ရေသ့ႀကီး ၊ ႔ေခြးမိဖုရားႏွင့္ရွင္ဘုရင္တို႔၏ သုံးပြင့္ဆိုင္ဇာတ္လမ္း.....



ရေသ့ႀကီးနဲ႔ေခြးမိဖုရား

================

တခါတုန္းက ေတာတြင္းတေနရာမွာ သစ္ခက္တဲေလးထိုးၿပီး တရားအားထုတ္ေနတဲ့ ရေသ့ႀကီးတပါးရွိသတဲ့။

ဒီသစ္ခက္ေက်ာင္းသခၤမ္းေလးနားကို ေခြးပိန္မေလးတေကာင္က လာၿပီးေတာ့ ရေသ့ႀကီးဆြမ္းစားၿပီး က်န္တဲ့ ဆြမ္းက်န္ဟင္းက်န္ေလးေတြ စားေလ့ရွိပါတယ္။

ဒီ ထမ​ေလစား​(ထမင္းလုံး အေလ အလြင့္ကို စားေသာ)ေခြးမေလးဟာေန႔စဥ္နဲ႔အမၽွ ဆြမ္းက်န္ေလးေတြ လာလာစားေနတာၾကာလာေတာ့ ရေသ့ႀကီးဟာ ေခြးမေလးကို သနားတဲ့အျပင္ သံေယာဇဥ္ ​ျဖစ္လာၿပီး …လူအျဖစ္ကို ဖန္ဆင္းေပးလိုက္ပါေတာ့တယ္။

ဒီလိုနဲ႔ ေခြးမေလးဟာ အရွင္လတ္လတ္ လူမိန္းကေလးဘဝကို ေျပာင္းသြားတာေပါ့။ ရေသ့ႀကီးဖန္္ဆင္းထားတဲ့ မိန္းကေလးဆိုေတာ့လဲ ႐ုပ္ရည္ ႐ူပကာဟာ အလြန္လွပေခ်ာေမြ႕ေနပါေတာ့တယ္။

ဒီလိုနဲ႔ ေခြးမေလး တျဖစ္လဲ မိန္းကေလးဟာ ရေသ့ႀကီးရဲ့ ေဝယ်ာဝစၥေတြ လုပ္ေပးရင္း ေတာထဲမွာ ေနလာလိုက္တာ...

တေန႔ေတာ့ … ေတာကစားထြက္လာတဲ့ ဘုရင္ႀကီးတပါးက ေတြ႕သြားပါေလေရာ။ ဲ့ ဘုရင္ႀကီးဟာ ထုံးစံအတိုင္း ႏွစ္သက္သေဘာက်ေတာ္မူတာေပါ့။

သူတို႔ႏွစ္သက္ၿပီ ဆိုမွျဖင့္ ပိုင္ရွင္ ရွိမရွိ ေမးျမန္းၿပီး (ေမးလို႔ေတာ္ေသးတာေပါ့) ဖခင္ျဖစ္သူ ရေသ့ႀကီးထံမွာ ေတာင္းရမ္းပါေတာ့တယ္။

ဘုရင္မင္းျမတ္ ကိုယ္တိုင္က ေတာ္ေကာက္တာဆိုေတာ့ ရေသ့ႀကီးကလဲ ႐ုတ္တရက္ ဒီမိန္းကေလးဟာေခြးမေလးပါ လို႔ ေျပာမထြက္ဘူးေပါ့။

ဒါေပမဲ့ …အခုလို မင္းႀကီးကို ေလၽွာက္တင္မွာၾကားပါတယ္။

“ျမတ္ေသာမင္းႀကီး …အကၽြန္ုပ္၏ သမီးျဖစ္သူ ဒီမိန္းကေလးဟာျဖင့္ ေတာတြင္းသူ အရိုင္းအစိုင္းကေလး ျဖစ္ပါတယ္။

ဒါေၾကာင့္ အရွင္မင္းႀကီးတို႔ နန္းတြင္းေရာက္တဲ့အခါ တစုံတရာ အျပစ္က်ဴးလြန္မိခဲ့ပါလၽွင္ သနားေသာအားျဖင့္ အျပစ္မွ ခြင့္လႊတ္ေတာ္မူပါ”ဘုရင္ႀကီးကလဲ ေနာင္ခါလာေနာင္ခါေစ်း …

အခု ေလာေလာဆယ္ ဒီမိန္းကေလးကိုရရင္ ​ၿပီးေရာဆိုၿပီး ခြင့္လႊတ္မွာျဖစ္ေၾကာင္း ေျပာၿပီး ေခြးမိန္းကေလးကို ေခၚသြားပါေလေရာ။

