“ဘယ္လိုအခ်ိန္ ေကြၽးမလဲ “....



“ငါ့သား၊ အေဖ့သူငယ္ခ်င္း အသုဘကို ငါသြားခ်င္တယ္၊ လိုက္ပို႔” ၿပီးခဲ့တဲ့ေန႔က အေဖ ကၽြန္ေတာ့္ အိမ္ေရာက္လာပါတယ္။

သူ႔ သူငယ္ခ်င္း ဆံုးလို႔ အသုဘကို လိုက္ပို႔ေပးခ်င္ေၾကာင္း လာေျပာပါတယ္။ ကၽြန္ေတာ့္ အေဖနဲ႕ ရြယ္တူဆိုေတာ့ အသက္ ၇၀ေက်ာ္ပါ။

ကၽြန္ေတာ့္ရဲ႕ကားေပၚမွာ အေဖနဲ႔ စကားေျပာျဖစ္ၾကတယ္။ “အေဖ… အေဖ့သူငယ္ခ်င္းက သားသမီးေတြ မရိွဘူးလား”

“သားတစ္ေယာက္၊ သမီးတစ္ေယာက္ရိွတယ္” “အတူမေနၾကဘူးလား” “မေနၾကဘူးကြ” “ဘာျဖစ္လို႔လဲ အေဖ”

“ဒီလိုကြ၊ ဒီေကာင္ႀကီးက ေနာက္မိန္းမယူထားတာ။ သားသမီးေတြက သူ႔ကို အျမင္မၾကည္ဘူး။ ဒါေၾကာင့္ သားသမီးေတြနဲ႔ ဒီေကာင္အဆင္မေျပဘူး။

အခုေသေတာ့လည္း သူ႔သားနဲ႔ သမီးဆီကို ငါပဲ အေၾကာင္းၾကားထားတယ္”

“သူက ဘာျဖစ္လို႔ ေနာက္မိန္းမယူတာလဲ အေဖ”

“ဒါေတာ့ ငါဘယ္သိမလဲ၊ ငါသိတာေတာ့ သူ႔ရဲ႕ ပထမမိန္းမ ဆံုးၿပီးမွ ဒီမိန္းမကို ယူတာ၊ အဲဒီလို ယူလိုက္တာေၾကာင့္သားနဲ႔ သမီးဟာ သူ႔အေဖကို လံုး၀ လွည့္မၾကည့္ေတာ့ဘူး”

 “ဒါဆိုရင္ ဘာျဖစ္လို႔ သူ႔သားနဲ႔သမီးကို ေစာင့္ေနရမွာလဲ အေဖရ”

“ဒါကေတာ့ သူ႔ဆႏၵေပါ့ကြာ၊ ဒီေကာင္ႀကီးက မွာသြားလို႔ ငါလည္း သူခိုင္းတဲ့ အတိုင္း လုပ္ရတာေပါ့၊ မိဘက သားသမီးကို ခ်စ္တာ သဘာ၀က ျဖစ္လာတဲ့စိတ္၊ တားဆီးလို႔ မရဘူး။

သားသမီးက မိဘကို ျပန္ၿပီး ျပဳစုတာ၊ ေစာင့္ေရွာက္တာ၊ ခ်စ္တာက်ေတာ့သဘာ၀စိတ္ မဟုတ္ဘူး။

 ျမင့္ျမတ္တဲ့ လူသားေတြမွာသာ ရိွတဲ့စိတ္ကြ” အဲဒီေန႔က ေတာင္ျမင့္သုသာန္မွာ မီးသၿဂၤ ိုဟ္ပါတယ္။

အေဖဟာ သူ႔ သူငယ္ခ်င္းကို မီးရိႈ႕ၿပီးတဲ့အထိ ေစာင့္ၾကည့္ပါတယ္။ သူ႔ သူငယ္ခ်င္းရဲ႕ သားနဲ႔ သမီးဟာ ငါးရက္နဲ႔ ရက္လည္ခ်င္ပါတယ္လို႔ ေျပာပါတယ္။

