ပရိတ်သတ်တွေကို အသိပေးလိုက်ပြီဖြစ်တဲ့ ချမ်းမြေ့မောင်ချို...


ပရိတ်သတ်တွေကို အသိပေးလိုက်ပြီဖြစ်တဲ့ ချမ်းမြေ့မောင်ချို
PannPwint
=========
မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်မှာ ဖိုင်နယ်ကို တက်သွားတဲ့ ချမ်းမြေ့မောင်ချိုက ယင်းနေ့မှာ အမှားအယွင်းမပါအောင် သီဆိုသွားမယ်လို့ ပြောလိုက်ပါတယ်။
ဒီနေ့ပဲ သူမရဲ့ ပရိတ်သတ်တွေကို အဲ့လို အသိပေးလိုက်တာ ဖြစ်ပါတယ်။
ဒီအကြောင်း သူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ “အခုလာမဲ့ Grand Final မှာအကောင်းဆုံး အမှားအယွင်းမပါပဲ သီဆိုဖျော်ဖြေပါ့မယ် သမီးကိုအားပေးတဲ့ပရိသတ်ကြီးအားပေးရကျိုးနပ်အောင် သမီးအားပေးတာနောင်တမရရစေအောင်သမီးကြိုးစားမယ် တနေ့နေ့တချိန်ချိန်မှာ သမီးကိုအားပေးတဲ့ပရိသတ်ကြီးအတွက်သီချင်းတွေအများကြီးဖန်တီးသီဆိုပြီး ကျေးဇူးဆပ်ပါမယ် နေကောင်းအောင်လဲကြိုးစားနေပါမယ်” စသည်ဖြင့် ရေးသားလိုက်တာပဲ ဖြစ်ပါတယ်။
PannPwint

Comments