ၿဖိဳးျမတ္ေအာင္ ရဲ႕ ဆန္းၾကယ္တဲ့ အေၾကာင္းတရား.....



Winner ျဖစ္ရင္ ဘုရားထီးတင္မယ္.. ဆယ္လီေတာ္ေတာ္မ်ားမ်ား ဒီလုိေျပာတတ္ၾကတာပဲ။ သုိ႔ေသာ္ ၿဖိဳးျမတ္ေအာင္ ရဲ႕ ဆန္းၾကယ္တဲ့ အေၾကာင္းတရား

သုိက္ကလာတဲ့ေရာ့ခ္ကာ Vote7

(A)စုေမာင္ေမာင္ေမး။ ။Winnerျဖစ္လုိ႔ပုိက္ဆံရရင္ဘာလုပ္မလဲ

Vote7ေျဖ။ ။ ဘုရားထီးတင္မယ္

ကၽြန္ေတာ့္မွာ တအ့ံတဩေတာ့မျဖစ္မိ။ ဆယ္လီေတာ္ေတာ္မ်ားမ်ား ဒီလုိေျပာတတ္ၾကတာပဲ။ သုိ႔ေသာ္ ၿဖိဳးျမတ္ေအာင္ရဲ႕ဘုရားထီးတင္မယ္ ေျပာစကားေနာက္မွာ ေလးနက္ေသာ ဆန္းၾကယ္ေသာ အေၾကာင္းတရားေတြရွိမွန္း တျဖည္းျဖည္း

သိလာရေသာအခါ . . . . .

(B) Vote7ၿဖိဳးျမတ္ေအာင္အေၾကာင္း ရယ္စရာတစ္ခုဦးစြာေျပာလုိပါသည္။ကုိၿဖိဳးတုိ႔အိမ္က တကၠသုိလ္နားမွာဆုိေတာ့ ေက်ာင္းသားေတြ ဥဒဟုိသြားလာေနၾကသည္။ညဘက္ဆုိ အေဆာင္ေတြဆီ ေက်ာင္းသားေတြဂစ္တာတီးထြက္တာေတြ႕ေတာ့ ကုိၿဖိဳးကအားက်ရင္ခုန္မိသည္။

သူနဲ႔သူငယ္ခ်င္း(ေနာင္အခါဗုိလ္ခ်ဳပ္သီခ်င္းေရးေပးသူေတးေရးယူေဇာ)ႏွစ္ေယာက္ အေဆာင္ေတြမွာ ညဘက္သီခ်င္းလုိက္ဆုိၾကသည္။ေလးျဖဴသီခ်င္းဆုိတာေကာင္းလုိ႔ အေဆာင္သူမမတစ္စုသူ႔အိမ္သုိ႔ ေရာက္လာဖူးသည္။လူကုိေတြ႕ေတာ့မွကေလးအရြယ္ေလး။သူတီးတဲ့ဂစ္တာက သူ႔ထက္အရပ္ရွည္ေသးသည္။အဲ့ဒီတုန္းက ၁၂ႏွစ္သား။

ဦးသိန္းတန္ရဲ႕ဘုိးရင္း777မွာ ဇနဲ႔ ခ်ာတိတ္။ေလာကႀကီးဆီ အလုပ္တစ္ခုတည္းလုပ္ဖုိ႔ ေရာက္လာသူေတြရွိတတ္သည္။မုိက္ကယ္အိန္ဂ်လုိက ပန္းပုထုဖုိ႔။ဗန္ဂုိးက ပန္းခ်ီဆြဲဖုိ႔။ကုိၿဖိဳးက သီခ်င္းပဲ။



