ဘုရားအေနကဇာ မတင္ဘဲ ကိုးကြယ္လို႔ ရ မရ....



ဘုရားအေနကဇာ မတင္ဘဲ ကိုးကြယ္လို႔ ရ မရ

ဘုရား ဆင္းတုေတြ ကို တစ္ခ်ိဳ႕က အေနကဇာတင္မွ အသက္ ဝင္တယ္ အေနကဇာမတင္ရင္ အသက္ မဝင္ဘူး လို႔ေျပာၾကသလို တစ္ခ်ိဳ႕က အေနကဇာတင္မွ ဘုရားျဖစ္တာ အေနကဇာမတင္ဘဲ ကိုးကြယ္ရင္ ကုသိုလ္မရဘူးလို႔လဲ ေျပာၾကပါတယ္ ။

တစ္ခ်ိဳ႕က အေနကဇာမတင္ဘဲ မကိုးကြယ္ေကာင္းဘူးလို႔လဲ ယူဆၾက ပါေသးတယ္ ။

ယၡဳ အယူအဆေတြက မွားပါတယ္ တကယ္ေတာ့ အေနကဇာတင္တယ္ ဆိုတာ ျမတ္ဗုဒၶ၏ ဂုဏ္ေတာ္ေတြ ေက်းဇူးေတာ္ေတြကို ေအာက္ေမ့ ရြတ္ဖတ္ ပူေဇာ္ျခင္း အမွတ္ရျခင္း ျပဳတ့ဲ သေဘာမ်ိဳးပါ ။ ေစတီေတာ္ ဆင္းတု ေတာ္ေတြကို ထပ္မံမြန္းမံျခင္းလို႔လဲ ဆိုႏိူင္ ပါတယ္ ။

အေနကဇာတင္ေတာ့ အေနကဇာတိ စတ့ဲ ဗုဒၶ ၾကဳံးဝါးခ့ဲတ့ဲ ဂါထာေတာ္ေတြကို ၾကားနာခြင့္ရတယ္ ။ ဗုဒၶ ဆင္ျခင္သံုးသပ္ခ့ဲတ့ဲ ပဋိစၥသမုပၸါဒ္ကို နာခြင့္ရတယ္ ။ ရဟန္းေတာ္ေတြကို လႉဒါန္း ကုသိုလ္ျပဳခြင့္ရတယ္ အစရိွ သျဖင့္ ဆိုင္ရာ အက်ိဳးေတြ ရပါတယ္ ။

ဒါေပမ့ဲ အဲဒီလို အေနကဇာ တင္ျခင္းေၾကာင့္ ေစတီ ႐ုပ္ထုေတြက အသက္ဝင္လာတာေတာ့ မဟုတ္ပါဘူး ။ ဗုဒၶဘာသာေတြကလဲ အဲဒီ ႐ုပ္ထုေတြကို ကိုးကြယ္ေနတာ မဟုတ္ရပါဘူး ။ ဗုဒၶ၏ ဂုဏ္ေတာ္ေတြကို ကိုးကြယ္တာပါ ။

ေစတီ ႐ုပ္ထု ဆိုတာက ဗုဒၶ၏ ဂုဏ္ေတာ္ေတြကို အာ႐ုံျပဳလို႔ လြယ္ကူေအာင္ အေထာက္ပံ့ ျပဳတ့ဲ အရာမွ်သာ ျဖစ္ၾကပါတယ္ ။ ေစတီ ဆင္းတုေတာ္ေတြကို ဖူးေမွ်ာ္ၿပီး ဗုဒၶ၏ ဂုဏ္ေတာ္ ေက်းဇူးေတာ္ေတြကို အာ႐ုံျပဳၾက ပူေဇာ္ၾကရပါတယ္ ။

ေ႐ွ႕မွာ ရိွေနတ့ဲ ေစတီ ဆင္းတုေတာ္ေတြကို ပူေဇာ္ေနၾကတာ မဟုတ္ပါဘူး ပရိနိဗၺာန္ဝင္စံေတာ္မူၿပီးျဖစ္တ့ဲ ျမတ္စြာဘုရား႐ွင္၏ ေက်းဇူးေတာ္ အနႏၲ ဂုဏ္ေတာ္ အနႏၲကို ပူေဇာ္ေနၾကတာပါ။

မိမိစိတ္က ဗုဒၶ၏ ဂုဏ္ေတာ္ေတြကုိ ရည္မွတ္ဖို႔သာ အဓိက က်တာျဖစ္ပါတယ္ ေစတီ ဆင္းတုေတြက အဓိက မက်ပါဘူး သာမညမွ်သာ ျဖစ္ၾကပါတယ္ ။

ဒါေၾကာင့္ မိမိ အေနနဲ႔ ဗုဒၶ၏ဂုဏ္ေတာ္ေတြကို ရည္မွတ္ရရင္ အေနကဇာ တင္တင္ မတင္တင္ ကိုးကြယ္လို႔ ရပါတယ္ ။ ျမတ္ဗုဒၶအား မိမိ၏ ၾကည္ညိဳမႈ သဒၶါ ထက္သန္သေလာက္ အက်ိဳးထူးရရိွမွာသာ ျဖစ္ပါတယ္ သူေတာ္ေကာင္းတို႔ ။

စာဖတ္သူ ဓမၼမိတ္ေဆြ အေပါင္းသူေတာ္ေကာင္းတို႔ အားလံုး ျမတ္ဗုဒၶ၏ ေက်းဇူးေတာ္ ဂုဏ္ေတာ္ အနႏၲေတြကို ထက္သန္ေသာ သဒၶါတရား ႏွင့္ ကိုးကြယ္ ဆည္းကပ္ ပူေဇာ္တတ္သူ စစ္စစ္မ်ား ျဖစ္ၾကပါေစ။

ေမတၱာျဖင့္ အရွင္နေႏၵာဘာသ (ဓမၼေရာင္စဥ္)

===================

🙏🙏🙏အေနကဇာတင္ျခင္း ရသ 🙏🙏🙏

“အေနကဇာမတင္လွ်င္ ဘုရားအျဖစ္ ကိုးကြယ္မရ၊ အေနကဇာတင္ပါမွ ဘုရားအျဖစ္ ကိုးကြယ္လို႔ ရသလား” ဆိုေတာ့ မဟုတ္ပါ။ ဘုရား႐ုပ္တုေတာ္ ဆင္းတုေတာ္အျဖစ္ ထုလိုက္သည္ႏွင့္တၿပိဳင္နက္ ႐ိုေသေလးစားဖို႔ တာ၀န္ရွိသြားပါျပီ၊ ‘ဘုရား’ ဟု ‘ဘုရားဆင္းတု’ ဟုသာ ေခၚၾကပါသည္။

