ေရငုပ္တာ အခ်ိန္ၾကာျမင့္သြားတာမို႔ ဂူထဲမွာ အသက္ဆံုး႐ံႈး…..


ဝမ္းနည္းစရာေကာင္းတဲ႔ မျကားခ်င္ေသာ သတင္းပါ
Sad News
ကယ္ဆယ္ေရးအဖြဲ႕ဝင္ တစ္ဦးျဖစ္သူ တပ္ၾကပ္ႀကီးဆီးလ္ အဖြဲ႕ဝင္ေဟာင္း ဟာေရငုပ္တာ အခ်ိန္ၾကာျမင့္သြားတာမို႔ ဂူထဲမွာ အသက္ဆံုး႐ံႈးသြာပါတယ္။
မဆံုးခင္မွာ သူဟာ ဂူထဲမွာလိုအပ္တဲ့ ေအာက္စီဂ်င္ ဗူးေတြ ကို အခန္း ၃ မွ လမ္းသံုးခြဆံု ကိုသယ္ေဆာင္ပို႔ေပးရန္ေရငုပ္သြားခဲ့ပါတယ္။
အသက္ ၃၈ ႏွစ္ရွိ တပ္ၾကပ္ႀကီး စမာန္ ကူနန္ ဟာ အထူူးေရငုပ္ အဖြဲ႕ အမွတ္စဥ္ ၃၀ မွ ေရငုပ္ကၽြမ္းက်င္သူတစ္ဦးပါ။
အလုပ္မွထြက္ၿပီးသုဝဏၰဘူမိ ေလယာဥ္ကြင္းမွာ လံုျခံဳေရး အျဖစ္နဲ႔ တာဝန္ထမ္းေဆာင္ေနပါတယ္။
သူဟာ ဇူလိုင္ ၅ ရက္ ေန႔ ၂၀ နာရီ ၃၇ မိနစ္ မွာ တာဝန္အရ ေရငုပ္ၿပီး ေအာက္စီဂ်င္ဗူးေတြသြားပို႔ခဲ့ပါတယ္။
ၿပီးေနာက္ အျပန္မွာ သူ႔အတြက္ လံုေလာက္တဲ့ ေအာကြစီဂ်င္ မရွိေတာ့လို႔ ေရထဲမွာ အသက္ဆံုး႐ံႈးသြားပါတယ္။
သူနဲ႔အတူ ေရငုပ္ရာပါလာသူက( CPR ) နဲ႔ အေရးေပၚအသက္ကယ္ျခင္း လုပ္ေပမယ့္ မရေတာ့ပါဘူး။
ဒါနဲ႔ သူ႔ကို အခန္း ၃ ကိုျပန္ေခၚလာၿပီး ေနာက္ထပ္တစ္ခါ ေရွးဦးသူနာျပဳနည္းနဲ႔အသက္ကယ္ရန္ ႀကိဳးစားခဲ့ပါတယ္။
ဒါေပမယ့္ သူဟာ အသက္ျပန္မရွင္လာေတာ့ပါဘူး။
၀၁ : ၀၀ နာရီမွာ အသက္ဆံုးရံႈးသြားပါတယ္။ သူ႔ကို ဂူထဲမွထုတ္ၿပီး ဖရာ့မင္႐ိုင္မဟာရာ့ခ်္ ေဆး႐ံုကိုပို႔လိုက္ပါတယ္။
Rest In Peace
credit ဘာသာျပန္ ဝင္းတား
===================
ဝမ်းနည်းစရာကောင်းတဲ့ မကြားချင်သော သတင်းပါ
Sad News
ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ တပ်ကြပ်ကြီးဆီးလ် အဖွဲ့ဝင်ဟောင်း ဟာရေငုပ်တာ အချိန်ကြာမြင့်သွားတာမို့ ဂူထဲမှာ အသက်ဆုံးရှုံးသွာပါတယ်။
မဆုံးခင်မှာ သူဟာ ဂူထဲမှာလိုအပ်တဲ့ အောက်စီဂျင် ဗူးတွေ ကို အခန်း ၃ မှ လမ်းသုံးခွဆုံ ကိုသယ်ဆောင်ပို့ပေးရန်ရေငုပ်သွားခဲ့ပါတယ်။
အသက် ၃၈ နှစ်ရှိ တပ်ကြပ်ကြီး စမာန် ကူနန် ဟာ အထူူးရေငုပ် အဖွဲ့ အမှတ်စဉ် ၃၀ မှ ရေငုပ်ကျွမ်းကျင်သူတစ်ဦးပါ။
အလုပ်မှထွက်ပြီးသုဝဏ္ဏဘူမိ လေယာဉ်ကွင်းမှာ လုံခြုံရေး အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေပါတယ်။
သူဟာ ဇူလိုင် ၅ ရက် နေ့ ၂၀ နာရီ ၃၇ မိနစ် မှာ တာဝန်အရ ရေငုပ်ပြီး အောက်စီဂျင်ဗူးတွေသွားပို့ခဲ့ပါတယ်။
ပြီးနောက် အပြန်မှာ သူ့အတွက် လုံလောက်တဲ့ အောကွစီဂျင် မရှိတော့လို့ ရေထဲမှာ အသက်ဆုံးရှုံးသွားပါတယ်။
သူနဲ့အတူ ရေငုပ်ရာပါလာသူက( CPR ) နဲ့ အရေးပေါ်အသက်ကယ်ခြင်း လုပ်ပေမယ့် မရတော့ပါဘူး။
ဒါနဲ့ သူ့ကို အခန်း ၃ ကိုပြန်ခေါ်လာပြီး နောက်ထပ်တစ်ခါ ရှေးဦးသူနာပြုနည်းနဲ့အသက်ကယ်ရန် ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် သူဟာ အသက်ပြန်မရှင်လာတော့ပါဘူး။
၀၁ : ၀၀ နာရီမှာ အသက်ဆုံးရှုံးသွားပါတယ်။ သူ့ကို ဂူထဲမှထုတ်ပြီး ဖရာ့မင်ရိုင်မဟာရာ့ချ် ဆေးရုံကိုပို့လိုက်ပါတယ်။
Rest In Peace
credit ဘာသာပြန် ဝင်းတား

Comments