(C)ကၽြန္ေတာ္က fbထဲဟုိေရးဒီေရးေပါ့ေလ။ၿမိဳ႕မွာ ဂီတကဗ်ာအားျဖင့္ လူငယ္ေတြနဲ႔ခင္မင္ရတဲ့အထဲကုိၿဖိဳးလည္းပါဝင္ေလသည္။ကုိၿဖိဳးက သီခ်င္းစာသားေတြကုိ စစ္စစ္ေပါက္ေပါက္ေမးတတ္သည္။ခတၱာသီခ်င္းအေၾကာင္းလည္းသူေမးဖူးသည္။သရဝဏ္ကဘာလဲ။မင္းလြင္ပုန္းညႇက္ကဘာလဲ စသျဖင့္။ဆရာစုိင္းခမ္းလိတ္ရဲ႕ ok0122l အေၾကာင္း ထူးအိမ္သင္ရဲ႕ေဝးသြားတဲ့အခါအေၾကာင္းစသျဖင့္။

Bertie Higginsရဲ႕Casablanca စာသားေတြေတာင္းယူဖူးသည္။ယေန႔ျမန္မာဂီတေလာကကMusicေတြတုိးတက္လာၿပီးwordsေတြမတုိးတက္လာတာ ဂီတသမားေတြစာေပအားနည္းလုိ႔ျဖစ္ႏူိင္ေၾကာင္း သူသုံးသပ္ျပဖူးသည္။ေဇာ္ဝင္းထြဋ္က ၃တန္းထဲကမနၱေလးမွာ ရည္မြန္တီးဝုိင္းနဲ႔ ရီေကာဒင္းလုပ္တာဆုိခပုိက္ဆံရေနေၾကာင္းသူ႔ကုိေျပာျပေတာ့ သူ႔မ်က္လုံးေတြေတာက္ပလာေနခဲ့သည္။

ကုိၿဖိဳးပုံက ဆံပင္နီေဆးသြင္း နားကြင္းနဲ႔ပိန္ကပ္ကပ္ လက္ျပင္ကုန္းကုန္း။လူငယ္ဆုိေတာ့ အရက္ေသာက္မွာပဲ ေဆးခ်မွာပဲကၽြန္ေတာ္ထင္ခဲ့ဖူးသည္(ကုိၿဖိဳးခြင့္လႊတ္ပါ)စင္ေပၚမွာ ခုန္ေပါက္ေနတာေတြလည္းေတြ႕ခဲ့ဖူးသည္ကုိး။

ကုိၿဖိဳးနဲ႔တျဖည္းျဖည္းရင္းႏွီးလာမွ သူကအရက္မေသာက္ ေဆးမခ် ထမင္းကုိပဲေၾကာ္နဲ႔ဆီဆမ္းစားတတ္သူဆုိတာသိလာရသည္။ၿပီးေတာ့သူက ပဌန္းရြတ္သည္။တရားထုိင္သည္။သူ႔စရုိက္နဲ႔သူ႔ပုံက ကီးလြဲေနသလုိလုိ။

(D)ကုိၿဖိဳးတုိ႔ၿမိဳ႕ပတ္လမ္းမွာ ကုိးနဝင္းဘြဲ႕ေတာ္နဲ႔ေစတီငယ္ေလးရွိေလသည္။ဟသၤာတၿမိဳ႕သားေတြကဘုရားျဖဴေလးလုိ႔သိၾကသည္။

လြန္ခဲ့ေသာ ၂၆ႏွစ္ကုိခဏျပန္သြားရေအာင္. . .

ထုိဘုရားျဖဴေလးကုိထီးတင္ဖုိ႔စီစဥ္ၾကရာ စီစဥ္တုိင္းပ်က္ေနခဲ့သည္။ၿမိဳ႕ေပၚကပုိက္ဆံရွိသူမ်ားထီးတင္ဖုိ႔ အႀကိမ္ႀကိမ္ႀကိဳးစားေသာ္လည္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ အထမေျမာက္ခဲ့။တစ္ခုေသာမုိးညမွာ ေဂါပကလူႀကီးတစ္ေယာက္အိပ္မက္ျမင္မက္ေလသည္။အိပ္မက္ထဲ ဘုန္းႀကီးတစ္ပါးက “ေအးေမာင္မိသားစုကုိ ထီးတင္ခုိင္း”တဲ့