ရေသ့ႀကီးက ဘုရင္ႀကီးကိုမွာၾကားၿပီးတဲ့ေနာက္ ေခြးမိန္းကေလးကို …“ခ်စ္သမီး …ျမင့္ျမတ္တဲ့ ေနရာေရာက္ရင္ … ျမင့္ျမတ္တဲ့စိတ္ေမြးပါ …” ဆိုၿပီး မွာၾကားရျပန္ပါတယ္။

ေခြးမိန္းကေလးကလဲ ေကာင္းပါၿပီ အဘရေသ့ႀကီး ဆိုၿပီး ဘုရင္ႀကီးေခၚရာေနာက္ ေကာက္ေကာက္ပါေအာင္ လိုက္သြားပါသတဲ့။

နန္းေတာ္ထဲေရာက္သြားတဲ့ ေခြးမိန္းကေလးဟာ အရာရာအထူးအဆန္းေတြခ်ည္းမို႔ အံ့ဘနန္းျဖစ္ေနတာေပါ့။

ဘုရင္ႀကီးကလဲ သူ႔ကို သင္ၾကားစရာရွိတာသင္ၾကားေစၿပီးေနာက္ အခမ္းအနားနဲ႔ မိဖုရားေျမႇာက္လိုက္သတဲ့။

ကုသိုလ္ကံမ်ား အက်ိဳးေပးခ်င္ေတာ့ ေနရင္းထိုင္ရင္း ေခြးမိဖုရားႀကီးျဖစ္သြားတာေပါ့။

ေခြးမိဖုရားႀကီးဟာ နန္းေတာ္ထဲမွာ ေနရထိုင္ရ အားလုံးအဆင္ေျပေပမဲ့ တစုံတခုေၾကာင့္ စိတ္ထဲ ေနမထိ ထိုင္မထိျဖစ္ေနပါတယ္။

ဘာလဲဆိုေတာ့ သူဟာ ေခြးဘဝကလာသူျဖစ္တဲ့အတြက္ နန္းေတာ္ထဲမွာ ခၽြတ္ထားတဲ့ ေျခနင္း ဖိနပ္ေတြကို ျမင္တဲ့အခါ ဒီဖိနပ္ေတြရဲ့ သားေရနံ့က သူ႔ကို ဆြဲေဆာင္ေနၿပီး ဖိနပ္သားေရေတြကို ကိုက္ခ်င္စိတ္ကို မနည္းေအာင့္အီးထားရလို႔ပါပဲ။

ဒီလိုနဲ႔ လူေျခတိတ္တဲ့ ညေရာက္ေတာ့ … သူ႔စိတ္ကို မထိမ္းနိုင္ေတာ့တာနဲ႔ ေျခနင္းဖိနပ္ေတြ ခၽြတ္ထားတဲ့ ေနရာကို အျမန္သြားၿပီး အာသာေျပေအာင္ ဖိနပ္ေတြတရံၿပီးတရံ ကိုက္ဝါးပါေလေရာ။

မနက္မိုးလင္းေတာ့ ဖိနပ္ၿမီးတိုေတြ ျမင္တဲ့အခါ နန္းေတာ္ထဲမွာ ႂကြက္စီႂကြက္စီနဲ႔ေပါ့။ ဘယ္ကေခြးေလေခြလြင့္က ဝင္ၿပီး ငါတို႔ဖိနပ္ေတြ ကိုက္သြားသလဲ ဆိုၿပီး နန္းေတာ္တခုလုံး အုံးအုံးက်က္က်က္နဲ႔ ျဖစ္ေနတယ္။

နန္းေတာ္ထဲ ရွိသမၽွ ေခြးေလေခြးလြင့္ေတြ ဖယ္ရွားပစ္ေပမဲ့ ေနာက္တညမွာလဲ ဖိနပ္ေတြ ကိုက္ခံရျပန္တာပဲ။ ဒီေတာ့ မျဖစ္ေခ်ဘူး … မႉးႀကီးမတ္ရာေတြက ဖိနပ္စားတဲ့ ေခြးကို ညဘက္ ေစာင့္ဖမ္းဖို႔ စီစဥ္ၾကတာေပါ့။

ဒါကိုသိတဲ့ ေခြးမိဖုရားႀကီးဟာ ဖိနပ္မစားမိေအာင္ စိတ္ထိန္းတာပါပဲ။ ဒါေပမဲ့ ဗီဇဆိုတာ ေတာ္႐ုံနဲ႔ ေဖ်ာက္လို႔ရတာမွ မဟုတ္ဘဲ။ ဆႏၵ ဆိုတာလဲ ထိမ္းခ်ဳပ္ဖို႔ ခက္သားလား။

ညေရာက္ေတာ့ သူ႔စိတ္ကို သူ မလြန္ဆန္နိုင္ျပန္ဘူး။ သြားေရတျမားျမား ပါးစပ္တျပင္ျပင္နဲ႔ဖိနပ္ေတြဆီ ေရာက္သြားျပန္တာပဲ။

