ေဒါက္တာမေလး စိမ့္ ေၿပာျပတဲ့ ႏို႔ေသာက္သင့္တဲ့အခ်ိန္...



ကၽြန္မတို႕ငယ္ငယ္ကတည္းက ႏို႕ေသာက္လာခဲ့တာ အခုလို လူႀကီးျဖစ္တဲ့အထိလည္း ေသာက္ေနၿမဲပဲျဖစ္ပါတယ္။ ဒါေပမယ့္ ကၽြန္မတို႕ေသာက္ခဲ့တဲ့ပံုစံေတြဟာ တကယ္ေရာထိေရာက္ခဲ့ရဲ႕လား။ ဆိုလိုတာက ႏို႕ေသာက္လိုက္တဲ့အခါ ဒီႏို႕မွာရွိတဲ့ အာဟာရဓာတ္ေတြ၊ ခႏၶာကိုယ္အတြက္ ေကာင္းက်ိဳးေတြကို တကယ္ အျပည့္အဝရလိုက္ရဲ႕လား။

ႏို႕ဟာ ကယ္လ္ဆီယမ္အရင္းျမစ္တစ္ခုျဖစ္ၿပီး ပရိုတင္း (အသားဓာတ္)၊ ကယ္လ္ဆီယ္၊ မဂၢနီစီယမ္၊ ပိုတက္စီယမ္၊ ေဖာ့စ္ဖရပ္စ္ (မီးစုန္းဓာတ္) စတဲ့ သတၱဳဓာတ္ေတြ ေတြျပည့္ဝစြာပါဝင္ပါတယ္။ ျပဳျပင္စီမံထားတဲ့ ႏို႕ေတြမွာဆိုရင္ ဗီတာမင္ဒီ ဓာတ္ေတာင္ ပါဝင္တာေတြ႕ရပါတယ္။ ဒါေၾကာင့္ ကိုယ့္ေန႕စဥ္အစားစာအျပင္ အေကာင္းဆံုးအာဟာရ ရင္းျမစ္တစ္ခုလို႕ေျပာရမယ္။ ဒါေပမယ့္ သူမ်ားေတြေျပာသလို ႏို႕ကို ေန႕ဘက္ေသာက္တာ ေကာင္းလား၊ ညဘက္ေသာက္တာ သင့္ေတာ္လားဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။

တစ္ေန႕တာကို ႏို႕တစ္ခြက္ေသာက္ၿပီးေတာ့ျဖစ္ေစ၊ ႏို႕နဲ႕အေစ့အႏွံတစ္ခုခုေရာၿပီးေသာက္တာျဖစ္ေစ၊ ႏို႕ကထုတ္ထားတဲ့ေသာက္စရာတစ္ခုခုနဲ႕ျဖစ္ေစ စတင္တာဟာ လြယ္ကူၿပီး အာဟာရျပည့္တယ္လို႕ ထင္ရေပမယ့္ နည္းနည္းေတာ့ heavy ျဖစ္သြားတတ္ပါတယ္။ အဆီမထုတ္ထားတဲ့ႏို႕ဆိုရင္ ပိုဆိုးတာေပါ့။ ပရိုတင္းၾကြယ္ဝတဲ့ ၾကက္ဥလို၊ အမွ်င္ဓာတ္မ်ားတဲ့ oatmeal လိုမ်ိဳးေတာ့ ဗိုက္မျပည့္ေစ (ျပည့္တယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးမျဖစ္ေစ) ပါဘူး။

အာယုေဗဒက်မ္းေတြအရ မနက္ပိုင္းမွာ အမ်ားႀကီးမစားသင့္ပါဘူး။ ႏို႕အမ်ားႀကီးေသာက္တာက အစာေျခအဖြဲ႕မွာ သြားစုပံုေစတဲ့အတြက္ အစာမေၾကဘဲ ဗိုက္ေအာင့္ေစတတ္ပါတယ္။ မနက္ခင္းမွာ ႏို႕အမ်ားႀကီးေသာက္တာဟာ လူကို ေလးလံထိုင္းမိႈင္းေစေၾကာင္း ေလ့လာခ်က္ေတြအရ သိလာရပါတယ္။ အဲဒီအစား အသီးအႏွံ၊ အသီးအရြက္ ဒါမွမဟုတ္ ေကြကာနဲ႕ႏို႕ေရာတာမ်ိဳးက တစ္ေန႕တာလုိအပ္တဲ့ စြမ္းအင္ေတြကို တျဖည္းျဖည္းခ်င္းထုတ္ေပးႏိုင္ပါတယ္။