ဒါေၾကာင့္ အေဖဟာ ဆက္ၿပီးကူညီပါတယ္။ ရက္လည္တဲ့ေန႔က လူေတာ္ေတာ္စည္ကားပါတယ္။

အသုဘရွင္ရဲ႕ သားနဲ႔သမီးဟာ ေငြေၾကးရိွသူေတြ ဆိုေတာ့ ရက္လည္ဆြမ္းမွာ ရက္ရက္စက္စက္ကို လွဴပါတယ္။

သူ႔အေဖကအသက္ ၇၂ ႏွစ္မို႔လို႔ သံဃာ ၇၂ပါး ကို ပင့္တယ္။ ဆြမ္းကပ္တယ္။ သကၤန္းလွဴတယ္။ အရပ္ထဲကလူေတြကို ရက္လည္တရားနာဖို႔ ဖိတ္တယ္။

ေန႔လည္စာနဲ႔ ဧည့္ခံတယ္။ ဒီလိုေတြ စည္စည္ကားကားျဖစ္ဖို႔၊ စနစ္တက်ျဖစ္ဖို႔ ကၽြန္ေတာ့္ အေဖကအားတက္သေရာ ကူညီပါတယ္။

ရက္လည္တဲ့ေန႔မွာ ေရစက္ခ်တယ္။ ေသဆံုးသူ အေဖအတြက္ အမွ်ေပးတယ္။

အဲဒီရက္လည္ဆြမ္းသြတ္ၿပီးတဲ့ ညမွာ အေဖနဲ႔ ကၽြန္ေတာ္ စကားေတြ အမ်ားႀကီး ေျပာျဖစ္တယ္။

“ငါ့သား… ရက္လည္ဆြမ္းကိုမင္း ဘယ္လို ျမင္တုန္း” ကၽြန္ေတာ္ ဘာမွ မေျဖတတ္ပါ။ ကၽြန္ေတာ္ နားလည္တာက မိရိုးဖလာပါပဲ။

အိမ္တိုင္း အိမ္တိုင္းလူေသဖူးၾကတယ္။ ရက္လည္ဆြမ္းသြတ္ၾကတယ္။ တခ်ဳိ႕လည္း သံုးရက္၊ တခ်ဳိ႕လည္း ငါးရက္၊ ခုႏွစ္ရက္မွာ ရက္လည္တယ္။

ေသဆံုးသူေတြအတြက္ ေကာင္းမႈကုသိုလ္ လုပ္တယ္။ အမွ်ေပးတယ္။ အမွ်ရၿပီး ကၽြတ္ဖို႔ လြတ္ဖို႔ ရည္ရြယ္ခ်က္နဲ႔ သံဃာေတာ္ေတြကိုပင့္တယ္။

ကၽြန္ေတာ္က ဒီေလာက္ပဲသိတာ။ ကၽြန္ေတာ္ သိသေလာက္ အေဖလည္း သိေနတာမို႔ ကၽြန္ေတာ္ ဘာမွျပန္မေျဖတာျဖစ္ပါတယ္။

“ငါ စဥ္းစားမိတယ္။ သားသမီးအတြက္ ငါတို႔ မိဘေတြေသရင္ သားသမီး ၀တ္ငါးပါးထဲက ေမြခံထိုက္ေစဆိုတဲ့ စကားနဲ႔ လွဴမွ်ေ၀ဆိုတဲ့ စကားကိုသာ လိုက္နာၾကတာ။

သားသမီး ၀တ္ငါးပါးထဲမွာ က်န္တဲ့ သံုးပါးကို ဂရုမစိုက္ၾကဘူး”

“ဘာကို ဆိုလိုတာလဲ အေဖ”

“ဒီလိုကြာ.. မိဘေတြေသမွ သိန္း၄၀၊ ၅၀ဖိုး အကုန္အက်ခံၿပီး ရက္လည္ဆြမ္းလုပ္တာထက္ မိဘေတြမေသခင္ သူတို႔စားခ်င္တာ ေကၽြးဖို႔၊ သူတို႔ ၀တ္ခ်င္တာ ၀တ္ဖို႔၊ သူတို႔ စိတ္ခ်မ္းသာဖို႔က ပိုၿပီး အေရးမႀကီးဘူးလား။ အခုေတာ့ကြာ….”