တစ္စုံတစ္ေယာက္မွ် ျခေသၤ့႐ုပ္ ဆင္႐ုပ္ စသည္ မေခၚၾကပါဘူး၊ ႐ုပ္ပံုေပၚလာသည္ႏွင့္တၿပိဳင္နက္ “ဒါ ဘုရားပဲ၊ မ႐ုိမေသ မေလးစားလုပ္လွ်င္ အျပစ္ရွိသည္” ဟု ယုံၾကည္ထားၾကပါသည္။ ဘုရားထုလုပ္ေသာ လူေတြကေတာ့ အေနကဇာ မတင္ရေသးလွ်င္ ဘုရား မျဖစ္ေသးဘူးဟူ၍ ထင္မွတ္တတ္ၾကပါသည္။

ဘုရားဟူ၍ သတ္မွတ္လိုက္သည္ႏွင့္ တၿပိဳင္နက္ ဗုဒၶဘာသာအားလုံးက သမၼဳတိသစၥာသေဘာအရ ဘုရားဟူ၍ အသိအမွတ္ ျပဳထားသည့္အတြက္ေၾကာင့္ ဘုရားပဲ ျဖစ္ပါသည္။ မ႐ိုမေသ မေလးမစားလုပ္လွ်င္ အျပစ္ရွိပါသည္။

ဘုရားဆင္းတုထုလုပ္ၾကပါကုန္ေသာ ဆရာမ်ား သတိထားဖြယ္ရာအျဖစ္ ၾကားညႇပ္ကာ ေရးသားေပးရပါသည္။ ထို႔ေၾကာင့္ အေနကဇာမတင္လည္း ဘုရားအျဖစ္ ကိုးကြယ္ႏိုင္ၾကပါသည္ဟူ၍ ဦးစြာ အက်ဥ္းအားျဖင့္ မွတ္သားေပးၾကေစလိုပါသည္။

“ထိုသို႔ ဘုရားရွင္ကို အေနကဇာတင္ျခင္းကိစၥသည္ ဘယ္ေခတ္က စတင္ ျဖစ္ထြန္းလာပါသလဲ” ဆိုေတာ့ မိမိတို႔ ေထရဝါဒဗုဒၶဘာသာ ျမန္မာျပည္တြင္ သာသနာေတာ္ႀကီး တစ္ဖန္ထြန္းေတာက္ရာေခတ္ျဖစ္ေသာ ပုဂံေခတ္က စခဲ့သည္ဟု ဆိုၾကပါ၏။

ေရွးအခါက ပုဂံျပည္မွာ ဘုရားေစတီပုထိုးမ်ား မ်ားစြာ တည္ၾကပါသည္။ တည္ျပီးေသာအခါ ပူေဇာ္ပြဲအမ်ိဳးမ်ိဳး ျပဳလုပ္ၾကရာ၌လည္း ရြတ္ဖတ္ပူေဇာ္မႈကိုပါ ထည့္သြင္း၍ ပူေဇာ္မႈ ျပဳၾကပါသည္ဟု ဆိုၾကပါ၏။

ထိုတြင္ ဘုရားအသစ္ကို ထုလုပ္ပူေဇာ္ျခင္းျဖစ္ေၾကာင့္ ဘုရားျဖစ္စကို ရည္ရြယ္မွန္းဆ၍ ဘုရားရွင္ကိုယ္ေတာ္တိုင္ စိတ္ျဖင့္လည္းေကာင္း ႏႈတ္ျဖင့္လည္းေကာင္း ပြားမ်ားဆင္ျခင္ေတာ္မူခဲ့ပါေသာ တရားေတာ္မ်ားကို ပူေဇာ္ရြတ္ဆိုၾကရန္ စီမံၾကျခင္းျဖစ္ပါသည္။

ဤကား အေနကဇာတင္မႈ စတင္ျဖစ္ေပၚလာ အေၾကာင္းရင္း ျဖစ္ပါသည္။

“ ဘာေၾကာင့္ အေနကဇာတင္ၾကပါသလဲ” ဆိုေတာ့ ေထရဝါဒဗုဒၶဘာသာဝင္မ်ားသည္ အိမ္သစ္ ေက်ာင္းသစ္ စသည္ ေဆာက္လုပ္ၾကေသာအခါ အိမ္ဦးခန္း ေက်ာင္းဦးခန္းမွာ ဘုရားရွင္သီတင္းသုံးဖို႔ရန္အတြက္ ေက်ာင္းေဆာင္ေလးမ်ားကိုပါ အဦးထား၍ ေဆာက္လုပ္ၾကပါသည္။

ေဆာက္လုပ္၍ ၿပီးစီးၾကေသာအခါ ဘုရားရွင္၏ ႐ုပ္ပြားေတာ္ကို ပင့္ေဆာင္၍ အိမ္ဦးခန္း ေက်ာင္းဦးခန္းမွာ ကိုးကြယ္ထားၾကပါသည္။ ထိုသို႔ ကိုးကြယ္ၾကရာ၌ အသစ္ျဖစ္ေသာအိမ္ေက်ာင္းမွာ အစဦးဆုံးအျဖစ္ ဘုရားရွင္ကို ပင့္ေဆာင္ၾကျခင္းျဖစ္၍ ဘုရားရွင္ကို ပူေဇာ္ၾကဖို႔ရန္အတြက္ သံဃာေတာ္မ်ားကို ပင့္ဖိတ္ၿပီး ဘုရားရွင္ကို ပူေဇာ္သမႈ ျပဳေစၾကျခင္း ျဖစ္ပါသည္။

ဒါသည္ ပုဂံေခတ္မွ လာခဲ့ေသာ အစဥ္အလာအတိုင္းပင္ ျဖစ္ပါသည္။ သံဃာေတာ္မ်ားက ရြတ္ဆိုပူေဇာ္နည္းကို မသိၾကပါကုန္ေသာ လူမ်ားကိုယ္စား ဘုရားရွင္ကို ပူေဇာ္ေပးၾကျခင္း ျဖစ္ပါသည္။