ဒီေတာ့ ညဘက္ေသာက္တာက အေကာင္းဆံုးလို႕ေျပာရပါလိမ့္မယ္။ ဘာလို႕လဲဆိုေတာ့ ညဘက္မွာ ကၽြန္မတို႕ခႏၶာကိုယ္ဟာ တက္ၾကြေနတဲ့အေနထားကေန ေလ်ာ့ခ်လိုက္တဲ့ အၿငိမ္အေနထားကို ျပန္ကူးေျပာင္းရေတာ့မယ့္အခ်ိန္ျဖစ္ပါတယ္။ ႏို႕ဟာ အားလံုးသိတဲ့ အိပ္ခ်င္စိတ္ကိုျဖစ္ေစတဲ့ မယ္လတိုနင္ပမာဏကို မ်ားေစပါ သတဲ့။ အိပ္ခါနီးအစားေသာက္ေတြ စားတာဟာ စြမ္းအင္ထြက္တာေၾကာင့္ လူကို တက္ၾကြေစၿပီး အိပ္ခ်င္စိတ္ေပ်ာက္ေစေပမယ့္ ႏို ့ေသာက္တာကေတာ့ အဲလို မျဖစ္ပါဘူး။

ႏို႕ထဲမွာပါဝင္တဲ့ Tryptophan ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစတဲ့ အမိုင္ႏိုအက္စစ္တစ္မ်ိဳးပဲျဖစ္ပါတယ္။ ဒါ့အျပင္ ဆီရိုတိုနင္ နဲ႕ မယ္လတိုနင္ ထုတ္တဲ့ေနရာမွာ ကူညီေပးပါတယ္။ ဆီရိုတိုနင္နဲ႕ မယ္လတိုနင္ ဟာ နာဗ့္ေၾကာေလးေတြကထြက္တဲ့ အိပ္စက္တာနဲ႕ ႏိုးထတာကို ထိန္းညွိေပးတဲ့ဓာတ္ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္မအိပ္ခင္ နာရီဝက္ေလာက္အလိုမွာ ႏို႕တစ္ခြက္ေလာက္ေသာက္ေပးမယ္ဆိုရင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေစပါလိမ့္မယ္။

ေနာက္တစ္ခ်က္ကေတာ့ ႏို႕မွာပါတဲ့ မဂၢနီစီယမ္ေၾကာင့္ပါ။ မဂၢနီစီယမ္ဟာ အာရံုေၾကာနဲ႕ ၾကြက္သားေတြ အလုပ္ေကာင္းေကာင္းလုပ္ႏိုင္ဖို႔အပါအဝင္ ခႏၶာကိုယ္တြင္းမွာရွိတဲ့ ဓာတ္ျပဳမႈေပါင္း ၃၀၀ ေက်ာ္ေလာက္အတြက္ အေရးပါတဲ့ အာဟာရဓာတ္ျဖစ္ပါတယ္။ ဒီအာရံုေၾကာေတြ၊ ၾကြက္သားေတြက ကၽြန္မတို႕ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ဖို႕အတြက္ အေရးႀကီးပါတယ္။