“ဒါဆိုရင္ အေဖရယ္ မိဘေတြေသမွ အမွ်အတန္းေ၀တာထက္ ေကာင္းတာ ရိွေသးလို႔လား အေဖရယ္”

“ေကၽြးေမြးမပ်က္ဆိုတဲ့၀တ္ငါးပါးထဲက ပထမတာ၀န္ကို မေက်ပြန္တဲ့ သားသမီးေတြ အမ်ားႀကီးပါကြာ။

ငါတို႔ မိဘေတြ သားသမီးမႀကိဳက္တာ တစ္ခုေလာက္လုပ္မိရံုနဲ႔ ပံုႀကီးခ်ဲ႕ၿပီး ပစ္ထားၾကတဲ့ သားသမီးက မ်ားတာပါ။

မိဘေသမွ အမွ်ေ၀တာထက္ မိဘေတြ မေသခင္ က်န္တဲ့ သားသမီး၀တ္သံုးပါးကို လိုက္နာသင့္တယ္။

အခုေတာ့ မိဘေတြေသမွ ရက္လည္ဆြမ္းကို ႀကီးႀကီးက်ယ္က်ယ္ ေဆာင္ရြက္ေပးရံုနဲ႔ သားသမီးတာ၀န္ ေက်ၿပီလို႔ ထင္ေနၾကတယ္။ မေသခင္မွာ ေကၽြးတာ ပိုေကာင္းတာေပါ့။

ေသၿပီးမွေတာ့ ကိုယ့္မိဘေလာက္ ကိုယ့္အေပၚမေစာင့္ေရွာက္တဲ့ ကိုယ့္ကို မျပဳစုခဲ့တဲ့ တျခားလူေတြကို ေငြကုန္ေၾကးက်ခံၿပီး ေကၽြးတာ အဓိပၸါယ္ မဲ့ေနသလို အေဖ ခံစားရတယ္ကြာ။

တကယ္ေတာ့ ကိုယ့္အေပၚကို အသက္နဲ႔ ရင္းၿပီး ခ်စ္ခဲ့တဲ့ ေစာင့္ေရွာက္ခဲ့တဲ့ မိဘကို ေကၽြးသင့္တာေပါ့ကြ” အေဖ့စကားဟာအဓိပၸါယ္ေတြရိွုပါတယ္။

မိဘကို အသက္ရွင္ေနတုန္းမွာ ေကၽြးေမြးျခင္းလည္း မရိွ၊ ေစာင့္ေရွာက္ျခင္းလည္း မရိွ၊ မိဘေသမွမိဘပိုင္တာေတြကို အေမြခဲြဖို႔ ရင္ထဲမွာက ေလာဘမီးေတြနဲ႔ မ်က္ႏွာမွာက မ်က္ရည္ေတြနဲ႔ မေျပမလည္ ျဖစ္ေနၾကတဲ့ ေမာင္ႏွမေတြအမ်ားႀကီးပါ။

“အေမြခံထိုက္ေစ” ဆိုတဲ့ စကားကို တိတိက်က်လိုက္နာၿပီး ေကၽြးေမြးမပ်က္ ေဆာင္ရြက္စီမံနဲ႔ ေစာင့္ေလမ်ိဳးႏြယ္ကို ေမ့ေနၾကတဲ့ သားသမီးေတြက အမ်ားစုပါ။

ေမြခံထိုက္ေစနဲ႔ လွဴမွ်ေ၀ကိုေတာ့ လိုက္နာၾကတယ္။ အေဖေျပာတဲ့စကားတစ္ခြန္းေျပာပါရေစ။ “ငါ့သား….. သားသမီးေတြဟာ မိဘေတြေသရင္ မိဘေတြကို ေျမႀကီးထဲ ျမႇဳပ္ပစ္လိုက္က်တယ္။

