ႏွစ္အေတာ္ၾကာ သမီးအရင္း သံုးေယာက္လံုးကို လိင္ပုိင္းဆုိင္ရာေႏွာင့္ယွက္ခဲ့တဲ့ ဖခင္ရဲ႕ ျဖစ္ရပ္ဆိုး...


ႏွစ္အေတာ္ၾကာ လိင္ပုိင္းဆုိင္ရာေႏွာင့္ယွက္ခဲ့တဲ့ ဖခင္ကုိ သမီး ၃ ေယာက္က ဓါးနဲ႔အခ်က္ေပါင္းမ်ားစြာထိုးသတ္
ႏွစ္အေတာ္ၾကာ လိင္ပုိင္းဆုိင္ရာေႏွာင့္ယွက္မႈက်ဴးလြန္ခံရျခင္းေတြေၾကာင့္ မာဖီးယားဂုိဏ္း သူေဌး ဖခင္ျဖစ္သူကုိ သမီး ၃ ဦးမွ ဓါးထုိးသတ္ပစ္ခဲ့တယ္လုိ႔ သိရပါတယ္။ ရုရွား၊ ေမာ္စကုိမွာ ေနထုိင္ၾကတဲ့ မိသားစုမွာ ဖခင္ျဖစ္သူ အသက္ ၅၇ ႏွစ္အရြယ္ မာဖီးယားဂုိဏ္းသူေဌး မစ္ခ္ေဟးခါခ်က္တူရန္ဆုိသူကုိ သူ႔ရဲ႕ သမီးျဖစ္သူေတြျဖစ္ၾကတဲ့ အသက္ ၁၉ ႏွစ္အရြယ္ ခရစ္တီနာ၊ အသက္ ၁၈ ႏွစ္ အိန္ဂ်လာ၊ အသက္ ၁၇ ႏွစ္ မာရီယာတုိ႔ သံုးဦးသားဟာ သတ္ပစ္ခဲ့ၾကတယ္လုိ႔ ရဲတပ္ဖြဲ႔က သတင္းေပးဖုိ႔ ေဖာ္ျပ ထားပါတယ္။
သတင္းေတြရဲ႕ ေဖာ္ျပခ်က္ထဲမွာ သမီးျဖစ္သူေတြဟာ ဖခင္ျဖစ္သူရဲ႕ လိင္ပုိင္းဆုိင္ရာ ေႏွာင့္ယွက္ေစာ္ ကားမႈေတြနဲ႔ မတရားအႏုိင္ က်င့္မႈေတြကုိ ႏွစ္ကာလၾကာ ၾကံဳေတြ႔ခံစားခဲ့ၾကရတယ္လုိ႔ သိရပါတယ္။ ဒီ့ အတြက္ေၾကာင့္ သမီးျဖစ္သူေတြဟာ ဖခင္ျဖစ္သူကုိ ဓါးထုိးသတ္ပစ္ဖုိ႔ ႀကံစည္ခဲ့ၾကၿပီးေတာ့ ဓါးအခ်က္ ေပါင္းမ်ားစြာနဲ႔ ထုိးသတ္ခဲ့ၿပီးေနာက္ ေနအိမ္တုိက္ခန္းပိတ္ထားခဲ့ၾကတာျဖစ္ပါတယ္။
ေမာ္စကုိရဲတပ္ဖြဲ႔ရဲ႕ သတင္းေျဖၾကားခ်က္အရ သမီး ၃ ဦးစလံုးတုိ႔ဟာ ဖခင္ျဖစ္သူ ေသဆံုးမႈနဲ႔ လူ သတ္မႈ ပတ္သက္ဆက္စပ္ေနၾကၿပီး သူတုိ႔ေတြဟာ မူးယစ္ေဆးဝါးစြဲလန္းေနတဲ့ ဖခင္ျဖစ္သူရဲ႕ ေႏွာင့္ ယွက္မႈေတြကုိ ႏွစ္အေတာ္ၾကာခံစားခဲ့ၾကရသူေတြလည္း ျဖစ္တယ္လုိ႔ ဆုိပါတယ္။ သမီးအရင္းေတြကုိ လိင္ပုိင္းဆုိင္ရာေႏွာင့္ယွက္ေစာ္ကားသူ ဖခင္ကုိ သမီး ၃ ဦးသားက မေသမခ်င္း ဓါးအခ်က္ေပါင္းမ်ား စြာ ထုိးသတ္ခဲ့မႈနဲ႔ မိန္းကေလး ၃ ဦးစလံုးဟာ ေထာင္ဒဏ္ ၁၅ နဲ႔အထက္ က်ခံရႏုိင္တယ္လုိ႔လည္း သိရပါတယ္။
သမီးတစ္ဦးကေတာ့ သူမတုိ႔ဟာ ဖခင္ျဖစ္သူကုိ အလြန္မုန္းတီးေၾကာင္းနဲ႔ သူမတုိ႔ကုိ ႏွိပ္စက္အႏုိင္ က်င့္ေနတဲ့ သူကုိ လံုးဝအၿပီးတုိင္ေပ်ာက္ကြယ္သြားေစခ်င္တဲ့အထိ ျဖစ္ခဲ့တယ္ဆုိတဲ့အေၾကာင္းကုိ ရဲ တပ္ဖြဲ႔ ေမးျမန္းခ်က္မွာ ေျဖၾကားထားပါတယ္။
ေမ(ေရႊအင္းေလး)
==========