ဘာလို႕လဲဆိုေတာ့ အိပ္ေနတဲ့အခ်ိန္မွာ ေျခေထာက္ေတြ တဆတ္ဆတ္လႈပ္တာ၊ ၾကြက္တက္တာေတြေၾကာင့္ မအိပ္ရတာေတြ ရွိတဲ့အတြက္ မဂၢနီစီယမ္ဟာ ၾကြက္သားေတြ၊ အာရံုေၾကာေတြကို ေျပာေလ်ာ့ေစၿပီး ေကာင္းေကာင္းအိပ္ေပ်ာ္ေစပါတယ္။ အိပ္စက္ခ်ိန္ကိုလည္း တာရွည္ေစပါတယ္။ ဒီျပႆနာေတြဟာ မဂၢနီစီယမ္နည္းလို႕၊ ခ်ိဳ႕တဲ့လို ႕ျဖစ္တာေတြပါ။ ေျပာရရင္ ညဘက္အိပ္မေပ်ာ္တာဟာ မဂၢနီစီယမ္ခ်ိဳ႕တဲ့တဲ့ လကၡဏာလို႕ေတာင္ဆိုပါတယ္။ ဒါေၾကာင့္ ညဘက္ႏို႕ေသာက္ေပးတာဟာ ပိုေကာင္းတယ္လို႕ဆိုတာပါ။

ၿပီးေတာ့ ကယ္လ္စီယမ္ဟာ ခႏၶာကိုယ္တြင္း ဆီရိုတိုနင္ပမာနကို ျမွင့္ေပးၿပီး မယ္လတိုနင္ေဟာ္မုန္းကေတာ့ စိတ္ဖိစီးမႈေၾကာင့္အပါအဝင္ တျခားအေၾကာင္းေၾကာင္းေတြေၾကာင့္ ညအိပ္မေပ်ာ္တာကို ကာကြယ္ေပးပါတယ္။ ဆီရိုတိုနင္ဟာ စိတ္က်ေရာဂါမျဖစ္ေအာင္ ထိန္းေပးထားတဲ့ ဦးေႏွာက္ထဲက ဓာတ္တစ္မ်ိဳးပါ။ ဒါေၾကာင့္ ညဘက္အိပ္ခ်ိန္မွာ ႏို႕ေသာက္တာဟာ ခႏၶာကိုယ္ရဲ႕ အိပ္စက္ခ်ိန္၊ ႏိုးထခ်ိန္နဲ႕ လႈပ္ရွားမႈ စက္ဝန္းေတြကို ပံုမွန္ေကာင္းမြန္စြာ လည္ပတ္ေစၿပီး လူကို က်န္းမာသက္ရွည္ေစတဲ့ ရလဒ္မ်ိဳးရေစပါတယ္။

ကၽြန္မတို႕ခႏၶာကိုယ္ဟာ ေန႕ခင္းဘက္မွာ ထိခိုက္ပ်က္စီးထားတာေတြကို ညဘက္မွာမွ ျပန္လည္ျပဳျပင္ေလ့ရွိတာမို႕ ညဘက္ ကိုယ္ေသာက္မယ့္ ႏို႕ပူပူေလးထဲကို နႏြင္းစစ္စစ္ေရာထည့္ၿပီး ေသာက္ေပးမယ္ဆိုရင္ ေရာင္ရမ္းတာေတြက်တဲ့ အာနိသင္၊ ပိုးေသေစတဲ့အာနိသင္နဲ႕ အနာက်က္ေစတဲ့ ၊ ျပန္လည္ျပဳျပင္ႏိုင္တဲ့ အစြမ္းအာနိသင္ေတြ ပိုျမင့္မားေကာင္းမြန္ေစပါတယ္။

ဒါေၾကာင့္ အဆစ္ျမစ္ေရာင္တာလိုမ်ိဳး ေရာင္ရမ္းနာက်င္တဲ့ ေဝဒနာခံစားေနရတဲ့သူေတြအတြက္ ေဝဒနာကိုေလ်ာ့နည္းသက္သာေစၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစတာမို႕ ပိုလို႕ေတာင္သင့္ေလ်ာ္ပါေသးတယ္။ ဒီလိုနႏြင္းနဲ႕ ႏို႕ကို ညဘက္ေသာက္ေပးတာဟာ စိတ္ဖိစီးမႈေတြေၾကာင့္ ေခါင္းကိုက္ေနတာေတြကိုလည္း ေလ်ာ့ခ်ေစၿပီး ေကာင္းမြန္စြာအိပ္ေပ်ာ္ေစပါတယ္။ ႏို႕မွာပါတဲ့ပရိုတင္းဓာတ္ကလည္း ၾကြက္သားဖြံ႕ၿဖိဳးဖို႕ ကစားေနတဲ့သူေတြအတြက္ လိုအပ္ၿပီး ၾကြက္သားေတြ ျပန္လည္ျပဳျပင္တဲ့ Recovery process ကို အေထာက္အကူျဖစ္ေစပါတယ္။