သားသမီးေတြသာ ငါတို႔ထက္ အရင္ေသခဲ့ရင္ သားသမီးေတြကို ငါတုိ႔ ေျမႀကီးထဲမွာ မျမႇဳပ္ဘူး။ ရင္ဘတ္ထဲက အသည္းႏွလံုးထဲမွာျမႇဳပ္ႏွံထားၾကတာ” ကၽြန္ေတာ္တို႔လို သားေတြ၊ သမီးေတြ ကိုယ့္ကိုကိုယ္ ျပန္ျပီး စဥ္းစားၾကည့္ၾကရေအာင္ေနာ္…။

Credit: ဦးဘုန္း (ဓာတု)

==============

“ငါ့သား၊ အဖေ့သူငယ်ချင်း အသုဘကို ငါသွားချင်တယ်၊ လိုက်ပို့” ပြီးခဲ့တဲ့နေ့က အဖေ ကျွန်တော့် အိမ်ရောက်လာပါတယ်။

သူ့ သူငယ်ချင်း ဆုံးလို့ အသုဘကို လိုက်ပို့ပေးချင်ကြောင်း လာပြောပါတယ်။ ကျွန်တော့် အဖေနဲ့ ရွယ်တူဆိုတော့ အသက် ရဝကျော်ပါ။

ကျွန်တော့်ရဲ့ကားပေါ်မှာ အဖေနဲ့ စကားပြောဖြစ်ကြတယ်။ “အဖေ… အဖေ့သူငယ်ချင်းက သားသမီးတွေ မရှိဘူးလား”

“သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်” “အတူမနေကြဘူးလား” “မနေကြဘူးကွ” “ဘာဖြစ်လို့လဲ အဖေ”

“ဒီလိုကွ၊ ဒီကောင်ကြီးက နောက်မိန်းမယူထားတာ။ သားသမီးတွေက သူ့ကို အမြင်မကြည်ဘူး။ ဒါကြောင့် သားသမီးတွေနဲ့ ဒီကောင်အဆင်မပြေဘူး။

အခုသေတော့လည်း သူ့သားနဲ့ သမီးဆီကို ငါပဲ အကြောင်းကြားထားတယ်”

“သူက ဘာဖြစ်လို့ နောက်မိန်းမယူတာလဲ အဖေ”

“ဒါတော့ ငါဘယ်သိမလဲ၊ ငါသိတာတော့ သူ့ရဲ့ ပထမမိန်းမ ဆုံးပြီးမှ ဒီမိန်းမကို ယူတာ၊ အဲဒီလို ယူလိုက်တာကြောင့်သားနဲ့ သမီးဟာ သူ့အဖေကို လုံးဝ လှည့်မကြည့်တော့ဘူး”

 “ဒါဆိုရင် ဘာဖြစ်လို့ သူ့သားနဲ့သမီးကို စောင့်နေရမှာလဲ အဖေရ”

“ဒါကတော့ သူ့ဆန္ဒပေါ့ကွာ၊ ဒီကောင်ကြီးက မှာသွားလို့ ငါလည်း သူခိုင်းတဲ့ အတိုင်း လုပ်ရတာပေါ့၊ မိဘက သားသမီးကို ချစ်တာ သဘာဝက ဖြစ်လာတဲ့စိတ်၊ တားဆီးလို့ မရဘူး။

သားသမီးက မိဘကို ပြန်ပြီး ပြုစုတာ၊ စောင့်ရှောက်တာ၊ ချစ်တာကျတော့သဘာဝစိတ် မဟုတ်ဘူး။

 မြင့်မြတ်တဲ့ လူသားတွေမှာသာ ရှိတဲ့စိတ်ကွ” အဲဒီနေ့က တောင်မြင့်သုသာန်မှာ မီးသင်္ဂြ ိုဟ်ပါတယ်။

အဖေဟာ သူ့ သူငယ်ချင်းကို မီးရှို့ပြီးတဲ့အထိ စောင့်ကြည့်ပါတယ်။ သူ့ သူငယ်ချင်းရဲ့ သားနဲ့ သမီးဟာ ငါးရက်နဲ့ ရက်လည်ချင်ပါတယ်လို့ ပြောပါတယ်။