ထိုသို႔ သံဃာေတာ္မ်ားကို မိမိတို႔ အိမ္ေဂဟာသို႔ ပင့္ဖိတ္၍ ဘုရားရွင္ကို ပူေဇာ္ေစၾကသူတို႔သည္ ဘုရား တရား သံဃာ ရတနာသုံးျဖာလုံးကိုပင္ ပူေဇာ္ၿပီးသား ျဖစ္ရပါသည္။ ရြတ္ဆိုပူေဇာ္နည္းကို သိၾကပါကုန္ေသာ လူမ်ားကေတာ့ ကိုယ္တိုင္လည္း ရြတ္ဆို ပူေဇာ္ႏိုင္ၾကပါသည္။

ဆရာေတာ္ေလးတစ္ပါးက “တစ္ခ်ိဳ႕က ဘုရားအေနကဇာ တင္တာကုိ ဗုဒၶါဘိေသက အေနကဇာတင္တယ္လုိ႔ ဆုိတာ ရွိပါေသးတယ္။ ဘုရားကုိ အဘိသိက္ေျမာက္တယ္ေပ့ါ။

ဒါဟာ ဘုရားကုိ အဘိသိက္ေျမာက္တာ မဟုတ္ပါဘူး။ ဘုရားကုိ အဘိသိက္ေျမာက္ေပးလုိ႔လည္း မရပါဘူး။ ဆင္းတုေတာ္ကုိ ထုလုပ္ပူေဇာ္တဲ့ အရာ၀တၳဳကုိ သန္႔စင္ေစတဲ့ သေဘာပဲ ျဖစ္ပါတယ္” ဟူ၍ ေရးသားထားသည္ကို ဖတ္ရဖူးပါသည္။

သူ႔အယူအဆႏွင့္သူ မွန္သည္ဟု ဆိုရပါမည္။ သို႔ေသာ္ “ဗုဒၶါဘိေသကမဂၤလာ” ဟူသည္ ဘုရားရွင္ကို အသက္သြင္းျခင္း, ေရစင္ျဖင့္ အဘိသိက္သြန္းျခင္း မဟုတ္ရပါ။

အဘိသိက္ဟူသည္ သုံးမ်ိဳးရွိသည္ဟု မင္းကြန္းဆရာေတာ္ႀကီး၏ ဗုဒၶေန႔ဆိုင္ရာ တရားအလႊာထဲမွာ ထည့္သြင္း၍ ေဟာၾကားထားပါသည္။ ထိုသုံးမ်ိဳးမွာ-----

၁။ မုဒၶါဘိေသကမဂၤလာ။

၂။ ပဗၺဇၨာဘိေသက မဂၤလာ။

၃။ ဗုဒၶါဘိေသကမဂၤလာ တို႔ ျဖစ္ပါသည္။

ထိုသုံးမ်ိဳးတို႔တြင္ မုဒၶါဘိေသကမဂၤလာဟူသည္မွာ အစဥ္အလာ သူ႔ေခတ္အခါလာ ေဗဒင္က်မ္းလာအတိုင္း ရွင္ဘုရင္အျဖစ္ တင္ေျမာက္မည့္ဘုရင္ေလာင္းကို ထိုထိုဆက္သစရာမ်ား ဆက္သၿပီး ထိုထိုဆိုင္ရာမႏၲာန္မ်ားကို ရြတ္ဆိုၾကကာ ဦးေခါင္းထိပ္၌ ေရစင္ျဖင့္ သြန္းေလာင္းျခင္း ျဖစ္ပါသည္။

ပဗၺဇၨာဘိေသကမဂၤလာဟူသည္မွာ ေရစင္ျဖင့္ သြန္းေလာင္းရသည့္ အဘိသိက္တင္ျခင္း ေျမာက္ျခင္းမ်ိဳး မဟုတ္ပါ။

( ေလာကီမဂၤလာအျဖစ္ မင္းမ်ားအဘိသိက္ခံယူၾကသည္ကို အစြဲျပဳကာ ယဥ္ေက်းမႈ ဓေလ့႐ိုးရာ အစဥ္အလာျဖင့္ ရွင္ေလာင္းကို အဘိသိက္ေျမႇာက္ျခင္းသည္ ျမန္မာတို႔၏ အစဥ္အလာမို႔ အျပစ္ဖို႔စရာ မရွိပါ)

ယုတ္ညံ့ေသာလူအျဖစ္မွ ျမင့္ျမတ္ေသာ သာမေဏ ပဥၨင္းအျဖစ္သို႔ ဝင္ေရာက္မည့္ ရွင္ေလာင္း,ရဟန္းေလာင္းကို ရွင္ျဖစ္လွ်င္ သကၤန္းေတာင္းျခင္း သရဏဂုံပီသရျခင္း စသည္ႏွင့္ ရဟန္းျဖစ္လွ်င္ ဥပဇၩာယ္ယူမႈမွသည္ ကမၼဝါစာဆုံးသည္အထိ ဌာန္ က႐ိုဏ္းက်က် ရြတ္ဆိုရျခင္းဟု ဆိုအပ္ေသာ အစီအစဥ္အတိုင္း ျပဳလုပ္ရျခင္းသည္ အဘိေသကမႏၲာန္ကို ရြတ္ဆိုျခင္းႏွင့္ တူသည္ကို အစြဲျပဳကာ ေခၚေဝၚထားေသာ အမည္ျဖစ္ပါသည္။

ဗုဒၶါဘိေသကမဂၤလာဟူသည္ အေနကဇာတင္သည့္ ပါဠိမ်ားထဲတြင္ အပါအဝင္ျဖစ္ေသာ “ အပရာဇိတပလႅေကၤ သီေသ ပုထုဝိပုကၡေလ။ အဘိေသေက သဗၺဗုဒၶါနံ အဂၢပၸေတၱာ ပေမာဒတိ” ဟူေသာ ေရွးဆရာေတာ္ႀကီး၏ ဂါထာကို အစြဲျပဳကာ ေပၚေပါက္လာသည့္ အေခၚအေဝၚျဖစ္ပါသည္။

သို႔ေသာ္ ခ်ီးေျမႇာက္ေသာ အဘိသိက္မ်ိဳး မဟုတ္ပါ။ ရွိၿပီးသားဂုဏ္ကို အမႊမ္းတင္ေသာ အဘိသိက္မ်ိဳး ျဖစ္ပါသည္။ ဘုရားရွင္သည္ ဘုရားျဖစ္စ ပထမသတၱာဟ ေဗာဓိပင္ရင္းတြင္ တဏွာကၽြန္အျဖစ္မွ လြတ္ခဲ့ပံုကို အေနကဇာတိ သံသာရံ -စေသာ ဂါထာျဖင့္ စိတ္ေတာ္၌ ဆင္ျခင္ေတာ္မူပါသည္။

