မိုးထပ္ရြာတဲ့ေန႕ေတြမွာ ဂူထဲကို ေရနီေတြ ေရေနာက္ေတြ ဒရေဟာျပန္စီး၀င္.....



ကေလးေတြ ၀င္လာတဲ့ လမ္းအတိုင္းဆိုရင္ ေႏြရာသီလုိ ေရခမ္းမွ ျပန္ထြက္လို႔ ရႏိုင္လိမ့္မည္

မိုးထပ္ရြာတဲ့ေန႕ေတြမွာ ဂူထဲကို ေရနီေတြ ေရေနာက္ေတြ ဒရေဟာျပန္စီး၀င္လာ၍ ေရွ႕မတိုးႏိုင္

၈ရက္ၾကာ ေရငုတ္သြားၿပီးတပ္ဆင္ျခင္း ေတြလုပ္ခဲ့ၾကပါတယ္။ မိုးထပ္ရြာတဲ့ေန႕ေတြမွာ ဂူထဲေရနီေရေရေနာက္ေတြ ဒရေဟာျပန္စီး၀င္လာျခင္းေတြေၾကာင့္ ေရွ႕မတိုးႏိုင္ခဲ့ၾကတာျဖစ္တယ္။ ေရငုတ္တပ္သားေတြဟာ သာမန္ေရငုတ္ျခင္းသာမဟုတ္ဘဲ ေရေအာက္တိုက္ခိုက္ေရးကို လေပါင္းမ်ားစြာ အျပင္းအထန္ေလ့က်င့္ေအာင္ျမင္ခဲ့ၾကသူေတြျဖစ္ၾကတယ္ သူတို႕ရဲ႕အဆင့္ျမင့္ကႊမ္းက်င္မႈေၾကာင့္ ေရေနာက္ေတြျမဳပ္ေနတဲ့ လမ္းေၾကာင္းကို အၾကိမ္ၾကိမ္က်ဳိးစားၿပီးျဖတ္ကူးႏိုင္ခဲ့တာျဖစ္တယ္။

ေတာ၀က္ကေလးေတြကေတာ့ ၁၀ေက်ာ္သက္ေလးေတြသာျဖစ္ျခင္း၊ ေရမကူးတတ္ၾကတဲ့ ေတာင္ေပၚသားကေလးမ်ားျဖစ္ျခင္းနဲ႕ ၉ရက္ေက်ာ္ အစာေရစာငတ္ျပတ္ခဲ့ျခင္းကေန အင္အားအလြန္ခ်ိနဲ႕ေနၾကျခင္းေၾကာင့္ ေရငုတ္တပ္သားၾကီးေတြနဲ႕ အဂၤလန္က ကမၻာ႕အကၽြမ္းက်င္ဆံုးေရငုတ္သမားေတြကိုယ္တိုင္က အလြန္ခက္ခဲစြာ အၾကိမ္ေပါင္း ၂၀ေလာက္ တိုးလိုက္ဆုတ္လိုက္ ၈ရက္ၾကာက်ဳိးစားျဖတ္ေက်ာ္ခဲ့ရတဲ့ ေရျမဳပ္ဂူလမ္းကို ျဖတ္ေက်ာ္ႏိုင္စြမ္းလံုး၀မရွိၾကပါဘူး။

ပထမအဆင့္အေနနဲ႕ ေဆး၀ါးနဲ႕ သိပၸံနည္းက် အစာေပ်ာ့မ်ားေကၽြးၿပီး အလ်င္အျမန္အားျပန္ျပည့္၀လာေအာင္ျပဳစုၾကရပါမယ္။ အားျပည့္လာတဲ့အခါမွ ဒုတိယအဆင့္အျဖစ္ေရကူး၊ ေရငုတ္နဲ႕ ေအာက္ဆီဂ်င္ဗူးအသံုးခ်မႈကိုကၽြမ္းက်င္ေအာင္ေလ့က်င့္ေပးရပါမယ္။ အဲလိုမွျပင္ဆင္မႈမလုပ္ဘဲ ဆြဲေခၚလာရင္ ေရနစ္ေသၾကဖို႕ဘဲရွိေနတာပါ။

