အထူးခ်ီးက်ဴးခံေနရတဲ့ ထိုင္း ဂူထဲက ျမန္မာလူငယ္ေလး ႏွစ္ဦး



ဂူထဲပိတ္မိ လူငယ္ေဘာလံုးသမားမ်ားထဲမွ ျမန္မာက လူငယ္ ၂ ဦး အထူးခ်ီးက်ဴးခံရ

ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ ခ်င္း႐ုိင္းခ႐ုိင္၊ မယ္ဆိုင္ၿမိဳ႕ရွိ ခြန္နမ့္နန္းႏြန္း လိုဏ္ဂူႀကီးအတြင္း ပိတ္မိေနတဲ့ ေတာဝက္ အကယ္ဒမီေဘာလံုးသမားအဖြဲ႔က လူငယ္ ၁၃ ဦးကို ျပန္ေတြ႔တဲ့ ဗြီဒီယိုဖိုင္ ထြက္ေပၚလာၿပီးေနာက္ အဲဒီလူငယ္ေတြထဲက ပိုၿပီးစိတ္ဝင္စားစရာေကာင္းတဲ့ လူငယ္ ၂ ဦးအေၾကာင္း ထိုင္းသတင္းမီဒီယာေတြက စုံစမ္းေဖာ္ျပခဲ့ၾကပါတယ္။

အဲဒီလူငယ္ ၂ ဦးမွာ ကယ္ဆယ္ေရး ေရငုပ္သမား ၿဗိတိန္ႏိုင္ငံသား ၂ ဦးနဲ႔ စေတြ႔ေတြ႔ခ်င္း အဂၤလိပ္လို အျပန္အလွန္ ေျပာဆိုႏိုင္ခဲ့တဲ့ အသက္ ၁၄ ႏွစ္ရြယ္ရွိ ေနာင့္အဒြန္းလ္နဲ႔ လူငယ္ေတြအားလံုး လိုဏ္ဂူႀကီးထဲ ရက္ေပါင္းရွည္ၾကာ ခံႏုိင္ရည္ရွိေအာင္ ေစာင့္ေရွာက္ခဲ့သူ၊ လက္ရွိ အားအင္အေလ်ာ့ပါးဆံုးျဖစ္သူ အသက္ ၂၅ ႏွစ္ရြယ္ရွိ ေဘာလံုးနည္းျပဆရာ ခို႔စ္ေအခ္ တို႔ပဲ ျဖစ္ၾကပါတယ္။

ေနာင့္အဒြန္းလ္ဟာ ေမွာင္နဲ႔မည္းမည္း ဂူႀကီးထဲ အစာမစားဘဲ ရက္ေပါင္းရွည္ၾကာ ေနခဲ့ရေပမယ့္ ညႇိဳးမိႈင္ေဖ်ာ့ေတာ့ျခင္းမရွိဘဲ လူစိမ္း ႏိုင္ငံျခားသားနဲ႔ေတြ႔စဥ္ အကူအညီရဖို႔ သူတို႔အဖြဲ႔ကိုယ္စား အဂၤလိပ္လို သြက္လက္ခ်က္ခ်ာစြာ အျပန္အလွန္ ေျပာဆိုခဲ့တာေၾကာင့္ လူအမ်ားရဲ႕ စိတ္ဝင္စားျခင္းခံခဲ့ရပါတယ္။

သူ႔အေၾကာင္းကို ပိုၿပီးသိရွိရဖို႔ သတင္းေထာက္ေတြက သူတက္ေနတဲ့ ဘန္႔ဝိန္းဖန္းေက်ာင္းကုိ သြားေရာက္ေမးျမန္းရာ အတန္းပိုင္ဆရာမ ခူးပိယရတ္ ယြတ္ဆဝမ္နဲ႔ ဘာသာရပ္ဆရာ က်ဖန္း ပန္ဦရတို႔က ေနာင့္အဒြန္းလ္ ေခၚ အဒြန္းလ္ ဆာမ္အြန္ရဲ႕ မိဘေတြက ျမန္မာဘက္ျခမ္း မိုင္းဆတ္ခ႐ုိင္ နားေကာင္းမူးရြာက ဝ တိုင္းရင္းသားလူမ်ိဳးျဖစ္ၿပီး ဆင္းရဲႏြမ္းပါးသူေတြျဖစ္လို႔ MaeSai Grace Church ခရစ္ယာန္ေက်ာင္းမွာ လာေရာက္အပ္ႏွံ ထားတာလို႔ ဆိုပါတယ္။



