ေအာင္ရဲေထြးအမႈ ရုပ္သိမ္းျခင္းသည္ ဥပေဒႏွင့္အညီ ျဖစ္ေၾကာင္း ေက်ာ္ေဇာ၏ ေရွ႕ေနေျပာျပီ ( ရုပ္သံ )....


ေအာင္ရဲေထြးအမႈ ရုပ္သိမ္းျခင္းသည္ ဥပေဒႏွင့္အညီျဖစ္ေၾကာင္း ေက်ာ္ေဇာ၏ ေရွ႕ေနေျပာ
ေအာင္ရဲေထြးေသဆံုးမႈကို ခ႐ိုင္တရား႐ုံးက ႐ုပ္သိမ္းေပးလိုက္ျခင္းမွာ ဥပေဒႏွင့္အညီသာျဖစ္ေၾကာင္း၊ ေဝဖန္သူမ်ားအေနျဖင့္ ေသခ်ာစြာေလ့လာၿပီးမွ မွတ္ခ်က္ေပးသင့္ေၾကာင္း ေက်ာ္ေဇာ္ဟန္(ခ)ေက်ာ္ေဇာ၏ေရွ႕ေန ဦးခ်စ္ကိုကိုက ေျပာသည္။
လင္းလင္းေအာင္ ေမးျမန္းသည္။
ရုိက္ကူး၊တည္းျဖတ္ – ေက်ာ္ၾကားဟိန္း
News Watch TV
================
ေအာင္ရဲေထြး အသတ္ခံရမႈ ႐ုပ္သိမ္းခဲ့မႈ ျပင္ဆင္ခ်က္ေလ်ာက္ထားမႈကို တိုင္းတရားလြတ္ေတာ္ ၾကားနာမည္
ရန္ကုန္၊ ဇူလိုင္ ၃၁
သ႐ုပ္ေဆာင္ေအာင္ရဲေထြး အသတ္ခံရမႈကို ခ႐ုိင္တိုင္းတရားလြတ္ေတာ္သို႔ ရာဇဝတ္ျပင္ဆက္မႈ ေလ်ာက္ထားခဲ့ျခင္းကို တိုင္းတရားလြတ္ေတာ္က ျပန္လည္ၾကားနားမည္ဟု ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္မွ သတင္းႏွင့္ျပန္ၾကားေရး အရာရွိ တရားေရးဌာန ဒုညႊန္ၾကားေရးမွဴး ေဒၚႏြဲ႔ႏြဲ႔ဦးက ေျပာၾကားသည္။
အမွု႐ုပ္သိမ္းမႈေၾကာင့္ လြတ္ေျမာက္ခဲ့ေသာ သန္းထြဋ္ေအာင္ (ခ) သားႀကီး အပါအဝင္ သံုးဦးကို တိုင္းတရားလႊတ္ေတာ္ထံ လာေရာက္သတင္းေပးပို႔ရန္ (ယေန႔) သမၼာန္စာ ေပးပို႔မည္ျဖစ္ေၾကာင္း ေဒၚႏြဲ႔ႏြဲ႔ဦးက ဆိုသည္။
“အမႈတြဲမွာပါတဲ့ သူတို႔လိပ္စာအတိုင္း ဒီေန႔ သမၼာန္စာ ေပးပို႔မယ္။ တိုင္းတရားလႊတ္ေတာ္ဆီ လာေရာက္ျခင္းမရွိခဲ့ရင္ တရားခံမ်က္ကြယ္နဲ႔ ဒီအမႈကို ဆက္စစ္ေဆးမယ္”ဟု ေဒၚႏြဲ႔ႏြဲ႔ဦးက ရွင္းျပသည္။
အေရွ႕ပိုင္းခ႐ိုင္တရား႐ံုး ဒုခ႐ိုင္တရားသူႀကီး ဦးေအာင္ၾကည္က ဟာသသ႐ုပ္ေဆာင္ ေအာင္ရဲေထြး အသတ္ခံရမႈမွ တရားစြဲဆိုစစ္ေဆးခံေနရေသာ သန္းထြဋ္ေအာင္ (ခ)သားႀကီး အပါအဝင္ သံုးဦးကို ရာဇဝတ္က်င့္ထံုး ဥပေဒ ပုဒ္မ ၄၉၄ (က) အရ အမႈ႐ုပ္သိမ္းေပးခဲ့သျဖင့္ လတ္တေလာ ၎တို႔သံုးဦးမွာ အခ်ဳပ္လြတ္ျဖင့္ အမႈရင္ဆိုင္ရမည္ျဖစ္သည္။
Thei Voice
===========
အောင်ရဲထွေး အသတ်ခံရမှု ရုပ်သိမ်းခဲ့မှု ပြင်ဆင်ချက်လျောက်ထားမှုကို တိုင်းတရားလွတ်တော် ကြားနာမည်
ရန်ကုန်၊ ဇူလိုင် ၃၁
သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရမှုကို ခရိုင်တိုင်းတရားလွတ်တော်သို့ ရာဇဝတ်ပြင်ဆက်မှု လျောက်ထားခဲ့ခြင်းကို တိုင်းတရားလွတ်တော်က ပြန်လည်ကြားနားမည်ဟု ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ သတင်းနှင့်ပြန်ကြားရေး အရာရှိ တရားရေးဌာန ဒုညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက ပြောကြားသည်။
အမှုရုပ်သိမ်းမှုကြောင့် လွတ်မြောက်ခဲ့သော သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် သုံးဦးကို တိုင်းတရားလွှတ်တော်ထံ လာရောက်သတင်းပေးပို့ရန် (ယနေ့) သမ္မာန်စာ ပေးပို့မည်ဖြစ်ကြောင်း ဒေါ်နွဲ့နွဲ့ဦးက ဆိုသည်။
“အမှုတွဲမှာပါတဲ့ သူတို့လိပ်စာအတိုင်း ဒီနေ့ သမ္မာန်စာ ပေးပို့မယ်။ တိုင်းတရားလွှတ်တော်ဆီ လာရောက်ခြင်းမရှိခဲ့ရင် တရားခံမျက်ကွယ်နဲ့ ဒီအမှုကို ဆက်စစ်ဆေးမယ်”ဟု ဒေါ်နွဲ့နွဲ့ဦးက ရှင်းပြသည်။
အရှေ့ပိုင်းခရိုင်တရားရုံး ဒုခရိုင်တရားသူကြီး ဦးအောင်ကြည်က ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှ တရားစွဲဆိုစစ်ဆေးခံနေရသော သန်းထွဋ်အောင် (ခ)သားကြီး အပါအဝင် သုံးဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ (က) အရ အမှုရုပ်သိမ်းပေးခဲ့သဖြင့် လတ်တလော ၎င်းတို့သုံးဦးမှာ အချုပ်လွတ်ဖြင့် အမှုရင်ဆိုင်ရမည်ဖြစ်သည်။
Thei Voice

Comments