ေယာက္်ား အားတိုးေဆးအေသာက္လြန္ၿပီး ေလဆိပ္မွာ၀တ္လစ္စလစ္နဲ႔ေလ်ွာက္ရမ္းတဲ့ ျဖစ္ရပ္



က်ားအားတိုးေဆးအေသာက္လြန္ၿပီး ေလဆိပ္မွာ၀တ္လစ္စလစ္နဲ႔ေလ်ွာက္ရမ္းခဲ့သူအမ်ိဳးသား
အေမရိကန္ႏိုင္ငံသားတစ္ေယာက္ဟာ ေယာက်္ားလိင္အားတိုးေဆး Viagra ေတြအေသာက္လြန္ကာ ေလဆိပ္မွာ ေလ်ာက္ရမ္းခဲ့ပါတယ္။ ထိုအမ်ိဳးသားကေတာ့ အသက္(၂၇)ႏွစ္အရြယ္ရွိသူ နယူးေယာက္က Steve Cho ျဖစ္ပါတယ္။ Steve ဟာထိုင္းႏိုင္ငံမွာရွိတဲ့ ဖူးခက္ေလဆိပ္က ထြက္ခြာရာခန္းမမွာ အ၀တ္ဗလာနဲ႔ေလ်ာက္သြားခဲ့ၿပီး ေလဆိပ္အေရာင္းဆိုင္ေတြက ကုန္ပစၥည္းေတြကိုဖ်က္ဆီးတာ၊ ေလဆိပ္၀န္ထမ္းေတြကို မစင္ေတြနဲ႔ေလ်ာက္ပစ္ကာ လူေတြကိုေအာ္ဟစ္ၾကိမ္းေမာင္းတာေတြလုပ္ခဲ့ေၾကာင္း သိရပါတယ္။
ေနာက္ဆံုးမွာေတာ့ Steve ကိုလံုျခံဳေရး၀န္ထမ္း(၆)ေယာက္တို႔နဲ႔ ဟန္႔တားႏိုင္ခဲ့ၿပီး ေလဆိပ္မွာရွိတဲ့ရဲေတြက ဖမ္းဆီးေခၚေဆာင္သြားခဲ့ပါတယ္။ ထိုအျဖစ္ကိုၾကံဳေတြ႔ခဲ့သူ အသက္(၂၈)ႏွစ္အရြယ္ Wannee Ming က ေလဆိပ္မွာသူၾကံဳဖူးသမွ်ထဲအဆိုး၀ါးဆံုးျဖစ္ေၾကာင္းနဲ႔ သူ႔ကိုရန္ျပဳမွာစိုးတာေၾကာင့္ ခပ္လွမ္းလွမ္းကေနခဲ့ရေၾကာင္း ေျပာျပခဲ့ပါတယ္။
ဖူးခက္အျပည္ျပည္ဆိုင္ရာေလဆိပ္ကေတာ့ ေလဆိပ္လာခရီးသည္ေတြကိုအႏ ၱရာယ္တစ္စံုတစ္ရာျပဳမွာ စိုးရိမ္တာေၾကာင့္ ရမ္းကားသူကိုဖမ္းဆီးခဲ့ရေၾကာင္းနဲ႔ ႏိုင္ငံျခားသားဧည့္သည္စင္တာဆီ ေခၚသြားကာစိတ္ၿငိမ္ေအာင္ ျပဳလုပ္ခဲ့ရေၾကာင္း ဆိုပါတယ္။
ေနာက္ပိုင္းမွာ Steve ဟာျပန္လည္သတိ၀င္လာခဲ့ၿပီး သူဟာအမ်ိဳးသားလိင္စိတ္ကိုႏိႈးဆြေပးတဲ့ Viagra ေဆးလံုးေတြအမ်ားၾကီးေသာက္သံုးခဲ့တာေၾကာင့္ သူအသိစိတ္ေပ်ာက္သြားခဲ့ေၾကာင္း၀န္ခံခဲ့ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံ အင္ခြ်န္သြားမယ့္ခရီးစဥ္လည္းပယ္ဖ်က္ခဲ့ရပါတယ္။Steve ကိုထပ္မံစစ္ေဆးမႈေတြျပဳလုပ္ဖို႔ Saky ရဲစခန္းကိုေခၚသြားခဲ့ၿပီး ထိုေနာက္မွာေတာ့ ေဆးစစ္ဖို႔နဲ႔ Steve ရဲ႕စိတ္အေျခအေနကိုစစ္ေဆးဖို႔ အနီးနားကေဆးရံုတစ္ရံုကိုပုိ႔ေဆာင္ေပးခဲ့ေၾကာင္း သိရပါတယ္။
Credit: လင္းလင္း (ShweMom)
========