အဒြန္းလ္ဟာ သူတို႔ေက်ာင္းကို အသက္ ၇ ႏွစ္ရြယ္ ပထမတန္းကတည္းက စတင္ေရာက္ရွိလာၿပီး ႐ုိးသားႀကိဳးစားသူျဖစ္ကာ အားကစားမွာေရာ ဂီတနဲ႔ ပညာေရးမွာပါ ထူးခၽြန္ေၾကာင္း၊ အေျပးသန္ၿပီး အားကစားၿပိဳင္ပြဲေတြမွာ ေက်ာင္းရဲ႕ကိုယ္စားျပဳ ဆုဖလားေတြ ရယူေပးခဲ့သလို ဂစ္တာ၊ စႏၵယား၊ ပီယာႏိုေတြလည္း တီးခတ္တတ္ေၾကာင္း၊ ပညာေရးမွာလည္း ဂရိတ္ ၃ ဒသမ ၉ (အျမင့္ဆံုးမွာ ဂရိတ္ ၄) အၿမဲရရွိေၾကာင္း၊ ေက်ာင္းကသင္ေပးတဲ့ အာဆီယံႏိုင္ငံ ဘာသာရပ္လည္း သင္ယူတာေၾကာင့္ ထိုင္း၊ ျမန္မာ၊ တ႐ုတ္၊ အဂၤလိပ္ စတဲ့ ဘာသာ ၄ မ်ိဳး ေျပာဆိုႏုိင္ေၾကာင္း၊ သူဟာ သူမ်ားနည္းတူ စက္ဘီးစီးခ်င္လို႔ ၿပိဳင္ပြဲကရလာတဲ့ ဆုေငြေလးေတြ စုေဆာင္းၿပီး ကိုယ္ပိုင္ဝယ္ယူခဲ့တာလို႔ ဆိုပါတယ္။

သူဟာ ေပါင္းသင္းဆက္ဆံေရးေကာင္းလို႔ လူခ်စ္လူခင္မ်ားေၾကာင္း၊ ေဘာလံုးအဖြဲ႔နဲ႔ အတူ ဂူထဲေပ်ာက္ဆံုးေၾကာင္း သတင္းၾကားသိခ်ိန္ တေက်ာင္းလံုး စိတ္မေကာင္းျဖစ္ၾကၿပီး သူ႔အတြက္ ဆုေတာင္းပြဲေတြ လုပ္ခဲ့သလို အဒြန္းလ္ရရွိခဲ့တဲ့ ဆုဖလားေတြ၊ ဆုယူတဲ့ ဓာတ္ပံုေတြ၊ ေက်ာင္းတြင္းလႈပ္ရွားမႈ ဓာတ္ပံုေတြနဲ႔ ျပခန္းေလးတခုလုပ္ကာ ေက်ာင္းသားေတြရဲ႕ ရင္ထဲက မက္ေဆ့ခ်္ေတြ ေရးသားခဲ့ၾကေၾကာင္း၊ သူ႔ကို ျပန္ေတြ႔ရေတာ့ တေက်ာင္းလံုး ေဟးကနဲ ေပ်ာ္ရႊင္စြာထခုန္ၿပီး သူဂူထဲကေန ေဘးကင္းစြာ ျပန္ထြက္လာမယ့္ရက္ကို ေစာင့္ေမွ်ာ္ေနၾကတယ္လို႔ ဆရာ/ဆရာမေတြက ေျပာပါတယ္။

ထိုင္းသတင္းမီဒီယာေတြမွာ အက်ယ္တဝံ့ ေဖာ္ျပခံေနရသူ ဂူထဲက ေနာက္ထပ္ လူငယ္တဦးကေတာ့ အသက္ ၂၅ ႏွစ္ရြယ္ရွိ သူတို႔ရဲ႕ ေဘာလံုးနည္းျပဆရာ ခို႔စ္ေအခ္ ေခၚ ႏိုင္းဧကဖုန္း က်န္ထဝုန္းပဲ ျဖစ္ပါတယ္။

