ျမန္မာနိုင္ငံမွာ မိုးပ်ံ အျမန္လမ္းမႀကီးကုိ ၃ႏွစ္အတြင္း အၿပီးေဆာက္ေတာ့မည္...



ျမန္မာနိုင္ငံမွာ မိုးပ်ံ အျမန္လမ္းမႀကီးကုိ ၃ႏွစ္အတြင္း အၿပီးေဆာက္ေတာ့မည္ဘယ္ျမိဳ႕မွာလည္းဆိုေတာ့...

ရန္ကုန္ၿမိဳ႕၌ တည္ေဆာက္မည့္ မိုးပ်ံ အျမန္လမ္းမႀကီး (Yangon Elevated Expressway) စီမံကိန္းကို ၂၀၁၉ ခုႏွစ္ တြင္ လုပ္ငန္းမ်ား စတင္ အေကာင္အထည္ ေဖာ္မည္ျဖစ္ၿပီး ၃ ႏွစ္အတြင္း အၿပီးတည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း သတင္း ရရွိသည္။

ယေန႔ ေနျပည္ေတာ္ရွိ ျပည္သူ႔လႊတ္ေတာ္တြင္ ေက်ာက္တံတားၿမိဳ႕နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေနမ်ိဳးထက္၏ ရန္ကုန္တိုင္း အတြင္း ျပည္သူမ်ား သြားလာမွု အဆင္ေျပေစရန္ႏွင့္ ကားၾကပ္တည္းမွုမ်ား ေလ်ာ့ပါးေစရန္ Inner Ring Road ျပဳလုပ္ရန္ စီစဥ္ထားမွု အေျခအေနႏွင့္ ပတ္သက္သည့္ ေမးခြန္းကို ေဆာက္လုပ္ေရး ဒုဝန္ႀကီး ဦးေက်ာ္လင္းက အထက္ပါအတိုင္း ေျဖဆိုျခင္း ျဖစ္သည္။

ယင္းစီမံကိန္းကို တည္ေဆာက္ရန္ စိတ္ဝင္စားသည့္ နိုင္ငံေပါင္း ၁၂ ခုရွိ ကုမၸဏီေပါင္း ၅၃ ခုထဲမွေန၍ အဆင့္ဆင့္ စိစစ္ၿပီးေနာက္ စီမံကိန္း တတိယအဆင့္အျဖစ္ Request for Proposal ကို ၂၀၁၈ ခုႏွစ္ နိုဝင္ဘာႏွင့္ ဒီဇင္ဘာလတို႔ တြင္ ေခၚယူကာ ေနာက္ဆုံးပိတ္ ေအာင္ျမင္သည့္ ကုမၸဏီ တဖြဲ႕ သို႔မဟုတ္ ၄ ဖြဲ႕အတြင္းမွ အတည္ျပဳ ေရြးခ်ယ္မည္ ျဖစ္ ေၾကာင္း သိရသည္။

“၂၀၁၉ ခုႏွစ္ အစပိုင္းမွာပဲ Inner Ring Road ကို စတင္ ေဆာင္ရြက္သြား မွာ ျဖစ္ပါတယ္။ စတင္ ေဆာင္ရြက္တဲ့ အခ်ိန္ ကေန စၿပီးေတာ့ ၃ ႏွစ္အတြင္းမွာ အၿပီးတည္ေဆာက္သြားမွာ ျဖစ္ၿပီးေတာ့ ဒီစီမံကိန္း လုပ္ငန္းကို နိုင္ငံေတာ္ ဘ႑ာေငြနဲ႔ တည္ေဆာက္မွာ မဟုတ္ဘဲနဲ႔ နိုင္ငံတကာ ကုမၸဏီေတြရဲ့ ကိုယ္ပိုင္ အရင္းအႏွီးနဲ႔ ေဆာင္ရြက္သြားေစမွာ ျဖစ္ပါတယ္” ဟု ဒုဝန္ႀကီး ဦးေက်ာ္လင္းက ေျပာသည္။