လိင်အားတိုးဆေးအသောက်လွန်ပြီး လေဆိပ်မှာဝတ်လစ်စလစ်နဲ့လျှောက်ရမ်းခဲ့သူအမျိုးသား
အမေရိကန်နိုင်ငံသားတစ်ယောက်ဟာ ယောကျ်ားလိင်အားတိုးဆေး Viagra တွေအသောက်လွန်ကာ လေဆိပ်မှာ လျောက်ရမ်းခဲ့ပါတယ်။ ထိုအမျိုးသားကတော့ အသက်(၂၇)နှစ်အရွယ်ရှိသူ နယူးယောက်က Steve Cho ဖြစ်ပါတယ်။ Steve ဟာထိုင်းနိုင်ငံမှာရှိတဲ့ ဖူးခက်လေဆိပ်က ထွက်ခွာရာခန်းမမှာ အဝတ်ဗလာနဲ့လျောက်သွားခဲ့ပြီး လေဆိပ်အရောင်းဆိုင်တွေက ကုန်ပစ္စည်းတွေကိုဖျက်ဆီးတာ၊ လေဆိပ်ဝန်ထမ်းတွေကို မစင်တွေနဲ့လျောက်ပစ်ကာ လူတွေကိုအော်ဟစ်ကြိမ်းမောင်းတာတွေလုပ်ခဲ့ကြောင်း သိရပါတယ်။
နောက်ဆုံးမှာတော့ Steve ကိုလုံခြုံရေးဝန်ထမ်း(၆)ယောက်တို့နဲ့ ဟန့်တားနိုင်ခဲ့ပြီး လေဆိပ်မှာရှိတဲ့ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ထိုအဖြစ်ကိုကြုံတွေ့ခဲ့သူ အသက်(၂၈)နှစ်အရွယ် Wannee Ming က လေဆိပ်မှာသူကြုံဖူးသမျှထဲအဆိုးဝါးဆုံးဖြစ်ကြောင်းနဲ့ သူ့ကိုရန်ပြုမှာစိုးတာကြောင့် ခပ်လှမ်းလှမ်းကနေခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။
ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ လေဆိပ်လာခရီးသည်တွေကိုအန ္တရာယ်တစ်စုံတစ်ရာပြုမှာ စိုးရိမ်တာကြောင့် ရမ်းကားသူကိုဖမ်းဆီးခဲ့ရကြောင်းနဲ့ နိုင်ငံခြားသားဧည့်သည်စင်တာဆီ ခေါ်သွားကာစိတ်ငြိမ်အောင် ပြုလုပ်ခဲ့ရကြောင်း ဆိုပါတယ်။
နောက်ပိုင်းမှာ Steve ဟာပြန်လည်သတိဝင်လာခဲ့ပြီး သူဟာအမျိုးသားလိင်စိတ်ကိုနှိုးဆွပေးတဲ့ Viagra ဆေးလုံးတွေအများကြီးသောက်သုံးခဲ့တာကြောင့် သူအသိစိတ်ပျောက်သွားခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ အင်ချွန်သွားမယ့်ခရီးစဉ်လည်းပယ်ဖျက်ခဲ့ရပါတယ်။Steve ကိုထပ်မံစစ်ဆေးမှုတွေပြုလုပ်ဖို့ Saky ရဲစခန်းကိုခေါ်သွားခဲ့ပြီး ထိုနောက်မှာတော့ ဆေးစစ်ဖို့နဲ့ Steve ရဲ့စိတ်အခြေအနေကိုစစ်ဆေးဖို့ အနီးနားကဆေးရုံတစ်ရုံကိုပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
Credit: လင်းလင်း (ShweMom)

Comments