ဒီလိုရလဒ္ေတြကို သေဘာက်ၿပီး လူတိုင္းႏို႕လိုက္ေသာက္လို႕ေတာ့ မရပါဘူး။ တခ်ိဳ႕လူေတြက ႏို႕နဲ႕မတည့္ပါဘူး။ ဘယ္အခ်ိန္ပဲ ေသာက္ေသာက္၊ ေန႕ျဖစ္ျဖစ္ ညျဖစ္ျဖစ္။ ႏို႕နဲ႕မတည့္တဲ့အလက္ဂ်ီ dairy allergy ဒါမွမဟုတ္ ႏို႕မွာပါတဲ့ လက္တို႕ဓာတ္ကို မခံႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ ကိုယ့္မွာ ဒီေရာဂါတစ္ခုခုရွိေနလားဆိုတာ ဘယ္လိုသိႏိုင္မလဲ။

ႏို႕တစ္ခြက္ေလာက္ ေသာက္လိုက္တာနဲ႕ ဗိုက္ေအာင့္တာ၊ ေလထိုး၊ ေလပြတာ၊ ပ်ိဳ႕တာ၊ ဝမ္းေလ်ာတာေတြ ျဖစ္လာရင္ ႏို႕မွာပါတဲ့ လက္တို႕ဓာတ္ကို မခံႏိုင္တာေၾကာင့္ျဖစ္ၿပီး လက္တို႕ဓာတ္မပါတဲ့ Lactose Free Milk မ်ိဳးေရြးျခယ္တာျဖစ္ျဖစ္၊ ပဲႏို႕ေသာက္တာ ျဖစ္ျဖစ္ လုပ္လို႕ရပါတယ္။ ႏို႕နဲ႕မတည့္တဲ့အလက္ဂ်ီကေတာ့ ပိုဆိုးပါတယ္။ သူကတျခားအလက္ဂ်ီေတြလို အသက္ရွဴက်ပ္လာၿပီး ေရွာ့ရတာေတြအထိ ျဖစ္လာတတ္ပါတယ္။

ဒါေၾကာင့္ ကိုယ္ဟာ ႏို႕နဲ႕တည့္တယ္၊ ႏို႕ကိုလည္းႀကိဳက္တယ္၊ က်န္းမာေရးအတြက္ Fit ျဖစ္ခ်င္လို ႕ေသာက္ေနတာ ဆိုရင္ေတာ့ ကၽြန္မေဖာ္ျပထားတဲ့အေၾကာင္းအရာေလးေတြကို ဖတ္ၿပီးတဲ့အခါ ပိုၿပီးမွန္ကန္ထိေရာက္တဲ့ ရည္မွန္းခ်က္ဆီကို ေရာက္ႏိုင္မယ္လို႕ထင္ပါတယ္။ အားလံုးက်န္းမာလွပၾကပါေစ။

All credit goes to Dr Seint – https://www.facebook.com/seint.s.phyu

==============

ကျွန်မတို့ငယ်ငယ်ကတည်းက နို့သောက်လာခဲ့တာ အခုလို လူကြီးဖြစ်တဲ့အထိလည်း သောက်နေမြဲပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့သောက်ခဲ့တဲ့ပုံစံတွေဟာ တကယ်ရောထိရောက်ခဲ့ရဲ့လား။ ဆိုလိုတာက နို့သောက်လိုက်တဲ့အခါ ဒီနို့မှာရှိတဲ့ အာဟာရဓာတ်တွေ၊ ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေကို တကယ် အပြည့်အဝရလိုက်ရဲ့လား။