အသင္းထဲက လူငယ္ ၁၂ ဦးလံုး ဂူထဲမွာ ဘာမွမျဖစ္ေအာင္ ဘယ္လိုေစာင့္ေရွာက္ နည္းျပခဲ့သလဲလို႔ ကယ္ဆယ္ေရးအဖြဲ႔က ေမးျမန္းရာမွာ ခို႔စ္ေအခ္က သူဟာ သာသနာ့ေဘာင္ထဲမွာ ၁ဝ ႏွစ္ေနခဲ့ဖူးၿပီး တရားထိုင္ဖူးတာေၾကာင့္ အစာမစားဘဲ ရက္ေပါင္း ၇ဝ ထိ ေနႏိုင္တဲ့နည္းကို သိထားေၾကာင္း၊ အဲဒါကေတာ့ တရားထိုင္တာပဲျဖစ္လို႔ ကေလးေတြကို တရားထိုင္ေစခဲ့ေၾကာင္း၊ ဒါ့အျပင္ ခႏၶာကိုယ္ထဲက စြမ္းအင္ေတြ မကုန္ဆံုးဖို႔ အတတ္ႏိုင္ဆံုး ၿငိမ္ၿငိမ္ေလးေနဖို႔၊ အေႏြးဓာတ္ရေအာင္ တဦးနဲ႔တဦး ပူးကပ္စြာထိုင္ဖို႔၊ ဂူထဲက ညစ္ပတ္တဲ့ ေရေတြထဲ ေရာဂါပိုးေတြ ပါမွာစိုးလို႔ အေပၚကက်လာတဲ့ ေက်ာက္စက္ေရေတြသာ ေသာက္သံုးေစခဲ့ေၾကာင္း၊ သူတို႔ ဂူထဲမဝင္ခင္ ကေလးေတြမွာ လက္ႏွိပ္ဓာတ္မီးကိုယ္စီ ပါလာၿပီး ဓာတ္မီးကို ေခၽြတာတဲ့အေနနဲ႔ တလံုးၿပီးမွ တလံုးသာ အသံုးျပဳေစခဲ့တယ္လို႔ ဆိုပါတယ္။



သူတို႔ရဲ႕က်န္းမာေရးကို ေဆးမႉးေတြ စစ္ေဆးရာမွာ ခို႔စ္ေအခ္က အားလံုးထဲမွာ အားအင္အခ်ည့္နဲ႔ဆံုးသူျဖစ္ၿပီး ကေလးေတြ ေျပာျပခ်က္အရ သူတို႔ယူလာတဲ့ မုန္႔ေတြကို ခို႔စ္ေအခ္က လံုးဝမစားဘဲ ကေလးေတြပဲ ေကၽြးခဲ့တာလို႔ ဆိုပါတယ္။

ေတာ္ဝင္ေရတပ္က ႐ုိက္ကူးခဲ့တဲ့ ဗီြဒီယိုဖိုင္ထဲမွာေတာ့ ခို႔စ္ေအခ္ဟာ အလြန္ေခ်ာင္က် ပိန္လွေနၿပီး စကားလည္းမေျပာ၊ ကင္မရာကိုလည္း မၾကည့္ဘဲ ညိႇဳးမိႈင္ေနတာကို လူေတြ သတိထားမိၾကပါတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီး ထိုင္းတရားေရး၀န္ႀကီးဌာန လက္ေထာက္၀န္ႀကီး က ခို႔စ္ေအဟာ ကေလးေတြကို အေကာင္းဆံုးေစာင့္ေရွာက္ႏိုင္တဲ့ ေခါင္းေဆာင္ေကာင္းျဖစ္လို႔ ကေလးေတြ အျပင္ထြက္လာရင္ သူအရင္ဆံုးေပြ႔ဖက္ခ်င္သူဟာ နည္းျပခို႔စ္ေအခ္ ျဖစ္ေၾကာင္း၊ ဒါေပမယ့္ သူ႔မ်က္ႏွာ မရႊင္မပ်ျဖစ္ေနတာကို ၾကည့္ခ်င္းအားျဖင့္ သူဟာ ကေလးေတြဂူထဲ ၀င္တာကို မတားဆီးမိလို႔ ေနာင္တရေနဟန္ရွိေၾကာင္း၊ သူတို႔ေၾကာင့္ အားလံုးဒုကၡေရာက္ၾကလို႔ သူ႔ကိုယ္သူ ခြင့္မလႊတ္ႏိုင္ဘဲ တစံုတခုျဖစ္သြားမွာ စိုးရိမ္ေၾကာင္း၊ ဒါေၾကာင့္ နည္းျပခိုစ့္ေအခ္ကို အျပစ္မယူဖို႔၊ အားေပးစကားေတြ ေျပာၾကဖို႔ ဒု၀န္ႀကီးက သူ႔ေဖ့စ္ဘြတ္ခ္မွာ ေရးသားေတာင္းဆို လိုက္ပါတယ္။

