ဖြိုးမြတ်အောင်လေးဟာ ပညာရေးအားနည်းတယ်ဆိုတာ တကယ်မသိခဲ့လို့ စနောက်ခဲ့မိကြောင်း ကိုကိုလင်းမောင် တောင်းပန်...
ရုပ်သံဗွီဒီယိုဖိုင် အောက်ဆုံးတွင် ပါရှိပါသည်။
============
# 😊 မနေ့ညက…ခုလတ်တလော လူတိုင်းနီးပါးက စိတ်ဝင်စားနေကြတဲ့ MMID နောက်ဆုံးအဆင့်ကို ပြိုင်ကြမဲ့ကလေး၂ယောက်ထဲက ချမ်းမြေ့မောင်ချိုလေးရဲ့ vdoဖိုင်လေးတတ်လာလို့ ကြည့်ဖြစ်သွားယင်း သူတို့FAN တွေ အနေအထား သိချင်တာရယ်ကြောင့်… အပျော်သဘောအနေနဲ့ #ဆေးထိုးလတ်အူးမယ်နော်# ဆိုပီး status လေးတစ်ခု အပြောင်အပျက် စ’နောက်ပီး တင်လိုက်ပါတယ်…😄
အဲဒီ status နဲ့ပတ်သက်ပီး ပထမဆုံးပြောချင်တာက …
၁။မည်သည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်/အကြာင်းအရာကိုမှ ထိခိုက်စေလိုသည့် ရည်ရွယ်ချက်နဲ့တင်တာ မဟုတ်ကြောင်းကို ဖတ်ကြည့်ရုံနဲ့ လူတော်တော်များများ နားလည်လိမ့်မယ်လို့ ထင်မိပါတယ်..😊
၂။ နောက်တစ်ခု က ကျနော့သမီးအကြီးနဲ့မှ ရွယ်တူဖြစ်တဲ့ ချမ်းမြေ့မောင်ချိုရဲ့ နေမကောင်းတဲ့ ပုံလေးတွေ FB မှာ တက်လာတာ ထပ်တွေ့လိုက်တော့ ..အော်.. ငါ့တင်လိုက်တဲ့ status ကြောင့် အနှောင့်အယှက်ပိုဖြစ်သွားယင်..ဆိုတဲ့စိတ်နဲ့ စိတ်မကောင်းဖြစ်မိပါတယ်…အဲ့ဒီအတွက် so sorry ပါ သမီးလေးရေ…😌
၃။ ဖြိုးမြတ်အောင် လည်း ကြိုးစားနေတဲ့..သူ့အရည်အချင်းနဲ့သူရှိနေတဲ့ကလေးတစ်ယောက်ပါ…
… ပတ္တမြားမှန်ယင် နွံမနစ်ပါဖူး….😊
၄။ ဒီ status ကြောင့် ရလိုက်တဲ့အကျိုးအမြတ်ကတော့…comments လာရေးတဲ့သူတွေရဲ့အတွင်းစိတ်(အဇ္စုတ)ကိုအားလုံးမြင်လိုက်ရခြင်းပါပဲ…😇
#(မည်သူ့ကိုမှ unfriend မလုပ်ပေးပါ၊ ကိုယ်အထှာနှင့်ကိုယ်သဘောပေါက်ကြပါရန်)#😬
၅။ အကောင့်အတုများ/profile ပုံအမှန်မတင်ရဲပဲ comments ပေးသူများကိုလည်းသူရဲကောင်းများအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါဒယ်…😛😛😛
❤️အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေ ခင်ဗျား….😊
=======
“Myanmar Idol ပြိုင်ပွဲဝင် ဖြိုးမြတ်အောင် ရဲ့ ပညာရေး အခြေအနေကို တကယ်မသိခဲ့လို့ သဘောရိုးနဲ့ Facebook မှာ သူဆိုထားတဲ့ အင်္ဂလိပ်သီချင်းများ ရှိသလားလို့ ရေးခဲ့မိတာပါ။ မသိလိုက်ဘဲ ဖြစ်ခဲ့တဲ့ အမှားဖြစ်သွားလို့ Sorry ပါ” လို့ ပြောလာတဲ့ သရုပ်ဆောင် ကိုကိုလင်းမောင် နှင့် ခဏတာ။
Myanmar Celebrity Update: Former Actor, Ko Ko Lin Maung reacts on his facebook post about Myanmar Idol. #KoKoLinMaung #MyanmarActor #MyanmarIdol
Credit – Myanmar Celebrity
Comments