သမၼတပူတင္အတြက္ အသက္စြန္႔ဖို႔ပင္ ျပင္ဆင္ထားသည့္ ႐ုရွားဆိုင္ကယ္ဂိုဏ္းအဖြဲ႕...



႐ုရွားသမၼတပူတင္ရဲ႕ လၽွိဳ႕ဝွက္တပ္ ဖြဲ႕လို႔ေတာင္ ေခၚဆိုျခင္းခံေနတဲ့ ညဥ့္ဝံပု ေလြဂိုဏ္းက ႐ုရွားႏိုင္ငံရဲ႕လမ္းမေတြ ထက္ကစစ္သည္ေတာ္ေတြအျဖစ္ စြဲၿမဲခံ ယူထားၾကတဲ့ ဆိုင္ကယ္ဂိုဏ္းအဖြဲ႕ပဲ ျဖစ္ပါတယ္။

အဖြဲ႕ဝင္ ၅၀၀၀ ခန္႔ရွိေနၿပီး ႐ုရွားသမၼတပူတင္အတြက္ အသက္စြန္႔ ဖို႔ဝန္မေလးတဲ့သူေတြအျဖစ္ ဂုဏ္ယူေန ၾကသူေတြလည္းျဖစ္ပါတယ္။



Night Wolves သို႔မဟုတ္ Nochiniye Volki လို႔ အမည္ရတဲ့ ဒီဆိုင္ကယ္ဂိုဏ္းအဖြဲ႕က ႏိုင္ငံရဲ႕ဥပေဒကန္႔သတ္ခ်က္ေတြရဲ႕ျပင္ပ မွာရွိေနသူေတြျဖစ္ၿပီး ....

အမိ႐ုရွားႏိုင္ငံကို လိင္တူေတြ၊ ဣတၳိယဝါဒီေတြရဲ႕လက္က ေန ကယ္တင္ဖို႔လမ္းမေတြထက္မွာ တိုက္ ပြဲဝင္ေနတဲ့ စစ္သည္ေတြအျဖစ္ ဂုဏ္ယူဝံ့ ႂကြားေနၾကသူေတြလည္းျဖစ္ပါတယ္။



သမၼတပူတင္ကိုယ္တိုင္ကလည္း ဆိုင္ ကယ္ဂိုဏ္းအဖြဲ႕ဆီ သြားေရာက္လည္ ပတ္ခဲ့ၿပီး ဂိုဏ္းေခါင္းေဆာင္ အလက္ ဇႏၵားဇာဒိုစတန္ေနာဗ့္နဲ႔ အလြန္ခင္မင္ ရင္းႏွီးတဲ့မိတ္ေဆြေတြျဖစ္ေနခဲ့ပါတယ္။

ေနာက္ပိုင္းမွာ ဆိုင္ကယ္ဂိုဏ္းက ခ႐ိုင္း မီးယားေဒသထိ ေရာက္ရွိလာခဲ့ၿပီး ခ႐ိုင္း မီးယားရဲ႕လက္နက္ေတြကို သိမ္းယူမႈမွာ ပါဝင္လႈပ္ရွားခဲ့ပါတယ္။

ဒီျဖစ္ရပ္ ၿပီးတဲ့အ ေနာက္ ခ႐ိုင္းမီးယားေဒသကို ယူကရိန္း ကေန ျပန္လည္သိမ္းယူႏိုင္ေစဖို႔ ႀကိဳးပမ္း လုပ္ေဆာင္မႈအျဖစ္ သမၼတပူတင္က အ သိအမွတ္ျပဳခဲ့ၿပီး ဂုဏ္ျပဳဆုပါ ခ်ီးျမႇင့္ကာ ေျမႇာက္စားထားခဲ့တာျဖစ္ပါတယ္။



ဆိုင္ ကယ္ဂိုဏ္းရဲ႕လႈပ္ရွားမႈက ၎တို႔ရဲ႕ကိုယ္ ပိုင္ဆုံးျဖတ္နဲ႔ေလာ၊ ႐ုရွားအစိုးရရဲ႕ ခိုင္း ေစမႈနဲ႔ေလာဆိုတာကိုေတာ့ မသိရွိခဲ့ၾကပါ ဘူး။

