ချမ်းမြေ့မောင်ချိုရဲ့မိခင်ဖြစ်သူ အဆိုတော် အိအိက လတ်တလော အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး...
ဒီနေရာအထိ ရောက်လာတဲ့ သမီးအတွက် ဂုဏ်ယူတယ် (ရုပ် /သံ)
ဧရာဝတီ၊ သြဂုတ် ၈၊ ၂၀၁၈။
ဝေဖန်မှုတွေ ကြားကနေ နောက်ဆုံး Final အဆင့်အထိ တက်ရောက်လာခဲ့တဲ့ Myanmar Idol ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုရဲ့မိခင်ဖြစ်သူ အဆိုတော် အိအိက လတ်တလော အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး ဧရာဝတီနဲ့ တွေ့ဆုံစဉ်မှာ အခုလိုပဲ ပြောပြခဲ့ပါတယ်။
အင်တာဗျူး – ယုဖြူဟန်
ရိုက်ကူး /တည်းဖြတ် – ဝေဝေနှင်း
The Irrawaddy – Burmese Edition
မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲ Grand Final ပြိုင်ရမယ့် ချမ်းမြေ့မောင်ချိုက သူမပြိုင်ချင်တော့ဘူး ထွက်ပြေးချင်ပြီ လို့ ပြောလိုက်တယ်လို့ သိရပါတယ်။
“မပြိုင်ချင်တော့ဘူး ထွက်ပြေးချင်ပြီ” လို့ ပြောလာတယ် ဆိုတဲ့ ချမ်းမြေ့မောင်ချို
မြန်မာအို်င်ဒေါ သီချင်းဆိုပြိုင်ပွဲ Grand Final ပြိုင်ရမယ့် ချမ်းမြေ့မောင်ချိုက သူမပြိုင်ချင်တော့ဘူး ထွက်ပြေးချင်ပြီ လို့ ပြောလိုက်တယ်လို့ သိရပါတယ်။
ဒီအကြောင်း သူ့ရဲ့ အစ်ကိုဖြစ်သူက လူမှုကွန်ယက်မှာ ညီမဖြစ်သူရဲ့ ရင်ဖွင့်စကားကို ပြောပြထားတာပဲ ဖြစ်ပါတယ်။
“ပြိုင်ပွဲမြန်မြန်ပြီးမှပဲ ညီမလေးရယ် အသက်နဲ့ ဖိအားတွေနဲ့ စကားလုံးတွေနဲ့ မလိုက်ဘူး ရက်စက်လွန်းကြတယ် မနေ့မနက်က သူ့အမကိုပြောတယ် သူမပြိုင်ချင်တော့ဘူး ထွက်ပြေးချင်ပြီတဲ့ ညနေကြတော့အခုလိုဖြစ်တော့တာပဲ” လို့ ရေးသားထားပြီး ချမ်းမြေ့မောင်ချို အားနည်းပြီး အဖျားတက်နေတဲ့ ပုံလေးတစ်ပုံပါ တင်ထားပါတယ်။
ချမ်းမြေ့မောင်ချိုက ကျန်းမာရေး အနည်းငယ်ချူခြာသူဖြစ်ပြီး အသက်ကလည်း ၁၉  နှစ်သာရှိသေးတယ်လို့ သိရပါတယ်။ ယခုပွဲစဉ်တစ်လျှောက်မှာလည်း ဝေဖန်မှု ဖိအားတွေ အပြင်းအထန် ခံနေရတာကို တွေ့ရပါတယ်။
လာမယ့် ၁၁ ရက်နေ့မှာတော့ Grand Final ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်နဲ့ Winner ဆုအတွက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး သီချင်းသုံးပုဒ်ကို တစ်ညတည်းနဲ့ ဆိုရမှာကြောင့် သူမအတွက် စိန်ခေါ်မှု ကြီးကြီးမားမား ဖြစ်နေပါတယ်။PannPwint
Comments