ျပသနာအားလံုးဟာ ၃-၄ရက္ေလာက္မိုးမရြာေတာ့ဘူးဆိုရင္ ေအရာမေရစုတ္စက္ၾကီးေတြရဲ႕စုတ္ထုတ္မႈကထပ္၀င္လာတဲ့ေရကိုအႏိိုင္ရၿပီး ေႏြရာသီဂူအေနအထားမ်ဳိးကို ေခတၱျပန္ေရာက္လာမယ္ဆိုရင္ ကေလးအားလံုးမိမိတို႕မူလက ဂူထဲ၀င္လာခဲ့တဲ့နည္းအတိုင္း ေအးေအးေဆးေဆး လမ္းေလွ်ာက္ၿပီး ျပန္ထြက္လာႏိုင္ၾကမွာျဖစ္တယ္။

အခ်ိန္ေပးရမွာမို႕ ဆရာ၀န္ေတြ၊ ေဆးမႈးေတြ နဲ႕ ေရငုတ္တပ္ဖြဲ႕၀င္ေတြအလွည့္က် ကေလးမ်ားနဲ့အတူ သြားေန၊သြားအိပ္၊သြားစားေနၾကပါတယ္။ ဖုန္းၾကိဳးမ်ားလဲတပ္ဆင္ႏိုင္ၿပီမို႕ ကေလးမ်ားဟာ မိဘမ်ားနဲ႕ စကားေျပာႏိုင္ၿပီျဖစ္တယ္။

အဂၤလန္ေရငုတ္အဖြဲ႕ကေတာ့ ကေလးေတြကိုေတြ႕ရၿပီးေနာက္ မၾကာခင္မွာဘဲအဂၤလန္ကိုစိတ္ခ် လက္ခ် ျပန္သြားၾကပါတယ္။ ထိုင္းမီဒီယာမ်ားက တီဗီြအစီအစဥ္မ်ားကေနတဆင့္ အဂၤလန္ေရငုတ္သမားမ်ားကို ေက်ဇူးအထူးတင္ရွိေၾကာင္း ေျပာဆို ထုတ္လႊင့္ၾကပါတယ္။ ထိုင္းဆိုရွယ္နက္၀ပ္ေတြမွာလဲ ျပည္သူအမ်ားအျပားက ထိုင္းကယ္ဆယ္ေရးအဖြဲ႕မ်ားနဲ့အတူအဂၤလန္ေရငုတ္အဖြဲ႕ကို ေက်းဇူးတင္ေၾကာင္းခံစားခ်က္ေ၀မွ်ၾကပါတယ္။

ေနာက္ဆက္တြဲအျဖစ္ ခရိုင္ လယ္ယာဌာနကေပးႏိုင္တဲ့ ဆတ္ဂ်က္ေငြ ၅သန္းအျပင္ ႏိုင္ငံေတာ္သဘာ၀ေဘးကယ္ဆယ္ေရးနဲ့ျပန္လည္ထူေထာင္ေရးဌာနက သဘာ၀ေဘးင့္မႈအျဖစ္သတ္မွတ္ေပးၿပီး ႏို္င္ငံေတာ္အဆင့္ဘတ္ဂ်က္နဲ႕ ေရျမဳပ္သြားတဲ့ လယ္ယာေတြကို ေထာက္ပံံ့ဖို႕ ၀န္ၾကီးမ်ားအရးေပၚအစီးအေ၀းကေန ယမန္ေန႕က ဆံုးျဖတ္ခ်မွတ္လိုက္ပါတယ္။