ဂိုဏ္းေခါင္းေဆာင္အလက္ဇႏၵားဇာ ဒိုစတန္ေနာ႔ဗ္ကေတာ့ သမၼတပူတင္က ႐ုရွားႏိုင္ငံကို ခ်စ္ျမတ္ႏိုးၿပီး အရည္အခ်င္း ရွိတဲ့ေခါင္းေဆာင္ျဖစ္တာေၾကာင့္ အ သက္ေပးကာကြယ္သြားမယ္လို႔ ေျပာၾကား ထားခဲ့ပါတယ္။

သံသာ

crd;daily hot new

=============

ရုရှားသမ္မတပူတင်ရဲ့ လျှို့ဝှက်တပ် ဖွဲ့လို့တောင် ခေါ်ဆိုခြင်းခံနေတဲ့ ညဉ့်ဝံပု လွေဂိုဏ်းက ရုရှားနိုင်ငံရဲ့လမ်းမတွေ ထက်ကစစ်သည်တော်တွေအဖြစ် စွဲမြဲခံ ယူထားကြတဲ့ ဆိုင်ကယ်ဂိုဏ်းအဖွဲ့ပဲ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၅၀၀၀ ခန့်ရှိနေပြီး ရုရှားသမ္မတပူတင်အတွက် အသက်စွန့် ဖို့ဝန်မလေးတဲ့သူတွေအဖြစ် ဂုဏ်ယူနေ ကြသူတွေလည်းဖြစ်ပါတယ်။

Night Wolves သို့မဟုတ် Nochiniye Volki လို့ အမည်ရတဲ့ ဒီဆိုင်ကယ်ဂိုဏ်းအဖွဲ့က နိုင်ငံရဲ့ဥပဒေကန့်သတ်ချက်တွေရဲ့ပြင်ပ မှာရှိနေသူတွေဖြစ်ပြီး ....

အမိရုရှားနိုင်ငံကို လိင်တူတွေ၊ ဣတ္ထိယဝါဒီတွေရဲ့လက်က နေ ကယ်တင်ဖို့လမ်းမတွေထက်မှာ တိုက် ပွဲဝင်နေတဲ့ စစ်သည်တွေအဖြစ် ဂုဏ်ယူဝံ့ ကြွားနေကြသူတွေလည်းဖြစ်ပါတယ်။

သမ္မတပူတင်ကိုယ်တိုင်ကလည်း ဆိုင် ကယ်ဂိုဏ်းအဖွဲ့ဆီ သွားရောက်လည် ပတ်ခဲ့ပြီး ဂိုဏ်းခေါင်းဆောင် အလက် ဇန္ဒားဇာဒိုစတန်နောဗ့်နဲ့ အလွန်ခင်မင် ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်နေခဲ့ပါတယ်။

နောက်ပိုင်းမှာ ဆိုင်ကယ်ဂိုဏ်းက ခရိုင်း မီးယားဒေသထိ ရောက်ရှိလာခဲ့ပြီး ခရိုင်း မီးယားရဲ့လက်နက်တွေကို သိမ်းယူမှုမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

ဒီဖြစ်ရပ် ပြီးတဲ့အ နောက် ခရိုင်းမီးယားဒေသကို ယူကရိန်း ကနေ ပြန်လည်သိမ်းယူနိုင်စေဖို့ ကြိုးပမ်း လုပ်ဆောင်မှုအဖြစ် သမ္မတပူတင်က အ သိအမှတ်ပြုခဲ့ပြီး ဂုဏ်ပြုဆုပါ ချီးမြှင့်ကာ မြှောက်စားထားခဲ့တာဖြစ်ပါတယ်။

ဆိုင် ကယ်ဂိုဏ်းရဲ့လှုပ်ရှားမှုက ၎င်းတို့ရဲ့ကိုယ် ပိုင်ဆုံးဖြတ်နဲ့လော၊ ရုရှားအစိုးရရဲ့ ခိုင်း စေမှုနဲ့လောဆိုတာကိုတော့ မသိရှိခဲ့ကြပါ ဘူး။

ဂိုဏ်းခေါင်းဆောင်အလက်ဇန္ဒားဇာ ဒိုစတန်နော့ဗ်ကတော့ သမ္မတပူတင်က ရုရှားနိုင်ငံကို ချစ်မြတ်နိုးပြီး အရည်အချင်း ရှိတဲ့ခေါင်းဆောင်ဖြစ်တာကြောင့် အ သက်ပေးကာကွယ်သွားမယ်လို့ ပြောကြား ထားခဲ့ပါတယ်။

သံသာ

crd;daily hot new

Comments