ဘယ်လိုကြီးတွေတုန်းလို့တောင် ပြောမိမယ့် ကမ္ဘာတစ်လွှားက ထူးဆန်းလွန်းတဲ့ ရိုးရာတွေ....
Bullet Ant Gloves
Baby Throwing in India
Tooth Filing ,Bali
Sleeping With The Dead
Related image
Image result for 7 creepiest traditions in the world you won t believe exist
Bride Kidnapping
Credit: buzzy.com.mm
================
Bullet Ant Gloves
အမေဇုန်လူမျိုးစုက အမျိုးသားတွေကတော့ သူတို့ရဲ့ ယောက်ကျားဆန်မှု့ကိုပြသနိုင်ဖို့အတွက်ဆိုပြီး ကျည်ဆန်ပုရွက်ဆိတ်လို့ခေါ်တဲ့ သေစေနိုင်တဲ့အကောင်တွေပါသော လက်အိတ်တွေကို ၀တ်ဆင်ပြရတာ ဘဲဖြစ်ပါတယ်။တကယ်ကိုကြောက်စရာကောင်းပြီးထူးဆန်းလွန်းလှတဲ့ရိုးရာဖြစ်ပြီး အဲ့ဒီလက်အိတ်ကို ၀တ်လို့ ၁၀မိနစ်တာမျှကပြရသေးတယ်လို့လည်းပါရှိပါတယ်။
Baby Throwing in India
ကာနာတာကာမှာဆိုရင် ကလေးငယ်တွေကို လသာဆောင်ကနေလူတွေကပစ်ချတဲ့ ပွဲတော်တစ်ခုရှိပါတယ်။ ဒီလိုပြုလုပ်လိုက်ခြင်းအားဖြင့်ကံကောင်းခြင်းတွေကို ယူဆောင်လာနိုင်ပြီးတော့ ဥစ္စာဓနတွေအောင်မြင် ဖြစ်ထွန်းမယ်လို့လည်းယုံကြည်ကြပါတယ်။
Hindu Thaipusam Festival Piercing
ထိုင်းပူဆန်ဆိုတဲ့ စင်္ကာပူရိုးရာပွဲတော်ကတော့အစားစားခြင်းကနေတားမြစ်တဲ့ ပွဲတော်ဖြစ်ပြီး ဒီလိုပြုလုပ်လိုက်ခြင်းကြောင့်သူတို့တွေရဲ့ ခန္ဓာကိုယ်တွေဟာ သန့်ရှင်းစင်ကြယ်သွားလိမ့်လို့ယုံကြည်ကြတာဘဲဖြစ်ပါတယ်။ပိုပြီးထူးဆန်းတာတစ်ခုကတော့ ဒီပွဲတော်မှာ သူတို့တွေဟာတခြားထူးဆန်းတဲ့ အရာတွေကိုလည်း ပြုလုပ်ကြသေးတာဖြစ်ပါတယ်။ ယုံဖို့အတွက်ကတော့တကယ်ကိုခက်ခဲမှာပါ။
Night Hunting in Bhutan
ကြက်သီးမွှေးညှင်းထစရာကောင်းတဲ့ ဒီရိုးရာကတော့ Bomena လို့ခေါ်တဲ့လူတွေဟာ ညဘက်မှာ အပြင်ထွက် လို့ အချစ်ကို ရှာဖွေကြတာဘဲဖြစ်ပါတယ်။အချစ်ရှာဖွေတာကြက်သီးထစရာကောင်းလို့လားလို့ မေးစရာ ရှိပါတယ်။သူတို့တွေရှာဖွေတဲ့ပုံကတော့သူတို့ကြိုက်နှစ်သက်တဲ့ သင့်လျော်တဲ့ အပျိုတစ်ယောက်ယောက်ရဲ့ အခန်းထဲကိုဖျက်ဝင်လို့ အဲ့ဒီမိန်းကလေးနှင့်
တစ်ညလုံးလင်မယားလိုပြုမှုနေထိုင်ကြမှာဘဲဖြစ်ပါတယ်။
Burial Ritual in Yanomami
