ႀကီးေတာ္တို႔ ကံေကာင္းခ်က္က 9+++ပါေတာ္..


ၾကီးေတာ္တို႔ ကံေကာင္းခ်က္က 9++++ပါေတာ္..
အဲဒီရြာက ႀကီးေတာ္ေတြ ေျပာမဆံုးေပါင္ ေတာသံုးေတာင္ ဆိုသလို ဒီေန႔ဒီရက္မက သူတို႔တသက္စာ ေျပာေနၾကလိမ့္အံုးမယ္ဆိုတာ ေသခ်ာတယ္ . .
ငါ့ျခံ ငါ့ဝိုင္းထဲေပါ့ေအ့ ေဟာသည္က ခံုေပါ့ေအ့ အေမစုဆိုသာေအ ႏုခ်က္ ေခ်ာခ်က္ အမယ္ က်ဳပ္က လက္ကေလးကိုင္လိုက္ရ အားနာတာေအ က်ဳပ္လက္ကၾကမ္းေနလို႔ အေမစုရဲ႕လက္ကေလး ႏုဖတ္ ျဖဴေဖြးေနတာပဲ . .
ဟဲ့ ငါကမွေအ ပုခံုးလာဖက္တာေအ့ ေပ်ာ္လိုက္ထာေအ …….ဆိုတာမ်ိဳး. .
ၾကည့္ပါဦး. . မုန္႔ဆီေၾကာ္၊ ေျမပဲေတာင့္ေလွာ္၊ ပဲေၾကာ္ကေလး၊ ဧည့္ဝတ္ျပဳတာတဲ့ . .
စားပြဲခင္းလား. . ၾကည့္ထား၊ ကိုယ့္ရြာအတြက္ေတာ့ အထြတ္အျမတ္ေပါ့. .ခါတိုင္း ဘယ္သူလာလာမလိုေပမယ့္
ဒါ. . ဗိုလ္ခ်ဳပ္ရဲ႕သမီး စု ဟ့ဲ . . အတိုင္ပင္ခံပုဂၢိဳလ္ဟဲ့ . . ပုဆိုးေဟာင္းေလးေတာ့ခင္း လက္သုပ္ေလးလည္းခ် ဒါမွ အျမင္လွေတာ့မေပါ့ေအ . .
ဝမ္းတြင္းခ်ည္ထည္ဆိုတာ ကိုယ္ေတြေတာင္ ေႏြမွာ ခ်ည္မို႔ ေအးလို႔ဝတ္တာ၊ ပြဲေနပြဲထိုင္ ဒီအကြက္မ်ိဳး တိုးေလ့မရွိ။ ေစ်းခ်ိဳတယ္ ၅၀၀၀ ထက္မပိုတတ္. .
ေဟာ . .အေမ့ေပါင္ေပၚက အထည္ေတြ အထပ္လိုက္၊ခ်က္ခ်င္း ေစ်းက တန္ဖိုးျဖတ္မရဘူးေတာင္ထင္တယ္ . .
ႀကီးေတာ္တို႔ ကံေကာင္းခ်က္က 9++++ပါေတာ္၊ ကိုယ့္ခ်ည္နဲ႔ ကိုယ္စက္မွာ ကိုယ့္လက္နဲ႔ ယက္ထားတ့ဲ ကိုယ္ခ်ည္ထည္ေလးေတြ အေမစုအတြက္ လက္ေဆာင္ေပးခြင့္ရလိုက္တာ .. ေက်နပ္သပ ေျမတိုင္သူႀကီးတို႔ရဲ႕ . .
ေကာင္းလိုက္တဲ့ပါဆယ္၊ လွလိုက္တဲ့ ထုပ္ပိုးမႈ၊ အေမစုဝတ္ဖို႔တဲ့၊ ပိုးႀကိဳးမပါ၊ ဖဲႀကိဳးမဆက္၊ ႂကြပ္ႂကြပ္ႀကိဳးနဲ႔ ထပ္ခ်ည္
ဒါတင္မက . .မေန႔ညေနကခူး ဇြန္ပန္းဖူးေတြ၊ က်ဳပ္ကိုယ္တိုင္သီထားတယ္ေတာ့ ေရာ့ ယူသြား ….. ပန္သြား. .စု က ပန္းႀကိဳက္ေတာ့ ခ်က္ျခင္းက္ိုေကာက္ပန္လိုက္တာ ေပ်ာ္ခ်က္ေတာ္ . .
ဟယ္ . .လက္ကမခ်ဘူးေတာ့ . .ၾကည့္ပါလား ဓာတ္ပံုထဲ . .
ဟယ္ ဒီတခါၿမိဳ႕သြားရင္ ပံုထုတ္ခဲ့စမ္း. .ႀကီးႀကီးသာထုတ္ခဲ့၊ ကုန္ခ်င္သေလာက္ ကုန္ပေလ့ေစ . .
