ျမန္မာ့ရတနာမ်ားကိုသယ္ယူသြားသူ......



#ျမန္မာ့ရတနာမ်ားကိုသယ္ယူသြားသူ

"ျမန္မာျပည္ရဲ႕ အဖိုးအတန္ဆုံး ရတနာေတြကို က်ြန္ေတာ္ ယူသြားေတာ့မယ္၊ ခင္ဗ်ားတို႕ ေတြ႕ေအာင္သာ ရွာေပေတာ့"

အိႏိၵယအမ်ိဳးသားၾကီးတစ္ဦး၏ ေျဗာင္က်က် ထုတ္ေဖာ္ေျပာၾကားခ်က္ ေၾကာင့္ မဂၤလာဒုံေလဆိပ္ရွိ အေကာက္ခြန္ဝန္းထမ္းမ်ား မ်က္ကလဲဆန္ျပာ ျဖစ္ကုန္ ၾကေလ၏။

ထိုအခ်ိန္(၁၉၆၉)က ျမန္မာျပည္တြင္ စီးပြားေရးႏွင့္ စက္မႈလုပ္ငန္းမ်ားကို နိုင္ငံပိုင္ သိမ္းယူျပီးခါစ ျဖစ္ပါ၏။

ျမန္မာျပည္မွ စီးပြားေရးသမား ျမန္မာ တရုတ္ ကုလား လူမိ်ဳးစုံသည္ ျမန္မာျပည္တြင္ ေနာက္ထပ္ စီးပြားျဖစ္ရန္ လမ္းစမျမင္ေတာ့သျဖင့္ နိုင္ငံအသီးသီးသို႕ စီးပြားသစ္ရွာရန္ အျပီးအပိုင္ ထြက္ခြာၾကခ်ိန္ ျဖစ္ပါ၏။

သူတို႕ အျပန္ခရီးတြင္ အဖိုးတန္ ျမန္မာ့ရတနာမ်ားကို နည္းမိ်ဳးစုံသုံးကာ တရားမဝင္ သယ္ယူသြားရန္ ၾကိဳးစားၾက၏။



ထို႕ေၾကာင့္ ျပည္ပသြား စီးပြားေရးသမားမ်ားကို အေကာက္ခြန္ဝန္ထမ္းတို႕ အလစ္မေပးရဲ သဲၾကီးမဲၾကီး ရွာေဖြၾကရပါ၏။

အထူးသျဖင့္ ယခုေျပာလာသူ ပုဂၢိဳလ္မွာ ျမန္မာ့စီးပြားေရးေလာက၏ ထိပ္သီး သူေဌးၾကီးတစ္ေယာက္မွန္း သိေနၾကသည္မို႕ ပို၍ပင္ ဂရုထားကာ ရွာေဖြၾကပါ၏။

ထို႕ထက္ သူကိုယ္တိုင္က အဖိုးတန္ရတနာေတြပါတယ္ဟု ဖြင့္ဟေျပာလာသျဖင့္ ထိုအမိ်ဳးသားၾကီး၏ ကိုယ္ေပၚကိုေရာ ပစၥည္းကိုပါ ႏႈိက္ႏႈိက္ခ်ြတ္ခ်ြတ္ ရွာေဖြၾကပါသည္။

သို႕ေသာ္ ရတနာႏွင့္တူေသာ ဘာတစ္ခုကိုမ်ွ မေတြ႕ရေခ်။ထိုပုဂၢိဳလ္မွာ ယခင္ကတည္းက သူတို႕ႏွင့္ ရင္းႏွီးက်ြမ္းေနသူေတာ့ ျဖစ္ပါ၏။

သို႕ေသာ္ ေနာက္ေျပာင္ က်ီစယ္ျပီးေျပာတယ္ဟု ဆိုရမွာလည္းအခက္၊ အတည္ေပါက္ၾကီး ေျပာလ်က္ရွိသျဖင့္ သူတို႕ အၾကပ္ရိုက္ေနၾက၏။

ဇြန္လ၏ မိုးစက္ပြင့္မ်ားႏွင့္အျပိဳင္ အေကာက္ခြန္ဝန္ထမ္းတို႕ ေဇာေခ်ြးျဖိဳင္ရေလျပီ။ အမိ်ဳးသားၾကီးကား ရွာေဖြသမ်ွကို အသာတၾကည္ခံရင္း သူတို႕အားျပံဳးျပံဳးၾကီး ၾကည့္လ်က္သာ ...