မုိးလင္းေတာ့ ဦးေအးေမာင္အိမ္သုိ႔ အက်ဳိးအေၾကာင္းေျပာရန္ ေဂါပကလူႀကီးသြားေလသည္။ထုိေန႔က July 9 ရက္ေန႔. . .ဟသၤာတၿမိဳ႕မွာ ႏွစ္၅၀အတြင္းမုိးေရခ်ိန္အမ်ားဆုံးအျဖစ္ သတင္းထဲပါေသာေန႔။

ထုိေန႔ကား ဦးေအးေမာင္ ေဒၚသန္းသန္းျမင့္တုိ႔၏သား ေမာင္ၿဖိဳးျမတ္ေအာင္ေမြးဖြားသန္႔စင္ေသာေန႔တည္း။

ဦးေအးေမာင္မိသားစုက အလႉအတန္းရက္ေရာသူေတြ။ထီးတင္ဖုိ႔တာဝန္ကုိ မဆုိင္းမတြယူခဲ့ရာေအာင္ျမင္ခဲ့ေလသည္။ထုိစဥ္ကဦးေအးေမာင္က ကုိယ္ပုိင္ကုန္ကားနဲ႔အုတ္အေရာင္းအဝယ္ေကာင္းေနေတာ့ စီးပြားေရးမဆုိးလွခ်ိန္။

(E)ၿဖိဳးျမတ္ေအာင္သက္တမ္းတေလၽွာက္ သူ႔အိမ္မွာထူးထူးဆန္းဆန္းအျဖစ္အပ်က္ေတြ ၾကံဳေတြ႕ရဖူးသည္။

သူ႔ဖခင္ရဲ႕ ကုန္ကားဘက္ထရီအုိးႀကီးေပ်ာက္သြားရာ တစ္ပတ္ေလာက္ၾကာမွ အိမ္ေရွ႕သုိ႔အလုိလုိျပန္ေရာက္ေနဖူးသည္။ၿဖိဳးျမတ္ေအာင္ဖ်ားၿပီးသတိလစ္ေနတုန္း လူတစ္ေယာက္ေရာက္လာၿပီး ေဆးတုိက္ရာ ခ်က္ခ်င္းထထုိင္ခဲ့ဖူးသည္။

ေလးတန္းေက်ာင္းသားအရြယ္ကအညိဳဝတ္ပုဂၢိဳလ္တစ္ဦးက”ဒီကေလးက သုိက္ကလာတာ တစ္ေန႔ႏူိင္ငံေက်ာ္ႀကီးျဖစ္လာမွာ”ဟု ေဗဒင္ေဟာသြားဖူးသည္။

ကုိၿဖိဳးကေတာ့ သုိက္ေတြဘာေတြသိပ္မယုံ။သုိ႔ေသာ္လည္းအဆုိပါ အညိဳဝတ္ပုဂၢိဳလ္နဲ႔ေတြ႕ၿပီးေနာက္ပိုင္း ဘုရားတရားလုပ္ခ်င္စိတ္ေတြေပၚလာခဲ့သည္။ဘုရားစာအုပ္ေတြလည္း ဖတ္လာခဲ့သည္။

(F) ကုိၿဖိဳးအရြယ္ေရာက္လာေတာ့ ပဥၨင္းတက္ေပးဖုိ႔ဦးေအးေမာင္မိသားစု စဥ္းစားၾကသည္။လက္ထဲေငြပုိေငြလၽွံက သိပ္မရွိ။ေဒၚသန္းသန္းျမင့္နဲ႔ကုိၿဖိဳးတုိ႔သားအမိႏွစ္ေယာက္ ကုိးနဝင္း(ဘုရားျဖဴေလး)တြင္ အဓိဌာန္ျဖင့္၁၀၈ရက္ပုတီးစိတ္ၾကသည္။အဓိဌာန္ေအာင္ခဲ့ပါသည္။တုိက္ဆုိင္တယ္ ဆုိခ်င္ဆုိပါ။