ခို႔စ္ေအခ္ရဲ႕ ကိုယ္ေရးရာဇ၀င္နဲ႔ ပတ္သက္ၿပီး သူကိုရင္ဘ၀က ေနထိုင္ခဲ့ဖူးတဲ့ လမ္းပြန္း ၿမိဳ႕နယ္ ေဆာင္ဟင္ေက်ာင္းတိုက္က ေက်ာင္းထိုင္ဆရာေတာ္ ဖရအထိကန္ဘြန္းဆုန္ကို ထိုင္းတီဗြီ NEWS 18 channel က ဆက္သြယ္ေမးျမန္းရာမွာ ခို႔စ္ေအခ္မွာ မိဘမဲ့ကေလး တဦးျဖစ္ေၾကာင္း၊ ဘုန္းႀကီးရဲ႕ ထိုင္းလူမ်ိဳး ဒကာေတြက မယ္ဆိုင္ကေခၚလာတဲ့ ကိုရင္ေလးတပါးကို ေက်ာင္းမွာ လာအပ္ထားခဲ့ေၾကာင္း၊ စာႀကိဳးစားၿပီး ပထမႀကီးတန္းကို ေအာင္ျမင္ၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

သူဟာ ေက်ာင္းေ၀ယ်ာ၀စၥ ေက်ပြန္တဲ့အျပင္ ရပ္ထဲရြာထဲ အလွဴအတန္း၊ ဘာသာေရးပြဲ ေတြလည္း ဦးေဆာင္က်င္းပတတ္တာေၾကာင့္ ေက်းရြာအုပ္စုတခုလံုးမွာ မသိသူမရွိေၾကာင္း၊ ေက်ာင္းတိုက္မွာ ၈ ႏွစ္ေနသြားၿပီး သာသနာ့ေဘာင္မွာ ထာ၀ရေမြ႔ေလ်ာ္လိုေပမယ့္ တေနေတာ့ ျမန္မာႏိုင္ငံ တာခ်ီလိတ္မွာ က်န္ခဲ့တဲ့ တဦးတည္း ဘြားေအျဖစ္သူမွာ ေနမေကာင္းလို႔ အဘြားကို အလုပ္အေကၽြးျပဳဖို႔ ရွင္လူထြက္သြားခဲ့ရတယ္လို႔ ဆရာေတာ္က မိန္႔ပါတယ္။

ခို႔စ္ေအခ္ လူထြက္ၿပီးတဲ့ေနာက္ တာခ်ီလိတ္တဘက္ကမ္း မယ္ဆိုင္ၿမိဳ႕မွာ အလုပ္လုပ္ ေၾကာင္း၊ သူဟာ ေဘာလုံးကန္ျခင္း၊ စက္ဘီးစီးျခင္း စတဲ့အားကစားမွာထူးခၽြန္လို႔ ကေလးေတြ ရဲ႕ ေဘာလံုးနည္းျပ ေစတနာ့၀န္ထမ္းေက်ာင္းဆရာျဖစ္ခဲ့တာလို႔ မယ္ဆိုင္ ဖရထတ္လြယ္ေ၀ါ၀္း ေက်ာင္းတိုက္က ေက်ာင္းထိုင္ကိုယ္ေတာ္က AMARIN TV သတင္းဌာနကို ေျပာပါတယ္။

ဒါေပမယ့္ ခို႔စ္ေအခ္မွာ ထိုင္းမွတ္ပံုတင္မရွိတာေၾကာင့္ တျခားခ႐ုိင္က အားကစားၿပိဳင္ပြဲ ေတြမွာ ကေလးေတြနဲ႔အတူလိုက္သြားရင္ သြားလာေရးအခက္အခဲရွိေၾကာင္း၊ သူ႔မိဘေတြဟာ သူ႔ကိုထိုင္းမွာေမြးၿပီး ဆံုးပါးသြားခဲ့ေပမယ့္ ေမြးစာရင္းမရွိလို႔ ထိုင္းမွတ္ပံုတင္ေလွ်ာက္ထားလို႔ မရေၾကာင္း၊ ေလာေလာဆယ္ သူက ျမန္မာႏိုင္ငံကူးလက္မွတ္ကိုပဲ ျပန္သံုးေနရတယ္လို႔ ဆရာေတာ္က မိန္႔ၾကားသြားပါတယ္။