ငါ့အိမ္ ငါ့ေျမကို အေမစု လာဖူးတယ္ . . စု လာဖူးတယ္လို႔ ၾကံဳရာလူႂကြားစမ္းမဟဲ့ ဆိုတာမ်ိဳး ဒီႀကီးေတာ္တို႔ေျပာလို႔ ရိုးမယ္ကို မထင္ပါဘူးေအ . .
ဖိုတို ခရက္ဒစ္
Credit : Dr.DaDa
===========
အဲဒီရွာက ကြီးတော်တွေ ပြောမဆုံးပေါင် တောသုံးတောင် ဆိုသလို ဒီနေ့ဒီရက်မက သူတို့တသက်စာ ပြောနေကြလိမ့်အုံးမယ်ဆိုတာ သေချာတယ် . .
ငါ့ခြံ ငါ့ဝိုင်းထဲပေါ့အေ့ ဟောသည်က ခုံပေါ့အေ့ အမေစုဆိုသာအေ နုချက် ချောချက် အမယ် ကျုပ်က လက်ကလေးကိုင်လိုက်ရ အားနာတာအေ ကျုပ်လက်ကကြမ်းနေလို့ အမေစုရဲ့လက်ကလေး နုဖတ် ဖြူဖွေးနေတာပဲ . .
ဟဲ့ ငါကမှအေ ပုခုံးလာဖက်တာအေ့ ပျော်လိုက်ထာအေ …….ဆိုတာမျိုး. .
ကြည့်ပါဦး. . မုန့်ဆီကြော်၊ မြေပဲတောင့်လှော်၊ ပဲကြော်ကလေး၊ ဧည့်ဝတ်ပြုတာတဲ့ . .
စားပွဲခင်းလား. . ကြည့်ထား၊ ကိုယ့်ရွာအတွက်တော့ အထွတ်အမြတ်ပေါ့. .ခါတိုင်း ဘယ်သူလာလာမလိုပေမယ့်
ဒါ. . ဗိုလ်ချုပ်ရဲ့သမီး စု ဟဲ့ . . အတိုင်ပင်ခံပုဂ္ဂိုလ်ဟဲ့ . . ပုဆိုးဟောင်းလေးတော့ခင်း လက်သုပ်လေးလည်းချ ဒါမှ အမြင်လှတော့မပေါ့အေ . .
ဝမ်းတွင်းချည်ထည်ဆိုတာ ကိုယ်တွေတောင် နွေမှာ ချည်မို့ အေးလို့ဝတ်တာ၊ ပွဲနေပွဲထိုင် ဒီအကွက်မျိုး တိုးလေ့မရှိ။ စျေးချိုတယ် ၅၀၀၀ ထက်မပိုတတ်. .
ဟော . .အမေ့ပေါင်ပေါ်က အထည်တွေ အထပ်လိုက်၊ချက်ချင်း စျေးက တန်ဖိုးဖြတ်မရဘူးတောင်ထင်တယ် . .
ကြီးတော်တို့ ကံကောင်းချက်က 9++++ပါတော်၊ ကိုယ့်ချည်နဲ့ ကိုယ်စက်မှာ ကိုယ့်လက်နဲ့ ယက်ထားတဲ့ ကိုယ်ချည်ထည်လေးတွေ အမေစုအတွက် လက်ဆောင်ပေးခွင့်ရလိုက်တာ .. ကျေနပ်သပ မြေတိုင်သူကြီးတို့ရဲ့ . .
ကောင်းလိုက်တဲ့ပါဆယ်၊ လှလိုက်တဲ့ ထုပ်ပိုးမှု၊ အမေစုဝတ်ဖို့တဲ့၊ ပိုးကြိုးမပါ၊ ဖဲကြိုးမဆက်၊ ကြွပ်ကြွပ်ကြိုးနဲ့ ထပ်ချည်
ဒါတင်မက . .မနေ့ညနေကခူး ဇွန်ပန်းဖူးတွေ၊ ကျုပ်ကိုယ်တိုင်သီထားတယ်တော့ ရော့ ယူသွား ….. ပန်သွား. .စု က ပန်းကြိုက်တော့ ချက်ခြင်းက်ိုကောက်ပန်လိုက်တာ ပျော်ချက်တော် . .
ဟယ် . .လက်ကမချဘူးတော့ . .ကြည့်ပါလား ဓာတ်ပုံထဲ . .
ဟယ် ဒီတခါမြို့သွားရင် ပုံထုတ်ခဲ့စမ်း. .ကြီးကြီးသာထုတ်ခဲ့၊ ကုန်ချင်သလောက် ကုန်ပလေ့စေ . .
ငါ့အိမ် ငါ့မြေကို အမေစု လာဖူးတယ် . . စု လာဖူးတယ်လို့ ကြုံရာလူကြွားစမ်းမဟဲ့ ဆိုတာမျိုး ဒီကြီးတော်တို့ပြောလို့ ရိုးမယ်ကို မထင်ပါဘူးအေ . .
ဖိုတို ခရက်ဒစ်
Credit : Dr.DaDa

Comments