အုတ္ဖုတ္တဲ့ျခံထဲက ေတာင္ပုိ႔ကုိတူးရင္း ေငြဒဂါၤး၁၀၅ ျပားရလုိက္ေလသည္။ဦးသိန္းဟန္ေရႊဆုိင္မွာေရာင္းေတာ့ ထုိအခ်ိန္ပုိက္ဆံ ၇သိန္းေလာက္ရလုိက္ေလသည္။ကုိၿဖိဳးကပဥၨင္း ညီငယ္ဘခ်စ္ကကုိရင္ အျခားေဆြမ်ဳိးေတြပါ သာသနာ့ေဘာင္ဝင္ၾကေလသည္။

(G) ဖခင္ဦးေအးေမာင္ ကြယ္လြန္ခ်ိန္မွာေတာ့ သူတုိ႔မိသားစု စီးပြားေရးနိမ့္က်လာခဲ့သည္။ကုန္ကားကုိေရာင္းလိုက္ရသည္။ဂြန္ေဒါင္းေလးဝယ္ေထာင္ေသးသည္။အဆင္မေျပ။ေနာက္ေတာ့ဂြန္ေဒါင္းကုိေျခာက္သိန္းခြဲနဲ႔ေရာင္းလုိက္သည္။ထုိေငြအပါအ ဝင္ ဖခင္ရွိခ်ိန္အေပ်ာ္ဆုိတီးခဲ့ေသာ ေဆာင္းေဘာက္ေတြ တူရိယာေတြကုိဘုရားျဖဴေလးသုိ႔လႉဒါန္းခဲ့ေလသည္။

ဤသုိ႔ျဖင့္ မိခင္ကမုန္႔ဟင္းခါးဆုိင္ထြက္ ညီငယ္ က သူမ်ားကုန္ကားေမာင္း ကုိၿဖိဳးကဂီတအလုပ္ကုိလုပ္ကုိင္ရင္း ႏြမ္းပါးေသာေန႔ရက္ေတြေရာက္လာခဲ့ေလသည္။

(H)၂၀၁၈မွာေတာ့. .

ေအးေမာင္မိသားစုတင္ခဲ့ေသာထီးေတာ္မွာ ၂၆ႏွစ္ရွိခဲ့ေလရာ ေဟာင္းႏြမ္းပ်က္စီးစျပဳလာသည္။ေဂါပကအဖြဲ႕က ေဒၚသန္းသန္းျမင့္ကုိတုိင္ပင္သည္အလႉအတန္းဆုိ လက္မေႏွးတတ္သူေဒၚသန္းသန္းျမင့္က တစ္ႏွစ္ေလာက္အခ်ိန္ေပးပါ သူလႉမည္လုိ႔ကတိေပးလုိက္ေလသည္။သူမစိတ္ကူးက တစ္ႏွစ္အတြင္းသူ႔ျခံကုိေရာင္းၿပီးဘုရားထီးတင္မည္ ေပါ့။

ဘုရားထီးတင္မယ္ဆုိေသာစကားကုိ ကုိၿဖိဳးကခပ္ေပါ့ေပါ့ေျပာလုိက္တာမဟုတ္မွန္းသိလာရေသာအခါ ကၽြန္ေတာ့္မွာၾကက္သီးေမြးညႇင္းထမိေၾကာင္းဝန္ခံအပ္ပါသည္။

(I) ခ်စ္ေသာမိတ္ေဆြေရ. . .