ခို႔စ္ေအခ္ရဲ႕ အဘြားျဖစ္သူကို ထိုင္းခ်နယ္လ္ ၃ သတင္းေထာက္က တာခ်ီလိတ္ထိ သြားေရာက္ေတြ႔ဆံုေမးျမန္းရာမွာ ေျမးျဖစ္သူ ဂူထဲေပ်ာက္ဆံုးေနတဲ့ အေၾကာင္းၾကားသိရလို႔ ေန႔တိုင္းစိတ္ပူစြာ ငိုေကၽြးခဲ့ရေၾကာင္း၊ အသက္ႀကီးၿပီး လမ္းမေလွ်ာက္ႏိုင္လို႔ ဂူထိလည္း လာမေစာင့္ႏိုင္ေၾကာင္း၊ သူတို႔ကို ျပန္ေတြ႔ၿပီ ဆိုေတာ့လည္း ၀မ္းသာလြန္းလို႔ ငိုရျပန္တယ္လို႔ ထုိင္း တီဗီြခ်န္နယ္လ္ ၃ မွာ ေဖာ္ျပသြားပါတယ္။

DVB TV News

==============

ဂူထဲပိတ်မိ လူငယ်ဘောလုံးသမားများထဲမှ မြန်မာက လူငယ် ၂ ဦး အထူးချီးကျူးခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ရှိ ခွန်နမ့်နန်းနွန်း လိုဏ်ဂူကြီးအတွင်း ပိတ်မိနေတဲ့ တောဝက် အကယ်ဒမီဘောလုံးသမားအဖွဲ့က လူငယ် ၁၃ ဦးကို ပြန်တွေ့တဲ့ ဗွီဒီယိုဖိုင် ထွက်ပေါ်လာပြီးနောက် အဲဒီလူငယ်တွေထဲက ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ လူငယ် ၂ ဦးအကြောင်း ထိုင်းသတင်းမီဒီယာတွေက စုံစမ်းဖော်ပြခဲ့ကြပါတယ်။

အဲဒီလူငယ် ၂ ဦးမှာ ကယ်ဆယ်ရေး ရေငုပ်သမား ဗြိတိန်နိုင်ငံသား ၂ ဦးနဲ့ စတွေ့တွေ့ချင်း အင်္ဂလိပ်လို အပြန်အလှန် ပြောဆိုနိုင်ခဲ့တဲ့ အသက် ၁၄ နှစ်ရွယ်ရှိ နောင့်အဒွန်းလ်နဲ့ လူငယ်တွေအားလုံး လိုဏ်ဂူကြီးထဲ ရက်ပေါင်းရှည်ကြာ ခံနိုင်ရည်ရှိအောင် စောင့်ရှောက်ခဲ့သူ၊ လက်ရှိ အားအင်အလျော့ပါးဆုံးဖြစ်သူ အသက် ၂၅ နှစ်ရွယ်ရှိ ဘောလုံးနည်းပြဆရာ ခို့စ်အေခ် တို့ပဲ ဖြစ်ကြပါတယ်။

နောင့်အဒွန်းလ်ဟာ မှောင်နဲ့မည်းမည်း ဂူကြီးထဲ အစာမစားဘဲ ရက်ပေါင်းရှည်ကြာ နေခဲ့ရပေမယ့် ညှိုးမှိုင်ဖျော့တော့ခြင်းမရှိဘဲ လူစိမ်း နိုင်ငံခြားသားနဲ့တွေ့စဉ် အကူအညီရဖို့ သူတို့အဖွဲ့ကိုယ်စား အင်္ဂလိပ်လို သွက်လက်ချက်ချာစွာ အပြန်အလှန် ပြောဆိုခဲ့တာကြောင့် လူအများရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။