နို့ဟာ ကယ်လ်ဆီယမ်အရင်းမြစ်တစ်ခုဖြစ်ပြီး ပရိုတင်း (အသားဓာတ်)၊ ကယ်လ်ဆီယ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ် (မီးစုန်းဓာတ်) စတဲ့ သတ္တုဓာတ်တွေ တွေပြည့်ဝစွာပါဝင်ပါတယ်။ ပြုပြင်စီမံထားတဲ့ နို့တွေမှာဆိုရင် ဗီတာမင်ဒီ ဓာတ်တောင် ပါဝင်တာတွေ့ရပါတယ်။ ဒါကြောင့် ကိုယ့်နေ့စဉ်အစားစာအပြင် အကောင်းဆုံးအာဟာရ ရင်းမြစ်တစ်ခုလို့ပြောရမယ်။ ဒါပေမယ့် သူများတွေပြောသလို နို့ကို နေ့ဘက်သောက်တာ ကောင်းလား၊ ညဘက်သောက်တာ သင့်တော်လားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

တစ်နေ့တာကို နို့တစ်ခွက်သောက်ပြီးတော့ဖြစ်စေ၊ နို့နဲ့အစေ့အနှံတစ်ခုခုရောပြီးသောက်တာဖြစ်စေ၊ နို့ကထုတ်ထားတဲ့သောက်စရာတစ်ခုခုနဲ့ဖြစ်စေ စတင်တာဟာ လွယ်ကူပြီး အာဟာရပြည့်တယ်လို့ ထင်ရပေမယ့် နည်းနည်းတော့ heavy ဖြစ်သွားတတ်ပါတယ်။ အဆီမထုတ်ထားတဲ့နို့ဆိုရင် ပိုဆိုးတာပေါ့။ ပရိုတင်းကြွယ်ဝတဲ့ ကြက်ဥလို၊ အမျှင်ဓာတ်များတဲ့ oatmeal လိုမျိုးတော့ ဗိုက်မပြည့်စေ (ပြည့်တယ်ဆိုတဲ့ ခံစားချက်မျိုးမဖြစ်စေ) ပါဘူး။

အာယုဗေဒကျမ်းတွေအရ မနက်ပိုင်းမှာ အများကြီးမစားသင့်ပါဘူး။ နို့အများကြီးသောက်တာက အစာခြေအဖွဲ့မှာ သွားစုပုံစေတဲ့အတွက် အစာမကြေဘဲ ဗိုက်အောင့်စေတတ်ပါတယ်။ မနက်ခင်းမှာ နို့အများကြီးသောက်တာဟာ လူကို လေးလံထိုင်းမှိုင်းစေကြောင်း လေ့လာချက်တွေအရ သိလာရပါတယ်။ အဲဒီအစား အသီးအနှံ၊ အသီးအရွက် ဒါမှမဟုတ် ကွေကာနဲ့နို့ရောတာမျိုးက တစ်နေ့တာလိုအပ်တဲ့ စွမ်းအင်တွေကို တဖြည်းဖြည်းချင်းထုတ်ပေးနိုင်ပါတယ်။

ဒီတော့ ညဘက်သောက်တာက အကောင်းဆုံးလို့ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ညဘက်မှာ ကျွန်မတို့ခန္ဓာကိုယ်ဟာ တက်ကြွနေတဲ့အနေထားကနေ လျော့ချလိုက်တဲ့ အငြိမ်အနေထားကို ပြန်ကူးပြောင်းရတော့မယ့်အချိန်ဖြစ်ပါတယ်။ နို့ဟာ အားလုံးသိတဲ့ အိပ်ချင်စိတ်ကိုဖြစ်စေတဲ့ မယ်လတိုနင်ပမာဏကို များစေပါ သတဲ့။ အိပ်ခါနီးအစားသောက်တွေ စားတာဟာ စွမ်းအင်ထွက်တာကြောင့် လူကို တက်ကြွစေပြီး အိပ်ချင်စိတ်ပျောက်စေပေမယ့် နို ့သောက်တာကတော့ အဲလို မဖြစ်ပါဘူး။

