အာဖရိက မွာ အိမ္ေရွ႕ မင္းသားမ်ား ေပၚထြက္ၿပီ.....



အာဖရိက မွာ အိမ္ေရွ႕ မင္းသားမ်ား ေပၚထြက္ၿပီ...

အီတာလ်ံ ဆရာေတာ္ ဦးေလာကနာထ ဟာျမန္မာႏိုင္ငံကိုလာလည္ရင္း အမိ်ဳးမိ်ဳးေသာအေၾကာင္းမ်ားေၾကာင့္ ဗုဒၶဝါဒနဲ႔ထိေတြ႕ခြင့္ရရွိျပီး ျမက္စြာဘုရားရဲ႕ ၿငိမ္းေအးရာ တရားအစစ္ျဖစ္တဲ႔ ဝိပႆ နာရဲ႕ ေအးၿငိမ္းမႈကိုခံစားရၿပီး ဗုဒၶဘာသာရဟန္းအျဖစ္ခံယူခဲ႔ပါတယ္။

ေအးၿငိမ္းမႈအစစ္ကိုခံစားရတဲ႔ ဆရာေတာ္ ဦးေလာကနာထ ဟာ သူေတြ႕ႀကံဳရတဲ႔အံ့မခန္းတရားေတာ္အစစ္ကို အီတလီမွာရွိေနတဲ႔သူ႔ေဆြမိ်ဳးေတြကိုလဲ ထိေတြ႕ခံစား စံစားေစခ်င္တဲ႔ဆႏၵအျပည့္နဲ႔ ေဆြမိ်ဳးေတြရွိရာကိုရဟန္းဝတ္နဲ႔ ဝမ္းေျမာက္စြာ အေရာက္သြားခဲ႔ပါတယ္။



ဒါေပမယ့္ ဆရာေတာ္ထင္ခဲ႔သလို ဝမ္းေျမာက္စြာႀကိဳဆိုမႈမဟုတ္ပဲ ဘာသာေျပာင္းကိုးကြယ္မႈေၾကာင့္ ညိဳျငင္မႈ ႏွိပ္စက္ခံရမႈေတြနဲ႔ႀကံဳေတြ႕ခဲ႔ရၿပီး ႏွင္ထုတ္ျခင္းကို ခံခဲ႔ရရွာပါတယ္။

ဆရာေတာ္ရဲ႕ ေစတနာဟာ ေဝဒနာေပးသလိုျဖစ္ခဲ႔တာေၾကာင့္ စိတ္မေကာင္းျခင္းမ်ားစြားနဲ႔ပဲျမန္မာႏိုင္ငံျပန္ဖို႔ဆံုးျဖတ္ခဲ႔ပါတယ္။



ဒါဟာလဲသိပ္ခက္ခဲ႔တဲ႔ဆံုးျဖတ္ခ်က္ကိုခ်ခဲ႔ရတာပါအေၾကာင္းကေတာ့ ဗုဒၶဘာသာရဟန္းမျမင္ဖူးတဲ႔ႏိုင္ငံသားမ်ားဟာ ဆရာေတာ္ကို ေပးကမ္းလွဴ ဒါန္းဖို႔ေဝးစြ စားေသာက္ဖြယ္ဆြမ္းေတာင္ ပံုမမွန္ပဲျဖစ္ေနခဲ႔ပါတယ္။

အဲ႔ဒီအခ်ိန္ သကၤန္းခြ်တ္လိုက္လ်င္ မိဘေဆြမိ်ဳးအရိပ္ေအာက္မွာ ျငိမ္းခ်မ္းစြာေနခြင့္ရွိေပမယ့္ ဘယ္လိုအခက္အခဲျဖစ္ပါေစရဟန္းဘဝနဲ႕ မလဲႏိုင္တဲ႔ဆရာေတာ္ဟာျမန္မာႏိုင္ငံကို ေျခလ်င္ျပန္ၾကြယံုသာအခြင့္အေရးရွိေတာ့တာမို႔ ဒီအတိုင္းသာေဆာင္ရြက္ဖို႔ဆံုးျဖတ္လိုက္ပါေတာ့တယ္။



တစ္ေန႔တစ္လံ ပုဂံဘယ္မေရြ႕ဆိုသလို မိုင္ေပါင္းခုႏွစ္ေထာင္ေက်ာ္ ေတာေတာင္ အသြယ္သြယ္သားရဲအႏၲရာယ္အထပ္ထပ္ၾကားကေနျမန္မာႏိုင္ငံကိုျပန္လည္ေရာက္ရွိသတင္းသံုးႏိုင္ခဲ႔ပါတယ္။

ဆရာေတာ္ဟာ ျမန္မာႏိုင္ငံျပန္ေရာက္ျပီးေမၿမိဳ႕အနီးစခန္းနားက ေက်ာင္းမွာသတင္းသံုးရင္ တစ္လေက်ာ္အၾကာမွာပဲ ပ်ံလြန္ေတာ္မူခဲ႔ပါတယ္။