သူ့အကြောင်းကို ပိုပြီးသိရှိရဖို့ သတင်းထောက်တွေက သူတက်နေတဲ့ ဘန့်ဝိန်းဖန်းကျောင်းကို သွားရောက်မေးမြန်းရာ အတန်းပိုင်ဆရာမ ခူးပိယရတ် ယွတ်ဆဝမ်နဲ့ ဘာသာရပ်ဆရာ ကျဖန်း ပန်ဦရတို့က နောင့်အဒွန်းလ် ခေါ် အဒွန်းလ် ဆာမ်အွန်ရဲ့ မိဘတွေက မြန်မာဘက်ခြမ်း မိုင်းဆတ်ခရိုင် နားကောင်းမူးရွာက ဝ တိုင်းရင်းသားလူမျိုးဖြစ်ပြီး ဆင်းရဲနွမ်းပါးသူတွေဖြစ်လို့ MaeSai Grace Church ခရစ်ယာန်ကျောင်းမှာ လာရောက်အပ်နှံ ထားတာလို့ ဆိုပါတယ်။

အဒွန်းလ်ဟာ သူတို့ကျောင်းကို အသက် ၇ နှစ်ရွယ် ပထမတန်းကတည်းက စတင်ရောက်ရှိလာပြီး ရိုးသားကြိုးစားသူဖြစ်ကာ အားကစားမှာရော ဂီတနဲ့ ပညာရေးမှာပါ ထူးချွန်ကြောင်း၊ အပြေးသန်ပြီး အားကစားပြိုင်ပွဲတွေမှာ ကျောင်းရဲ့ကိုယ်စားပြု ဆုဖလားတွေ ရယူပေးခဲ့သလို ဂစ်တာ၊ စန္ဒယား၊ ပီယာနိုတွေလည်း တီးခတ်တတ်ကြောင်း၊ ပညာရေးမှာလည်း ဂရိတ် ၃ ဒသမ ၉ (အမြင့်ဆုံးမှာ ဂရိတ် ၄) အမြဲရရှိကြောင်း၊ ကျောင်းကသင်ပေးတဲ့ အာဆီယံနိုင်ငံ ဘာသာရပ်လည်း သင်ယူတာကြောင့် ထိုင်း၊ မြန်မာ၊ တရုတ်၊ အင်္ဂလိပ် စတဲ့ ဘာသာ ၄ မျိုး ပြောဆိုနိုင်ကြောင်း၊ သူဟာ သူများနည်းတူ စက်ဘီးစီးချင်လို့ ပြိုင်ပွဲကရလာတဲ့ ဆုငွေလေးတွေ စုဆောင်းပြီး ကိုယ်ပိုင်ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။

သူဟာ ပေါင်းသင်းဆက်ဆံရေးကောင်းလို့ လူချစ်လူခင်များကြောင်း၊ ဘောလုံးအဖွဲ့နဲ့ အတူ ဂူထဲပျောက်ဆုံးကြောင်း သတင်းကြားသိချိန် တကျောင်းလုံး စိတ်မကောင်းဖြစ်ကြပြီး သူ့အတွက် ဆုတောင်းပွဲတွေ လုပ်ခဲ့သလို အဒွန်းလ်ရရှိခဲ့တဲ့ ဆုဖလားတွေ၊ ဆုယူတဲ့ ဓာတ်ပုံတွေ၊ ကျောင်းတွင်းလှုပ်ရှားမှု ဓာတ်ပုံတွေနဲ့ ပြခန်းလေးတခုလုပ်ကာ ကျောင်းသားတွေရဲ့ ရင်ထဲက မက်ဆေ့ချ်တွေ ရေးသားခဲ့ကြကြောင်း၊ သူ့ကို ပြန်တွေ့ရတော့ တကျောင်းလုံး ဟေးကနဲ ပျော်ရွှင်စွာထခုန်ပြီး သူဂူထဲကနေ ဘေးကင်းစွာ ပြန်ထွက်လာမယ့်ရက်ကို စောင့်မျှော်နေကြတယ်လို့ ဆရာ/ဆရာမတွေက ပြောပါတယ်။

ထိုင်းသတင်းမီဒီယာတွေမှာ အကျယ်တဝံ့ ဖော်ပြခံနေရသူ ဂူထဲက နောက်ထပ် လူငယ်တဦးကတော့ အသက် ၂၅ နှစ်ရွယ်ရှိ သူတို့ရဲ့ ဘောလုံးနည်းပြဆရာ ခို့စ်အေခ် ခေါ် နိုင်းဧကဖုန်း ကျန်ထဝုန်းပဲ ဖြစ်ပါတယ်။