ဟသၤာတၿမိဳ႕ကုိေရာက္ခဲ့ေသာ္ ၿမိဳ႕ပတ္လမ္းမွာကုိးနဝင္းေစတီ(ဘုရားျဖဴေလး)ကုိေအးေမာင္မိသားစုရဲ႕အလႉ ထီးေတာ္အေဟာင္းနဲ႔အတူဖူးျမင္ႏူိင္ပါသည္။

မၾကာမီကာလတြင္ ဘုရားထီးေတာ္အသစ္ကုိကုိၿဖိဳးတုိ႔(ေအးေမာင္မိသားစု)က လႉဒါန္းခြင့္ၾကံဳရလိမ့္မည္ကုိ ကၽြန္ေတာ္ကေမၽွာ္လင့္ရင္ခုန္မိေတာသည္။

အဲဒီအခါ ဘုရားထီးတင္ပြဲမွာ ဟသၤာတမုန္႔ဟင္းခါးစားႂကြဖုိ႔ ဖိတ္ေခၚပါရေစမိတ္ေဆြတုိ႔ေရ. . .

စုေမာင္ေမာင္

(ၿဖိဳးျမတ္ေအာင္ အားေပးသူမ်ားshare copy လုပ္ႏူိင္ပါတယ္)

ၾကာသပေတးည ၉း၀၀နာရီတုိင္းlive (ေနာက္တစ္ဆင့္မွ ဆက္ေရးမယ္ကုိၿဖိဳးေရ)

=========

Winner ဖြစ်ရင် ဘုရားထီးတင်မယ်.. ဆယ်လီတော်တော်များများ ဒီလိုပြောတတ်ကြတာပဲ။ သို့သော် ဖြိုးမြတ်အောင် ရဲ့ ဆန်းကြယ်တဲ့ အကြောင်းတရား

သိုက်ကလာတဲ့ရော့ခ်ကာ Vote7

(A)စုမောင်မောင်မေး။ ။Winnerဖြစ်လို့ပိုက်ဆံရရင်ဘာလုပ်မလဲ

Vote7ဖြေ။ ။ ဘုရားထီးတင်မယ်

ကျွန်တော့်မှာ တအ့ံတဩတော့မဖြစ်မိ။ ဆယ်လီတော်တော်များများ ဒီလိုပြောတတ်ကြတာပဲ။ သို့သော် ဖြိုးမြတ်အောင်ရဲ့ဘုရားထီးတင်မယ် ပြောစကားနောက်မှာ လေးနက်သော ဆန်းကြယ်သော အကြောင်းတရားတွေရှိမှန်း တဖြည်းဖြည်း

သိလာရသောအခါ . . . . .

(B) Vote7ဖြိုးမြတ်အောင်အကြောင်း ရယ်စရာတစ်ခုဦးစွာပြောလိုပါသည်။ကိုဖြိုးတို့အိမ်က တက္ကသိုလ်နားမှာဆိုတော့ ကျောင်းသားတွေ ဥဒဟိုသွားလာနေကြသည်။ညဘက်ဆို အဆောင်တွေဆီ ကျောင်းသားတွေဂစ်တာတီးထွက်တာတွေ့တော့ ကိုဖြိုးကအားကျရင်ခုန်မိသည်။

သူနဲ့သူငယ်ချင်း(နောင်အခါဗိုလ်ချုပ်သီချင်းရေးပေးသူတေးရေးယူဇော)နှစ်ယောက် အဆောင်တွေမှာ ညဘက်သီချင်းလိုက်ဆိုကြသည်။လေးဖြူသီချင်းဆိုတာကောင်းလို့ အဆောင်သူမမတစ်စုသူ့အိမ်သို့ ရောက်လာဖူးသည်။လူကိုတွေ့တော့မှကလေးအရွယ်လေး။သူတီးတဲ့ဂစ်တာက သူ့ထက်အရပ်ရှည်သေးသည်။အဲ့ဒီတုန်းက ၁၂နှစ်သား။

ဦးသိန်းတန်ရဲ့ဘိုးရင်း777မှာ ဇနဲ့ ချာတိတ်။လောကကြီးဆီ အလုပ်တစ်ခုတည်းလုပ်ဖို့ ရောက်လာသူတွေရှိတတ်သည်။မိုက်ကယ်အိန်ဂျလိုက ပန်းပုထုဖို့။ဗန်ဂိုးက ပန်းချီဆွဲဖို့။ကိုဖြိုးက သီချင်းပဲ။