ေခြးအလာကိုသာ ေစာင့္ေနတဲ့ မႉးမတ္ေတြဟာ ေခြးမိဖုရားႀကီးကိုေတာ့ ဘယ္သတိထားမိ မွာတုန္း။ ဒီလိုနဲ႔ ေနာက္တည ဖိနပ္ေတြကိုက္ခံ လိုက္ရျပန္ပါေရာ။

ဒီလို ခဏခဏ ျဖစ္လာေတာ့ ဘုရင္ႀကီးနားကို ဒီသတင္း ေပါက္ၾကားသြားေတာဘုရင္ႀကီးက ဖိနပ္ကိုက္ေသာ ေခြးႏွိမ္နင္းေရးေကာ္မတီ ဖြဲ႕စည္းေစၿပီး ဒီေခြးကို မိေအာင္ဖမ္းနိုင္ရင္ဖမ္း … မဖမ္းနိုင္ရင္ မင္းတို႔ကို ျပစ္ဒဏ္ေပးမယ္ လို႔ အမိန႔္ခ်မွတ္လိုက္ပါတယ္။

နန္းေတာ္ထဲမွာ ေခြးႏွိမ္နင္းေရးေကာ္မတီက ေန႔ဆိုင္းညဆိုင္းနဲ႔ ေခ်ာင္းဖမ္းဖို႔ ကင္းေစာင့္ၾကတဲ့အခါသန္းေခါင္ေက်ာ္ေလာက္လဲေရာက္ခ်ိန္ …

ေခြးမိဖုရားႀကီးက ကုပ္ကုပ္ ကုပ္ကုပ္နဲ႔ ထြက္လာၿပီး ဖိနပ္ေတြ ကိုက္ဝါးေနတာကို ေခ်ာင္းေနတဲ့ မႉးမတ္ေတြက ေတြ႕သြားေတာ့ … တေယာက္မ်က္ႏွာတေယာက္ၾကည့္ၿပီး ေခါင္းယမ္းၾကတယ္။

ဘယ္လိုလုပ္ရပါ့ တကယ့္မီးခဲပဲ ဘုရင္ႀကီးကို ဘယ္လိုေလၽွာက္တင္မလဲ ဖိနပ္ေတြ ကိုက္ေနတဲ့ေခြးကို မမိရင္လဲ ငါတို႔မွာ ျပစ္ဒဏ္ ခံရေပအုံးမည္။

ဖိနပ္စားတာ မိဖုရားႀကီးပါလို႔ ေျပာရင္လဲ … ….မနက္မိုးလင္းေတာ့ ညီလာခံမွာဘုရင္ႀကီးက ေမးပါတယ္။

ကဲ .. ဘယ္လိုလဲ … ဖိနပ္ကိုက္တဲ့ ေခြးကို မိၿပီလား ေပါ့။ ေခြးမိဖုရားကလဲ နေဘးနားမွာ ခစားရင္း မႉးမတ္ေတြ ဘယ္လိုမ်ားေျဖမလဲလို႔ ရင္တထိတ္ထိတ္နဲ႔ေပါ့။

မႉးမတ္တေယာက္က ျပားျပားဝပ္ခစားေနရင္းက“မွန္လွပါ … ဖိနပ္စားတဲ့ေခြးဟာ ကၽြန္ေတာ္မ်ိဳးတို႔ထက္ ဘုန္းကံျမင့္မားတဲ့သူ ျဖစ္ေနတာေၾကာင့္ ကၽြန္ေတာ္မ်ိဳးတို႔ ေတြ႕ေသာ္လည္း ဖမ္းလို႔ မမိပါဘုရား” လို႔ ေလၽွာက္တင္ေတာ့ …

ဘုရင္ႀကီးလဲ … ဒါျဖင့္ ငါကိုယ္ေတာ္ျမတ္ကိုယ္တိုင္ ဖမ္းမယ္ လို႔ မိန႔္ေတာ္မူလိုက္ပါသတဲ့။

အဲဒီညမွာေတာ့ ေခြးမိဖုရားႀကီးဟာ ဘုရင္ႀကီးနဲ႔အတူ အိပ္ရာေညာင္ေစာင္းထက္မွာ လဲေလ်ာင္းေနရေပမဲ့ အိပ္မေပ်ာ္နိုင္ဘူးတဲ့။ ဒီညအဖို႔ ဖိနပ္မစားဘဲေနရ ေကာင္းမလားေတာ့ေတြးမိပါရဲ့ သို႔ေသာ္လဲ ရသတဏွာရဲ့ အလိုကို မလြန္ဆန္နိုင္ေပဘူး။