ဒါကြောင့် အဖေဟာ ဆက်ပြီးကူညီပါတယ်။ ရက်လည်တဲ့နေ့က လူတော်တော်စည်ကားပါတယ်။

အသုဘရှင်ရဲ့ သားနဲ့သမီးဟာ ငွေကြေးရှိသူတွေ ဆိုတော့ ရက်လည်ဆွမ်းမှာ ရက်ရက်စက်စက်ကို လှူပါတယ်။

သူ့အဖေကအသက် ၇၂ နှစ်မို့လို့ သံဃာ ၇၂ပါး ကို ပင့်တယ်။ ဆွမ်းကပ်တယ်။ သင်္ကန်းလှူတယ်။ အရပ်ထဲကလူတွေကို ရက်လည်တရားနာဖို့ ဖိတ်တယ်။

နေ့လည်စာနဲ့ ဧည့်ခံတယ်။ ဒီလိုတွေ စည်စည်ကားကားဖြစ်ဖို့၊ စနစ်တကျဖြစ်ဖို့ ကျွန်တော့် အဖေကအားတက်သရော ကူညီပါတယ်။

ရက်လည်တဲ့နေ့မှာ ရေစက်ချတယ်။ သေဆုံးသူ အဖေအတွက် အမျှပေးတယ်။

အဲဒီရက်လည်ဆွမ်းသွတ်ပြီးတဲ့ ညမှာ အဖေနဲ့ ကျွန်တော် စကားတွေ အများကြီး ပြောဖြစ်တယ်။

“ငါ့သား… ရက်လည်ဆွမ်းကိုမင်း ဘယ်လို မြင်တုန်း” ကျွန်တော် ဘာမှ မဖြေတတ်ပါ။ ကျွန်တော် နားလည်တာက မိရိုးဖလာပါပဲ။

အိမ်တိုင်း အိမ်တိုင်းလူသေဖူးကြတယ်။ ရက်လည်ဆွမ်းသွတ်ကြတယ်။ တချို့လည်း သုံးရက်၊ တချို့လည်း ငါးရက်၊ ခုနှစ်ရက်မှာ ရက်လည်တယ်။

သေဆုံးသူတွေအတွက် ကောင်းမှုကုသိုလ် လုပ်တယ်။ အမျှပေးတယ်။ အမျှရပြီး ကျွတ်ဖို့ လွတ်ဖို့ ရည်ရွယ်ချက်နဲ့ သံဃာတော်တွေကိုပင့်တယ်။

ကျွန်တော်က ဒီလောက်ပဲသိတာ။ ကျွန်တော် သိသလောက် အဖေလည်း သိနေတာမို့ ကျွန်တော် ဘာမှပြန်မဖြေတာဖြစ်ပါတယ်။

“ငါ စဉ်းစားမိတယ်။ သားသမီးအတွက် ငါတို့ မိဘတွေသေရင် သားသမီး ဝတ်ငါးပါးထဲက မွေခံထိုက်စေဆိုတဲ့ စကားနဲ့ လှူမျှဝေဆိုတဲ့ စကားကိုသာ လိုက်နာကြတာ။

သားသမီး ဝတ်ငါးပါးထဲမှာ ကျန်တဲ့ သုံးပါးကို ဂရုမစိုက်ကြဘူး”

“ဘာကို ဆိုလိုတာလဲ အဖေ”

“ဒီလိုကွာ.. မိဘတွေသေမှ သိန်း၄၀၊ ၅ဝဖိုး အကုန်အကျခံပြီး ရက်လည်ဆွမ်းလုပ်တာထက် မိဘတွေမသေခင် သူတို့စားချင်တာ ကျွေးဖို့၊ သူတို့ ဝတ်ချင်တာ ဝတ်ဖို့၊ သူတို့ စိတ်ချမ်းသာဖို့က ပိုပြီး အရေးမကြီးဘူးလား။ အခုတော့ကွာ….”

