ေခြၽးနည္းစာနဲ႔ အလွဴျပဳခဲ့ေပမယ့္ ကိုယ္ရဲ႕ ေကာင္းမႈအတြက္ သာဓုေခၚခြင့္မရခဲ့တဲ့ ၿဖိဳးျမတ္ေအာင္...


ေခြၽးနည္းစာနဲ႔ အလွဴျပဳခဲ့ေပမယ့္ ကိုယ္ရဲ႕ ေကာင္းမႈအတြက္ သာဓုေခၚခြင့္မရခဲ့တဲ့ ၿဖိဳးျမတ္ေအာင္
ျမန္မာအိုင္ေဒါၿပိဳင္ပြဲဝင္တစ္ဦးျဖစ္တဲ့ ဟသၤာတသားေလး ၿဖိဳးျမတ္ေအာင္ကေတာ့ ပရိသတ္ေတြၾကားအရမ္းကို ေရပန္းစားအားေပးခ်စ္ခင္ရတဲ့ ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္သလို လႉဒါန္းမႈမ်ားနဲ႔ မၾကာခဏကုသိုလ္ယူေလ့ရွိတဲ့ လူငယ္တစ္ဦးလည္း ျဖစ္ပါတယ္..။
ပရိသတ္ေတြရဲ႕အခ်စ္ေတြကို အခိုင္အမာရရွိထားတဲ့ ၿဖိဳးျမတ္ေအာင္ကေတာ့ အားလပ္ရက္အိမ္ျပန္ခ်ိန္မွာေတာင္မွပဲ စြန႔္ပစ္ခံအဘိုးအဘြားေတြအတြက္ လႉဒါန္းမႈမ်ား ျပဳလုပ္ၿပီး ကုသိုလ္ယူခဲ့တာ ေတြ႕ရပါတယ္..။
အခုတစ္ေခါက္မွာလည္း ၿဖိဳးျမတ္ေအာင္တစ္ေယာက္ အခုလည္း သူရရွိခဲ့တဲ့ ခ်ီးျမႇင့္ေငြေတြနဲ႔ ေကာင္းမႈတစ္ခုကို ထပ္မံျပဳလုပ္ခဲ့ပါတယ္။
ၿဖိဳးျမတ္ေအာင္ဟာ မၾကာေသးခင္က ဟသၤာတၿမိဳ႕မွာရွိတဲ့ “ခိုလုံရာဘိုးဘြားရိပ္သာ” မွာ အဘိုးအဘြားမ်ားအတြက္ ကိုယ္တိုင္ကိုယ္က် လႉဒါန္းမႈမ်ားသြားေရာက္ျပဳလုပ္ခဲ့ၿပီး သံဃာေတာ္မ်ားကိုလည္း ဝါဆိုသကၤန္း ဆပ္ကပ္လႉဒါန္းခဲ့ျ့ပီး ကေလးငယ္မ်ားအတြက္လည္း လႉဒါန္းမႈမ်ား ျပဳလုပ္ခဲ့ပါတယ္..။
အခုလည္း ယေန႔၉.၀၈.၁၈(ၾကာသပေတးေန႔)တြင္ၿဖိဳးျမတ္ေအာင္တစ္ေယာက္သူ မူလတန္းတုန္းက တက္ခဲ့တဲ့ အမက (၂၄)မွာေက်ာင္းသား/သူေလးမ်ား အားေခတၱျပန္ေရာက္ခ်ိန္မွာလႉဒါန္းခဲ့ေသာအလႉေငြျဖင့္စတုဒိသာထမင္းေကြၽးလႉဒါန္းခဲ့ပါတယ္။
လာမယ့္ဖိုင္နယ္အတြက္ ႀကိဳးစားေနခဲံရတာျဖစ္လို႔ အလႉမွာ ၿဖိဳးျမတ္ေအာင္ရွိမေနခဲ့ေပမယ့္ ဟသၤာတက ၿဖိဳးျမတ္ေအာင္မိခင္နဲ႔ ၿဖိဳးျမတ္ေအာင္ရဲ႕ အမာခံပရိသတ္ေတြက ကမကထလုပ္ၿပီး အလႉကို ပါရမီျဖည့္ေပးခဲ့ၾကတာလည္းျဖစ္ပါတယ္။
လာမယ့္အပတ္ ဖိုင္နယ္ပြဲႀကီးမွာ ယွဥ္ၿပိဳင္ရေတာ့မယ့္ ၿဖိဳးျမတ္ေအာင္ကေတာ့ Winner ျဖစ္ဖို႔ ေရပန္းစားေနၿပီး ပရိသတ္ေတြရင္ထဲကေပးတဲ့ Winner ဆုကိုလည္း ရရွိပိုင္ဆိုင္ထားတဲ့ ၿပိဳင္ပြဲဝင္တစ္ဦးဆိုလည္း မမွားပါဘူး..။
ဟသၤာတကို ေခတၱျပန္ခ်ိန္မွာလည္း အံ့ၾသရေလာက္ေအာင္ ပရိသတ္ေတြရဲ႕ ေသာင္းေသာင္းျဖျဖ အားေပးႀကိဳဆိုခံခဲ့ရတဲ့ ၿဖိဳးျမတ္ေအာင္ဟာ သူ႔ရဲ႕ကိုယ္ပိုင္အရည္အခ်င္းေတြေၾကာင့္ ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈေတြကို အျပည့္အဝအခိုင္အမာရရွိထားသလို ပရိသတ္အားေပးမႈေတြကေတာ့ တကယ့္ကို အံ့မခန္းပါပဲ.. ။
ပရိသတ္ႀကီးေရ ဒီအလႉေလးကို ၿဖိဳးျမတ္ေအာင္နဲ႔အတူ သူ႔ကို အားေပးတဲ့ ပရိသတ္ေတြသာဓုေခၚႏိုင္ဖို႔မွ်ေဝေပးပါဦးေနာ္။
Source – Myanmarload & We Love Cele
=========