ခဏေနေတာ့ ဘုရင္ႀကီး အိပ္ေပ်ာ္သြားၿပီ အထင္နဲ႔ တိတ္တိတ္ေလး အိပ္ရာကထၿပီး ဖိနပ္ေတြ ရွိရာဆီကို သြားတယ္။ တကယ္ေတာ့ ဘုရင္ႀကီးက အိပ္ခ်င္ေယာင္ေဆာင္ေနတာပါ။

ေခြးမိဖုရားႀကီး ထသြားတာနဲ႔ သူက ေနာက္က အသာေလးလိုက္သြားၿပီး ေခ်ာင္းၾကည့္တဲ့အခါ..ေခြးမိဖုရားႀကီးဟာ ဖိနပ္ေတြကို အားရပါးရ ကိုက္ဝါးေနတာ မ်က္ဝါးထင္ထင္ ျမင္လိုက္ရတယ္။

ဒီျမင္ကြင္းေၾကာင့္ အံ့အားသင့္ၿပီး “ဟင္” ခနဲ အာေမဋိတ္ ထြက္သြားေတာ့ ဘုရင္ႀကီးလိုက္ေခ်ာင္းတာကို ေခြးမိဖုရားႀကီးလဲ သိသြားေတာ့တာေပါ့။

ဒါေပမဲ့ ဘုရင္ႀကီးဟာ အသာေလး လွည့္ထြက္ၿပီး အိပ္ရာထဲျပန္သြားေခြေနၿပီး သက္မႀကီးေတြ တခ်ခ်နဲ႔ တညလုံး မအိပ္နိုင္ေတာ့ဘူး။

ဒီမိန္းကေလးရဲ့ အက်င့္ဟာ ဆိုးလွခ်ည့္။ ဒါေၾကာင့္ ရေသ့ႀကီးက ငါ့ကိုမွာတာ ေနမွာ။ ဘယ္လိုလုပ္ရမလဲ … ဆက္ထားျပန္ရင္လဲ ရွိရွိသမၽွ ဖိနပ္ေတြ ၿမီးတိုေတြခ်ည္းျဖစ္ကုန္မဲ့ အျပင္ …

အေၾကာင္းသိေနတဲ့ မႉးမတ္ေတြရဲ့ ကဲ့ရဲ့စရာျဖစ္အုံးမယ္၊ ျပစ္ဒဏ္ေပးျပန္ရင္လဲ …. ရေသ့ႀကီးကို ကတိဖ်က္ရာက်မယ္ … ။စသျဖင့္ ေတာင္ေတြး ေျမာက္ေတြး စိတ္မေအးနိုင္ျဖစ္ေနပါေတာ့တယ္။

ေခြးမိဖုရားႀကီးမွာ ဘုရင္ႀကီးေတာ့ ငါဖိနပ္ကိုက္တာ သိသြားၿပီ၊ ငါ့အေၾကာင္း ရေသ့ႀကီးကို သြားေမးၿပီး ငါဟာ ေခြးမွန္းသိရင္ ငါ့ကို သတ္မွာဘဲ။

ဒီေတာ့ ငါက အရင္ ရေသ့ႀကီးဆီသြားၿပီး ငါ့အေၾကာင္း မေဖာ္နိုင္ေအာင္ သတ္ပစ္ရမယ္ လို႔ မိုက္မဲစြာေတြးၿပီး မိုးမလင္းခင္ဘဲ နန္းေတာ္ထဲက ထြက္ၿပီး ရေသ့ႀကီးရဲ့ ေက်ာင္းသခၤမ္းဆီ အေျပးအလႊားသြားပါေတာ့တယ္။

ရေသ့ႀကီးဟာ စ်ာန္အဘိဉာဥ္ရထားသူဆိုေတာ့ ေခြးမိဖုရားႀကီး သူ႔ကိုသတ္ဖို႔ လာေနတာကို သြားျမင္တယ္။

ဒါနဲ႔ပဲ …“ေၾသာ္ … ငါသနားၿပီး ကယ္ထားတဲ့သူက ငါ့ကိုသတ္ဖို႔ လာေနၿပီ …. မိုက္မဲေလစြ …

အင္း … သတၱဝါတခု ကံတခုေပပဲ …” လို႔ စိတ္ထဲ ေတြးလိုက္မိတာနဲ႔ ျဗဳန္းဆို မိဖုရားအသြင္ကေန မူလနဂိုအတိုင္း ေခြးဘဝကူးေျပာင္းသြားၿပီး ဘဝႏွစ္ခုအကူး လမ္းခရီးေခ်ာက္ကမ္းပါးထဲ လိမ့္က်ေသဆုံးသြားပါေတာ့တယ္။

