ဂူထဲမွာ ပိတ္မိေနတဲ့ကေလးမ်ားကို ျမန္မာနယ္စပ္အျခမ္းက ဂူေပါက္ငယ္မ်ားကေနထုတ္ဖို႔ ဂူေပါက္မ်ားရွာေဖြရန္ ကယ္ဆယ္ေရး လူအင္အားမ်ားစြားျဖင့္ ထြက္ခြာ...


ပိတ္မိေနတဲ့ကေလးမ်ား ဂူထဲမွျပန္လည္ထြက္လာႏိုင္ေရး ျမန္မာဘက္မွ ပူးေပါင္းအဖြဲ႕ ထိုင္း-ျမန္မာနယ္စပ္ရွိ ေတာင္ေၾကာတစ္ေလွ်ာက္တြင္ဂူေပါက္ မ်ားရွာေဖြရန္ထြက္ခြါ..
ကေလးမ်ား ဝင္သြားတဲ့ လမ္းေၾကာင္းက ျပန္မထြက္ပဲ အဆင္ေျပႏိုင္မယ့္ ထြက္ေပါက္ကို ရွာေဖြေနၾကျခင္း ျဖစ္ပါတယ္။ ေရမ်ားက်သြားေအာင္ ေစာင့္ဖို႔ဆိုတာကလည္း လက္ရွိမွာ မိုးမ်ား အဆက္မျပတ္ရြားသြန္းေနလွ်က္ရွိကာ ေရက်သြားေအာင္ လနဲ႔ခ်ီေစာင့္ရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ျဖစ္ႏိုင္ေျခရွိတဲ့ ျမန္မာနယ္စမ္ဘက္အျခမ္းက ဂူေပါက္ငယ္မ်ားကေနထြက္ဖို႔ ယေန႔မနက္ပဲ ကယ္ဆယ္ေရး လူအင္အားမ်ားစြားျဖင့္ ထြက္ခြာသြားၾကေၾကာင္း သတင္းရရွိပါတယ္။
ထိုင္း-ျမန္မာနယ္စပ္တစ္ေလွ်ာက္ရွိ ဒြိဳင္းနန္းႏြန္းႏွင့္ဆက္စပ္လွ်က္ရွိေသာ ( Boundary Line ) နယ္စပ္မ်ဥ္းအနီးရွိေတာင္ေၾကာမ်ားေပၚတြင္ ဂူေပါက္မ်ားရွာေဖြရန္ နယ္ေျမခံတပ္ရင္းမွထုတ္ႏွဳတ္အင္အားျဖင့္ ျပည္သူ႕ရဲ ၊ ခ႐ိုင္ၾကက္ေျခနီ ၊ မီးသတ္တပ္ဖြဲ႕ဝင္ ၊ သစ္ေတာအဖြဲ႕ ၊ ရပ္/ေက်း ၊ ျပန္/ဆက္ ၊ အလင္းေရာင္ပရဟတၱိအဖြဲ႕တို႕ပူးေပါင္းကာ ယေန႕မနက္ ၀၇:၄၅ ခ်ိန္စတင္ထြက္ခြါ ။
ရိကၡာ(၄) ရက္စာျဖင့္ တာခ်ီလိတ္ၿမိဳ႕ႏွင့္ (၈) မိုင္ခန္႕ေဝးကြာေသာ အဒီး( အခါ) ရြာသို႕လြယ္ေတာ္ခမ္းစစ္ေဆးေရးဂိတ္မွထြက္ခြာသြားၿပီး ထမ့္လြမ္ဂူေပါက္ႏွင့္ဆက္စပ္ႏိုင္ေျခရွိမည့္ခန္႕မွန္းေတာင္ေၾကာတစ္ဝွိဳက္ ဂူေပါက္မ်ားအားကူညီရွာေဖြသြားရန္ျဖစ္ပါသည္.. ။
ဓါတ္ပံု : ဦးထြန္း ( မယ္ဆိုင္ )
Credit…Si Thu Mg
===========================
ပိတ်မိနေတဲ့ကလေးများ ဂူထဲမှပြန်လည်ထွက်လာနိုင်ရေး မြန်မာဘက်မှ ပူးပေါင်းအဖွဲ့ ထိုင်း-မြန်မာနယ်စပ်ရှိ တောင်ကြောတစ်လျှောက်တွင်ဂူပေါက် များရှာဖွေရန်ထွက်ခွါ..
ကလေးများ ဝင်သွားတဲ့ လမ်းကြောင်းက ပြန်မထွက်ပဲ အဆင်ပြေနိုင်မယ့် ထွက်ပေါက်ကို ရှာဖွေနေကြခြင်း ဖြစ်ပါတယ်။ ရေများကျသွားအောင် စောင့်ဖို့ဆိုတာကလည်း လက်ရှိမှာ မိုးများ အဆက်မပြတ်ရွားသွန်းနေလျှက်ရှိကာ ရေကျသွားအောင် လနဲ့ချီစောင့်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဖြစ်နိုင်ခြေရှိတဲ့ မြန်မာနယ်စမ်ဘက်အခြမ်းက ဂူပေါက်ငယ်များကနေထွက်ဖို့ ယနေ့မနက်ပဲ ကယ်ဆယ်ရေး လူအင်အားများစွားဖြင့် ထွက်ခွာသွားကြကြောင်း သတင်းရရှိပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒွိုင်းနန်းနွန်းနှင့်ဆက်စပ်လျှက်ရှိသော ( Boundary Line ) နယ်စပ်မျဉ်းအနီးရှိတောင်ကြောများပေါ်တွင် ဂူပေါက်များရှာဖွေရန် နယ်မြေခံတပ်ရင်းမှထုတ်နှုတ်အင်အားဖြင့် ပြည်သူ့ရဲ ၊ ခရိုင်ကြက်ခြေနီ ၊ မီးသတ်တပ်ဖွဲ့ဝင် ၊ သစ်တောအဖွဲ့ ၊ ရပ်/ကျေး ၊ ပြန်/ဆက် ၊ အလင်းရောင်ပရဟတ္တိအဖွဲ့တို့ပူးပေါင်းကာ ယနေ့မနက် ၀၇:၄၅ ချိန်စတင်ထွက်ခွါ ။
ရိက္ခာ(၄) ရက်စာဖြင့် တာချီလိတ်မြို့နှင့် (၈) မိုင်ခန့်ဝေးကွာသော အဒီး( အခါ) ရွာသို့လွယ်တော်ခမ်းစစ်ဆေးရေးဂိတ်မှထွက်ခွာသွားပြီး ထမ့်လွမ်ဂူပေါက်နှင့်ဆက်စပ်နိုင်ခြေရှိမည့်ခန့်မှန်းတောင်ကြောတစ်ဝှိုက် ဂူပေါက်များအားကူညီရှာဖွေသွားရန်ဖြစ်ပါသည်.. ။
ဓါတ်ပုံ : ဦးထွန်း ( မယ်ဆိုင် )
Credit…Si Thu Mg

Comments