ချွေးနည်းစာနဲ့ အလှူပြုခဲ့ပေမယ့် ကိုယ်ရဲ့ ကောင်းမှုအတွက် သာဓုခေါ်ခွင့်မရခဲ့တဲ့ ဖြိုးမြတ်အောင်
မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ဟင်္သာတသားလေး ဖြိုးမြတ်အောင်ကတော့ ပရိသတ်တွေကြားအရမ်းကို ရေပန်းစားအားပေးချစ်ခင်ရတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သလို လှူဒါန်းမှုများနဲ့ မကြာခဏကုသိုလ်ယူလေ့ရှိတဲ့ လူငယ်တစ်ဦးလည်း ဖြစ်ပါတယ်..။
ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားတဲ့ ဖြိုးမြတ်အောင်ကတော့ အားလပ်ရက်အိမ်ပြန်ချိန်မှာတောင်မှပဲ စွန့်ပစ်ခံအဘိုးအဘွားတွေအတွက် လှူဒါန်းမှုများ ပြုလုပ်ပြီး ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်..။
အခုတစ်ခေါက်မှာလည်း ဖြိုးမြတ်အောင်တစ်ယောက် အခုလည်း သူရရှိခဲ့တဲ့ ချီးမြှင့်ငွေတွေနဲ့ ကောင်းမှုတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။
ဖြိုးမြတ်အောင်ဟာ မကြာသေးခင်က ဟင်္သာတမြို့မှာရှိတဲ့ “ခိုလုံရာဘိုးဘွားရိပ်သာ” မှာ အဘိုးအဘွားများအတွက် ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းမှုများသွားရောက်ပြုလုပ်ခဲ့ပြီး သံဃာတော်များကိုလည်း ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြဲ့့ပီး ကလေးငယ်များအတွက်လည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်..။
အခုလည်း ယနေ့၉.၀၈.၁၈(ကြာသပတေးနေ့)တွင်ဖြိုးမြတ်အောင်တစ်ယောက်သူ မူလတန်းတုန်းက တက်ခဲ့တဲ့ အမက (၂၄)မှာကျောင်းသား/သူလေးများ အားခေတ္တပြန်ရောက်ချိန်မှာလှူဒါန်းခဲ့သောအလှူငွေဖြင့်စတုဒိသာထမင်းကျွေးလှူဒါန်းခဲ့ပါတယ်။
လာမယ့်ဖိုင်နယ်အတွက် ကြိုးစားနေခဲံရတာဖြစ်လို့ အလှူမှာ ဖြိုးမြတ်အောင်ရှိမနေခဲ့ပေမယ့် ဟင်္သာတက ဖြိုးမြတ်အောင်မိခင်နဲ့ ဖြိုးမြတ်အောင်ရဲ့ အမာခံပရိသတ်တွေက ကမကထလုပ်ပြီး အလှူကို ပါရမီဖြည့်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။
လာမယ့်အပတ် ဖိုင်နယ်ပွဲကြီးမှာ ယှဉ်ပြိုင်ရတော့မယ့် ဖြိုးမြတ်အောင်ကတော့ Winner ဖြစ်ဖို့ ရေပန်းစားနေပြီး ပရိသတ်တွေရင်ထဲကပေးတဲ့ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ ပြိုင်ပွဲဝင်တစ်ဦးဆိုလည်း မမှားပါဘူး..။
ဟင်္သာတကို ခေတ္တပြန်ချိန်မှာလည်း အံ့သြရလောက်အောင် ပရိသတ်တွေရဲ့ သောင်းသောင်းဖြဖြ အားပေးကြိုဆိုခံခဲ့ရတဲ့ ဖြိုးမြတ်အောင်ဟာ သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အပြည့်အဝအခိုင်အမာရရှိထားသလို ပရိသတ်အားပေးမှုတွေကတော့ တကယ့်ကို အံ့မခန်းပါပဲ.. ။
ပရိသတ်ကြီးရေ ဒီအလှူလေးကို ဖြိုးမြတ်အောင်နဲ့အတူ သူ့ကို အားပေးတဲ့ ပရိသတ်တွေသာဓုခေါ်နိုင်ဖို့မျှဝေပေးပါဦးနော်။
Source – Myanmarload & We Love Cele

Comments