ျမန္မာလူငယ္ နည္းျပဆရာ က်န္းမာေရးပုိျပီး ထိခုိက္လာေန.. ဂူတြင္း ေအာက္ဆီဂ်င္ ေလ့်ာက်မႈေၾကာင့္ ကယ္ဆယ္ေရးမ်ား အခ်ိန္လုလုပ္ေနရ...


နည္းျပဆရာျမန္မာလူငယ္ေလး က်န္းမာေရးပုိျပီး ထိခုိက္လာေနတယ္
နည္းျပဆရာျမန္မာလူငယ္ေလး က်န္းမာေရးပုိျပီး ထိခုိက္လာေနတယ္ !!! စိတ္မေကာင္းပါ ။
ကယ္ဆယ္ေရးေတြလည္း ေနစဥ္ေရေတြျဖတ္ေအာက္စီဂ်င္ေတြပုိေ့နတာအႏၱရယ္မ်ားလွတယ္!!!
သူတို ့အားလံုး အျမန္ဆံုး ျပန္ထြက္လာႏိုင္ဖုိ ့ကံတရားကုိသာအားကုိး ယံုႀကည္ေနမိေတာ့တာပဲ !!
လိုဏ္ဂူတြင္း ေအာက္ဆီဂ်င္ ေလ့်ာက်မႈေၾကာင့္ ကယ္ဆယ္ေရးဝန္ထမ္းမ်ား အခ်ိန္လုလုပ္ေနရ
=========
ထမ့္လြန္လိုဏ္ဂူအတြင္း ေအာက္ဆီဂ်င္ပမာဏ ေလ်ာ႔က်မႈေၾကာင့္ လူငယ္ေဘာလံုးသမား ကယ္ဆယ္ေရး ဝန္ထမး္ေတြဟာ အခ်ိန္လုၿပီး အလုပ္လုပ္ေနၾကပါတယ္။
ထုိင္းေရတပ္က ေရငုပ္သမားေဟာင္းတဦး ေသဆံုးၿပီး လိုဏ္ဂူအတြင္း ေအာက္ဆီ၈်င္ ပမာဏ ေလ်ာ့က်ေနတာေၾကာင့္ ကယ္ဆယ္ေရးသမားေတြအဖုိ႔ ဖိအားေတြ ျမင့္တက္ေနပါတယ္။
ေရငုပ္သမားေဟာင္း ေသဆံုးမႈဟာ လူငယ္ေတြကို ေရငုပ္ခုိင္းၿပီး အျပင္ကို ကယ္ထုတ္မယ့္ ကိစၥအေပၚ သံသယေတြ တုိးပြားေစပါတယ္။
“က်ေနာ္တို႔ ဗ်ဴဟာေျပာင္းမွာပါ။ မူလအစီအစဥ္က ႀကိဳတင္ျပင္ဆင္မႈေတြ တဆင့္ၿပီးတဆင့္ ကေလးေတြကို ကယ္ထုတ္မယ့္ အစီအစဥ္ပါ။ ဒါေ့ပမယ့္ ေအာက္ဆီ၈်င္ပမာဏ ၁၃ ရာခိုင္ႏႈန္းထက္နည္းရင္ ကေလးေတြအဖို႔ အသက္အႏၱရာယ္ ရိွႏုိင္တယ္။ ဒီေတာ့ တျခားနည္းလမး္ေတြ ေရြးဖုိ႔လုိတယ္။ သူတို႔ကို ဂူထဲမွာပဲ တျခားေဘးကင္းတဲ့ ေနရာကို ေရႊ႕မလား။ ဒါမွမဟုတ္ အႏၱရာယ္ေတြ ၾကားထဲကေန ဒီအတိုင္း ေခၚထုတ္မလား” လို႔ တ႐ုတ္ကယ္ဆယ္ေရး ေခါင္းေဆာင္ ဝမ္ယင္က်ီကေျပာခဲ့ပါတယ္။
ေအာက္ဆီဂ်င္ ပမာဏေလ်ာ့နည္းခ်ိန္ ေနာက္ဆံုးျပဳလုပ္မယ့္ အေရးေပၚ ေျပာငး္ေရႊ႕ေရး အစီအစဥ္ဟာ အႏၱရာယ္ရိွတယ္လုိ႔လည္း တ႐ုတ္ကယ္ဆယ္ေရး အဖြဲ႔ေခါင္းေဆာင္က ျဖည့္စြက္ေျပာၾကားပါတယ္။
ဒါေပမယ့္လည္း ထုိင္းအာဏာပိုင္ေတြဟာ ၅ ကီလိုမီတာ အရွည္ရိွတဲ့ ပိုုက္ကို သြယ္တန္းၿပီး ေအာက္ဆီဂ်င္ေထာက္ပံ့ေရး လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
ဒါ့အျပင္ ကေလးေတြနဲ႔ မိသားစုဝင္ေတြ ဆက္သြယ္ေျပာဆိုနုိင္ဖို႔ ဖုိင္ဘာေအာ့တစ္ ေကဘယ္ႀကိဳးကိုလည္း  သြယ္တန္းေနပါတယ္။
Credit – DVB
=========
နည်းပြဆရာမြန်မာလူငယ်လေး ကျန်းမာရေးပိုပြီး ထိခိုက်လာနေတယ်
နည်းပြဆရာမြန်မာလူငယ်လေး ကျန်းမာရေးပိုပြီး ထိခိုက်လာနေတယ် !!! စိတ်မကောင်းပါ ။
ကယ်ဆယ်ရေးတွေလည်း နေစဉ်ရေတွေဖြတ်အောက်စီဂျင်တွေပိုေ့နတာအန္တရယ်များလှတယ်!!!
