လင္းယုန္ငွက္ကေပးေသာ ဘ၀သခၤန္းစာ....



လင္းယုန္ငွက္ဟာ ကမၻာေပၚမွာအသက္အရွည္ဆုံး ငွက္တစ္မ်ိဳးျဖစ္ျပီး အသက္ ၇၀ အထိ အသက္ရွင္ေနထိုင္ႏိုင္ပါတယ္။

ဒါေပမဲ႔ သူတို႔ဟာ အသက္ရွည္ရွည္​ေနႏိုင္ဖို႔အတြက္ သူတို႔ရဲ႕အသက္ ၄၀ မွာ ခက္ခဲတဲ့ ျဖစ္စဥ္အတြက္အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္တခုကို ခ်ႀကရပါတယ္။

သူ႔အသက္ ၄၀ ေရာက္တဲ့အခါမွာ သားေကာင္ကို ဖမ္းဖို႔အတြက္သူ႔ရဲ႕လက္သည္းေတြဟာ စတင္ပ်က္စီးလာပါတယ္။



ႏႈတ္သီးေတြကလည္း ရင္ဘတ္ထိေအာင္ရွည္ျပီး ေကာက္လာျပီး အေတာင္ေတြကလည္း အရမ္းေလးလာပါတယ္။

အေမႊးေတြကလည္း အရမ္းထူလာတဲ့အတြက္ပ်ံရတာလည္း အရမ္းပင္ပန္းလွပါတယ္။

သူ႔မွာေရြးခ်ယ္စရာႏွစ္လမ္းပဲရွိပါတယ္။ ဒီအတိုင္းေနျပီးဘာမွမလုပ္ေတာ႔ပဲအေသခံမလား။

နာက်င္ခက္ခဲတဲ့ ျဖစ္စဥ္ကို ျဖတ္သန္းျပီးအသက္ဆက္ရွင္မလား။ မစြန္႔စားပဲေသရတာထက္စာရင္ စြန္႔စားျပီးေသရတာက ပိုျမတ္ပါလိမ္႔မယ္။

ဒါေႀကာင့္ အလြန္ျမင့္တဲ့ေတာင္တခုဆီ ပ်ံသန္းသြားျပီး အသိုက္တခုတည္ေဆာက္လိုက္ပါတယ္။ျပီးေတာ႔ ထပ္မပ်ံသန္းပဲ အဲဒီမွာပဲနားနားေနပါတယ္။



နာက်င္ခက္ခဲတဲ႔ျဖစ္စဥ္ကိုေက်ာ္ျဖတ္ဖို႔အစကေနအဆုံးထိ ရက္ေပါင္း ၁၅၀ သို႔ ႏွစ္ဝက္နီးပါးႀကာပါတယ္။

ဒီေတာ့ သူဟာပထမဦးဆုံး သူ႔ရဲ႕နုတ္သီးကို ေက်ာက္ေဆာင္နဲ႔ရိုက္ျပီးျဖဳတ္ျပစ္ရပါတယ္။

ျပီးေတာ့ ႏွဳတ္သီးအသစ္ထြက္လာတဲ့အထိ တိတ္ဆိတ္စြာနဲ႔ေစာင့္ဆိုင္းေနခဲ႔ရပါတယ္။

ႏႈတ္သီးအသစ္ထြက္လာေတာ့ အဲဒီ ႏႈတ္သီးနဲ႔ပဲ ေျခသည္းေတြကို တခုျပီးတခုဆြဲႏွဳတ္ရပါတယ္။

ေျခသည္းအသစ္ေတြထြက္လာမွသူ႔ရဲ႕အေတာင္ေတြကိုတခုျပီးတခု ႏွဳတ္ျပစ္ရျပန္ပါတယ္။

အေတာင္ပံအသစ္ေတြထြက္လာေတာ့ သူ႔ရဲ႕ခက္ခဲစြာျဖတ္သန္းရတဲ႔ရက္ေပါင္းက ၁၅၀ ပါပဲ ။

အဲဒီေနာက္မွာေတာ႔ လင္းယုန္ငွက္ဟာ သူ႔ရဲ႔ေက်ာ္ၾကားလွတဲ႔ ပ်ံသန္းမွဳေတြကို ေနာက္ထပ္ ႏွစ္ေပါင္း ၃၀ မွ်ၿပန္လည္ၿပဳလုပ္ႏုိင္ခဲ႔ၿပီး အသက္ ၇၀ ထိ အသက္ရွင္ေနထိုင္ႏိုင္ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ကေတာ့ (Change) ဆိုတဲ့ ေျပာင္းလဲမႈကိုေျပာခ်င္တာပါ။



တခါတရံမွာ က်ြန္ေတာ္တို႔ဟာ ဘဝအသစ္အတြက္ ခက္ခဲတဲ့ဆုံးျဖတ္ခ်က္ေတြခ်ႀကရပါတယ္။

ဘဝကိုေအာင္ေအာင္ျမင္ျမင္နဲ႔ ဆက္လက္ျဖတ္သန္းခ်င္ရင္ေတာ႔ က်ြန္ေတာ္တို႔ရဲ႕အက်င္႔ဆိုးေတြ။ ထုံးစံေတြကိုလႊင္႔ပစ္ရပါလိမ္မယ္။

က်ြန္ေတာ္တို႔ဟာ အေတြးအေခၚအသစ္ေတြကိုလက္ခံခ်င္စိတ္ရွိတာနဲ႕အမ်ွ အေတြးေခၚေဟာင္းေတြကိုစြန္႔ျပစ္ရလိမ္႔မယ္။

ကိုယ္႔ရဲ႕အစြမ္းအစေတြေဖာ္ထုတ္ႏိုင္ျပီး လွပတဲ႔အနာဂတ္အသစ္ေတြကို တည္ေဆာက္ႏိုင္ရပါမယ္။

တိရိစၧာန္ျဖစ္တဲ႔ လင္းယုန္ငွက္ေတာင္သူ႔ခႏၶာကိုယ္မွာရွိတဲ႔ မလိုလားအပ္တဲ့အဂၤါအစိတ္အပိုင္းကို ႏုတ္ပယ္ႏိုင္ေသးရင္ အသိဥာဏ္ရွိတဲ႔လူသားေတြကေရာ ကိုယ္႔ကိုယ္ကို (Change) မလုပ္ႏိုင္ႀကဘူးလား?