ျမင့္ျမတ္တဲ့ ေနရာ ေရာက္ရင္ ျမင့္ျမတ္တဲ့ စိတ္ထားတတ္ရမယ္ ဆိုတဲ့ ရေသ့ႀကီးရဲ့ မိန႔္ၾကားခ်က္ကို နားမေထာင္ တဲ့အတြက္ ေခြးမေလးဟာ ခုလို ဒုကၡေရာက္ရတယ္။

အေတြးအေခၚ အေျမာ္အျမင္ ဆင္ျခင္ဉာဏ္ နည္းပါးတဲ့သူမ်ိဳးကို ဘယ္လိုႀကီးမားတဲ့က႐ုဏာနဲ႔ ျမႇင့္တင္ေပးလို႔မွ မရဘူး …

အဲလို ျမႇင့္တင္ေပးရင္ ကိုယ္သာဒုကၡေတြ႕ရနိုင္တယ္ဆိုတာမွတ္သားပါကိုယ္ကအျမင့္ေရာက္ေနရင္ ျမင့္ျမတ္စိတ္ထားရွိၾကပါလို႔ ပုံျပင္ေလးဖတ္လို႔မွတ္သားနိုင္ၾကပါေစ။

Crd ကိုစိုး

=================

ရသေ့ကြီးနဲ့ခွေးမိဖုရား

================

တခါတုန်းက တောတွင်းတနေရာမှာ သစ်ခက်တဲလေးထိုးပြီး တရားအားထုတ်နေတဲ့ ရသေ့ကြီးတပါးရှိသတဲ့။

ဒီသစ်ခက်ကျောင်းသင်္ခမ်းလေးနားကို ခွေးပိန်မလေးတကောင်က လာပြီးတော့ ရသေ့ကြီးဆွမ်းစားပြီး ကျန်တဲ့ ဆွမ်းကျန်ဟင်းကျန်လေးတွေ စားလေ့ရှိပါတယ်။

ဒီ ထမ​လေစား​(ထမင်းလုံး အလေ အလွင့်ကို စားသော)ခွေးမလေးဟာနေ့စဉ်နဲ့အမျှ ဆွမ်းကျန်လေးတွေ လာလာစားနေတာကြာလာတော့ ရသေ့ကြီးဟာ ခွေးမလေးကို သနားတဲ့အပြင် သံယောဇဉ် ​ဖြစ်လာပြီး …လူအဖြစ်ကို ဖန်ဆင်းပေးလိုက်ပါတော့တယ်။

ဒီလိုနဲ့ ခွေးမလေးဟာ အရှင်လတ်လတ် လူမိန်းကလေးဘဝကို ပြောင်းသွားတာပေါ့။ ရသေ့ကြီးဖန််ဆင်းထားတဲ့ မိန်းကလေးဆိုတော့လဲ ရုပ်ရည် ရူပကာဟာ အလွန်လှပချောမွေ့နေပါတော့တယ်။

ဒီလိုနဲ့ ခွေးမလေး တဖြစ်လဲ မိန်းကလေးဟာ ရသေ့ကြီးရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးရင်း တောထဲမှာ နေလာလိုက်တာ...

တနေ့တော့ … တောကစားထွက်လာတဲ့ ဘုရင်ကြီးတပါးက တွေ့သွားပါလေရော။ ဲ့ ဘုရင်ကြီးဟာ ထုံးစံအတိုင်း နှစ်သက်သဘောကျတော်မူတာပေါ့။

သူတို့နှစ်သက်ပြီ ဆိုမှဖြင့် ပိုင်ရှင် ရှိမရှိ မေးမြန်းပြီး (မေးလို့တော်သေးတာပေါ့) ဖခင်ဖြစ်သူ ရသေ့ကြီးထံမှာ တောင်းရမ်းပါတော့တယ်။

ဘုရင်မင်းမြတ် ကိုယ်တိုင်က တော်ကောက်တာဆိုတော့ ရသေ့ကြီးကလဲ ရုတ်တရက် ဒီမိန်းကလေးဟာခွေးမလေးပါ လို့ ပြောမထွက်ဘူးပေါ့။

ဒါပေမဲ့ …အခုလို မင်းကြီးကို လျှောက်တင်မှာကြားပါတယ်။

“မြတ်သောမင်းကြီး …အကျွန်ုပ်၏ သမီးဖြစ်သူ ဒီမိန်းကလေးဟာဖြင့် တောတွင်းသူ အရိုင်းအစိုင်းကလေး ဖြစ်ပါတယ်။

ဒါကြောင့် အရှင်မင်းကြီးတို့ နန်းတွင်းရောက်တဲ့အခါ တစုံတရာ အပြစ်ကျူးလွန်မိခဲ့ပါလျှင် သနားသောအားဖြင့် အပြစ်မှ ခွင့်လွှတ်တော်မူပါ”ဘုရင်ကြီးကလဲ နောင်ခါလာနောင်ခါစျေး …