"ဘာမွမေတြ႕ၾကဘူးလားဗ်ာ၊ ဘယ္ေတြ႕ပါ့မလဲေလ၊ က်ြန္ေတာ္ယူသြားတာက ခင္ဗ်ားတို႕ရွာေနတ့ဲ ရတနာမ်ိဳးမွ မဟုတ္ဘဲ၊ ဒါေပမ့ဲ တကယ့္အဖိုးတန္ရတနာ အစစ္ေတြပါဗ်ာ၊ တကယ္ပါ။

ဒီရတနာဟာ အိႏိၵယက ထြက္တာပါ၊ ဒါေပမ့ဲ ျမန္မာျပည္ကိုေရာက္ခ့ဲတာ ႏွစ္ေပါင္းေထာင္ခ်ီျပီး ၾကခ့ဲပါျပီ၊ အိႏိၵယမွာေတာ့ ဒီရတနာမိ်ဳးေတြ ရွာမွ ရွားဆိုသလို ျဖစ္ကုန္ျပီ၊ ခု ျမန္မာျပည္က တစ္လွည့္ျပန္ေပးရဖို႕ အခိိ်န္ေရာက္လာျပီေလ"

အတန္ငယ္ၾကာေတာ့မွ အမိ်ဳးသားၾကီးထံက စကားစထြက္လာသည္။ဝန္ထမ္းတို႕ကား သူေျပာမည့္စကားကို စိတ္ဝင္စားစြာ င့ံလင့္ရင္း ေငးေမာကာ ၾကည့္ေနၾက၏။

"ဒါဆိုရင္ ခင္ဗ်ားတို႕ စဥ္းစားလို႕ ရေလာက္ေရာေပါ့၊ ဟဲဟဲ"

အမိ်ဳးသားၾကီးကား ျဖဴေဖြးညီညာေသာ သြားတန္းမ်ားေပၚေအာင္ ျပံဳးရယ္ျပီး ခဏမ်ွနားလိုက္၏။ ျပီးမွ ေအာက္ပါအတိုင္း တစ္လုံးခ်င္း ေလးေလးၾကီး ေျပာခ်လိုက္ေလသည္။

"က်ြန္ေတာ္ယူသြားတာ ဓမၼဆိုတ့ဲ ရတနာေတြပါပဲဗ်ာ၊ က်ြန္ေတာ္တို႕ ျမန္မာျပည္ရဲ႕ အဖိုးတန္ဆုံး ရတနာအစစ္ျဖစ္တ့ဲ ဓမၼရတနာေတြပါပဲ၊ သာသနာကြယ္သေလာက္နီးပါး ျဖစ္ေနတ့ဲ အိႏိၵယကို က်ြန္ေတာ္ျပန္ျပီး တရားေက်ြးဆပ္ဖို႕ ယူသြားျပီေလ"

ထိုအခါမွ အေကာက္ခြန္ဝန္ထမ္းတို႕ရင္ထဲက အလုံးၾကီး ျပန္က်သြားသည္။ေခ်ြးသီးေခ်ြးေပါက္မ်ားကို သုတ္ရင္း ဝမ္းသားအားရ စကားတုံ႕ဆိုနိုင္ၾကေတာ့၏။

"ဟာဗ်ာ ...က်ြန္ေတာ္တို႕မေတာ့ အစဥ္းစားရက်ပ္လိုက္တာ မေျပာေတာ့နဲ႕၊ ဟုတ္ပါရဲ႕၊ က်ြန္ေတာ္တို႔မ်ား ဗုဒၶဘာသာ ဗမာေတြျဖစ္လ်က္နဲ႕ ည့ံလိုက္တာ၊ တလြဲေတြပဲ ေလ်ွာက္ေတြးေလ်ွာက္ရွာေနတယ္။

ဟုတ္ပါတယ္ခင္ဗ်ား၊ ဟုတ္ပါတယ္၊ တရားရတနာသာ ျမန္မာျပည္ရဲ႕ တကယ့္အဖိုးတန္ဆုံး ရတနာအစစ္ပါ၊ ဆရာၾကီးယူသြားနိုင္တာ က်ြန္ေတာ္တို႕ ခ်ီးက်ဴးပါတယ္၊ ဂုဏ္လည္းယူတယ္၊ ဝမ္းလည္းသာပါတယ္၊