ရန္ကုန္ မိုးပ်ံ အျမန္လမ္း စီမံကိန္းသည္ ဗိုလ္တေထာင္ဘုရားလမ္းႏွင့္ ကမ္းနားလမ္းေထာင့္မွစတင္၍ ဗိုလ္တေထာင္ ဘုရားလမ္း၊ ဗိုလ္ခ်ဳပ္လမ္း၊ ပုဇြန္ေတာင္၊ ေျမာက္ဥကၠလာ၊ ခေရပင္လမ္း၊ ေအာက္မဂၤလာဒုံလမ္း၊ ဘုရင့္ေနာင္လမ္း၊ ၾကည့္ျမင့္တိုင္ လမ္းတို႔ကို ျဖတ္သန္းၿပီး ပန္းလွိုင္လမ္းေထာင့္တြင္ ဆုံးမည့္ လုပ္ငန္းစဥ္တခု ျဖစ္ေၾကာင္း၊ မိုးပ်ံလမ္း အရွည္သည္ ၄၇ ကီလိုမီတာခန႔္ ရွိမည္ ျဖစ္၍ စီမံကိန္း၏ Phase 1 အျဖစ္ ဗိုလ္တေထာင္ ဘုရားလမ္းထိပ္မွ မဂၤလာဒုံ ခေရပင္ လမ္းဆုံအထိကို စတင္မည္ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဒု ဝန္ႀကီးက ေျပာသည္။

သက္ဆိုင္ရာ ဝန္ႀကီးဌာနက ယခုစီမံကိန္းႏွင့္ ပတ္သက္၍ နိုင္ငံဘ႑ာကို သုံးစြဲမည္ မဟုတ္ဟု ဆိုေသာ္လည္း အစိုးရ ၏ အာမခံခ်က္၊ ကတိကဝတ္ျဖင့္ ေဆာက္လုပ္ရမည္ ျဖစ္ရာ ေနာက္ပိုင္းတြင္ နိုင္ငံျခား ေခ်းေငြ ျဖစ္လာနိုင္ေၾကာင္း၊ လက္ရွိတြင္ နိုင္ငံျခား ရင္းႏွီးျမႇုပ္ႏွံမွု မရွိသျဖင့္ ျပႆနာတခ်ိဳ႕ ရွိေနရာ အစိုးရတြင္လည္း တံတား ေဆာက္လုပ္နိုင္ သည့္ ေငြ မရွိေၾကာင္း မဂၤလာဒုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္လွိုင္ဝင္းက ေျပာဆိုသည္။

“ဒီပိုက္ဆံကို ဘယ္လို သုံးမလဲဆိုတာ အခုထိ မဆုံးျဖတ္ရေသးဘူးလို႔ ထင္တယ္။ နိုင္ငံတကာမွာ မိုးပ်ံတံတား တစင္း ဟာ ခန႔္မွန္း တြက္ခ်က္ၾကည့္ရင္ တမိုင္ကို ေဒၚလာ ၁၀ သန္းေလာက္ ကုန္တယ္။ ျမန္မာေငြနဲ႔ ဆိုရင္ က်ပ္ ၁၄ ဘီလ်ံ ေလာက္ သြားက်မယ္။ သူေျပာတဲ့ မိုင္ပမာဏဆိုရင္ နည္းနည္းေနာေနာ ကုန္က်ေငြလား။ မလြယ္ဘူး”ဟုလည္း ၎က ေျပာသည္။



ေဆာက္လုပ္ေရး ဝန္ႀကီးဌာနကမူ ျပန္လည္ ရရွိမည့္ ေငြေၾကးမွာ ယင္းမိုးပ်ံလမ္းေပၚမွ ျဖတ္သန္း သြားလာမည့္ ေမာ္ေတာ္ယာဥ္မ်ား ထံမွ လမ္းျဖတ္သန္းခ ေကာက္ခံၿပီး အရင္းေၾကရန္ႏွင့္ အက်ိဳးအျမတ္ ရရန္တို႔ကို စီမံ ေဆာင္ရြက္ ရမည့္ စနစ္ဟု ေျပာဆိုထားသည္။