ဆရာေတာ္မပ်ံလြန္ခင္ အထင္ကရေဟာၾကားခဲ႔တဲ႔တရားေလးကေတာ့====** ျမန္မာႏိုင္ငံက ဗုဒၶဘာသာဝင္ေတြဟာအိမ္ေရွ႕မင္းသားနဲ႔အလားသ႑ာန္တူပါတယ္ လူမိ်ဳးျခားကေန ဗုဒၶဘာသာလာျဖစ္ရသူဟာ သူဆင္းရဲ ျပည္သူနဲ႔တူပါတယ္။

အိမ္ေရွ႕မင္းသားေတြဟာ အခ်ိန္တန္ရင္ဘုရင္ရာထူးရမွာပဲဆိုတဲ႔ အသိေလးနဲ႔ကိုယ္ရထားတဲ႔ အိမ္ေရွ႕မင္း ရာထူးကိုတန္ဖိုးမထားၾကပါဘူး။



သာမန္ျပည္သူေတြအတြက္ ဘုရင္မေျပာနဲ႔အိမ္ေရွ႕မင္းရာထူးေတာင္ အိပ္မက္မက္ခြင့္မရွိပဲ အိမ္ေရွ႕မင္းရာထူးႀကီးရလိုက္တာဟာအင္မတန္မွ မဟာႀကီးက်ယ္ျမင့္ျမတ္မႈႀကီးပါသိပ္တန္ဖိုးႀကီးသလို အသက္နဲ႔ထပ္တူသိပ္တန္ဖိုးထားပါတယ္။



အဲ႔ဒီလိုပါပဲ ဗုဒၶဘာသာ ျမန္မာေတြဟာအိမ္ေရွ႕မင္းသားေတြပါ သူဟာဆင္းရဲသားသာမန္ျပည္သူပါ ဒါ့ေၾကာင့္ အသက္နဲ႔လဲျပီးဗုဒၶဘာသာကို မစြန္႔လႊတ္ခဲ႔တာပါ **

*** ဆရာေတာ္ ေဟာၾကားသလိုပါပဲ အာဖရိကမွာအိမ္ေရွ႕မင္းသားေတြ ေပၚေပါက္ခဲ့ပါၿပီ ***

စာၾကြင္းး

( ဆရာျမတ္ခိုင္ပို႔စ္မွ အာဖရိကန္ သာမေဏပံုမ်ားဝမ္းေျမာက္စြာေတြ႕ျမင္ခဲ႔ရသျဖင့္ လြန္ခဲ႔သည့္ႏွစ္ ႏွစ္ဆယ္ေက်ာ္မွ ဖတ္ခဲ႔ဘူးသည့္ ဆရာေတာ္ဦးေလာကနာထ ၏ ေထရုပၸတိၱ အား မွတ္မိသေလာက္ျပန္လည္ခ်ေရးလိုက္ျခင္းျဖစ္ပါသျဖင့္လိုအပ္ခ်က္မ်ားအား နားလည္ျဖည့္စြက္ေပးပါရန္)

crd - NMN

=================

အာဖရိက မှာ အိမ်ရှေ့ မင်းသားများ ပေါ်ထွက်ပြီ...

အီတာလျံ ဆရာတော် ဦးလောကနာထ ဟာမြန်မာနိုင်ငံကိုလာလည်ရင်း အမျိုးမျိုးသောအကြောင်းများကြောင့် ဗုဒ္ဓဝါဒနဲ့ထိတွေ့ခွင့်ရရှိပြီး မြက်စွာဘုရားရဲ့ ငြိမ်းအေးရာ တရားအစစ်ဖြစ်တဲ့ ဝိပဿ နာရဲ့ အေးငြိမ်းမှုကိုခံစားရပြီး ဗုဒ္ဓဘာသာရဟန်းအဖြစ်ခံယူခဲ့ပါတယ်။

အေးငြိမ်းမှုအစစ်ကိုခံစားရတဲ့ ဆရာတော် ဦးလောကနာထ ဟာ သူတွေ့ကြုံရတဲ့အံ့မခန်းတရားတော်အစစ်ကို အီတလီမှာရှိနေတဲ့သူ့ဆွေမျိုးတွေကိုလဲ ထိတွေ့ခံစား စံစားစေချင်တဲ့ဆန္ဒအပြည့်နဲ့ ဆွေမျိုးတွေရှိရာကိုရဟန်းဝတ်နဲ့ ဝမ်းမြောက်စွာ အရောက်သွားခဲ့ပါတယ်။

ဒါပေမယ့် ဆရာတော်ထင်ခဲ့သလို ဝမ်းမြောက်စွာကြိုဆိုမှုမဟုတ်ပဲ ဘာသာပြောင်းကိုးကွယ်မှုကြောင့် ညိုငြင်မှု နှိပ်စက်ခံရမှုတွေနဲ့ကြုံတွေ့ခဲ့ရပြီး နှင်ထုတ်ခြင်းကို ခံခဲ့ရရှာပါတယ်။

