ကေလးေတြအားလံုးရဲ႕ မိဘေတြကို နည္းျပဆရာေလးက ေတာင္းပန္ပါေၾကာင္း....


လိႈဏ္ဂူထဲပိတ္မိေနဆဲျဖစ္တဲ့ လူငယ္ေတြရဲ႕နည္းျပက မိဘေတြကုိ ေတာင္းပန္
လိႈဏ္ဂူထဲမွာ ႏွစ္ပတ္ၾကာပိတ္မိေနတဲ့ ၂၅ ႏွစ္အရြယ္ ေဘာလုံးအသင္းနည္းျပဟာ လူငယ္ေလးေတြရဲ႕မိဘေတြကုိ ေတာင္းပန္စကားဆုိခဲ့တယ္လုိ႔ ထုိင္းေရတပ္က စေနေန႔မွာ ထုတ္ျပန္ေၾကညာလုိက္ပါတယ္။
ထုိင္းတစ္မ်ိဳးသားလုံးဟာ လူငယ္ေလးေတြအေနနဲ႔ မုိးၾကီးတဲ့ဒဏ္နဲ႔ ေအာက္ဆီဂ်င္ျပတ္လပ္တဲ့ဒဏ္မခံႏုိင္မွာကုိ စုိးရိမ္ေနၾကပါတယ္။ေသာၾကာေန႔မွာ Ekkapol Chantawong က “ကေလးေတြအားလုံးေနေကာင္းပါတယ္ဗ်ာ။
သူတုိ႔ေလးေတြကုိ ကၽြန္ေတာ္အတတ္ႏုိင္ဆုံးေစာင့္ေရွာက္သြားမွာပါ။ မိဘေတြကုိေျပာေပးပါဦး” ဆုိျပီး ေရငုပ္သမားကုိ တဆင့္ေျပာၾကားခဲ့တယ္လုိ႔ ထုိင္းေရတပ္ရဲ႕ Thai Navy SEAL Facebook စာမ်က္မွာမွာ ေဖာ္ျပခဲ့ပါတယ္။
“အတတ္ႏုိင္ဆုံးကူညီေပးၾကတဲ့အတြက္ ေက်းဇူးတင္ပါတယ္၊ မိဘေတြကုိလည္း ကၽြန္ေတာ္ေတာင္းပန္ပါတယ္ဗ်ာ။”ကေလးေတြကလည္း သူတို႔မိသားစုဆီကုိ စာေတြပုိ႔လုိက္ပါေသးတယ္။Bew လုိ႔ေခၚၾကတဲ့ ေကာင္ေလးတစ္ေယာက္က သူ႕အေဖနဲ႔အေမကုိမစုိးရိမ္ဖုိ႔ေျပာထားပါတယ္။
သားျပန္မလာတာ ၂ ပတ္ရွိျပီ။ ဒါေပမယ့္ျပန္ေရာက္တာနဲ႔အေဖတုိ႔ကုိကူလုပ္မယ္ လုိ႔ေျပာပါတယ္။ သူ႕မိသားစုကဆိုင္ဖြင့္ထားတာျဖစ္ပါတယ္။Dom ကေတာ့ ဘာမွမျဖစ္ပါဘူး၊ နည္းနည္းေတာ့ေအးတယ္ လုိ႔ေျပာလာပါတယ္။
မေတာ္တဆေရၾကီးလာရင္ လႊတ္ေျမာက္ႏုိင္ေအာင္ လူငယ္ေလးေတြကုိေရငုပ္နည္းအေျခခံေတြ စတင္သင္ၾကားေပးေနေပမယ့္ ကေလးေတြကုိ ေရငုပ္ခုိင္းလုိ႔မရေသးဘူးလုိ႔ ေသာၾကာေန႔ညေနပုိင္းမွာ အာဏာပုိင္ေတြက ေျပာခဲ့ပါတယ္။Ekkapol ရဲ႕ေတာင္းပန္စကားေရာက္လာတာနဲ႔ တျပိဳင္နက္ ထုိင္းလူမႈကြန္ယက္မွာ ျပန္႔ႏွံ႔သြားခဲ့တာျဖစ္ပါတယ္။
တခ်ိဳ႕ကေတာ့ အေမွာင္ထုထဲမွာ ၉ ရက္ေလာက္ဒုကၶေရာက္ေနတဲ့ လူငယ္ေလးေတြကုိ အစာေ၀မွ်ေပးခဲ့တဲ့သူ႕ကုိ ခ်ီးမြမ္းၾကပါတယ္။တခ်ိဳ႕ကေတာ့ သူ႕ကုိ မုိးရာသီအတြင္းမွာ ကေလးေတြကုိ လိႈဏ္ဂူထဲေခၚသြားတဲ့အတြက္ အျပစ္တင္ေ၀ဖန္ၾကပါတယ္။ကယ္ဆယ္ေရးအဖြဲ႕ကေတာ့ အားျပင္းတဲ့ ေရစုပ္စက္ေတြနဲ႔ လိႈဏ္ဂူထဲကေရေတြကုိ မရပ္မနား စုပ္ထုတ္ေနဆဲျဖစ္ပါတယ္။ အၾကီးအကဲေတြကလည္း ကေလးေတြကုိ အျပင္ကယ္ထုတ္ႏုိင္ဖုိ႔ ၾကိဳးပမ္းလ်က္ရွိတယ္လုိ႔သိရပါတယ္။
Credit to Mizzima
=========