ရန္ကုန္ၿမိဳ႕ ယာဥ္ေၾကာ က်ပ္တည္းမွု၏ အေျခအေနကို ေျဖရွင္းနိုင္ရန္ Yangon Inner Road Plan ကို ဂ်ပန္ အျပည္ ျပည္ ဆိုင္ရာ ပူးေပါင္း ေဆာင္ရြက္ေရး ေအဂ်င္စီ (JICA) မွ ပဏာမ အဆိုျပဳ တင္ျပခဲ့ၿပီး ယင္း အဆိုျပဳ တင္ျပခ်က္ကို ေဆာက္ လုပ္ေရး ဝန္ႀကီးဌာနမွ World Bank Group အဖြဲ႕ဝင္ ျဖစ္သည့္ International Finance Corporation (IFC) ကို Consultant (အႀကံေပး) အျဖစ္ ငွားရမ္းကာ အဆိုပါ ရန္ကုန္ Inner Ring Road ကို အျပည္ျပည္ဆိုင္ရာ ဖိတ္ေခၚတင္ဒါ စနစ္ျဖင့္ စတင္ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

စီမံကိန္း အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရန္အတြက္ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနႏွင့္ IFC တို႔သည္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလတြင္ စာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့ၿပီး စာခ်ဳပ္အရ IFC သည္ ရန္ကုန္ Inner Ring Road ျဖစ္သည့္ ရန္ကုန္ မိုးပ်ံ အျမန္လမ္းမႀကီးကို အသုံးျပဳမည့္ နိုင္ငံ၊ သုံးစြဲမည့္ ျပည္သူႏွင့္ ရင္းႏွီးျမႇုပ္ႏွံသူ တို႔ၾကား အက်ိဳးရွိ အဆင္ေၿပ ေစ မည့္ ရင္းႏွီးျမႇုပ္ႏွံမွု ပုံစံတခုကို ရွာေဖြ ေပးရမည္ဟု ဆိုသည္။

စီမံကိန္းကို ရန္ကုန္တိုင္း ေဒသႀကီး အစိုးရအဖြဲ႕ႏွင့္ ညႇိႏွိုင္း၍ အစိုးရႏွင့္ ပုဂၢလိက ပူးေပါင္းေဆာင္ရြက္သည့္ PPP အစီ အစဥ္ျဖင့္ ေဖာ္ေဆာင္သြားမည္ ျဖစ္ကာ ရန္ကုန္ၿမိဳ႕ တြင္း၊ ရန္ကုန္ဆိပ္ကမ္း၊ ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္၊ မဂၤလာဒုံ စက္မွုဇုန္ႏွင့္ ရန္ကုန္-မႏၲေလး အျမန္လမ္းတို႔ကို ဆက္သြယ္ေပးသြားမည္ဟုလည္း သိရသည္။

EIO အဆိုျပဳ ေလၽွာက္လႊာ တင္သြင္းသည့္ ကုမၸဏီ ၅၃ ခုမွာ ျပည္တြင္း ကုမၸဏီ စုစုေပါင္း ၁၆ ခုရွိၿပီး ျပည္ပ ကုမၸဏီ မ်ား ထဲ တြင္ တ႐ုတ္နိုင္ငံမွ ၁၃ ခု၊ ဂ်ပန္ ၇ ခု၊ ကိုရီးယား ၄ ခု၊ အိႏၵိယ ၃ ခု၊ ထိုင္း ၂ ခု၊ တူရကီ ၂ ခု၊ မေလးရွား ၁ ခု၊ အင္ဒိုနီးရွား ၁ ခု၊ ဖိလစ္ပိုင္ ၁ ခု၊ ဗီယက္နမ္ ၁ ခု၊ ျပင္သစ္ ၁ ခုႏွင့္ မေလးရွားႏွင့္ ျမန္မာ ဖက္စပ္ ကုမၸဏီ ၁ ခုဟူ ၍ စုစုေပါင္း ကုမၸဏီ ၅၃ ခုက တင္သြင္းခဲ့ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၏ စာရင္းဇယားမ်ားတြင္ ေဖာ္ျပထား သည္။