နှစ်အတော်ကြာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့တဲ့ ဖခင်ကို သမီး ၃ ယောက်က ဓါးနဲ့အချက်ပေါင်းများစွာထိုးသတ်
နှစ်အတော်ကြာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကျူးလွန်ခံရခြင်းတွေကြောင့် မာဖီးယားဂိုဏ်း သူဌေး ဖခင်ဖြစ်သူကို သမီး ၃ ဦးမှ ဓါးထိုးသတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ ရုရှား၊ မော်စကိုမှာ နေထိုင်ကြတဲ့ မိသားစုမှာ ဖခင်ဖြစ်သူ အသက် ၅၇ နှစ်အရွယ် မာဖီးယားဂိုဏ်းသူဌေး မစ်ခ်ဟေးခါချက်တူရန်ဆိုသူကို သူ့ရဲ့ သမီးဖြစ်သူတွေဖြစ်ကြတဲ့ အသက် ၁၉ နှစ်အရွယ် ခရစ်တီနာ၊ အသက် ၁၈ နှစ် အိန်ဂျလာ၊ အသက် ၁၇ နှစ် မာရီယာတို့ သုံးဦးသားဟာ သတ်ပစ်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က သတင်းပေးဖို့ ဖော်ပြ ထားပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်ထဲမှာ သမီးဖြစ်သူတွေဟာ ဖခင်ဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော် ကားမှုတွေနဲ့ မတရားအနိုင် ကျင့်မှုတွေကို နှစ်ကာလကြာ ကြုံတွေ့ခံစားခဲ့ကြရတယ်လို့ သိရပါတယ်။ ဒီ့ အတွက်ကြောင့် သမီးဖြစ်သူတွေဟာ ဖခင်ဖြစ်သူကို ဓါးထိုးသတ်ပစ်ဖို့ ကြံစည်ခဲ့ကြပြီးတော့ ဓါးအချက် ပေါင်းများစွာနဲ့ ထိုးသတ်ခဲ့ပြီးနောက် နေအိမ်တိုက်ခန်းပိတ်ထားခဲ့ကြတာဖြစ်ပါတယ်။
မော်စကိုရဲတပ်ဖွဲ့ရဲ့ သတင်းဖြေကြားချက်အရ သမီး ၃ ဦးစလုံးတို့ဟာ ဖခင်ဖြစ်သူ သေဆုံးမှုနဲ့ လူ သတ်မှု ပတ်သက်ဆက်စပ်နေကြပြီး သူတို့တွေဟာ မူးယစ်ဆေးဝါးစွဲလန်းနေတဲ့ ဖခင်ဖြစ်သူရဲ့ နှောင့် ယှက်မှုတွေကို နှစ်အတော်ကြာခံစားခဲ့ကြရသူတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ သမီးအရင်းတွေကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားသူ ဖခင်ကို သမီး ၃ ဦးသားက မသေမချင်း ဓါးအချက်ပေါင်းများ စွာ ထိုးသတ်ခဲ့မှုနဲ့ မိန်းကလေး ၃ ဦးစလုံးဟာ ထောင်ဒဏ် ၁၅ နဲ့အထက် ကျခံရနိုင်တယ်လို့လည်း သိရပါတယ်။
သမီးတစ်ဦးကတော့ သူမတို့ဟာ ဖခင်ဖြစ်သူကို အလွန်မုန်းတီးကြောင်းနဲ့ သူမတို့ကို နှိပ်စက်အနိုင် ကျင့်နေတဲ့ သူကို လုံးဝအပြီးတိုင်ပျောက်ကွယ်သွားစေချင်တဲ့အထိ ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းကို ရဲ တပ်ဖွဲ့ မေးမြန်းချက်မှာ ဖြေကြားထားပါတယ်။
မေ(ရွှေအင်းလေး)

Comments