ယူသာသြာပါ ဆရာၾကီးရယ္၊ အိႏိၵယသာမကဘူး၊ တစ္ကမၻာလုံးကိုသာ ခြဲေဝေပးနိုင္္ေအာင္ ၾကိဳးစားပါ ဆရာၾကီးရယ္၊ ဆရာၾကီးအစြမ္းကိုလည္း က်ြန္ေတာ္တို႕ ယုံၾကည္ပါတယ္၊

ဆရာၾကီးဆီက သတင္းေကာင္းေတြ က်ြန္ေတာ္တို႕ ေစာင့္ေမ်ွာ္နားေထာင္ေနပါ့မယ္"ဟု ေျပာဆိုရင္း အမ်ိဳးသားၾကီးကို ဝမ္းသာအားရ မွာၾကားႏႈတ္ဆက္ၾကေလသည္။

အမိ်ဳးသားၾကီးကား အေကာက္ခြန္ေကာင္တာမွ ေလယာဥ္ေျပးလမ္းဆီသို႕ ထြက္ခြာသြားေလျပီ။

အသားညိဳညိဳ တုတ္တုတ္ခိုင္ခိုင္ အသက္(၄၀)ေက်ာ္ခန္႕၊ အသိဉာဏ္ အေျမာ္အျမင္ ၾကီးမားသူ၊ တစ္ဘက္သားအား သနားၾကင္နာတတ္သူ၊ အမ်ားစုအား ေခါင္းေဆာင္နိုင္စြမ္းရွိသူမွန္း ျမင္ရုံမ်ွႏွင့္ သိသာနိုင္ေသာ ဥပဓိရုပ္ပိုင္ရွင္။

ထိုပုဂၢိဳလ္ကား မည္သူနည္း......။

ေလာက၌ လူသားတို႕၏ စိတ္ႏွလုံးအလိုလို ပြားေစတတ္ေသာ သက္ရွိ သက္မ့ဲ အသုံးအေဆာင္ ရတနာအသီးသီးတို႕ ရွိၾကပါကုန္၏။

ထိုရတနာမိ်ဳးကို လူသားတိုင္း လိုခ်င္ေတာင့္တၾကပါ၏။ သို႕ေသာ္ လိုခ်င္တိုင္းရၾကသည္ကား မဟုတ္ ေပ။

ရတနာႏွင့္ထိုက္တန္ေသာ ကံ, ဉာဏ္, ဝီရိယ, ဇြဲ, သတိၱ, ျပည့္စုံေသာသူ အနည္းငယ္တို႕သာ ရယူနိုင္ၾက၏။

ရဖို႕ရန္ အလြန္ခဲယဥ္းပါ၏။ ရခဲေသာေၾကာင့္လည္း 'ရတနာ'ဟု ေခၚဆိုရပါ၏။

ထိုေလာကရတနာတို႕ထက္ အတိုင္းအဆမရွိေအာင္ သာလြန္ျမင့္ျမတ္ေသာ 'ဓမၼရတနာ'တို႕ကို ပိုင္ဆိုင္ဖို႕ရန္ကား မည္မ်ွ ခဲယဥ္းမည္ျဖစ္ေၾကာင္း အထူးဆိုဖြယ္ မလိုေပ။

ရယူပိုင္ဆိုင္ဖို႕ရာ မဆိုထားဘိ ရတနာ ရတနာမွန္း ခြဲျခားသိျမင္ဖို႕ပင္ မလြယ္ကူလွ။

သိျပန္ေသာ္ျငားလည္း ရတနာေျမပုံကို အတိအက်ေဖာ္ျပထားသည့္ သိုက္ညႊန္းစာၾကီးကိုကိုင္ကာ ဟိုလမ္းေကာင္းႏိုး သည္လမ္းေကာင္းႏိုး၊ ဟိုေန႕ေကာင္းႏိုး၊ သည္ေန႕ေကာင္းႏိုး အမိ်ဳးမိ်ဳးေသာ အေၾကာင္းျပခ်က္ေတြႏွင့္ သီသီေလး လြဲကာ ေယာင္ခ်ာခ်ာ ျဖစ္ေနၾကရွာသည္က မ်ားပါ၏။

