်မှုတွေလည်းမရှိ ဝေဒနာခံစားမှုတွေလည်းမရှိတော့တာမို့ အေးအေးဆေးဆေး အနားယူနေနော်...သူငယ်ချင်း...။

ဂျွန်းကိုရဲ့မိဘတွေဟာ ဂျပန်ပြည်မှာ ဒီလို ယုတ်မာ ရိုင်းစိုင်းတဲ့ ဆယ်ကျော်သက်တွေရှိနေတာ ပြည်သူ ပြည်သားတွေ သတိထားနိုင်ဖို့ ဒီ သတင်းဆောင်းပါးကို ရုပ်ရှင်ရိုက်ပြီး ရုံတင်ပြသဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒီလို ခွင့်ပြုခဲ့ပေမယ့် ဒီရုပ်ရှင်ကြောင့် သူတို့ ပိုပြီး ဝမ်းနည်းရလို့ ပြန်လည်ရုပ်သိမ်းခဲ့ကြတယ်။

မရွှေမိုး ( ကိုရီးယား )

June 30th, 2018.

( မြန်မာပြည်က မောင်နှမတစ်ချို့ တောင်းဆိုထားလို့ ဘာသာပြန်ပေးလိုက်ပါတယ်..။)

References

가장 잔인했던 미소녀 여고생 콘크리트 살인사건!!! ㅣ기묘한이야기ㅣ도쿄K짱ㅣ Tokyo Kㅣ

The 44-Day Horror Story Of Junko Furuta By Katie Serena

Published January 24, 2018

Updated February 7, 2018

Comments