ေသဆုံးသူ ေရငုပ္သမားကုိ အခမ္းအနားျဖင့္ သၿဂႋဳဟ္ရန္ ထုိင္းဘုရင္ ေျပာၾကား.....


ေသဆုံး ေရငုပ္သမားကုိ အခမ္းအနားျဖင့္ သၿဂႋဳဟ္ရန္ ထုိင္းဘုရင္ ေျပာ
ထိုင္းႏိုင္ငံမွာ ဂူတြင္းပိတ္မိေနတဲ့ ကေလးငယ္ေတြကို ကူညီကယ္တင္တဲ့အဖြဲ႔က ေအာက္ဆီဂ်င္ျပတ္ၿပီး ေသဆံုးသြားတဲ့ ေရငုပ္သမားကုိ ဂုဏ္သေရရွိရွိ အခမ္းအနားနဲ႔ သၿဂႋဳဟ္ဖုိ႔ ထုိင္းဘုရင္က မွာၾကားလုိက္ပါတယ္။
ေက်ာက္ဂူထဲ ပိတ္မိေနတဲ့ ကေလးေတြ ကယ္ဆယ္ေရးအတြက္ ဝင္ေရာက္ အကူအညီေပးေနတဲ့ အသက္ ၃၈ ႏွစ္အရြယ္ ထုိင္းပင္လယ္ဖ်ံေရတပ္ဖြဲ႔ဝင္ေဟာင္း ဆာမန္ကူနန္ဟာ မေန႔ညက ဂူအတြင္း ကယ္ဆယ္ေရးလုပ္ငန္းေတြအတြက္ ေအာက္ဆီဂ်င္အိုးေတြ လဲလွယ္ၿပီး အျပန္မွာ ေအာက္စီဂ်င္ျပတ္ၿပီး ေသဆုံးသြားတယ္လုိ႔ တာဝန္ရွိသူတဦးက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
ကေလးေတြ ကယ္ဆယ္ေရးအတြက္ ထိုင္းတာဝန္ရွိသူေတြက နည္းလမ္းေပါင္းစံုနဲ႔ ႀကိဳးစားေနေပမယ့္ ဂူအတြင္း ေရေတြစုပ္ထုတ္တဲ့ ေနရာမွာ အခက္အခဲ ျဖစ္ေနၾကတာပါ။ထိုင္းပင္လယ္ဖ်ံေရတပ္ဖြဲ႔ေတြအျပင္ ႏိုင္ငံျခား ေရငုပ္တပ္ဖြဲ႔ဝင္ေတြ၊ ျပင္ပကၽြမ္းက်င္ ပညာရွင္ေတြနဲ႔ ကယ္ဆယ္ေရးအတြက္ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။
လက္ရွိ ဂူအမွတ္ ၁ နဲ႔ ဂူအမွတ္ ၂ ဟာ လမ္းေလွ်ာက္သြားလို႔ ရေနေပမယ့္ ဂူအမွတ္ ၃ ကိုေတာ့ ေရငုပ္သြားေနရတာ ျဖစ္ပါတယ္။ကေလးေတြရွိတဲ့ေနရာကို ေအာက္ဆီဂ်င္ပိုက္လိုင္းနဲ႔ ဖုန္းလိုင္း အျမန္ေရာက္ရွိဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။အခုရက္ပိုင္း ထုိင္းႏိုင္ငံ ေျမာက္ပိုင္းမွာ မိုးသည္းထန္စြာရြာသြန္းဖို႔ ရွိတယ္လို႔လည္း ထုိင္း မိုးေလဝသက ထုတ္ျပန္ထားတာေၾကာင့္ ကေလးေတြ ကယ္ဆယ္ေရးအတြက္ အျပင္းအထန္ ႀကိဳးစားေနၾကတယ္လို႔လည္း ဆိုပါတယ္။
ကုိဇက္
Credit to DVB
သေဆုံး ရေငုပ်သမားကို အခမ်းအနားဖြင့် သင်္ဂြိုဟ်ရန် ထိုင်းဘုရင် ပြော
ထိုင်းနိုင်ငံမှာ ဂူတွင်းပိတ်မိနေတဲ့ ကလေးငယ်တွေကို ကူညီကယ်တင်တဲ့အဖွဲ့က အောက်ဆီဂျင်ပြတ်ပြီး သေဆုံးသွားတဲ့ ရေငုပ်သမားကို ဂုဏ်သရေရှိရှိ အခမ်းအနားနဲ့ သင်္ဂြိုဟ်ဖို့ ထိုင်းဘုရင်က မှာကြားလိုက်ပါတယ်။
ကျောက်ဂူထဲ ပိတ်မိနေတဲ့ ကလေးတွေ ကယ်ဆယ်ရေးအတွက် ဝင်ရောက် အကူအညီပေးနေတဲ့ အသက် ၃၈ နှစ်အရွယ် ထိုင်းပင်လယ်ဖျံရေတပ်ဖွဲ့ဝင်ဟောင်း ဆာမန်ကူနန်ဟာ မနေ့ညက ဂူအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အောက်ဆီဂျင်အိုးတွေ လဲလှယ်ပြီး အပြန်မှာ အောက်စီဂျင်ပြတ်ပြီး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကလေးတွေ ကယ်ဆယ်ရေးအတွက် ထိုင်းတာဝန်ရှိသူတွေက နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပေမယ့် ဂူအတွင်း ရေတွေစုပ်ထုတ်တဲ့ နေရာမှာ အခက်အခဲ ဖြစ်နေကြတာပါ။ထိုင်းပင်လယ်ဖျံရေတပ်ဖွဲ့တွေအပြင် နိုင်ငံခြား ရေငုပ်တပ်ဖွဲ့ဝင်တွေ၊ ပြင်ပကျွမ်းကျင် ပညာရှင်တွေနဲ့ ကယ်ဆယ်ရေးအတွက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
လက်ရှိ ဂူအမှတ် ၁ နဲ့ ဂူအမှတ် ၂ ဟာ လမ်းလျှောက်သွားလို့ ရနေပေမယ့် ဂူအမှတ် ၃ ကိုတော့ ရေငုပ်သွားနေရတာ ဖြစ်ပါတယ်။ကလေးတွေရှိတဲ့နေရာကို အောက်ဆီဂျင်ပိုက်လိုင်းနဲ့ ဖုန်းလိုင်း အမြန်ရောက်ရှိဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။အခုရက်ပိုင်း ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းဖို့ ရှိတယ်လို့လည်း ထိုင်း မိုးလေဝသက ထုတ်ပြန်ထားတာကြောင့် ကလေးတွေ ကယ်ဆယ်ရေးအတွက် အပြင်းအထန် ကြိုးစားနေကြတယ်လို့လည်း ဆိုပါတယ်။
ကိုဇက်
Credit to DVB

Comments