ထိုပုဂၢိဳလ္ကား ဤအတုမ့ဲ အဖိုးတန္ ဓမၼရတနာတို႕ကို စိုးစိုးပိုင္ပိုင္ ေရျခားေျမျခားသို႕ပင္ သယ္ေဆာင္သြားနိုင္ခ့ဲေလျပီ။

သူ မည္သို႕ မည္ပုံ ရယူပိုင္ဆိုင္ခ့ဲပါေလသနည္း။

[ဓမၼာစရိယဦးေဌးလႈိင္ ဓမၼဒူတ(သဂၢကထာ) စာ ၂၈၆၊ ၂၈၈]

#credit

===========

#မြန်မာ့ရတနာများကိုသယ်ယူသွားသူ

"မြန်မာပြည်ရဲ့ အဖိုးအတန်ဆုံး ရတနာတွေကို ကျွန်တော် ယူသွားတော့မယ်၊ ခင်ဗျားတို့ တွေ့အောင်သာ ရှာပေတော့"

အိန္ဒိယအမျိုးသားကြီးတစ်ဦး၏ ဗြောင်ကျကျ ထုတ်ဖော်ပြောကြားချက် ကြောင့် မင်္ဂလာဒုံလေဆိပ်ရှိ အကောက်ခွန်ဝန်းထမ်းများ မျက်ကလဲဆန်ပြာ ဖြစ်ကုန် ကြလေ၏။

ထိုအချိန်(၁၉၆၉)က မြန်မာပြည်တွင် စီးပွားရေးနှင့် စက်မှုလုပ်ငန်းများကို နိုင်ငံပိုင် သိမ်းယူပြီးခါစ ဖြစ်ပါ၏။

မြန်မာပြည်မှ စီးပွားရေးသမား မြန်မာ တရုတ် ကုလား လူမျိုးစုံသည် မြန်မာပြည်တွင် နောက်ထပ် စီးပွားဖြစ်ရန် လမ်းစမမြင်တော့သဖြင့် နိုင်ငံအသီးသီးသို့ စီးပွားသစ်ရှာရန် အပြီးအပိုင် ထွက်ခွာကြချိန် ဖြစ်ပါ၏။

သူတို့ အပြန်ခရီးတွင် အဖိုးတန် မြန်မာ့ရတနာများကို နည်းမျိုးစုံသုံးကာ တရားမဝင် သယ်ယူသွားရန် ကြိုးစားကြ၏။

ထို့ကြောင့် ပြည်ပသွား စီးပွားရေးသမားများကို အကောက်ခွန်ဝန်ထမ်းတို့ အလစ်မပေးရဲ သဲကြီးမဲကြီး ရှာဖွေကြရပါ၏။

အထူးသဖြင့် ယခုပြောလာသူ ပုဂ္ဂိုလ်မှာ မြန်မာ့စီးပွားရေးလောက၏ ထိပ်သီး သူဌေးကြီးတစ်ယောက်မှန်း သိနေကြသည်မို့ ပို၍ပင် ဂရုထားကာ ရှာဖွေကြပါ၏။

ထို့ထက် သူကိုယ်တိုင်က အဖိုးတန်ရတနာတွေပါတယ်ဟု ဖွင့်ဟပြောလာသဖြင့် ထိုအမျိုးသားကြီး၏ ကိုယ်ပေါ်ကိုရော ပစ္စည်းကိုပါ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေကြပါသည်။

သို့သော် ရတနာနှင့်တူသော ဘာတစ်ခုကိုမျှ မတွေ့ရချေ။ထိုပုဂ္ဂိုလ်မှာ ယခင်ကတည်းက သူတို့နှင့် ရင်းနှီးကျွမ်းနေသူတော့ ဖြစ်ပါ၏။

သို့သော် နောက်ပြောင် ကျီစယ်ပြီးပြောတယ်ဟု ဆိုရမှာလည်းအခက်၊ အတည်ပေါက်ကြီး ပြောလျက်ရှိသဖြင့် သူတို့ အကြပ်ရိုက်နေကြ၏။

ဇွန်လ၏ မိုးစက်ပွင့်များနှင့်အပြိုင် အကောက်ခွန်ဝန်ထမ်းတို့ ဇောချွေးဖြိုင်ရလေပြီ။ အမျိုးသားကြီးကား ရှာဖွေသမျှကို အသာတကြည်ခံရင်း သူတို့အားပြုံးပြုံးကြီး ကြည့်လျက်သာ ...