အလႈေငြေကာက္ခံမႈ တားျမစ္ခ်က္ဥပေဒအရ အလႈေငြေကာက္ခံမႈအစား ေရျမဳတ္လယ္သမားေတြရဲ႕ထြက္သမွ်ဆံစပါးနဲ႕ အစားထိုးေမြးျမဴေရးထြက္ကုန္ေတြအားလံုး ေစ်းေကာင္းရေအာင္လက္ခံေရာင္းခ်ေပးေရး ကို ကမကထျပဳေဆာင္ရြက္သြားမယ္လို႕ ရုပ္ရွင္မင္းသမီးၾကီးတဦးက မီဒီယာကေနတဆင့္ဦးေဆာင္ေျပာၾကားလိုက္ပါတယ္။

Credit: Agga Phochit ( ခရက္ဒစ္ေပးပါသည္ )

=========

ကလေးတွေ ဝင်လာတဲ့ လမ်းအတိုင်းဆိုရင် နွေရာသီလို ရေခမ်းမှ ပြန်ထွက်လို့ ရနိုင်လိမ့်မည်

မိုးထပ်ရွာတဲ့နေ့တွေမှာ ဂူထဲကို ရေနီတွေ ရေနောက်တွေ ဒရဟောပြန်စီးဝင်လာ၍ ရှေ့မတိုးနိုင်

၈ရက်ကြာ ရေငုတ်သွားပြီးတပ်ဆင်ခြင်း တွေလုပ်ခဲ့ကြပါတယ်။ မိုးထပ်ရွာတဲ့နေ့တွေမှာ ဂူထဲရေနီရေရေနောက်တွေ ဒရဟောပြန်စီးဝင်လာခြင်းတွေကြောင့် ရှေ့မတိုးနိုင်ခဲ့ကြတာဖြစ်တယ်။ ရေငုတ်တပ်သားတွေဟာ သာမန်ရေငုတ်ခြင်းသာမဟုတ်ဘဲ ရေအောက်တိုက်ခိုက်ရေးကို လပေါင်းများစွာ အပြင်းအထန်လေ့ကျင့်အောင်မြင်ခဲ့ကြသူတွေဖြစ်ကြတယ် သူတို့ရဲ့အဆင့်မြင့်ကွှမ်းကျင်မှုကြောင့် ရေနောက်တွေမြုပ်နေတဲ့ လမ်းကြောင်းကို အကြိမ်ကြိမ်ကျိုးစားပြီးဖြတ်ကူးနိုင်ခဲ့တာဖြစ်တယ်။

တောဝက်ကလေးတွေကတော့ ၁ဝကျော်သက်လေးတွေသာဖြစ်ခြင်း၊ ရေမကူးတတ်ကြတဲ့ တောင်ပေါ်သားကလေးများဖြစ်ခြင်းနဲ့ ၉ရက်ကျော် အစာရေစာငတ်ပြတ်ခဲ့ခြင်းကနေ အင်အားအလွန်ချိနဲ့နေကြခြင်းကြောင့် ရေငုတ်တပ်သားကြီးတွေနဲ့ အင်္ဂလန်က ကမ္ဘာ့အကျွမ်းကျင်ဆုံးရေငုတ်သမားတွေကိုယ်တိုင်က အလွန်ခက်ခဲစွာ အကြိမ်ပေါင်း ၂ဝလောက် တိုးလိုက်ဆုတ်လိုက် ၈ရက်ကြာကျိုးစားဖြတ်ကျော်ခဲ့ရတဲ့ ရေမြုပ်ဂူလမ်းကို ဖြတ်ကျော်နိုင်စွမ်းလုံးဝမရှိကြပါဘူး။

ပထမအဆင့်အနေနဲ့ ဆေးဝါးနဲ့ သိပ္ပံနည်းကျ အစာပျော့များကျွေးပြီး အလျင်အမြန်အားပြန်ပြည့်ဝလာအောင်ပြုစုကြရပါမယ်။ အားပြည့်လာတဲ့အခါမှ ဒုတိယအဆင့်အဖြစ်ရေကူး၊ ရေငုတ်နဲ့ အောက်ဆီဂျင်ဗူးအသုံးချမှုကိုကျွမ်းကျင်အောင်လေ့ကျင့်ပေးရပါမယ်။ အဲလိုမှပြင်ဆင်မှုမလုပ်ဘဲ ဆွဲခေါ်လာရင် ရေနစ်သေကြဖို့ဘဲရှိနေတာပါ။