အသင်းထဲက လူငယ် ၁၂ ဦးလုံး ဂူထဲမှာ ဘာမှမဖြစ်အောင် ဘယ်လိုစောင့်ရှောက် နည်းပြခဲ့သလဲလို့ ကယ်ဆယ်ရေးအဖွဲ့က မေးမြန်းရာမှာ ခို့စ်အေခ်က သူဟာ သာသနာ့ဘောင်ထဲမှာ ၁ဝ နှစ်နေခဲ့ဖူးပြီး တရားထိုင်ဖူးတာကြောင့် အစာမစားဘဲ ရက်ပေါင်း ရဝ ထိ နေနိုင်တဲ့နည်းကို သိထားကြောင်း၊ အဲဒါကတော့ တရားထိုင်တာပဲဖြစ်လို့ ကလေးတွေကို တရားထိုင်စေခဲ့ကြောင်း၊ ဒါ့အပြင် ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ မကုန်ဆုံးဖို့ အတတ်နိုင်ဆုံး ငြိမ်ငြိမ်လေးနေဖို့၊ အနွေးဓာတ်ရအောင် တဦးနဲ့တဦး ပူးကပ်စွာထိုင်ဖို့၊ ဂူထဲက ညစ်ပတ်တဲ့ ရေတွေထဲ ရောဂါပိုးတွေ ပါမှာစိုးလို့ အပေါ်ကကျလာတဲ့ ကျောက်စက်ရေတွေသာ သောက်သုံးစေခဲ့ကြောင်း၊ သူတို့ ဂူထဲမဝင်ခင် ကလေးတွေမှာ လက်နှိပ်ဓာတ်မီးကိုယ်စီ ပါလာပြီး ဓာတ်မီးကို ချွေတာတဲ့အနေနဲ့ တလုံးပြီးမှ တလုံးသာ အသုံးပြုစေခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ကျန်းမာရေးကို ဆေးမှူးတွေ စစ်ဆေးရာမှာ ခို့စ်အေခ်က အားလုံးထဲမှာ အားအင်အချည့်နဲ့ဆုံးသူဖြစ်ပြီး ကလေးတွေ ပြောပြချက်အရ သူတို့ယူလာတဲ့ မုန့်တွေကို ခို့စ်အေခ်က လုံးဝမစားဘဲ ကလေးတွေပဲ ကျွေးခဲ့တာလို့ ဆိုပါတယ်။

တော်ဝင်ရေတပ်က ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုဖိုင်ထဲမှာတော့ ခို့စ်အေခ်ဟာ အလွန်ချောင်ကျ ပိန်လှနေပြီး စကားလည်းမပြော၊ ကင်မရာကိုလည်း မကြည့်ဘဲ ညှိုးမှိုင်နေတာကို လူတွေ သတိထားမိကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ထိုင်းတရားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး က ခို့စ်အေဟာ ကလေးတွေကို အကောင်းဆုံးစောင့်ရှောက်နိုင်တဲ့ ခေါင်းဆောင်ကောင်းဖြစ်လို့ ကလေးတွေ အပြင်ထွက်လာရင် သူအရင်ဆုံးပွေ့ဖက်ချင်သူဟာ နည်းပြခို့စ်အေခ် ဖြစ်ကြောင်း၊ ဒါပေမယ့် သူ့မျက်နှာ မရွှင်မပျဖြစ်နေတာကို ကြည့်ချင်းအားဖြင့် သူဟာ ကလေးတွေဂူထဲ ဝင်တာကို မတားဆီးမိလို့ နောင်တရနေဟန်ရှိကြောင်း၊ သူတို့ကြောင့် အားလုံးဒုက္ခရောက်ကြလို့ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ဘဲ တစုံတခုဖြစ်သွားမှာ စိုးရိမ်ကြောင်း၊ ဒါကြောင့် နည်းပြခိုစ့်အေခ်ကို အပြစ်မယူဖို့၊ အားပေးစကားတွေ ပြောကြဖို့ ဒုဝန်ကြီးက သူ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားတောင်းဆို လိုက်ပါတယ်။