ထို႔ေနာက္ ပဋိစၥသမုပၸါဒ္ အႏုလံု၊ ပဋိလံုတို႔ကို စိတ္ေတာ္ျဖင့္ပင္ ဆက္လက္ ဆင္ျခင္ေတာ္မူပါသည္။ထို႔ေနာက္ စိတ္ေတာ္ျဖင့္ ဆင္ျခင္ရသည္ကို အားရေတာ္မမူေသာေၾကာင့္ ႏႈတ္၀စီျဖင့္ ယဒါ ဟေ၀ -စေသာ ဂါထာေတာ္မ်ားကို ၀မ္းေျမာက္၀မ္းသာ ဥဒါန္းက်ဴးရင့္ေတာ္မူပါသည္။

တဖန္ စတုတၳသတၱာဟ၌ အဘိဓမၼာ ၇-က်မ္းကို ဆင္ျခင္ေတာ္မူရာ ပ႒ာန္းက်မ္းေတာ္ႀကီးသို႔ အေရာက္တြင္ ေရာင္ျခည္ေတာ္မ်ား ထြက္ပါသည္။ ထိုကို ရည္ရြယ္၍ ပ႒ာန္း ၂၄-ပစၥည္း ရြတ္ပါသည္။ဆက္လက္၍ ေအာင္ဂါထာမ်ားပါ၀င္ေသာ ပုဗၺဏွသုတ္ကို ရြတ္ပြား၍ ဆုေတာင္းပါသည္။

ဆိုခဲ့ၿပီးေသာ ဗုဒၶါဘိေသက ျဖစ္ထိုက္ေသာ ဗုဒၶဝစနမ်ားကို အစဥ္အတိုင္း ရြတ္ဆိုၾကကာ ဘုရားရွင္ေတာ္ျမတ္ကို အမႊမ္းတင္ၾကျခင္း ပူေဇာ္ၾကျခင္းကိုပင္ ဗုဒၶါဘိေသကမဂၤလာဟု တင္စားကာ ေခၚဆိုထားျခင္း ျဖစ္ပါသည္။

ဤကား ဘုရားရွင္ကို အသက္သြက္ျခင္း မဟုတ္ေၾကာင္း, အဘိသိက္ဟူရာမွာလည္း ေရစင္ျဖင့္ သြန္းေလာင္းရသည့္ တင္ေျမႇာက္ျခင္းကို မဆိုလိုေၾကာင္း မီးေမာင္းထိုးျပျခင္း ျဖစ္ပါသည္။

တစ္ခ်ိဳ႕က---“ ပုံေတာ္က သာမညပါ။ ဟန္ျပပါ။ ဂုဏ္ေတာ္ကိုသာ အာ႐ုံျပဳ၍ ပူေဇာ္ႏိုင္ဖို႔ လိုရင္းပါ” ဟူ၍ ဆိုလာၾကပါသည္။ ပုံေတာ္ကိုၾကည္ညိဳ ဂုဏ္ေတာ္ကိုအာ႐ုံစိုကာ ပူေဇာ္ရမည္ မွန္ပါေသာ္လည္း ပုံေတာ္က သာမညလည္းမဟုတ္ ဟန္ျပလည္းမဟုတ္ပါ။

ေလးအသေခ်ၤႏွင့္ ကမ႓ာတသိန္း ၾကာသည့္တိုင္ေအာင္ အနစ္နာခံျခင္း သူတစ္ပါးအက်ိဳးကို ေဆာင္ရြက္ျခင္းဟု ဆိုအပ္ေသာ ပါရမီ စရိယမ်ားစြာတို႔ကို ျဖည့္က်င့္ပါမွ ရရွိလာပါေသာ လကၡဏာေတာ္ႀကီးငယ္ အသြယ္သြယ္ျဖင့္ တုဖက္မရွိ ၾကည္ညိဳဖြယ္အတိျပည့္ေသာ ပုံေတာ္ ျဖစ္ပါသည္။

ထုလုပ္သူ ညံ့လို႔ ပုံေကာင္း မထြက္လွ်င္သာ ရွိပါမည္။ “ထို႐ုပ္တု ဆင္းတုသ႑ာန္မ်ားသည္ ျမတ္စြာဘုရား၏ သ႑ာန္ေတာ္ႏွင့္ ဆက္စပ္လွ်က္ ရွိသည္ျဖစ္၍ ထို႐ုပ္ပုံ ႐ုပ္တုေတာ္မ်ားကို ျမင္လိုက္ရသည္ႏွင့္ တၿပိဳင္နက္ ဘုရား ဘုရားဟူ၍ ျမတ္စြာဘုရားကို အာ႐ုံျပဳေသာစိတ္သည္ ထင္ရွားစြာ ျဖစ္ေပၚလာ၏။

ျမတ္စြာဘုရားကို အာ႐ုံျပဳ၍ အားေကာင္းစြာျဖစ္ေပၚလာေသာ ထိုကုသိုလ္စိတ္မ်ားသည္ ခ်မ္းသာမ်ားစြာရ သံသရာဘဝထိေအာင္ အက်ိဳးမ်ားပါသည္” ဟုလည္းေကာင္း, ဘုရားအစစ္၏ ႐ုပ္ပုံေတာ္ သ႑ာန္ေတာ္မ်ားကို ဖူးျမင္ခြင့္ မရၾကသည့္အတြက္ ထိုဘုရားအစစ္၏ ႐ုပ္ပုံေတာ္ သ႑ာန္ေတာ္ႏွင့္ အသြင္အဆင္တူေသာ ႐ုပ္ပုံေတာ္ ဆင္းတုေတာ္မ်ားကို အလြန္ဖူးျမင္လိုၾက၏။

ၾကည္ညိဳစြာ ဖူးေျမႇာ္ၾကရေသာအခါ၌ ထိုသူတို႔၏စိတ္မေနာသည္ ဘုရားအစစ္သို႔ စိတ္ေရာက္၍ သြားၾကကုန္သည္ခ်ည္းသာ ျဖစ္ကုန္၏။ ရွိခိုးပူေဇာ္စဥ္အခါ ႏႈတ္မွ ရြတ္ဆိုၾကေသာ ဣတိပိ ေသာ ဘဂဝါ အရဟံ အစရွိေသာ ဂုဏ္ေတာ္မ်ားသည္ ဘုရားစစ္၌ ရွိေသာ ဂုဏ္ေတာ္မ်ားေပတည္းဟု အမွန္သိ၍ ရြတ္ဆိုၾကျခင္း ျဖစ္၏။