တကယ်ကိုထူးဆန်းပါတယ်။ဘာလို့လည်းဆိုတော့ အဲ့ဒီကလူတွေကသေဆုံးပြီးသားလူတွေရဲ့ ပြာတွေကို စားသောက်ကြရတာဘဲဖြစ်ပါတယ်။လူမျိုးစုတစ်စုလုံးဟာသေဆုံးပြီးသားလူတွေရဲ့ အရိုးပြာနှင့် ဌက်ပျောသီးနှင့် ရောထားတဲ့အရာကိုတစ်ခွက်ကုန်အောင်သောက်ရတာဘဲဖြစ်ပါတယ်။
Tooth Filing ,Bali
အမျိုးသမီးတွေရဲ့လောဘတွေ၊တပ်မက်မှု့တွေ၊ဒေါသတွေ၊ဝေခွဲရခက်မှု့တွေနှင့် တဏှာတွေအစရှိတဲ့အခြားသောအရာင်္တေကို ဖယ်ထုတ်ဖို့အတွက်ဆိုပြီး ပထမဦးဆုံးဓမ္မတာလာတဲ့
အချိန်မှာသူတို့တွေရဲ့သွားတွေကို တံစဉ်းနှင့်တိုက်ခြင်းခံရပါတယ်။
Sleeping With The Dead
အင်ဒိုနီးရှားနိုင်ငံမှာပုံမှန်သာမာန်ပြုလုပ်နေကြကိစ္စဖြစ်ပြီးတော့ လူတွေသေဆုံးကြတဲ့ အခါမှာအဝတ်အစားတွေဝတ်ပေးထားပြီး ထုပ်ပိုးလို့ အိမ်အတွင်းမှာဘဲ သိမ်းဆည်းထားကြပါတယ်။ ဒီလိုထားရှိလိုက်ခြင်းကြောင့်သေဆုံးသူဟာမြုပ်နှံမသဂြိုလ်ရသေးခင်အထိ အရင်အတိုင်းသာမာန်အတိုင်းဖြစ်နေလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။
The Mardudjara, Australia
ယောက်ကျားပီသဖို့အတွက်ဆိုပြီး ယောက်ကျားတစ်ယောက်ရဲ့လိင်အင်္ဂါကို ဖြတ်ထုတ်ပစ်ရတဲ့ ရိုးရာဖြစ်ပါတယ်။ဒီရှေးဟောင်းရိုးရာပွဲတော်မှာဆိုရင်အချို့သော ရိုင်းစိုင်းတဲ့အခြေအနေတွေလည်း ပါ၀င်ပါသေးတယ်။
Bride Kidnapping
ရိုမေးနီးယားမှာ စတင်ခဲ့တာဖြစ်ပြီးတော့ ဒီရိုးရာမှာဆိုရင်မင်္ဂလာဆောင်ရဲ့ ကုန်ကျစရိတ်ကို သက်သာနိုင်စေဖို့အတွက် သတို့သမီးကိုပြန်ပေးဆွဲရတာဘဲဖြစ်ပါတယ်။
Carrying A Pregnant Women While Walking On Coal
တရုတ်လူမျိုးတို့ရဲ့ ရိုးရာဓလေ့အတိုင်းဖြစ်ပြီးခင်ပွန်းသည်ဟာသတို့သမီးကို ကုန်းပိုးလို့သူတို့ရဲကပထမဦးဆုံး အိမ်အဝင်လမ်းအတွက်မီးခဲပူပူတွေခင်းထားတဲ့လမ်းကို လျှောက်လှမ်းရတာဘဲဖြစ်ပါတယ်။
Keeping A Temporary Wife
လက်မထပ်ရသေးခင် အတူတူလိင်မှု့ကိစ္စပြုလုပ်ချင်တဲ့အသက်ငယ်ရွယ်သူသမီးရည်းစားတွေအတွက် ခဏတာမျှလက်ထပ်ခွင့်ကို တောင်းဆိုနိုင်ပါတယ်။ပြီးတော့ဒီလိုနေထိုင်နိုင်ဖို့အတွက် အခကြေးငွေ လည်းပေးရပါသေးတယ်။ဒီရိုးရာကတော့ တကယ်ကိုလူမှု့ပတ်ဝန်းကျင်မှာ လက်မခံနိုင်စရာ ရိုးရာတစ်ခု ဖြစ်လို့နေပါတယ်။
Credit: buzzy.com.mm
Comments