"ဘာမှမတွေ့ကြဘူးလားဗျာ၊ ဘယ်တွေ့ပါ့မလဲလေ၊ ကျွန်တော်ယူသွားတာက ခင်ဗျားတို့ရှာနေတဲ့ ရတနာမျိုးမှ မဟုတ်ဘဲ၊ ဒါပေမဲ့ တကယ့်အဖိုးတန်ရတနာ အစစ်တွေပါဗျာ၊ တကယ်ပါ။

ဒီရတနာဟာ အိန္ဒိယက ထွက်တာပါ၊ ဒါပေမဲ့ မြန်မာပြည်ကိုရောက်ခဲ့တာ နှစ်ပေါင်းထောင်ချီပြီး ကြခဲ့ပါပြီ၊ အိန္ဒိယမှာတော့ ဒီရတနာမျိုးတွေ ရှာမှ ရှားဆိုသလို ဖြစ်ကုန်ပြီ၊ ခု မြန်မာပြည်က တစ်လှည့်ပြန်ပေးရဖို့ အခိိျန်ရောက်လာပြီလေ"

အတန်ငယ်ကြာတော့မှ အမျိုးသားကြီးထံက စကားစထွက်လာသည်။ဝန်ထမ်းတို့ကား သူပြောမည့်စကားကို စိတ်ဝင်စားစွာ င့ံလင့်ရင်း ငေးမောကာ ကြည့်နေကြ၏။

"ဒါဆိုရင် ခင်ဗျားတို့ စဉ်းစားလို့ ရလောက်ရောပေါ့၊ ဟဲဟဲ"

အမျိုးသားကြီးကား ဖြူဖွေးညီညာသော သွားတန်းများပေါ်အောင် ပြုံးရယ်ပြီး ခဏမျှနားလိုက်၏။ ပြီးမှ အောက်ပါအတိုင်း တစ်လုံးချင်း လေးလေးကြီး ပြောချလိုက်လေသည်။

"ကျွန်တော်ယူသွားတာ ဓမ္မဆိုတဲ့ ရတနာတွေပါပဲဗျာ၊ ကျွန်တော်တို့ မြန်မာပြည်ရဲ့ အဖိုးတန်ဆုံး ရတနာအစစ်ဖြစ်တဲ့ ဓမ္မရတနာတွေပါပဲ၊ သာသနာကွယ်သလောက်နီးပါး ဖြစ်နေတဲ့ အိန္ဒိယကို ကျွန်တော်ပြန်ပြီး တရားကျွေးဆပ်ဖို့ ယူသွားပြီလေ"

ထိုအခါမှ အကောက်ခွန်ဝန်ထမ်းတို့ရင်ထဲက အလုံးကြီး ပြန်ကျသွားသည်။ချွေးသီးချွေးပေါက်များကို သုတ်ရင်း ဝမ်းသားအားရ စကားတုံ့ဆိုနိုင်ကြတော့၏။

"ဟာဗျာ ...ကျွန်တော်တို့မတော့ အစဉ်းစားရကျပ်လိုက်တာ မပြောတော့နဲ့၊ ဟုတ်ပါရဲ့၊ ကျွန်တော်တို့များ ဗုဒ္ဓဘာသာ ဗမာတွေဖြစ်လျက်နဲ့ ည့ံလိုက်တာ၊ တလွဲတွေပဲ လျှောက်တွေးလျှောက်ရှာနေတယ်။

ဟုတ်ပါတယ်ခင်ဗျား၊ ဟုတ်ပါတယ်၊ တရားရတနာသာ မြန်မာပြည်ရဲ့ တကယ့်အဖိုးတန်ဆုံး ရတနာအစစ်ပါ၊ ဆရာကြီးယူသွားနိုင်တာ ကျွန်တော်တို့ ချီးကျူးပါတယ်၊ ဂုဏ်လည်းယူတယ်၊ ဝမ်းလည်းသာပါတယ်၊