ေလာက၌ ဤသူသည္ သီလစေသာဂုဏ္ႀကီး၏ စသည္ျဖင့္ ၾကားသိရလွ်င္ ထိုပုဂၢဳိလ္ႀကီးကို ဖူးေျမႇာ္လိုေသာစိတ္ အလြန္ထက္သန္ၾကသည့္အားေလ်ာ္စြာ ထိုပုဂၢဳိလ္ႀကီး ရွိရာသို႔ ကိုယ္တိုင္သြား၍ပင္ ဖူးေျမႇာ္ၾက၏။

မသြားႏိုင္ ျဖစ္ခဲ့ၾကလွ်င္ ထိုပုဂၢဳိလ္ႀကီး၏ ပုံမ်ားကို ဝယ္ယူပူေဇာ္၍ ေခါင္းရင္းျမင့္ျမတ္ရာမွာ ထားကာ ၾကည္ညိဳပူေဇာ္ၾကကုန္၏။ ထိုအမႈသည္ အလြန္ေကာင္းျမတ္ေသာ အမႈျဖစ္၏” ဟု လည္းေကာင္း ေက်းဇူးးေတာ္ရွင္ လယ္တီဆရာေတာ္ႀကီးမွ ရတနာသုံးပါးကို ၾကည္ညိဳပူေဇာ္ရျခင္း၏ အက်ိဳးမ်ားပုံကို ေရးသားထားပါသည္။

အားလုံး သာယာခ်မ္းေျမ႕ၾကပါေစ.....။

Credit - အ႐ွင္ေခမိႏၵ တိပိဋကနိကာယ

==============

ဘုရားအနေကဇာ မတင်ဘဲ ကိုးကွယ်လို့ ရ မရ

ဘုရား ဆင်းတုတွေ ကို တစ်ချို့က အနေကဇာတင်မှ အသက် ဝင်တယ် အနေကဇာမတင်ရင် အသက် မဝင်ဘူး လို့ပြောကြသလို တစ်ချို့က အနေကဇာတင်မှ ဘုရားဖြစ်တာ အနေကဇာမတင်ဘဲ ကိုးကွယ်ရင် ကုသိုလ်မရဘူးလို့လဲ ပြောကြပါတယ် ။

တစ်ချို့က အနေကဇာမတင်ဘဲ မကိုးကွယ်ကောင်းဘူးလို့လဲ ယူဆကြ ပါသေးတယ် ။

ယ္ခု အယူအဆတွေက မှားပါတယ် တကယ်တော့ အနေကဇာတင်တယ် ဆိုတာ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တွေ ကျေးဇူးတော်တွေကို အောက်မေ့ ရွတ်ဖတ် ပူဇော်ခြင်း အမှတ်ရခြင်း ပြုတဲ့ သဘောမျိုးပါ ။ စေတီတော် ဆင်းတု တော်တွေကို ထပ်မံမွန်းမံခြင်းလို့လဲ ဆိုနိူင် ပါတယ် ။

အနေကဇာတင်တော့ အနေကဇာတိ စတဲ့ ဗုဒ္ဓ ကြုံးဝါးခဲ့တဲ့ ဂါထာတော်တွေကို ကြားနာခွင့်ရတယ် ။ ဗုဒ္ဓ ဆင်ခြင်သုံးသပ်ခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ်ကို နာခွင့်ရတယ် ။ ရဟန်းတော်တွေကို လှူဒါန်း ကုသိုလ်ပြုခွင့်ရတယ် အစရှိ သဖြင့် ဆိုင်ရာ အကျိုးတွေ ရပါတယ် ။

ဒါပေမဲ့ အဲဒီလို အနေကဇာ တင်ခြင်းကြောင့် စေတီ ရုပ်ထုတွေက အသက်ဝင်လာတာတော့ မဟုတ်ပါဘူး ။ ဗုဒ္ဓဘာသာတွေကလဲ အဲဒီ ရုပ်ထုတွေကို ကိုးကွယ်နေတာ မဟုတ်ရပါဘူး ။ ဗုဒ္ဓ၏ ဂုဏ်တော်တွေကို ကိုးကွယ်တာပါ ။

စေတီ ရုပ်ထု ဆိုတာက ဗုဒ္ဓ၏ ဂုဏ်တော်တွေကို အာရုံပြုလို့ လွယ်ကူအောင် အထောက်ပံ့ ပြုတဲ့ အရာမျှသာ ဖြစ်ကြပါတယ် ။ စေတီ ဆင်းတုတော်တွေကို ဖူးမျှော်ပြီး ဗုဒ္ဓ၏ ဂုဏ်တော် ကျေးဇူးတော်တွေကို အာရုံပြုကြ ပူဇော်ကြရပါတယ် ။

ရှေ့မှာ ရှိနေတဲ့ စေတီ ဆင်းတုတော်တွေကို ပူဇော်နေကြတာ မဟုတ်ပါဘူး ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးဖြစ်တဲ့ မြတ်စွာဘုရားရှင်၏ ကျေးဇူးတော် အနန္တ ဂုဏ်တော် အနန္တကို ပူဇော်နေကြတာပါ။

မိမိစိတ်က ဗုဒ္ဓ၏ ဂုဏ်တော်တွေကို ရည်မှတ်ဖို့သာ အဓိက ကျတာဖြစ်ပါတယ် စေတီ ဆင်းတုတွေက အဓိက မကျပါဘူး သာမညမျှသာ ဖြစ်ကြပါတယ် ။

ဒါကြောင့် မိမိ အနေနဲ့ ဗုဒ္ဓ၏ဂုဏ်တော်တွေကို ရည်မှတ်ရရင် အနေကဇာ တင်တင် မတင်တင် ကိုးကွယ်လို့ ရပါတယ် ။ မြတ်ဗုဒ္ဓအား မိမိ၏ ကြည်ညိုမှု သဒ္ဓါ ထက်သန်သလောက် အကျိုးထူးရရှိမှာသာ ဖြစ်ပါတယ် သူတော်ကောင်းတို့ ။

စာဖတ်သူ ဓမ္မမိတ်ဆွေ အပေါင်းသူတော်ကောင်းတို့ အားလုံး မြတ်ဗုဒ္ဓ၏ ကျေးဇူးတော် ဂုဏ်တော် အနန္တတွေကို ထက်သန်သော သဒ္ဓါတရား နှင့် ကိုးကွယ် ဆည်းကပ် ပူဇော်တတ်သူ စစ်စစ်များ ဖြစ်ကြပါစေ။