အခု လောလောဆယ် ဒီမိန်းကလေးကိုရရင် ​ပြီးရောဆိုပြီး ခွင့်လွှတ်မှာဖြစ်ကြောင်း ပြောပြီး ခွေးမိန်းကလေးကို ခေါ်သွားပါလေရော။

ရသေ့ကြီးက ဘုရင်ကြီးကိုမှာကြားပြီးတဲ့နောက် ခွေးမိန်းကလေးကို …“ချစ်သမီး …မြင့်မြတ်တဲ့ နေရာရောက်ရင် … မြင့်မြတ်တဲ့စိတ်မွေးပါ …” ဆိုပြီး မှာကြားရပြန်ပါတယ်။

ခွေးမိန်းကလေးကလဲ ကောင်းပါပြီ အဘရသေ့ကြီး ဆိုပြီး ဘုရင်ကြီးခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားပါသတဲ့။

နန်းတော်ထဲရောက်သွားတဲ့ ခွေးမိန်းကလေးဟာ အရာရာအထူးအဆန်းတွေချည်းမို့ အံ့ဘနန်းဖြစ်နေတာပေါ့။

ဘုရင်ကြီးကလဲ သူ့ကို သင်ကြားစရာရှိတာသင်ကြားစေပြီးနောက် အခမ်းအနားနဲ့ မိဖုရားမြှောက်လိုက်သတဲ့။

ကုသိုလ်ကံများ အကျိုးပေးချင်တော့ နေရင်းထိုင်ရင်း ခွေးမိဖုရားကြီးဖြစ်သွားတာပေါ့။

ခွေးမိဖုရားကြီးဟာ နန်းတော်ထဲမှာ နေရထိုင်ရ အားလုံးအဆင်ပြေပေမဲ့ တစုံတခုကြောင့် စိတ်ထဲ နေမထိ ထိုင်မထိဖြစ်နေပါတယ်။

ဘာလဲဆိုတော့ သူဟာ ခွေးဘဝကလာသူဖြစ်တဲ့အတွက် နန်းတော်ထဲမှာ ချွတ်ထားတဲ့ ခြေနင်း ဖိနပ်တွေကို မြင်တဲ့အခါ ဒီဖိနပ်တွေရဲ့ သားရေနံ့က သူ့ကို ဆွဲဆောင်နေပြီး ဖိနပ်သားရေတွေကို ကိုက်ချင်စိတ်ကို မနည်းအောင့်အီးထားရလို့ပါပဲ။

ဒီလိုနဲ့ လူခြေတိတ်တဲ့ ညရောက်တော့ … သူ့စိတ်ကို မထိမ်းနိုင်တော့တာနဲ့ ခြေနင်းဖိနပ်တွေ ချွတ်ထားတဲ့ နေရာကို အမြန်သွားပြီး အာသာပြေအောင် ဖိနပ်တွေတရံပြီးတရံ ကိုက်ဝါးပါလေရော။

မနက်မိုးလင်းတော့ ဖိနပ်မြီးတိုတွေ မြင်တဲ့အခါ နန်းတော်ထဲမှာ ကြွက်စီကြွက်စီနဲ့ပေါ့။ ဘယ်ကခွေးလေခွေလွင့်က ဝင်ပြီး ငါတို့ဖိနပ်တွေ ကိုက်သွားသလဲ ဆိုပြီး နန်းတော်တခုလုံး အုံးအုံးကျက်ကျက်နဲ့ ဖြစ်နေတယ်။

နန်းတော်ထဲ ရှိသမျှ ခွေးလေခွေးလွင့်တွေ ဖယ်ရှားပစ်ပေမဲ့ နောက်တညမှာလဲ ဖိနပ်တွေ ကိုက်ခံရပြန်တာပဲ။ ဒီတော့ မဖြစ်ချေဘူး … မှူးကြီးမတ်ရာတွေက ဖိနပ်စားတဲ့ ခွေးကို ညဘက် စောင့်ဖမ်းဖို့ စီစဉ်ကြတာပေါ့။

ဒါကိုသိတဲ့ ခွေးမိဖုရားကြီးဟာ ဖိနပ်မစားမိအောင် စိတ်ထိန်းတာပါပဲ။ ဒါပေမဲ့ ဗီဇဆိုတာ တော်ရုံနဲ့ ဖျောက်လို့ရတာမှ မဟုတ်ဘဲ။ ဆန္ဒ ဆိုတာလဲ ထိမ်းချုပ်ဖို့ ခက်သားလား။

ညရောက်တော့ သူ့စိတ်ကို သူ မလွန်ဆန်နိုင်ပြန်ဘူး။ သွားရေတမြားမြား ပါးစပ်တပြင်ပြင်နဲ့ဖိနပ်တွေဆီ ရောက်သွားပြန်တာပဲ။