ခို့စ်အေခ်ရဲ့ ကိုယ်ရေးရာဇဝင်နဲ့ ပတ်သက်ပြီး သူကိုရင်ဘဝက နေထိုင်ခဲ့ဖူးတဲ့ လမ်းပွန်း မြို့နယ် ဆောင်ဟင်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဖရအထိကန်ဘွန်းဆုန်ကို ထိုင်းတီဗွီ NEWS 18 channel က ဆက်သွယ်မေးမြန်းရာမှာ ခို့စ်အေခ်မှာ မိဘမဲ့ကလေး တဦးဖြစ်ကြောင်း၊ ဘုန်းကြီးရဲ့ ထိုင်းလူမျိုး ဒကာတွေက မယ်ဆိုင်ကခေါ်လာတဲ့ ကိုရင်လေးတပါးကို ကျောင်းမှာ လာအပ်ထားခဲ့ကြောင်း၊ စာကြိုးစားပြီး ပထမကြီးတန်းကို အောင်မြင်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ကျောင်းဝေယျာဝစ္စ ကျေပွန်တဲ့အပြင် ရပ်ထဲရွာထဲ အလှူအတန်း၊ ဘာသာရေးပွဲ တွေလည်း ဦးဆောင်ကျင်းပတတ်တာကြောင့် ကျေးရွာအုပ်စုတခုလုံးမှာ မသိသူမရှိကြောင်း၊ ကျောင်းတိုက်မှာ ၈ နှစ်နေသွားပြီး သာသနာ့ဘောင်မှာ ထာဝရမွေ့လျော်လိုပေမယ့် တနေတော့ မြန်မာနိုင်ငံ တာချီလိတ်မှာ ကျန်ခဲ့တဲ့ တဦးတည်း ဘွားအေဖြစ်သူမှာ နေမကောင်းလို့ အဘွားကို အလုပ်အကျွေးပြုဖို့ ရှင်လူထွက်သွားခဲ့ရတယ်လို့ ဆရာတော်က မိန့်ပါတယ်။

ခို့စ်အေခ် လူထွက်ပြီးတဲ့နောက် တာချီလိတ်တဘက်ကမ်း မယ်ဆိုင်မြို့မှာ အလုပ်လုပ် ကြောင်း၊ သူဟာ ဘောလုံးကန်ခြင်း၊ စက်ဘီးစီးခြင်း စတဲ့အားကစားမှာထူးချွန်လို့ ကလေးတွေ ရဲ့ ဘောလုံးနည်းပြ စေတနာ့ဝန်ထမ်းကျောင်းဆရာဖြစ်ခဲ့တာလို့ မယ်ဆိုင် ဖရထတ်လွယ်ဝေါဝ်း ကျောင်းတိုက်က ကျောင်းထိုင်ကိုယ်တော်က AMARIN TV သတင်းဌာနကို ပြောပါတယ်။

ဒါပေမယ့် ခို့စ်အေခ်မှာ ထိုင်းမှတ်ပုံတင်မရှိတာကြောင့် တခြားခရိုင်က အားကစားပြိုင်ပွဲ တွေမှာ ကလေးတွေနဲ့အတူလိုက်သွားရင် သွားလာရေးအခက်အခဲရှိကြောင်း၊ သူ့မိဘတွေဟာ သူ့ကိုထိုင်းမှာမွေးပြီး ဆုံးပါးသွားခဲ့ပေမယ့် မွေးစာရင်းမရှိလို့ ထိုင်းမှတ်ပုံတင်လျှောက်ထားလို့ မရကြောင်း၊ လောလောဆယ် သူက မြန်မာနိုင်ငံကူးလက်မှတ်ကိုပဲ ပြန်သုံးနေရတယ်လို့ ဆရာတော်က မိန့်ကြားသွားပါတယ်။

ခို့စ်အေခ်ရဲ့ အဘွားဖြစ်သူကို ထိုင်းချနယ်လ် ၃ သတင်းထောက်က တာချီလိတ်ထိ သွားရောက်တွေ့ဆုံမေးမြန်းရာမှာ မြေးဖြစ်သူ ဂူထဲပျောက်ဆုံးနေတဲ့ အကြောင်းကြားသိရလို့ နေ့တိုင်းစိတ်ပူစွာ ငိုကျွေးခဲ့ရကြောင်း၊ အသက်ကြီးပြီး လမ်းမလျှောက်နိုင်လို့ ဂူထိလည်း လာမစောင့်နိုင်ကြောင်း၊ သူတို့ကို ပြန်တွေ့ပြီ ဆိုတော့လည်း ဝမ်းသာလွန်းလို့ ငိုရပြန်တယ်လို့ ထိုင်း တီဗွီချန်နယ်လ် ၃ မှာ ဖော်ပြသွားပါတယ်။

DVB TV News

Comments