မေတ္တာဖြင့် အရှင်နန္ဒောဘာသ (ဓမ္မရောင်စဉ်)

===================

🙏🙏🙏အနေကဇာတင်ခြင်း ရသ 🙏🙏🙏

“အနေကဇာမတင်လျှင် ဘုရားအဖြစ် ကိုးကွယ်မရ၊ အနေကဇာတင်ပါမှ ဘုရားအဖြစ် ကိုးကွယ်လို့ ရသလား” ဆိုတော့ မဟုတ်ပါ။ ဘုရားရုပ်တုတော် ဆင်းတုတော်အဖြစ် ထုလိုက်သည်နှင့်တပြိုင်နက် ရိုသေလေးစားဖို့ တာဝန်ရှိသွားပါပြီ၊ ‘ဘုရား’ ဟု ‘ဘုရားဆင်းတု’ ဟုသာ ခေါ်ကြပါသည်။

တစ်စုံတစ်ယောက်မျှ ခြင်္သေ့ရုပ် ဆင်ရုပ် စသည် မခေါ်ကြပါဘူး၊ ရုပ်ပုံပေါ်လာသည်နှင့်တပြိုင်နက် “ဒါ ဘုရားပဲ၊ မရိုမသေ မလေးစားလုပ်လျှင် အပြစ်ရှိသည်” ဟု ယုံကြည်ထားကြပါသည်။ ဘုရားထုလုပ်သော လူတွေကတော့ အနေကဇာ မတင်ရသေးလျှင် ဘုရား မဖြစ်သေးဘူးဟူ၍ ထင်မှတ်တတ်ကြပါသည်။

ဘုရားဟူ၍ သတ်မှတ်လိုက်သည်နှင့် တပြိုင်နက် ဗုဒ္ဓဘာသာအားလုံးက သမ္မုတိသစ္စာသဘောအရ ဘုရားဟူ၍ အသိအမှတ် ပြုထားသည့်အတွက်ကြောင့် ဘုရားပဲ ဖြစ်ပါသည်။ မရိုမသေ မလေးမစားလုပ်လျှင် အပြစ်ရှိပါသည်။

ဘုရားဆင်းတုထုလုပ်ကြပါကုန်သော ဆရာများ သတိထားဖွယ်ရာအဖြစ် ကြားညှပ်ကာ ရေးသားပေးရပါသည်။ ထို့ကြောင့် အနေကဇာမတင်လည်း ဘုရားအဖြစ် ကိုးကွယ်နိုင်ကြပါသည်ဟူ၍ ဦးစွာ အကျဉ်းအားဖြင့် မှတ်သားပေးကြစေလိုပါသည်။

“ထိုသို့ ဘုရားရှင်ကို အနေကဇာတင်ခြင်းကိစ္စသည် ဘယ်ခေတ်က စတင် ဖြစ်ထွန်းလာပါသလဲ” ဆိုတော့ မိမိတို့ ထေရဝါဒဗုဒ္ဓဘာသာ မြန်မာပြည်တွင် သာသနာတော်ကြီး တစ်ဖန်ထွန်းတောက်ရာခေတ်ဖြစ်သော ပုဂံခေတ်က စခဲ့သည်ဟု ဆိုကြပါ၏။

ရှေးအခါက ပုဂံပြည်မှာ ဘုရားစေတီပုထိုးများ များစွာ တည်ကြပါသည်။ တည်ပြီးသောအခါ ပူဇော်ပွဲအမျိုးမျိုး ပြုလုပ်ကြရာ၌လည်း ရွတ်ဖတ်ပူဇော်မှုကိုပါ ထည့်သွင်း၍ ပူဇော်မှု ပြုကြပါသည်ဟု ဆိုကြပါ၏။

ထိုတွင် ဘုရားအသစ်ကို ထုလုပ်ပူဇော်ခြင်းဖြစ်ကြောင့် ဘုရားဖြစ်စကို ရည်ရွယ်မှန်းဆ၍ ဘုရားရှင်ကိုယ်တော်တိုင် စိတ်ဖြင့်လည်းကောင်း နှုတ်ဖြင့်လည်းကောင်း ပွားများဆင်ခြင်တော်မူခဲ့ပါသော တရားတော်များကို ပူဇော်ရွတ်ဆိုကြရန် စီမံကြခြင်းဖြစ်ပါသည်။

ဤကား အနေကဇာတင်မှု စတင်ဖြစ်ပေါ်လာ အကြောင်းရင်း ဖြစ်ပါသည်။

“ ဘာကြောင့် အနေကဇာတင်ကြပါသလဲ” ဆိုတော့ ထေရဝါဒဗုဒ္ဓဘာသာဝင်များသည် အိမ်သစ် ကျောင်းသစ် စသည် ဆောက်လုပ်ကြသောအခါ အိမ်ဦးခန်း ကျောင်းဦးခန်းမှာ ဘုရားရှင်သီတင်းသုံးဖို့ရန်အတွက် ကျောင်းဆောင်လေးများကိုပါ အဦးထား၍ ဆောက်လုပ်ကြပါသည်။

ဆောက်လုပ်၍ ပြီးစီးကြသောအခါ ဘုရားရှင်၏ ရုပ်ပွားတော်ကို ပင့်ဆောင်၍ အိမ်ဦးခန်း ကျောင်းဦးခန်းမှာ ကိုးကွယ်ထားကြပါသည်။ ထိုသို့ ကိုးကွယ်ကြရာ၌ အသစ်ဖြစ်သောအိမ်ကျောင်းမှာ အစဦးဆုံးအဖြစ် ဘုရားရှင်ကို ပင့်ဆောင်ကြခြင်းဖြစ်၍ ဘုရားရှင်ကို ပူဇော်ကြဖို့ရန်အတွက် သံဃာတော်များကို ပင့်ဖိတ်ပြီး ဘုရားရှင်ကို ပူဇော်သမှု ပြုစေကြခြင်း ဖြစ်ပါသည်။

ဒါသည် ပုဂံခေတ်မှ လာခဲ့သော အစဉ်အလာအတိုင်းပင် ဖြစ်ပါသည်။ သံဃာတော်များက ရွတ်ဆိုပူဇော်နည်းကို မသိကြပါကုန်သော လူများကိုယ်စား ဘုရားရှင်ကို ပူဇော်ပေးကြခြင်း ဖြစ်ပါသည်။