(C)ကျွန်တော်က fbထဲဟိုရေးဒီရေးပေါ့လေ။မြို့မှာ ဂီတကဗျာအားဖြင့် လူငယ်တွေနဲ့ခင်မင်ရတဲ့အထဲကိုဖြိုးလည်းပါဝင်လေသည်။ကိုဖြိုးက သီချင်းစာသားတွေကို စစ်စစ်ပေါက်ပေါက်မေးတတ်သည်။ခတ္တာသီချင်းအကြောင်းလည်းသူမေးဖူးသည်။သရဝဏ်ကဘာလဲ။မင်းလွင်ပုန်းညှက်ကဘာလဲ စသဖြင့်။ဆရာစိုင်းခမ်းလိတ်ရဲ့ ok0122l အကြောင်း ထူးအိမ်သင်ရဲ့ဝေးသွားတဲ့အခါအကြောင်းစသဖြင့်။

Bertie Higginsရဲ့Casablanca စာသားတွေတောင်းယူဖူးသည်။ယနေ့မြန်မာဂီတလောကကMusicတွေတိုးတက်လာပြီးwordsတွေမတိုးတက်လာတာ ဂီတသမားတွေစာပေအားနည်းလို့ဖြစ်နိူင်ကြောင်း သူသုံးသပ်ပြဖူးသည်။ဇော်ဝင်းထွဋ်က ၃တန်းထဲကမန္တလေးမှာ ရည်မွန်တီးဝိုင်းနဲ့ ရီကောဒင်းလုပ်တာဆိုခပိုက်ဆံရနေကြောင်းသူ့ကိုပြောပြတော့ သူ့မျက်လုံးတွေတောက်ပလာနေခဲ့သည်။

ကိုဖြိုးပုံက ဆံပင်နီဆေးသွင်း နားကွင်းနဲ့ပိန်ကပ်ကပ် လက်ပြင်ကုန်းကုန်း။လူငယ်ဆိုတော့ အရက်သောက်မှာပဲ ဆေးချမှာပဲကျွန်တော်ထင်ခဲ့ဖူးသည်(ကိုဖြိုးခွင့်လွှတ်ပါ)စင်ပေါ်မှာ ခုန်ပေါက်နေတာတွေလည်းတွေ့ခဲ့ဖူးသည်ကိုး။

ကိုဖြိုးနဲ့တဖြည်းဖြည်းရင်းနှီးလာမှ သူကအရက်မသောက် ဆေးမချ ထမင်းကိုပဲကြော်နဲ့ဆီဆမ်းစားတတ်သူဆိုတာသိလာရသည်။ပြီးတော့သူက ပဌန်းရွတ်သည်။တရားထိုင်သည်။သူ့စရိုက်နဲ့သူ့ပုံက ကီးလွဲနေသလိုလို။

(D)ကိုဖြိုးတို့မြို့ပတ်လမ်းမှာ ကိုးနဝင်းဘွဲ့တော်နဲ့စေတီငယ်လေးရှိလေသည်။ဟင်္သာတမြို့သားတွေကဘုရားဖြူလေးလို့သိကြသည်။

လွန်ခဲ့သော ၂၆နှစ်ကိုခဏပြန်သွားရအောင်. . .

ထိုဘုရားဖြူလေးကိုထီးတင်ဖို့စီစဉ်ကြရာ စီစဉ်တိုင်းပျက်နေခဲ့သည်။မြို့ပေါ်ကပိုက်ဆံရှိသူများထီးတင်ဖို့ အကြိမ်ကြိမ်ကြိုးစားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အထမမြောက်ခဲ့။တစ်ခုသောမိုးညမှာ ဂေါပကလူကြီးတစ်ယောက်အိပ်မက်မြင်မက်လေသည်။အိပ်မက်ထဲ ဘုန်းကြီးတစ်ပါးက “အေးမောင်မိသားစုကို ထီးတင်ခိုင်း”တဲ့