ယူသာသွာပါ ဆရာကြီးရယ်၊ အိန္ဒိယသာမကဘူး၊ တစ်ကမ္ဘာလုံးကိုသာ ခွဲဝေပေးနိုင််အောင် ကြိုးစားပါ ဆရာကြီးရယ်၊ ဆရာကြီးအစွမ်းကိုလည်း ကျွန်တော်တို့ ယုံကြည်ပါတယ်၊

ဆရာကြီးဆီက သတင်းကောင်းတွေ ကျွန်တော်တို့ စောင့်မျှော်နားထောင်နေပါ့မယ်"ဟု ပြောဆိုရင်း အမျိုးသားကြီးကို ဝမ်းသာအားရ မှာကြားနှုတ်ဆက်ကြလေသည်။

အမျိုးသားကြီးကား အကောက်ခွန်ကောင်တာမှ လေယာဉ်ပြေးလမ်းဆီသို့ ထွက်ခွာသွားလေပြီ။

အသားညိုညို တုတ်တုတ်ခိုင်ခိုင် အသက်(၄၀)ကျော်ခန့်၊ အသိဉာဏ် အမြော်အမြင် ကြီးမားသူ၊ တစ်ဘက်သားအား သနားကြင်နာတတ်သူ၊ အများစုအား ခေါင်းဆောင်နိုင်စွမ်းရှိသူမှန်း မြင်ရုံမျှနှင့် သိသာနိုင်သော ဥပဓိရုပ်ပိုင်ရှင်။

ထိုပုဂ္ဂိုလ်ကား မည်သူနည်း......။

လောက၌ လူသားတို့၏ စိတ်နှလုံးအလိုလို ပွားစေတတ်သော သက်ရှိ သက်မဲ့ အသုံးအဆောင် ရတနာအသီးသီးတို့ ရှိကြပါကုန်၏။

ထိုရတနာမျိုးကို လူသားတိုင်း လိုချင်တောင့်တကြပါ၏။ သို့သော် လိုချင်တိုင်းရကြသည်ကား မဟုတ် ပေ။

ရတနာနှင့်ထိုက်တန်သော ကံ, ဉာဏ်, ဝီရိယ, ဇွဲ, သတ္တိ, ပြည့်စုံသောသူ အနည်းငယ်တို့သာ ရယူနိုင်ကြ၏။

ရဖို့ရန် အလွန်ခဲယဉ်းပါ၏။ ရခဲသောကြောင့်လည်း 'ရတနာ'ဟု ခေါ်ဆိုရပါ၏။

ထိုလောကရတနာတို့ထက် အတိုင်းအဆမရှိအောင် သာလွန်မြင့်မြတ်သော 'ဓမ္မရတနာ'တို့ကို ပိုင်ဆိုင်ဖို့ရန်ကား မည်မျှ ခဲယဉ်းမည်ဖြစ်ကြောင်း အထူးဆိုဖွယ် မလိုပေ။

ရယူပိုင်ဆိုင်ဖို့ရာ မဆိုထားဘိ ရတနာ ရတနာမှန်း ခွဲခြားသိမြင်ဖို့ပင် မလွယ်ကူလှ။

သိပြန်သော်ငြားလည်း ရတနာမြေပုံကို အတိအကျဖော်ပြထားသည့် သိုက်ညွှန်းစာကြီးကိုကိုင်ကာ ဟိုလမ်းကောင်းနိုး သည်လမ်းကောင်းနိုး၊ ဟိုနေ့ကောင်းနိုး၊ သည်နေ့ကောင်းနိုး အမျိုးမျိုးသော အကြောင်းပြချက်တွေနှင့် သီသီလေး လွဲကာ ယောင်ချာချာ ဖြစ်နေကြရှာသည်က များပါ၏။

ထိုပုဂ္ဂိုလ်ကား ဤအတုမဲ့ အဖိုးတန် ဓမ္မရတနာတို့ကို စိုးစိုးပိုင်ပိုင် ရေခြားမြေခြားသို့ပင် သယ်ဆောင်သွားနိုင်ခဲ့လေပြီ။

သူ မည်သို့ မည်ပုံ ရယူပိုင်ဆိုင်ခဲ့ပါလေသနည်း။

[ဓမ္မာစရိယဦးဌေးလှိုင် ဓမ္မဒူတ(သဂ္ဂကထာ) စာ ၂၈၆၊ ၂၈၈]

#credit

Comments