ထိုသို့ သံဃာတော်များကို မိမိတို့ အိမ်ဂေဟာသို့ ပင့်ဖိတ်၍ ဘုရားရှင်ကို ပူဇော်စေကြသူတို့သည် ဘုရား တရား သံဃာ ရတနာသုံးဖြာလုံးကိုပင် ပူဇော်ပြီးသား ဖြစ်ရပါသည်။ ရွတ်ဆိုပူဇော်နည်းကို သိကြပါကုန်သော လူများကတော့ ကိုယ်တိုင်လည်း ရွတ်ဆို ပူဇော်နိုင်ကြပါသည်။

ဆရာတော်လေးတစ်ပါးက “တစ်ချို့က ဘုရားအနေကဇာ တင်တာကို ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာ ရှိပါသေးတယ်။ ဘုရားကို အဘိသိက်မြောက်တယ်ပေ့ါ။

ဒါဟာ ဘုရားကို အဘိသိက်မြောက်တာ မဟုတ်ပါဘူး။ ဘုရားကို အဘိသိက်မြောက်ပေးလို့လည်း မရပါဘူး။ ဆင်းတုတော်ကို ထုလုပ်ပူဇော်တဲ့ အရာဝတ္ထုကို သန့်စင်စေတဲ့ သဘောပဲ ဖြစ်ပါတယ်” ဟူ၍ ရေးသားထားသည်ကို ဖတ်ရဖူးပါသည်။

သူ့အယူအဆနှင့်သူ မှန်သည်ဟု ဆိုရပါမည်။ သို့သော် “ဗုဒ္ဓါဘိသေကမင်္ဂလာ” ဟူသည် ဘုရားရှင်ကို အသက်သွင်းခြင်း, ရေစင်ဖြင့် အဘိသိက်သွန်းခြင်း မဟုတ်ရပါ။

အဘိသိက်ဟူသည် သုံးမျိုးရှိသည်ဟု မင်းကွန်းဆရာတော်ကြီး၏ ဗုဒ္ဓနေ့ဆိုင်ရာ တရားအလွှာထဲမှာ ထည့်သွင်း၍ ဟောကြားထားပါသည်။ ထိုသုံးမျိုးမှာ-----

၁။ မုဒ္ဓါဘိသေကမင်္ဂလာ။

၂။ ပဗ္ဗဇ္ဇာဘိသေက မင်္ဂလာ။

၃။ ဗုဒ္ဓါဘိသေကမင်္ဂလာ တို့ ဖြစ်ပါသည်။

ထိုသုံးမျိုးတို့တွင် မုဒ္ဓါဘိသေကမင်္ဂလာဟူသည်မှာ အစဉ်အလာ သူ့ခေတ်အခါလာ ဗေဒင်ကျမ်းလာအတိုင်း ရှင်ဘုရင်အဖြစ် တင်မြောက်မည့်ဘုရင်လောင်းကို ထိုထိုဆက်သစရာများ ဆက်သပြီး ထိုထိုဆိုင်ရာမန္တာန်များကို ရွတ်ဆိုကြကာ ဦးခေါင်းထိပ်၌ ရေစင်ဖြင့် သွန်းလောင်းခြင်း ဖြစ်ပါသည်။

ပဗ္ဗဇ္ဇာဘိသေကမင်္ဂလာဟူသည်မှာ ရေစင်ဖြင့် သွန်းလောင်းရသည့် အဘိသိက်တင်ခြင်း မြောက်ခြင်းမျိုး မဟုတ်ပါ။

( လောကီမင်္ဂလာအဖြစ် မင်းများအဘိသိက်ခံယူကြသည်ကို အစွဲပြုကာ ယဉ်ကျေးမှု ဓလေ့ရိုးရာ အစဉ်အလာဖြင့် ရှင်လောင်းကို အဘိသိက်မြှောက်ခြင်းသည် မြန်မာတို့၏ အစဉ်အလာမို့ အပြစ်ဖို့စရာ မရှိပါ)

ယုတ်ညံ့သောလူအဖြစ်မှ မြင့်မြတ်သော သာမဏေ ပဥ္ဇင်းအဖြစ်သို့ ဝင်ရောက်မည့် ရှင်လောင်း,ရဟန်းလောင်းကို ရှင်ဖြစ်လျှင် သင်္ကန်းတောင်းခြင်း သရဏဂုံပီသရခြင်း စသည်နှင့် ရဟန်းဖြစ်လျှင် ဥပဇ္ဈာယ်ယူမှုမှသည် ကမ္မဝါစာဆုံးသည်အထိ ဌာန် ကရိုဏ်းကျကျ ရွတ်ဆိုရခြင်းဟု ဆိုအပ်သော အစီအစဉ်အတိုင်း ပြုလုပ်ရခြင်းသည် အဘိသေကမန္တာန်ကို ရွတ်ဆိုခြင်းနှင့် တူသည်ကို အစွဲပြုကာ ခေါ်ဝေါ်ထားသော အမည်ဖြစ်ပါသည်။

ဗုဒ္ဓါဘိသေကမင်္ဂလာဟူသည် အနေကဇာတင်သည့် ပါဠိများထဲတွင် အပါအဝင်ဖြစ်သော “ အပရာဇိတပလ္လင်္ကေ သီသေ ပုထုဝိပုက္ခလေ။ အဘိသေကေ သဗ္ဗဗုဒ္ဓါနံ အဂ္ဂပ္ပတ္တော ပမောဒတိ” ဟူသော ရှေးဆရာတော်ကြီး၏ ဂါထာကို အစွဲပြုကာ ပေါ်ပေါက်လာသည့် အခေါ်အဝေါ်ဖြစ်ပါသည်။

သို့သော် ချီးမြှောက်သော အဘိသိက်မျိုး မဟုတ်ပါ။ ရှိပြီးသားဂုဏ်ကို အမွှမ်းတင်သော အဘိသိက်မျိုး ဖြစ်ပါသည်။ ဘုရားရှင်သည် ဘုရားဖြစ်စ ပထမသတ္တာဟ ဗောဓိပင်ရင်းတွင် တဏှာကျွန်အဖြစ်မှ လွတ်ခဲ့ပုံကို အနေကဇာတိ သံသာရံ -စသော ဂါထာဖြင့် စိတ်တော်၌ ဆင်ခြင်တော်မူပါသည်။

ထို့နောက် ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ ပဋိလုံတို့ကို စိတ်တော်ဖြင့်ပင် ဆက်လက် ဆင်ခြင်တော်မူပါသည်။ထို့နောက် စိတ်တော်ဖြင့် ဆင်ခြင်ရသည်ကို အားရတော်မမူသောကြောင့် နှုတ်ဝစီဖြင့် ယဒါ ဟဝေ -စသော ဂါထာတော်များကို ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်တော်မူပါသည်။