ခွေးအလာကိုသာ စောင့်နေတဲ့ မှူးမတ်တွေဟာ ခွေးမိဖုရားကြီးကိုတော့ ဘယ်သတိထားမိ မှာတုန်း။ ဒီလိုနဲ့ နောက်တည ဖိနပ်တွေကိုက်ခံ လိုက်ရပြန်ပါရော။

ဒီလို ခဏခဏ ဖြစ်လာတော့ ဘုရင်ကြီးနားကို ဒီသတင်း ပေါက်ကြားသွားတောဘုရင်ကြီးက ဖိနပ်ကိုက်သော ခွေးနှိမ်နင်းရေးကော်မတီ ဖွဲ့စည်းစေပြီး ဒီခွေးကို မိအောင်ဖမ်းနိုင်ရင်ဖမ်း … မဖမ်းနိုင်ရင် မင်းတို့ကို ပြစ်ဒဏ်ပေးမယ် လို့ အမိန့်ချမှတ်လိုက်ပါတယ်။

နန်းတော်ထဲမှာ ခွေးနှိမ်နင်းရေးကော်မတီက နေ့ဆိုင်းညဆိုင်းနဲ့ ချောင်းဖမ်းဖို့ ကင်းစောင့်ကြတဲ့အခါသန်းခေါင်ကျော်လောက်လဲရောက်ချိန် …

ခွေးမိဖုရားကြီးက ကုပ်ကုပ် ကုပ်ကုပ်နဲ့ ထွက်လာပြီး ဖိနပ်တွေ ကိုက်ဝါးနေတာကို ချောင်းနေတဲ့ မှူးမတ်တွေက တွေ့သွားတော့ … တယောက်မျက်နှာတယောက်ကြည့်ပြီး ခေါင်းယမ်းကြတယ်။

ဘယ်လိုလုပ်ရပါ့ တကယ့်မီးခဲပဲ ဘုရင်ကြီးကို ဘယ်လိုလျှောက်တင်မလဲ ဖိနပ်တွေ ကိုက်နေတဲ့ခွေးကို မမိရင်လဲ ငါတို့မှာ ပြစ်ဒဏ် ခံရပေအုံးမည်။

ဖိနပ်စားတာ မိဖုရားကြီးပါလို့ ပြောရင်လဲ … ….မနက်မိုးလင်းတော့ ညီလာခံမှာဘုရင်ကြီးက မေးပါတယ်။

ကဲ .. ဘယ်လိုလဲ … ဖိနပ်ကိုက်တဲ့ ခွေးကို မိပြီလား ပေါ့။ ခွေးမိဖုရားကလဲ နဘေးနားမှာ ခစားရင်း မှူးမတ်တွေ ဘယ်လိုများဖြေမလဲလို့ ရင်တထိတ်ထိတ်နဲ့ပေါ့။

မှူးမတ်တယောက်က ပြားပြားဝပ်ခစားနေရင်းက“မှန်လှပါ … ဖိနပ်စားတဲ့ခွေးဟာ ကျွန်တော်မျိုးတို့ထက် ဘုန်းကံမြင့်မားတဲ့သူ ဖြစ်နေတာကြောင့် ကျွန်တော်မျိုးတို့ တွေ့သော်လည်း ဖမ်းလို့ မမိပါဘုရား” လို့ လျှောက်တင်တော့ …

ဘုရင်ကြီးလဲ … ဒါဖြင့် ငါကိုယ်တော်မြတ်ကိုယ်တိုင် ဖမ်းမယ် လို့ မိန့်တော်မူလိုက်ပါသတဲ့။

အဲဒီညမှာတော့ ခွေးမိဖုရားကြီးဟာ ဘုရင်ကြီးနဲ့အတူ အိပ်ရာညောင်စောင်းထက်မှာ လဲလျောင်းနေရပေမဲ့ အိပ်မပျော်နိုင်ဘူးတဲ့။ ဒီညအဖို့ ဖိနပ်မစားဘဲနေရ ကောင်းမလားတော့တွေးမိပါရဲ့ သို့သော်လဲ ရသတဏှာရဲ့ အလိုကို မလွန်ဆန်နိုင်ပေဘူး။

ခဏနေတော့ ဘုရင်ကြီး အိပ်ပျော်သွားပြီ အထင်နဲ့ တိတ်တိတ်လေး အိပ်ရာကထပြီး ဖိနပ်တွေ ရှိရာဆီကို သွားတယ်။ တကယ်တော့ ဘုရင်ကြီးက အိပ်ချင်ယောင်ဆောင်နေတာပါ။