ပြသနာအားလုံးဟာ ၃-၄ရက်လောက်မိုးမရွာတော့ဘူးဆိုရင် အေရာမရေစုတ်စက်ကြီးတွေရဲ့စုတ်ထုတ်မှုကထပ်ဝင်လာတဲ့ရေကိုအနိိုင်ရပြီး နွေရာသီဂူအနေအထားမျိုးကို ခေတ္တပြန်ရောက်လာမယ်ဆိုရင် ကလေးအားလုံးမိမိတို့မူလက ဂူထဲဝင်လာခဲ့တဲ့နည်းအတိုင်း အေးအေးဆေးဆေး လမ်းလျှောက်ပြီး ပြန်ထွက်လာနိုင်ကြမှာဖြစ်တယ်။

အချိန်ပေးရမှာမို့ ဆရာဝန်တွေ၊ ဆေးမှုးတွေ နဲ့ ရေငုတ်တပ်ဖွဲ့ဝင်တွေအလှည့်ကျ ကလေးများနဲ့အတူ သွားနေ၊သွားအိပ်၊သွားစားနေကြပါတယ်။ ဖုန်းကြိုးများလဲတပ်ဆင်နိုင်ပြီမို့ ကလေးများဟာ မိဘများနဲ့ စကားပြောနိုင်ပြီဖြစ်တယ်။

အင်္ဂလန်ရေငုတ်အဖွဲ့ကတော့ ကလေးတွေကိုတွေ့ရပြီးနောက် မကြာခင်မှာဘဲအင်္ဂလန်ကိုစိတ်ချ လက်ချ ပြန်သွားကြပါတယ်။ ထိုင်းမီဒီယာများက တီဗွီအစီအစဉ်များကနေတဆင့် အင်္ဂလန်ရေငုတ်သမားများကို ကျေဇူးအထူးတင်ရှိကြောင်း ပြောဆို ထုတ်လွှင့်ကြပါတယ်။ ထိုင်းဆိုရှယ်နက်ဝပ်တွေမှာလဲ ပြည်သူအများအပြားက ထိုင်းကယ်ဆယ်ရေးအဖွဲ့များနဲ့အတူအင်္ဂလန်ရေငုတ်အဖွဲ့ကို ကျေးဇူးတင်ကြောင်းခံစားချက်ဝေမျှကြပါတယ်။

နောက်ဆက်တွဲအဖြစ် ခရိုင် လယ်ယာဌာနကပေးနိုင်တဲ့ ဆတ်ဂျက်ငွေ ၅သန်းအပြင် နိုင်ငံတော်သဘာဝဘေးကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးဌာနက သဘာဝဘေးင့်မှုအဖြစ်သတ်မှတ်ပေးပြီး နို်င်ငံတော်အဆင့်ဘတ်ဂျက်နဲ့ ရေမြုပ်သွားတဲ့ လယ်ယာတွေကို ထောက်ပံံ့ဖို့ ဝန်ကြီးများအရးပေါ်အစီးအဝေးကနေ ယမန်နေ့က ဆုံးဖြတ်ချမှတ်လိုက်ပါတယ်။

အလှုငွေကောက်ခံမှု တားမြစ်ချက်ဥပဒေအရ အလှုငွေကောက်ခံမှုအစား ရေမြုတ်လယ်သမားတွေရဲ့ထွက်သမျှဆံစပါးနဲ့ အစားထိုးမွေးမြူရေးထွက်ကုန်တွေအားလုံး စျေးကောင်းရအောင်လက်ခံရောင်းချပေးရေး ကို ကမကထပြုဆောင်ရွက်သွားမယ်လို့ ရုပ်ရှင်မင်းသမီးကြီးတဦးက မီဒီယာကနေတဆင့်ဦးဆောင်ပြောကြားလိုက်ပါတယ်။

Credit: Agga Phochit ( ခရက်ဒစ်ပေးပါသည် )

Comments