မိုးလင်းတော့ ဦးအေးမောင်အိမ်သို့ အကျိုးအကြောင်းပြောရန် ဂေါပကလူကြီးသွားလေသည်။ထိုနေ့က July 9 ရက်နေ့. . .ဟင်္သာတမြို့မှာ နှစ်၅ဝအတွင်းမိုးရေချိန်အများဆုံးအဖြစ် သတင်းထဲပါသောနေ့။

ထိုနေ့ကား ဦးအေးမောင် ဒေါ်သန်းသန်းမြင့်တို့၏သား မောင်ဖြိုးမြတ်အောင်မွေးဖွားသန့်စင်သောနေ့တည်း။

ဦးအေးမောင်မိသားစုက အလှူအတန်းရက်ရောသူတွေ။ထီးတင်ဖို့တာဝန်ကို မဆိုင်းမတွယူခဲ့ရာအောင်မြင်ခဲ့လေသည်။ထိုစဉ်ကဦးအေးမောင်က ကိုယ်ပိုင်ကုန်ကားနဲ့အုတ်အရောင်းအဝယ်ကောင်းနေတော့ စီးပွားရေးမဆိုးလှချိန်။

(E)ဖြိုးမြတ်အောင်သက်တမ်းတလျှောက် သူ့အိမ်မှာထူးထူးဆန်းဆန်းအဖြစ်အပျက်တွေ ကြုံတွေ့ရဖူးသည်။

သူ့ဖခင်ရဲ့ ကုန်ကားဘက်ထရီအိုးကြီးပျောက်သွားရာ တစ်ပတ်လောက်ကြာမှ အိမ်ရှေ့သို့အလိုလိုပြန်ရောက်နေဖူးသည်။ဖြိုးမြတ်အောင်ဖျားပြီးသတိလစ်နေတုန်း လူတစ်ယောက်ရောက်လာပြီး ဆေးတိုက်ရာ ချက်ချင်းထထိုင်ခဲ့ဖူးသည်။

လေးတန်းကျောင်းသားအရွယ်ကအညိုဝတ်ပုဂ္ဂိုလ်တစ်ဦးက”ဒီကလေးက သိုက်ကလာတာ တစ်နေ့နိူင်ငံကျော်ကြီးဖြစ်လာမှာ”ဟု ဗေဒင်ဟောသွားဖူးသည်။

ကိုဖြိုးကတော့ သိုက်တွေဘာတွေသိပ်မယုံ။သို့သော်လည်းအဆိုပါ အညိုဝတ်ပုဂ္ဂိုလ်နဲ့တွေ့ပြီးနောက်ပိုင်း ဘုရားတရားလုပ်ချင်စိတ်တွေပေါ်လာခဲ့သည်။ဘုရားစာအုပ်တွေလည်း ဖတ်လာခဲ့သည်။

(F) ကိုဖြိုးအရွယ်ရောက်လာတော့ ပဥ္ဇင်းတက်ပေးဖို့ဦးအေးမောင်မိသားစု စဉ်းစားကြသည်။လက်ထဲငွေပိုငွေလျှံက သိပ်မရှိ။ဒေါ်သန်းသန်းမြင့်နဲ့ကိုဖြိုးတို့သားအမိနှစ်ယောက် ကိုးနဝင်း(ဘုရားဖြူလေး)တွင် အဓိဌာန်ဖြင့်၁၀၈ရက်ပုတီးစိတ်ကြသည်။အဓိဌာန်အောင်ခဲ့ပါသည်။တိုက်ဆိုင်တယ် ဆိုချင်ဆိုပါ။

အုတ်ဖုတ်တဲ့ခြံထဲက တောင်ပို့ကိုတူးရင်း ငွေဒဂါင်္း၁၀၅ ပြားရလိုက်လေသည်။ဦးသိန်းဟန်ရွှေဆိုင်မှာရောင်းတော့ ထိုအချိန်ပိုက်ဆံ ရသိန်းလောက်ရလိုက်လေသည်။ကိုဖြိုးကပဥ္ဇင်း ညီငယ်ဘချစ်ကကိုရင် အခြားဆွေမျိုးတွေပါ သာသနာ့ဘောင်ဝင်ကြလေသည်။