လှိုဏ်ဂူထဲပိတ်မိနေဆဲဖြစ်တဲ့ လူငယ်တွေရဲ့နည်းပြက မိဘတွေကို တောင်းပန်
လှိုဏ်ဂူထဲမှာ နှစ်ပတ်ကြာပိတ်မိနေတဲ့ ၂၅ နှစ်အရွယ် ဘောလုံးအသင်းနည်းပြဟာ လူငယ်လေးတွေရဲ့မိဘတွေကို တောင်းပန်စကားဆိုခဲ့တယ်လို့ ထိုင်းရေတပ်က စနေနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ထိုင်းတစ်မျိုးသားလုံးဟာ လူငယ်လေးတွေအနေနဲ့ မိုးကြီးတဲ့ဒဏ်နဲ့ အောက်ဆီဂျင်ပြတ်လပ်တဲ့ဒဏ်မခံနိုင်မှာကို စိုးရိမ်နေကြပါတယ်။သောကြာနေ့မှာ Ekkapol Chantawong က “ကလေးတွေအားလုံးနေကောင်းပါတယ်ဗျာ။
သူတို့လေးတွေကို ကျွန်တော်အတတ်နိုင်ဆုံးစောင့်ရှောက်သွားမှာပါ။ မိဘတွေကိုပြောပေးပါဦး” ဆိုပြီး ရေငုပ်သမားကို တဆင့်ပြောကြားခဲ့တယ်လို့ ထိုင်းရေတပ်ရဲ့ Thai Navy SEAL Facebook စာမျက်မှာမှာ ဖော်ပြခဲ့ပါတယ်။
“အတတ်နိုင်ဆုံးကူညီပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မိဘတွေကိုလည်း ကျွန်တော်တောင်းပန်ပါတယ်ဗျာ။”ကလေးတွေကလည်း သူတို့မိသားစုဆီကို စာတွေပို့လိုက်ပါသေးတယ်။Bew လို့ခေါ်ကြတဲ့ ကောင်လေးတစ်ယောက်က သူ့အဖေနဲ့အမေကိုမစိုးရိမ်ဖို့ပြောထားပါတယ်။
သားပြန်မလာတာ ၂ ပတ်ရှိပြီ။ ဒါပေမယ့်ပြန်ရောက်တာနဲ့အဖေတို့ကိုကူလုပ်မယ် လို့ပြောပါတယ်။ သူ့မိသားစုကဆိုင်ဖွင့်ထားတာဖြစ်ပါတယ်။Dom ကတော့ ဘာမှမဖြစ်ပါဘူး၊ နည်းနည်းတော့အေးတယ် လို့ပြောလာပါတယ်။
မတော်တဆရေကြီးလာရင် လွှတ်မြောက်နိုင်အောင် လူငယ်လေးတွေကိုရေငုပ်နည်းအခြေခံတွေ စတင်သင်ကြားပေးနေပေမယ့် ကလေးတွေကို ရေငုပ်ခိုင်းလို့မရသေးဘူးလို့ သောကြာနေ့ညနေပိုင်းမှာ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။Ekkapol ရဲ့တောင်းပန်စကားရောက်လာတာနဲ့ တပြိုင်နက် ထိုင်းလူမှုကွန်ယက်မှာ ပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။
တချို့ကတော့ အမှောင်ထုထဲမှာ ၉ ရက်လောက်ဒုက္ဓရောက်နေတဲ့ လူငယ်လေးတွေကို အစာဝေမျှပေးခဲ့တဲ့သူ့ကို ချီးမွမ်းကြပါတယ်။တချို့ကတော့ သူ့ကို မိုးရာသီအတွင်းမှာ ကလေးတွေကို လှိုဏ်ဂူထဲခေါ်သွားတဲ့အတွက် အပြစ်တင်ဝေဖန်ကြပါတယ်။ကယ်ဆယ်ရေးအဖွဲ့ကတော့ အားပြင်းတဲ့ ရေစုပ်စက်တွေနဲ့ လှိုဏ်ဂူထဲကရေတွေကို မရပ်မနား စုပ်ထုတ်နေဆဲဖြစ်ပါတယ်။ အကြီးအကဲတွေကလည်း ကလေးတွေကို အပြင်ကယ်ထုတ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိတယ်လို့သိရပါတယ်။
Credit to Mizzima

Comments