သူတို ့အားလုံး အမြန်ဆုံး ပြန်ထွက်လာနိုင်ဖို ့ကံတရားကိုသာအားကိုး ယုံကြည်နေမိတော့တာပဲ !!
လိုဏ်ဂူတွင်း အောက်ဆီဂျင် လျေ့ာကျမှုကြောင့် ကယ်ဆယ်ရေးဝန်ထမ်းများ အချိန်လုလုပ်နေရ
=========
ထမ့်လွန်လိုဏ်ဂူအတွင်း အောက်ဆီဂျင်ပမာဏ လျော့ကျမှုကြောင့် လူငယ်ဘောလုံးသမား ကယ်ဆယ်ရေး ဝန်ထမး်တွေဟာ အချိန်လုပြီး အလုပ်လုပ်နေကြပါတယ်။
ထိုင်းရေတပ်က ရေငုပ်သမားဟောင်းတဦး သေဆုံးပြီး လိုဏ်ဂူအတွင်း အောက်ဆီ၈ျင် ပမာဏ လျော့ကျနေတာကြောင့် ကယ်ဆယ်ရေးသမားတွေအဖို့ ဖိအားတွေ မြင့်တက်နေပါတယ်။
ရေငုပ်သမားဟောင်း သေဆုံးမှုဟာ လူငယ်တွေကို ရေငုပ်ခိုင်းပြီး အပြင်ကို ကယ်ထုတ်မယ့် ကိစ္စအပေါ် သံသယတွေ တိုးပွားစေပါတယ်။
“ကျနော်တို့ ဗျူဟာပြောင်းမှာပါ။ မူလအစီအစဉ်က ကြိုတင်ပြင်ဆင်မှုတွေ တဆင့်ပြီးတဆင့် ကလေးတွေကို ကယ်ထုတ်မယ့် အစီအစဉ်ပါ။ ဒါေ့ပမယ့် အောက်ဆီ၈ျင်ပမာဏ ၁၃ ရာခိုင်နှုန်းထက်နည်းရင် ကလေးတွေအဖို့ အသက်အန္တရာယ် ရှိနိုင်တယ်။ ဒီတော့ တခြားနည်းလမး်တွေ ရွေးဖို့လိုတယ်။ သူတို့ကို ဂူထဲမှာပဲ တခြားဘေးကင်းတဲ့ နေရာကို ရွှေ့မလား။ ဒါမှမဟုတ် အန္တရာယ်တွေ ကြားထဲကနေ ဒီအတိုင်း ခေါ်ထုတ်မလား” လို့ တရုတ်ကယ်ဆယ်ရေး ခေါင်းဆောင် ဝမ်ယင်ကျီကပြောခဲ့ပါတယ်။
အောက်ဆီဂျင် ပမာဏလျော့နည်းချိန် နောက်ဆုံးပြုလုပ်မယ့် အရေးပေါ် ပြောငး်ရွှေ့ရေး အစီအစဉ်ဟာ အန္တရာယ်ရှိတယ်လို့လည်း တရုတ်ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်က ဖြည့်စွက်ပြောကြားပါတယ်။
ဒါပေမယ့်လည်း ထိုင်းအာဏာပိုင်တွေဟာ ၅ ကီလိုမီတာ အရှည်ရှိတဲ့ ပိုုက်ကို သွယ်တန်းပြီး အောက်ဆီဂျင်ထောက်ပံ့ရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကလေးတွေနဲ့ မိသားစုဝင်တွေ ဆက်သွယ်ပြောဆိုနိုင်ဖို့ ဖိုင်ဘာအော့တစ် ကေဘယ်ကြိုးကိုလည်း  သွယ်တန်းနေပါတယ်။
Credit – DVB

Comments