ထူးခြားလှတဲ့ တိုက်ဆိုင်မူတစ်ခု ( သို့ မဟုတ် ) မိုင်းဖုန်းဆရာတော်ကြီး၏ ကြည်ညိုဖွယ် အစွမ်း
====================
အင်္ဂလန်နိုင်ငံက ရေငူပ်ကျွမ်းကျင် ဂျွန် ဟာ ဂူထဲမှာ သူရေငုပ်ရင်း ကြိုးတွေချည်လာခဲ့ရာကနေ ကလေးတွေရှိနေတဲ့နေရာအရောက်မှာ ကြိုးက ကုန်သွားတော့ ရေမျက်နှာပြင်ပေါ် ခေါင်းဖော်လာခဲ့တာကြောင့် ကလေးတွေကို ကျောက်တုံးပေါ်ထိုင်နေတာ တွေ့ရပါတယ်တဲ့။ အဲဒီကျောက်တုံးဟာ တော်တော်လေးကြီးနေပြီးတော့ ရေတက်ချိန်ဆိုရင်ကလေးတွေက ကျောက်တုံးအထက်ဘက်ကိုရှောင်တက်သွားတာတဲ့လေ။
အဲဒီနေ့က အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်သူတို့လေးတွေက ကျောက်တုံးရဲ့အောက်ပိုင်းကို လာနေချင်လို့ ဆင်းလာကြတာတဲ့။ တကယ်လို့ ကလေးတွေရှိတဲ့နေရာမှာ ဂျွန်ချည်နေတဲ့ကြိုးက မကုန်သေးသည်ရှိသော် ……ဂျွန်က ဆက်လက်ရေငုပ်ပြီး ကြိုးတွေကျောက်စက်တွေအတိုင်းကြိုးဆက်ချည်သွားမယ် …
သို့မဟုတ် … ဂျွန် ချည်နေတဲ့ကြိုးက ကုန်ပေမယ့် ကလေးတွေက ကျောက်တုံးအထက်ပိုင်းကနေ မဆင်းလာခဲ့သည်ရှိသော် .. ဂျွန်အနေနဲ့ ကလေးတွေကိုတွေ့မှာမဟုတ်ပါဘူး တဲ့။ တကယ်လို့ ဂျွန်ရဲ့ကြိုးဟာ ကလေးတွေရှိ်နေတဲ့နေရာမတိုင်ခင် မှာ ကုန်ခဲ့သည်ရှိသော်…… ကြိုးသစ်တချောင်းဆက်ပြီး ရေဆက်ငုပ်သွားမယ် ကလေးတွေ နေတဲ့နေရာမှာခေါင်းဖော်ဖြစ်မှာမဟုတ်ဘူး …ဆိုရင်လည်းဘဲ ကလေးတွေကို တွေ့မိမှာမဟုတ်ပါဘူး ….
ဒါကြောင့် ကျမ အနေနဲ့တော့ ဗုဒ္ဓဘသာဝင် တယောက် လည်းဖြစ် တဲ့အတွက် …. ဒါဟာ မိုင်းဖုန်းဆရာတော်ကနေလာပြီး ဂူဖွင့်ပရိတ်ရွတ်ပေးတာကြောင့်ဖြစ်တယ်လို့ယူဆတယ်။
(မယုံသူတွေ မယုံချင်နေပါ။ အတင်းလည်းမယုံခိုင်းဘူး။ အမြင်ကပ်ရင်ကျော်သွားပါ .. ကျေးဇူးပြုပြီးမဖတ်ပါနဲ့ )
ဒီညနေလည်း မိုင်းဖုန်းဆရာတော် ဂူဆီကိုတတိယအကြိမ်အဖြစ် ကြွချီတော်မူတယ်။ ၁ နာရီကြာ ဂူထဲမှာတရားထိုင်တယ် မေတ္တာပွါးတယ်။ လမ်းဖွင့်ပေးတယ် လို့မိန့်တော်မူတယ်။
ဘာမှတော့ မိန့်မသွားဘူး ကလေးတွေ ဘယ်တော့ထွက်လာနိုင်မယ်ဆိုတာ။
ဒါနဲ့စကားမစပ် ဘောလုံးအသင်း ကလေး ၁၂ ယောက်ရဲ့ နည်းပြဆရာက ရှမ်းပြည်မှာမွေးတဲ့ ရှမ်းမိဘရဲ့သား။ သို့ပေမယ့်သူ့ကိုငယ်ငယ်ကတည်းက တဖက်ကမ်းက ထိုင်းတွေက ခေါ်ယူပြီးုအပြီးမွေးစားထားလို့ သူကလည်း ထိုင်းရဲ့သားဖြစ်သွားတယ်တဲ့လေ ..
ကလေးများမြန်မြန်ထွက်လာနိုင်ပါစေ
Credit- https://burmese.asia/
Comments