တဖန် စတုတ္ထသတ္တာဟ၌ အဘိဓမ္မာ ၇-ကျမ်းကို ဆင်ခြင်တော်မူရာ ပဋ္ဌာန်းကျမ်းတော်ကြီးသို့ အရောက်တွင် ရောင်ခြည်တော်များ ထွက်ပါသည်။ ထိုကို ရည်ရွယ်၍ ပဋ္ဌာန်း ၂၄-ပစ္စည်း ရွတ်ပါသည်။ဆက်လက်၍ အောင်ဂါထာများပါဝင်သော ပုဗ္ဗဏှသုတ်ကို ရွတ်ပွား၍ ဆုတောင်းပါသည်။

ဆိုခဲ့ပြီးသော ဗုဒ္ဓါဘိသေက ဖြစ်ထိုက်သော ဗုဒ္ဓဝစနများကို အစဉ်အတိုင်း ရွတ်ဆိုကြကာ ဘုရားရှင်တော်မြတ်ကို အမွှမ်းတင်ကြခြင်း ပူဇော်ကြခြင်းကိုပင် ဗုဒ္ဓါဘိသေကမင်္ဂလာဟု တင်စားကာ ခေါ်ဆိုထားခြင်း ဖြစ်ပါသည်။

ဤကား ဘုရားရှင်ကို အသက်သွက်ခြင်း မဟုတ်ကြောင်း, အဘိသိက်ဟူရာမှာလည်း ရေစင်ဖြင့် သွန်းလောင်းရသည့် တင်မြှောက်ခြင်းကို မဆိုလိုကြောင်း မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။

တစ်ချို့က---“ ပုံတော်က သာမညပါ။ ဟန်ပြပါ။ ဂုဏ်တော်ကိုသာ အာရုံပြု၍ ပူဇော်နိုင်ဖို့ လိုရင်းပါ” ဟူ၍ ဆိုလာကြပါသည်။ ပုံတော်ကိုကြည်ညို ဂုဏ်တော်ကိုအာရုံစိုကာ ပူဇော်ရမည် မှန်ပါသော်လည်း ပုံတော်က သာမညလည်းမဟုတ် ဟန်ပြလည်းမဟုတ်ပါ။

လေးအသချေင်္နှင့် ကမ႓ာတသိန်း ကြာသည့်တိုင်အောင် အနစ်နာခံခြင်း သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်းဟု ဆိုအပ်သော ပါရမီ စရိယများစွာတို့ကို ဖြည့်ကျင့်ပါမှ ရရှိလာပါသော လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် တုဖက်မရှိ ကြည်ညိုဖွယ်အတိပြည့်သော ပုံတော် ဖြစ်ပါသည်။

ထုလုပ်သူ ညံ့လို့ ပုံကောင်း မထွက်လျှင်သာ ရှိပါမည်။ “ထိုရုပ်တု ဆင်းတုသဏ္ဍာန်များသည် မြတ်စွာဘုရား၏ သဏ္ဍာန်တော်နှင့် ဆက်စပ်လျှက် ရှိသည်ဖြစ်၍ ထိုရုပ်ပုံ ရုပ်တုတော်များကို မြင်လိုက်ရသည်နှင့် တပြိုင်နက် ဘုရား ဘုရားဟူ၍ မြတ်စွာဘုရားကို အာရုံပြုသောစိတ်သည် ထင်ရှားစွာ ဖြစ်ပေါ်လာ၏။

မြတ်စွာဘုရားကို အာရုံပြု၍ အားကောင်းစွာဖြစ်ပေါ်လာသော ထိုကုသိုလ်စိတ်များသည် ချမ်းသာများစွာရ သံသရာဘဝထိအောင် အကျိုးများပါသည်” ဟုလည်းကောင်း, ဘုရားအစစ်၏ ရုပ်ပုံတော် သဏ္ဍာန်တော်များကို ဖူးမြင်ခွင့် မရကြသည့်အတွက် ထိုဘုရားအစစ်၏ ရုပ်ပုံတော် သဏ္ဍာန်တော်နှင့် အသွင်အဆင်တူသော ရုပ်ပုံတော် ဆင်းတုတော်များကို အလွန်ဖူးမြင်လိုကြ၏။

ကြည်ညိုစွာ ဖူးမြှော်ကြရသောအခါ၌ ထိုသူတို့၏စိတ်မနောသည် ဘုရားအစစ်သို့ စိတ်ရောက်၍ သွားကြကုန်သည်ချည်းသာ ဖြစ်ကုန်၏။ ရှိခိုးပူဇော်စဉ်အခါ နှုတ်မှ ရွတ်ဆိုကြသော ဣတိပိ သော ဘဂဝါ အရဟံ အစရှိသော ဂုဏ်တော်များသည် ဘုရားစစ်၌ ရှိသော ဂုဏ်တော်များပေတည်းဟု အမှန်သိ၍ ရွတ်ဆိုကြခြင်း ဖြစ်၏။

လောက၌ ဤသူသည် သီလစသောဂုဏ်ကြီး၏ စသည်ဖြင့် ကြားသိရလျှင် ထိုပုဂ္ဂိုလ်ကြီးကို ဖူးမြှော်လိုသောစိတ် အလွန်ထက်သန်ကြသည့်အားလျော်စွာ ထိုပုဂ္ဂိုလ်ကြီး ရှိရာသို့ ကိုယ်တိုင်သွား၍ပင် ဖူးမြှော်ကြ၏။

မသွားနိုင် ဖြစ်ခဲ့ကြလျှင် ထိုပုဂ္ဂိုလ်ကြီး၏ ပုံများကို ဝယ်ယူပူဇော်၍ ခေါင်းရင်းမြင့်မြတ်ရာမှာ ထားကာ ကြည်ညိုပူဇော်ကြကုန်၏။ ထိုအမှုသည် အလွန်ကောင်းမြတ်သော အမှုဖြစ်၏” ဟု လည်းကောင်း ကျေးဇူးးတော်ရှင် လယ်တီဆရာတော်ကြီးမှ ရတနာသုံးပါးကို ကြည်ညိုပူဇော်ရခြင်း၏ အကျိုးများပုံကို ရေးသားထားပါသည်။

အားလုံး သာယာချမ်းမြေ့ကြပါစေ.....။

Credit - အရှင်ခေမိန္ဒ တိပိဋကနိကာယ

Comments