ဆရာတော်ရဲ့ စေတနာဟာ ဝေဒနာပေးသလိုဖြစ်ခဲ့တာကြောင့် စိတ်မကောင်းခြင်းများစွားနဲ့ပဲမြန်မာနိုင်ငံပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ဒါဟာလဲသိပ်ခက်ခဲ့တဲ့ဆုံးဖြတ်ချက်ကိုချခဲ့ရတာပါအကြောင်းကတော့ ဗုဒ္ဓဘာသာရဟန်းမမြင်ဖူးတဲ့နိုင်ငံသားများဟာ ဆရာတော်ကို ပေးကမ်းလှူ ဒါန်းဖို့ဝေးစွ စားသောက်ဖွယ်ဆွမ်းတောင် ပုံမမှန်ပဲဖြစ်နေခဲ့ပါတယ်။

အဲ့ဒီအချိန် သင်္ကန်းချွတ်လိုက်လျင် မိဘဆွေမျိုးအရိပ်အောက်မှာ ငြိမ်းချမ်းစွာနေခွင့်ရှိပေမယ့် ဘယ်လိုအခက်အခဲဖြစ်ပါစေရဟန်းဘဝနဲ့ မလဲနိုင်တဲ့ဆရာတော်ဟာမြန်မာနိုင်ငံကို ခြေလျင်ပြန်ကြွယုံသာအခွင့်အရေးရှိတော့တာမို့ ဒီအတိုင်းသာဆောင်ရွက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။

တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ဆိုသလို မိုင်ပေါင်းခုနှစ်ထောင်ကျော် တောတောင် အသွယ်သွယ်သားရဲအန္တရာယ်အထပ်ထပ်ကြားကနေမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိသတင်းသုံးနိုင်ခဲ့ပါတယ်။

ဆရာတော်ဟာ မြန်မာနိုင်ငံပြန်ရောက်ပြီးမေမြို့အနီးစခန်းနားက ကျောင်းမှာသတင်းသုံးရင် တစ်လကျော်အကြာမှာပဲ ပျံလွန်တော်မူခဲ့ပါတယ်။

ဆရာတော်မပျံလွန်ခင် အထင်ကရဟောကြားခဲ့တဲ့တရားလေးကတော့====** မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေဟာအိမ်ရှေ့မင်းသားနဲ့အလားသဏ္ဍာန်တူပါတယ် လူမျိုးခြားကနေ ဗုဒ္ဓဘာသာလာဖြစ်ရသူဟာ သူဆင်းရဲ ပြည်သူနဲ့တူပါတယ်။

အိမ်ရှေ့မင်းသားတွေဟာ အချိန်တန်ရင်ဘုရင်ရာထူးရမှာပဲဆိုတဲ့ အသိလေးနဲ့ကိုယ်ရထားတဲ့ အိမ်ရှေ့မင်း ရာထူးကိုတန်ဖိုးမထားကြပါဘူး။

သာမန်ပြည်သူတွေအတွက် ဘုရင်မပြောနဲ့အိမ်ရှေ့မင်းရာထူးတောင် အိပ်မက်မက်ခွင့်မရှိပဲ အိမ်ရှေ့မင်းရာထူးကြီးရလိုက်တာဟာအင်မတန်မှ မဟာကြီးကျယ်မြင့်မြတ်မှုကြီးပါသိပ်တန်ဖိုးကြီးသလို အသက်နဲ့ထပ်တူသိပ်တန်ဖိုးထားပါတယ်။

အဲ့ဒီလိုပါပဲ ဗုဒ္ဓဘာသာ မြန်မာတွေဟာအိမ်ရှေ့မင်းသားတွေပါ သူဟာဆင်းရဲသားသာမန်ပြည်သူပါ ဒါ့ကြောင့် အသက်နဲ့လဲပြီးဗုဒ္ဓဘာသာကို မစွန့်လွှတ်ခဲ့တာပါ **

*** ဆရာတော် ဟောကြားသလိုပါပဲ အာဖရိကမှာအိမ်ရှေ့မင်းသားတွေ ပေါ်ပေါက်ခဲ့ပါပြီ ***

စာကြွင်းး

( ဆရာမြတ်ခိုင်ပို့စ်မှ အာဖရိကန် သာမဏေပုံများဝမ်းမြောက်စွာတွေ့မြင်ခဲ့ရသဖြင့် လွန်ခဲ့သည့်နှစ် နှစ်ဆယ်ကျော်မှ ဖတ်ခဲ့ဘူးသည့် ဆရာတော်ဦးလောကနာထ ၏ ထေရုပ္ပတ္တိ အား မှတ်မိသလောက်ပြန်လည်ချရေးလိုက်ခြင်းဖြစ်ပါသဖြင့်လိုအပ်ချက်များအား နားလည်ဖြည့်စွက်ပေးပါရန်)

crd - NMN

Comments