Irrawaddy

==========

ရန်ကုန်မြို့၌ တည်ဆောက်မည့် မိုးပျံ အမြန်လမ်းမကြီး (Yangon Elevated Expressway) စီမံကိန်းကို ၂၀၁၉ ခုနှစ် တွင် လုပ်ငန်းများ စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး ၃ နှစ်အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ယနေ့ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်တွင် ကျောက်တံတားမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်၏ ရန်ကုန်တိုင်း အတွင်း ပြည်သူများ သွားလာမှု အဆင်ပြေစေရန်နှင့် ကားကြပ်တည်းမှုများ လျော့ပါးစေရန် Inner Ring Road ပြုလုပ်ရန် စီစဉ်ထားမှု အခြေအနေနှင့် ပတ်သက်သည့် မေးခွန်းကို ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းက အထက်ပါအတိုင်း ဖြေဆိုခြင်း ဖြစ်သည်။

ယင်းစီမံကိန်းကို တည်ဆောက်ရန် စိတ်ဝင်စားသည့် နိုင်ငံပေါင်း ၁၂ ခုရှိ ကုမ္ပဏီပေါင်း ၅၃ ခုထဲမှနေ၍ အဆင့်ဆင့် စိစစ်ပြီးနောက် စီမံကိန်း တတိယအဆင့်အဖြစ် Request for Proposal ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့ တွင် ခေါ်ယူကာ နောက်ဆုံးပိတ် အောင်မြင်သည့် ကုမ္ပဏီ တဖွဲ့ သို့မဟုတ် ၄ ဖွဲ့အတွင်းမှ အတည်ပြု ရွေးချယ်မည် ဖြစ် ကြောင်း သိရသည်။

“၂၀၁၉ ခုနှစ် အစပိုင်းမှာပဲ Inner Ring Road ကို စတင် ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။ စတင် ဆောင်ရွက်တဲ့ အချိန် ကနေ စပြီးတော့ ၃ နှစ်အတွင်းမှာ အပြီးတည်ဆောက်သွားမှာ ဖြစ်ပြီးတော့ ဒီစီမံကိန်း လုပ်ငန်းကို နိုင်ငံတော် ဘဏ္ဍာငွေနဲ့ တည်ဆောက်မှာ မဟုတ်ဘဲနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေရဲ့ ကိုယ်ပိုင် အရင်းအနှီးနဲ့ ဆောင်ရွက်သွားစေမှာ ဖြစ်ပါတယ်” ဟု ဒုဝန်ကြီး ဦးကျော်လင်းက ပြောသည်။

ရန်ကုန် မိုးပျံ အမြန်လမ်း စီမံကိန်းသည် ဗိုလ်တထောင်ဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်မှစတင်၍ ဗိုလ်တထောင် ဘုရားလမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာ၊ ခရေပင်လမ်း၊ အောက်မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင့်တိုင် လမ်းတို့ကို ဖြတ်သန်းပြီး ပန်းလှိုင်လမ်းထောင့်တွင် ဆုံးမည့် လုပ်ငန်းစဉ်တခု ဖြစ်ကြောင်း၊ မိုးပျံလမ်း အရှည်သည် ၄၇ ကီလိုမီတာခန့် ရှိမည် ဖြစ်၍ စီမံကိန်း၏ Phase 1 အဖြစ် ဗိုလ်တထောင် ဘုရားလမ်းထိပ်မှ မင်္ဂလာဒုံ ခရေပင် လမ်းဆုံအထိကို စတင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဒု ဝန်ကြီးက ပြောသည်။

သက်ဆိုင်ရာ ဝန်ကြီးဌာနက ယခုစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံဘဏ္ဍာကို သုံးစွဲမည် မဟုတ်ဟု ဆိုသော်လည်း အစိုးရ ၏ အာမခံချက်၊ ကတိကဝတ်ဖြင့် ဆောက်လုပ်ရမည် ဖြစ်ရာ နောက်ပိုင်းတွင် နိုင်ငံခြား ချေးငွေ ဖြစ်လာနိုင်ကြောင်း၊ လက်ရှိတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မရှိသဖြင့် ပြဿနာတချို့ ရှိနေရာ အစိုးရတွင်လည်း တံတား ဆောက်လုပ်နိုင် သည့် ငွေ မရှိကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောဆိုသည်။