လင္းယုန္ငွက္ဟာ နာက်င္ခက္ခဲစြာေျပာင္းရတာပါ။

လူသားေတြျဖစ္တဲ႔က်ြန္ေတာ္တို႔က နာက်င္စရာမရွိပဲ "အေတြးအေခၚအေဟာင္း အမူအက်င္႔အေဟာင္း မေကာင္းတဲ႔စရိုက္ေတြကိုမစြန္႔လႊတ္ႏိုင္ႀကဘူးလား။ မေျပာင္းလဲႏိုင္ႀကဘူးလား။

ဒီအတိုင္းဆက္သြားမလား ဆိုတာ စဥ္းစားေစခ်င္ပါတယ္.....။

ေမာင္စိန္ဝင္း(ပုတီးကုန္း)

စာေပေဟာေျပာပြဲမွ

=============

လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာအသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး အသက် ၇၀ အထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။

ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်​နေနိုင်ဖို့အတွက် သူတို့ရဲ့အသက် ၄၀ မှာ ခက်ခဲတဲ့ ဖြစ်စဉ်အတွက်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တခုကို ချကြရပါတယ်။

သူ့အသက် ၄၀ ရောက်တဲ့အခါမှာ သားကောင်ကို ဖမ်းဖို့အတွက်သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်။

နှုတ်သီးတွေကလည်း ရင်ဘတ်ထိအောင်ရှည်ပြီး ကောက်လာပြီး အတောင်တွေကလည်း အရမ်းလေးလာပါတယ်။

အမွှေးတွေကလည်း အရမ်းထူလာတဲ့အတွက်ပျံရတာလည်း အရမ်းပင်ပန်းလှပါတယ်။

သူ့မှာရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်။ ဒီအတိုင်းနေပြီးဘာမှမလုပ်တော့ပဲအသေခံမလား။

နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းပြီးအသက်ဆက်ရှင်မလား။ မစွန့်စားပဲသေရတာထက်စာရင် စွန့်စားပြီးသေရတာက ပိုမြတ်ပါလိမ့်မယ်။

ဒါကြောင့် အလွန်မြင့်တဲ့တောင်တခုဆီ ပျံသန်းသွားပြီး အသိုက်တခုတည်ဆောက်လိုက်ပါတယ်။ပြီးတော့ ထပ်မပျံသန်းပဲ အဲဒီမှာပဲနားနားနေပါတယ်။

နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်ဖို့အစကနေအဆုံးထိ ရက်ပေါင်း ၁၅၀ သို့ နှစ်ဝက်နီးပါးကြာပါတယ်။

ဒီတော့ သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက်ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။

ပြီးတော့ နှုတ်သီးအသစ်ထွက်လာတဲ့အထိ တိတ်ဆိတ်စွာနဲ့စောင့်ဆိုင်းနေခဲ့ရပါတယ်။

နှုတ်သီးအသစ်ထွက်လာတော့ အဲဒီ နှုတ်သီးနဲ့ပဲ ခြေသည်းတွေကို တခုပြီးတခုဆွဲနှုတ်ရပါတယ်။

ခြေသည်းအသစ်တွေထွက်လာမှသူ့ရဲ့အတောင်တွေကိုတခုပြီးတခု နှုတ်ပြစ်ရပြန်ပါတယ်။

အတောင်ပံအသစ်တွေထွက်လာတော့ သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက ၁၅၀ ပါပဲ ။

အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ သူ့ရဲ့ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မျှပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့ (Change) ဆိုတဲ့ ပြောင်းလဲမှုကိုပြောချင်တာပါ။

တခါတရံမှာ ကျွန်တော်တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချကြရပါတယ်။

ဘဝကိုအောင်အောင်မြင်မြင်နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကိုလွှင့်ပစ်ရပါလိမ်မယ်။

ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကိုလက်ခံချင်စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေကိုစွန့်ပြစ်ရလိမ့်မယ်။

ကိုယ့်ရဲ့အစွမ်းအစတွေဖော်ထုတ်နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။

တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့အင်္ဂါအစိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဉာဏ်ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို (Change) မလုပ်နိုင်ကြဘူးလား?

လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာပြောင်းရတာပါ။

လူသားတွေဖြစ်တဲ့ကျွန်တော်တို့က နာကျင်စရာမရှိပဲ "အတွေးအခေါ်အဟောင်း အမူအကျင့်အဟောင်း မကောင်းတဲ့စရိုက်တွေကိုမစွန့်လွှတ်နိုင်ကြဘူးလား။ မပြောင်းလဲနိုင်ကြဘူးလား။

ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေချင်ပါတယ်.....။

မောင်စိန်ဝင်း(ပုတီးကုန်း)

စာပေဟောပြောပွဲမှ

Comments