နို့ထဲမှာပါဝင်တဲ့ Tryptophan နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့ အမိုင်နိုအက်စစ်တစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆီရိုတိုနင် နဲ့ မယ်လတိုနင် ထုတ်တဲ့နေရာမှာ ကူညီပေးပါတယ်။ ဆီရိုတိုနင်နဲ့ မယ်လတိုနင် ဟာ နာဗ့်ကြောလေးတွေကထွက်တဲ့ အိပ်စက်တာနဲ့ နိုးထတာကို ထိန်းညှိပေးတဲ့ဓာတ်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်မအိပ်ခင် နာရီဝက်လောက်အလိုမှာ နို့တစ်ခွက်လောက်သောက်ပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျစေပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ နို့မှာပါတဲ့ မဂ္ဂနီစီယမ်ကြောင့်ပါ။ မဂ္ဂနီစီယမ်ဟာ အာရုံကြောနဲ့ ကြွက်သားတွေ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့အပါအဝင် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဓာတ်ပြုမှုပေါင်း ၃၀၀ ကျော်လောက်အတွက် အရေးပါတဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ ဒီအာရုံကြောတွေ၊ ကြွက်သားတွေက ကျွန်မတို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတွက် အရေးကြီးပါတယ်။

ဘာလို့လဲဆိုတော့ အိပ်နေတဲ့အချိန်မှာ ခြေထောက်တွေ တဆတ်ဆတ်လှုပ်တာ၊ ကြွက်တက်တာတွေကြောင့် မအိပ်ရတာတွေ ရှိတဲ့အတွက် မဂ္ဂနီစီယမ်ဟာ ကြွက်သားတွေ၊ အာရုံကြောတွေကို ပြောလျော့စေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။ အိပ်စက်ချိန်ကိုလည်း တာရှည်စေပါတယ်။ ဒီပြဿနာတွေဟာ မဂ္ဂနီစီယမ်နည်းလို့၊ ချို့တဲ့လို ့ဖြစ်တာတွေပါ။ ပြောရရင် ညဘက်အိပ်မပျော်တာဟာ မဂ္ဂနီစီယမ်ချို့တဲ့တဲ့ လက္ခဏာလို့တောင်ဆိုပါတယ်။ ဒါကြောင့် ညဘက်နို့သောက်ပေးတာဟာ ပိုကောင်းတယ်လို့ဆိုတာပါ။

ပြီးတော့ ကယ်လ်စီယမ်ဟာ ခန္ဓာကိုယ်တွင်း ဆီရိုတိုနင်ပမာနကို မြှင့်ပေးပြီး မယ်လတိုနင်ဟော်မုန်းကတော့ စိတ်ဖိစီးမှုကြောင့်အပါအဝင် တခြားအကြောင်းကြောင်းတွေကြောင့် ညအိပ်မပျော်တာကို ကာကွယ်ပေးပါတယ်။ ဆီရိုတိုနင်ဟာ စိတ်ကျရောဂါမဖြစ်အောင် ထိန်းပေးထားတဲ့ ဦးနှောက်ထဲက ဓာတ်တစ်မျိုးပါ။ ဒါကြောင့် ညဘက်အိပ်ချိန်မှာ နို့သောက်တာဟာ ခန္ဓာကိုယ်ရဲ့ အိပ်စက်ချိန်၊ နိုးထချိန်နဲ့ လှုပ်ရှားမှု စက်ဝန်းတွေကို ပုံမှန်ကောင်းမွန်စွာ လည်ပတ်စေပြီး လူကို ကျန်းမာသက်ရှည်စေတဲ့ ရလဒ်မျိုးရစေပါတယ်။

ကျွန်မတို့ခန္ဓာကိုယ်ဟာ နေ့ခင်းဘက်မှာ ထိခိုက်ပျက်စီးထားတာတွေကို ညဘက်မှာမှ ပြန်လည်ပြုပြင်လေ့ရှိတာမို့ ညဘက် ကိုယ်သောက်မယ့် နို့ပူပူလေးထဲကို နနွင်းစစ်စစ်ရောထည့်ပြီး သောက်ပေးမယ်ဆိုရင် ရောင်ရမ်းတာတွေကျတဲ့ အာနိသင်၊ ပိုးသေစေတဲ့အာနိသင်နဲ့ အနာကျက်စေတဲ့ ၊ ပြန်လည်ပြုပြင်နိုင်တဲ့ အစွမ်းအာနိသင်တွေ ပိုမြင့်မားကောင်းမွန်စေပါတယ်။