“ဒီပိုက်ဆံကို ဘယ်လို သုံးမလဲဆိုတာ အခုထိ မဆုံးဖြတ်ရသေးဘူးလို့ ထင်တယ်။ နိုင်ငံတကာမှာ မိုးပျံတံတား တစင်း ဟာ ခန့်မှန်း တွက်ချက်ကြည့်ရင် တမိုင်ကို ဒေါ်လာ ၁၀ သန်းလောက် ကုန်တယ်။ မြန်မာငွေနဲ့ ဆိုရင် ကျပ် ၁၄ ဘီလျံ လောက် သွားကျမယ်။ သူပြောတဲ့ မိုင်ပမာဏဆိုရင် နည်းနည်းနောနော ကုန်ကျငွေလား။ မလွယ်ဘူး”ဟုလည်း ၎င်းက ပြောသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနကမူ ပြန်လည် ရရှိမည့် ငွေကြေးမှာ ယင်းမိုးပျံလမ်းပေါ်မှ ဖြတ်သန်း သွားလာမည့် မော်တော်ယာဉ်များ ထံမှ လမ်းဖြတ်သန်းခ ကောက်ခံပြီး အရင်းကြေရန်နှင့် အကျိုးအမြတ် ရရန်တို့ကို စီမံ ဆောင်ရွက် ရမည့် စနစ်ဟု ပြောဆိုထားသည်။

ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တည်းမှု၏ အခြေအနေကို ဖြေရှင်းနိုင်ရန် Yangon Inner Road Plan ကို ဂျပန် အပြည် ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ပဏာမ အဆိုပြု တင်ပြခဲ့ပြီး ယင်း အဆိုပြု တင်ပြချက်ကို ဆောက် လုပ်ရေး ဝန်ကြီးဌာနမှ World Bank Group အဖွဲ့ဝင် ဖြစ်သည့် International Finance Corporation (IFC) ကို Consultant (အကြံပေး) အဖြစ် ငှားရမ်းကာ အဆိုပါ ရန်ကုန် Inner Ring Road ကို အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်တင်ဒါ စနစ်ဖြင့် စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် IFC တို့သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်အရ IFC သည် ရန်ကုန် Inner Ring Road ဖြစ်သည့် ရန်ကုန် မိုးပျံ အမြန်လမ်းမကြီးကို အသုံးပြုမည့် နိုင်ငံ၊ သုံးစွဲမည့် ပြည်သူနှင့် ရင်းနှီးမြှုပ်နှံသူ တို့ကြား အကျိုးရှိ အဆင်ပြေ စေ မည့် ရင်းနှီးမြှုပ်နှံမှု ပုံစံတခုကို ရှာဖွေ ပေးရမည်ဟု ဆိုသည်။

စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် PPP အစီ အစဉ်ဖြင့် ဖော်ဆောင်သွားမည် ဖြစ်ကာ ရန်ကုန်မြို့ တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတို့ကို ဆက်သွယ်ပေးသွားမည်ဟုလည်း သိရသည်။

EIO အဆိုပြု လျှောက်လွှာ တင်သွင်းသည့် ကုမ္ပဏီ ၅၃ ခုမှာ ပြည်တွင်း ကုမ္ပဏီ စုစုပေါင်း ၁၆ ခုရှိပြီး ပြည်ပ ကုမ္ပဏီ များ ထဲ တွင် တရုတ်နိုင်ငံမှ ၁၃ ခု၊ ဂျပန် ၇ ခု၊ ကိုရီးယား ၄ ခု၊ အိန္ဒိယ ၃ ခု၊ ထိုင်း ၂ ခု၊ တူရကီ ၂ ခု၊ မလေးရှား ၁ ခု၊ အင်ဒိုနီးရှား ၁ ခု၊ ဖိလစ်ပိုင် ၁ ခု၊ ဗီယက်နမ် ၁ ခု၊ ပြင်သစ် ၁ ခုနှင့် မလေးရှားနှင့် မြန်မာ ဖက်စပ် ကုမ္ပဏီ ၁ ခုဟူ ၍ စုစုပေါင်း ကုမ္ပဏီ ၅၃ ခုက တင်သွင်းခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများတွင် ဖော်ပြထား သည်။

Irrawaddy

Comments