ခွေးမိဖုရားကြီး ထသွားတာနဲ့ သူက နောက်က အသာလေးလိုက်သွားပြီး ချောင်းကြည့်တဲ့အခါ..ခွေးမိဖုရားကြီးဟာ ဖိနပ်တွေကို အားရပါးရ ကိုက်ဝါးနေတာ မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။

ဒီမြင်ကွင်းကြောင့် အံ့အားသင့်ပြီး “ဟင်” ခနဲ အာမေဋိတ် ထွက်သွားတော့ ဘုရင်ကြီးလိုက်ချောင်းတာကို ခွေးမိဖုရားကြီးလဲ သိသွားတော့တာပေါ့။

ဒါပေမဲ့ ဘုရင်ကြီးဟာ အသာလေး လှည့်ထွက်ပြီး အိပ်ရာထဲပြန်သွားခွေနေပြီး သက်မကြီးတွေ တချချနဲ့ တညလုံး မအိပ်နိုင်တော့ဘူး။

ဒီမိန်းကလေးရဲ့ အကျင့်ဟာ ဆိုးလှချည့်။ ဒါကြောင့် ရသေ့ကြီးက ငါ့ကိုမှာတာ နေမှာ။ ဘယ်လိုလုပ်ရမလဲ … ဆက်ထားပြန်ရင်လဲ ရှိရှိသမျှ ဖိနပ်တွေ မြီးတိုတွေချည်းဖြစ်ကုန်မဲ့ အပြင် …

အကြောင်းသိနေတဲ့ မှူးမတ်တွေရဲ့ ကဲ့ရဲ့စရာဖြစ်အုံးမယ်၊ ပြစ်ဒဏ်ပေးပြန်ရင်လဲ …. ရသေ့ကြီးကို ကတိဖျက်ရာကျမယ် … ။စသဖြင့် တောင်တွေး မြောက်တွေး စိတ်မအေးနိုင်ဖြစ်နေပါတော့တယ်။

ခွေးမိဖုရားကြီးမှာ ဘုရင်ကြီးတော့ ငါဖိနပ်ကိုက်တာ သိသွားပြီ၊ ငါ့အကြောင်း ရသေ့ကြီးကို သွားမေးပြီး ငါဟာ ခွေးမှန်းသိရင် ငါ့ကို သတ်မှာဘဲ။

ဒီတော့ ငါက အရင် ရသေ့ကြီးဆီသွားပြီး ငါ့အကြောင်း မဖော်နိုင်အောင် သတ်ပစ်ရမယ် လို့ မိုက်မဲစွာတွေးပြီး မိုးမလင်းခင်ဘဲ နန်းတော်ထဲက ထွက်ပြီး ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းဆီ အပြေးအလွှားသွားပါတော့တယ်။

ရသေ့ကြီးဟာ စျာန်အဘိဉာဉ်ရထားသူဆိုတော့ ခွေးမိဖုရားကြီး သူ့ကိုသတ်ဖို့ လာနေတာကို သွားမြင်တယ်။

ဒါနဲ့ပဲ …“သြော် … ငါသနားပြီး ကယ်ထားတဲ့သူက ငါ့ကိုသတ်ဖို့ လာနေပြီ …. မိုက်မဲလေစွ …

အင်း … သတ္တဝါတခု ကံတခုပေပဲ …” လို့ စိတ်ထဲ တွေးလိုက်မိတာနဲ့ ဗြုန်းဆို မိဖုရားအသွင်ကနေ မူလနဂိုအတိုင်း ခွေးဘဝကူးပြောင်းသွားပြီး ဘဝနှစ်ခုအကူး လမ်းခရီးချောက်ကမ်းပါးထဲ လိမ့်ကျသေဆုံးသွားပါတော့တယ်။

မြင့်မြတ်တဲ့ နေရာ ရောက်ရင် မြင့်မြတ်တဲ့ စိတ်ထားတတ်ရမယ် ဆိုတဲ့ ရသေ့ကြီးရဲ့ မိန့်ကြားချက်ကို နားမထောင် တဲ့အတွက် ခွေးမလေးဟာ ခုလို ဒုက္ခရောက်ရတယ်။

အတွေးအခေါ် အမြော်အမြင် ဆင်ခြင်ဉာဏ် နည်းပါးတဲ့သူမျိုးကို ဘယ်လိုကြီးမားတဲ့ကရုဏာနဲ့ မြှင့်တင်ပေးလို့မှ မရဘူး …

အဲလို မြှင့်တင်ပေးရင် ကိုယ်သာဒုက္ခတွေ့ရနိုင်တယ်ဆိုတာမှတ်သားပါကိုယ်ကအမြင့်ရောက်နေရင် မြင့်မြတ်စိတ်ထားရှိကြပါလို့ ပုံပြင်လေးဖတ်လို့မှတ်သားနိုင်ကြပါစေ။

Crd ကိုစိုး

Comments