“ဒါဆိုရင် အဖေရယ် မိဘတွေသေမှ အမျှအတန်းဝေတာထက် ကောင်းတာ ရှိသေးလို့လား အဖေရယ်”

“ကျွေးမွေးမပျက်ဆိုတဲ့ဝတ်ငါးပါးထဲက ပထမတာဝန်ကို မကျေပွန်တဲ့ သားသမီးတွေ အများကြီးပါကွာ။

ငါတို့ မိဘတွေ သားသမီးမကြိုက်တာ တစ်ခုလောက်လုပ်မိရုံနဲ့ ပုံကြီးချဲ့ပြီး ပစ်ထားကြတဲ့ သားသမီးက များတာပါ။

မိဘသေမှ အမျှဝေတာထက် မိဘတွေ မသေခင် ကျန်တဲ့ သားသမီးဝတ်သုံးပါးကို လိုက်နာသင့်တယ်။

အခုတော့ မိဘတွေသေမှ ရက်လည်ဆွမ်းကို ကြီးကြီးကျယ်ကျယ် ဆောင်ရွက်ပေးရုံနဲ့ သားသမီးတာဝန် ကျေပြီလို့ ထင်နေကြတယ်။ မသေခင်မှာ ကျွေးတာ ပိုကောင်းတာပေါ့။

သေပြီးမှတော့ ကိုယ့်မိဘလောက် ကိုယ့်အပေါ်မစောင့်ရှောက်တဲ့ ကိုယ့်ကို မပြုစုခဲ့တဲ့ တခြားလူတွေကို ငွေကုန်ကြေးကျခံပြီး ကျွေးတာ အဓိပ္ပါယ် မဲ့နေသလို အဖေ ခံစားရတယ်ကွာ။

တကယ်တော့ ကိုယ့်အပေါ်ကို အသက်နဲ့ ရင်းပြီး ချစ်ခဲ့တဲ့ စောင့်ရှောက်ခဲ့တဲ့ မိဘကို ကျွေးသင့်တာပေါ့ကွ” အဖေ့စကားဟာအဓိပ္ပါယ်တွေရှိုပါတယ်။

မိဘကို အသက်ရှင်နေတုန်းမှာ ကျွေးမွေးခြင်းလည်း မရှိ၊ စောင့်ရှောက်ခြင်းလည်း မရှိ၊ မိဘသေမှမိဘပိုင်တာတွေကို အမွေခွဲဖို့ ရင်ထဲမှာက လောဘမီးတွေနဲ့ မျက်နှာမှာက မျက်ရည်တွေနဲ့ မပြေမလည် ဖြစ်နေကြတဲ့ မောင်နှမတွေအများကြီးပါ။

“အမွေခံထိုက်စေ” ဆိုတဲ့ စကားကို တိတိကျကျလိုက်နာပြီး ကျွေးမွေးမပျက် ဆောင်ရွက်စီမံနဲ့ စောင့်လေမျိုးနွယ်ကို မေ့နေကြတဲ့ သားသမီးတွေက အများစုပါ။

မွေခံထိုက်စေနဲ့ လှူမျှဝေကိုတော့ လိုက်နာကြတယ်။ အဖေပြောတဲ့စကားတစ်ခွန်းပြောပါရစေ။ “ငါ့သား….. သားသမီးတွေဟာ မိဘတွေသေရင် မိဘတွေကို မြေကြီးထဲ မြှုပ်ပစ်လိုက်ကျတယ်။

သားသမီးတွေသာ ငါတို့ထက် အရင်သေခဲ့ရင် သားသမီးတွေကို ငါတို့ မြေကြီးထဲမှာ မမြှုပ်ဘူး။ ရင်ဘတ်ထဲက အသည်းနှလုံးထဲမှာမြှုပ်နှံထားကြတာ” ကျွန်တော်တို့လို သားတွေ၊ သမီးတွေ ကိုယ့်ကိုကိုယ် ပြန်ပြီး စဉ်းစားကြည့်ကြရအောင်နော်…။

Credit: ဦးဘုန်း (ဓာတု)

Comments