ကလေးငယ်(၁၃)ယောက်ကို မိုးကုန်မှဖြစ်နိုင်မယ်လို့တွက်ဆဟန်တူပါတယ် – ဒေါက်တာထွန်းလွင်



၃-၇-၂၀၁၈
နံနက်(၇း၂၉)နာရီ
ဒေါက်တာထွန်းလွင်
မိုးကုန်မှဖြစ်နိုင်မယ်လို့တွက်ဆဟန်တူပါတယ်
၃-၇-၂၀၁၈
နံနက်(ရး၂၉)နာရီ
ဂူထဲပိတ်မိနေတဲ့ ကလေးငယ်(၁၃)ယောက်ကို ကယ်ထုတ်ဖို့ အချိန် (၄)လလောက်လိုလိမ့်မယ်လို့ CNN သတင်းမှာ ဖေါ်ပြထားပါတယ်။ သတင်းပင်ရင်းကတော့ ထိုင်အာဏာပိုင်ရဲ့ ထုတ်ပြန်ချက်အရလို့သိရ ပါတယ်။
(၄)လကို ဘယ်လိုတွက်ယူသလည်း ?
ထိုင်းကလေးတွေကယ်ဖို့အရေးမှာ အဓိကပြဿနာက ဂူထဲမှာ ဝင်နေတဲ့ ရေတွေကို ဖြတ်သယ်ဖို့ ကိစ္စပဲ။ ရေတွေကို စုပ်ယူပစ်ဖို့လည်း စဉ်းစားနေကြတယ်။ ဒါပေမယ့် မိုးတွင်းကာလ(အနောက်တောင်မုတ်သုံရာသီကာလ)ဖြစ်နေတော့ မိုးများတဲ့ဒေသဖြစ်တာကြောင့် မိုးတွေအဆက်မပြတ်ရွာနေရင် ရေတွေကုန်ဖို့မလွယ်ဘူး။ ဒီတော့ ရေတွေ ဂူထဲမဝင်အောင် မိုးကုန်မှဖြစ်မယ်လို့တွက်တယ်ထင်ပါတယ်။
ထိုင်းနိုင်ငံရဲ့မုတ်သုံမိုးရာသီဟာ အောက်တိုဘာလကုန်မှ ကုန်ဆုံးမှာဖြစ်တာကြောင့် လက်ရှိ ဇူလိုင်လကနေတွက်ရင် အောက်တိုဘာလကုန်အထိ လေးလကြာဦးမှာဖြစ်တယ်။
ဒါကြောင့် မိုးအကုန်ဖြစ်တဲ့အောက်တိုဘာလအကုန် နိုဝင်ဘာလမှ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်မှာဖြစ်လို့ လေးလလောက်ကြာဦးမယ်လိုက ထုတ်ပြန်တာဖြစ်မလို့ ကျွန်တော်တွေးမိပါတယ်။
(မျတ်ချက်၊ ဒီကြားထဲမှာ နည်းပညာအကူအညီနဲ့ ပိုမြန်ဆန်အောင်လည်းကယ်နိုင်ဖို့ ဖြစ်သွားနိုင်ပါတယ်၊ မက္ကဆီကိုတုန်းကတော့ အပေါ်အောက် ကျင်းတူးပြီး လှောင်အိမ်နဲ့ တစ်ယောက်ချင်း အပေါ်ဆွဲထုတ်ပြီး ကယ်ဘူးပါတယ်)
ဒေါက်တာထွန်းလွင်

Comments