ဒါကြောင့် အဆစ်မြစ်ရောင်တာလိုမျိုး ရောင်ရမ်းနာကျင်တဲ့ ဝေဒနာခံစားနေရတဲ့သူတွေအတွက် ဝေဒနာကိုလျော့နည်းသက်သာစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတာမို့ ပိုလို့တောင်သင့်လျော်ပါသေးတယ်။ ဒီလိုနနွင်းနဲ့ နို့ကို ညဘက်သောက်ပေးတာဟာ စိတ်ဖိစီးမှုတွေကြောင့် ခေါင်းကိုက်နေတာတွေကိုလည်း လျော့ချစေပြီး ကောင်းမွန်စွာအိပ်ပျော်စေပါတယ်။ နို့မှာပါတဲ့ပရိုတင်းဓာတ်ကလည်း ကြွက်သားဖွံ့ဖြိုးဖို့ ကစားနေတဲ့သူတွေအတွက် လိုအပ်ပြီး ကြွက်သားတွေ ပြန်လည်ပြုပြင်တဲ့ Recovery process ကို အထောက်အကူဖြစ်စေပါတယ်။

ဒီလိုရလဒ်တွေကို သဘောကျပြီး လူတိုင်းနို့လိုက်သောက်လို့တော့ မရပါဘူး။ တချို့လူတွေက နို့နဲ့မတည့်ပါဘူး။ ဘယ်အချိန်ပဲ သောက်သောက်၊ နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ်။ နို့နဲ့မတည့်တဲ့အလက်ဂျီ dairy allergy ဒါမှမဟုတ် နို့မှာပါတဲ့ လက်တို့ဓာတ်ကို မခံနိုင်တာကြောင့် ဖြစ်ပါတယ်။ ကိုယ့်မှာ ဒီရောဂါတစ်ခုခုရှိနေလားဆိုတာ ဘယ်လိုသိနိုင်မလဲ။

နို့တစ်ခွက်လောက် သောက်လိုက်တာနဲ့ ဗိုက်အောင့်တာ၊ လေထိုး၊ လေပွတာ၊ ပျို့တာ၊ ဝမ်းလျောတာတွေ ဖြစ်လာရင် နို့မှာပါတဲ့ လက်တို့ဓာတ်ကို မခံနိုင်တာကြောင့်ဖြစ်ပြီး လက်တို့ဓာတ်မပါတဲ့ Lactose Free Milk မျိုးရွေးခြယ်တာဖြစ်ဖြစ်၊ ပဲနို့သောက်တာ ဖြစ်ဖြစ် လုပ်လို့ရပါတယ်။ နို့နဲ့မတည့်တဲ့အလက်ဂျီကတော့ ပိုဆိုးပါတယ်။ သူကတခြားအလက်ဂျီတွေလို အသက်ရှူကျပ်လာပြီး ရှော့ရတာတွေအထိ ဖြစ်လာတတ်ပါတယ်။

ဒါကြောင့် ကိုယ်ဟာ နို့နဲ့တည့်တယ်၊ နို့ကိုလည်းကြိုက်တယ်၊ ကျန်းမာရေးအတွက် Fit ဖြစ်ချင်လို ့သောက်နေတာ ဆိုရင်တော့ ကျွန်မဖော်ပြထားတဲ့အကြောင်းအရာလေးတွေကို ဖတ်ပြီးတဲ့အခါ ပိုပြီးမှန်ကန်ထိရောက်တဲ့ ရည်မှန်းချက်ဆီကို ရောက်နိုင်မယ်လို့ထင်ပါတယ်။ အားလုံးကျန်းမာလှပကြပါစေ။

All credit goes to Dr Seint – https://www.facebook.com/seint.s.phyu

Comments