(G) ဖခင်ဦးအေးမောင် ကွယ်လွန်ချိန်မှာတော့ သူတို့မိသားစု စီးပွားရေးနိမ့်ကျလာခဲ့သည်။ကုန်ကားကိုရောင်းလိုက်ရသည်။ဂွန်ဒေါင်းလေးဝယ်ထောင်သေးသည်။အဆင်မပြေ။နောက်တော့ဂွန်ဒေါင်းကိုခြောက်သိန်းခွဲနဲ့ရောင်းလိုက်သည်။ထိုငွေအပါအ ဝင် ဖခင်ရှိချိန်အပျော်ဆိုတီးခဲ့သော ဆောင်းဘောက်တွေ တူရိယာတွေကိုဘုရားဖြူလေးသို့လှူဒါန်းခဲ့လေသည်။

ဤသို့ဖြင့် မိခင်ကမုန့်ဟင်းခါးဆိုင်ထွက် ညီငယ် က သူများကုန်ကားမောင်း ကိုဖြိုးကဂီတအလုပ်ကိုလုပ်ကိုင်ရင်း နွမ်းပါးသောနေ့ရက်တွေရောက်လာခဲ့လေသည်။

(H)၂၀၁၈မှာတော့. .

အေးမောင်မိသားစုတင်ခဲ့သောထီးတော်မှာ ၂၆နှစ်ရှိခဲ့လေရာ ဟောင်းနွမ်းပျက်စီးစပြုလာသည်။ဂေါပကအဖွဲ့က ဒေါ်သန်းသန်းမြင့်ကိုတိုင်ပင်သည်အလှူအတန်းဆို လက်မနှေးတတ်သူဒေါ်သန်းသန်းမြင့်က တစ်နှစ်လောက်အချိန်ပေးပါ သူလှူမည်လို့ကတိပေးလိုက်လေသည်။သူမစိတ်ကူးက တစ်နှစ်အတွင်းသူ့ခြံကိုရောင်းပြီးဘုရားထီးတင်မည် ပေါ့။

ဘုရားထီးတင်မယ်ဆိုသောစကားကို ကိုဖြိုးကခပ်ပေါ့ပေါ့ပြောလိုက်တာမဟုတ်မှန်းသိလာရသောအခါ ကျွန်တော့်မှာကြက်သီးမွေးညှင်းထမိကြောင်းဝန်ခံအပ်ပါသည်။

(I) ချစ်သောမိတ်ဆွေရေ. . .

ဟင်္သာတမြို့ကိုရောက်ခဲ့သော် မြို့ပတ်လမ်းမှာကိုးနဝင်းစေတီ(ဘုရားဖြူလေး)ကိုအေးမောင်မိသားစုရဲ့အလှူ ထီးတော်အဟောင်းနဲ့အတူဖူးမြင်နိူင်ပါသည်။

မကြာမီကာလတွင် ဘုရားထီးတော်အသစ်ကိုကိုဖြိုးတို့(အေးမောင်မိသားစု)က လှူဒါန်းခွင့်ကြုံရလိမ့်မည်ကို ကျွန်တော်ကမျှော်လင့်ရင်ခုန်မိတောသည်။

အဲဒီအခါ ဘုရားထီးတင်ပွဲမှာ ဟင်္သာတမုန့်ဟင်းခါးစားကြွဖို့ ဖိတ်ခေါ်ပါရစေမိတ်ဆွေတို့ရေ. . .

စုမောင်မောင်

(ဖြိုးမြတ်အောင် အားပေးသူများshare copy လုပ်နိူင်ပါတယ်)

ကြာသပတေးည ၉းဝဝနာရီတိုင်းlive (နောက်တစ်ဆင့်မှ ဆက်ရေးမယ်ကိုဖြိုးရေ)

Comments