နောက်ဆုံး သိရသလောက် ကလေးတွေကို ဒီလို ခေါ်ထုတ်မယ်လို့ သိရပါတယ်…



နောက်တစ်ချက်က…
Credit – Pyiet Oo Aung
နောက်ဆုံးသိရသလောက်တော့ ဒါမျိုးလေးတွေသုံးပြီး ခေါ်ထုတ်မယ်လို့ သိရပါတယ်…
ဒီ Helmet တွေသုံးရင် မနေ့က ကျွန်တော် ရေးခဲ့သလိုမျိုး ရှုပ်ထွေးခက်ခဲတဲ့ အဆင့်တော်တော်များများကို လုပ်စရာမလိုတော့ပဲ…
လွယ်လွယ်ကူကူသွားလာ လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်…
ဒီ Helmet လေးတွေကို ယိုးဒယား၊ စင်္ကာပူ အပါအဝင်…
အခြားရေအောက် ငါးပြတိုက်ကို သွားလည်ဖူးတဲ့သူတွေ ကိုယ်တိုင် သုံးဖူးကြမှာပါ…
(ကျွန်တော်တော့ နိုင်ငံခြားမရောက်ဖူးလို့ မသုံးဖူးပါ… ကျွန်တော်သုံးတာက Scuba Diving Equipment တွေပါ)
ဒီ Helmet လေးတွေရဲ့ အနောက်မှာ ပိုက်လေးတွေကို သတိထားမိမယ်ထင်ပါတယ်…
ဒီပိုက်လေးတွေဟာ အပေါ်မှာရှိတဲ့ လေအိုး/Compressor တွေနဲ့တိုက်ရိုက်ချိတ်ဆက်ထားပါတယ်…
Compressor ဆိုပေမယ့် ကျွန်တော်တို့ ပင်လယ်ထဲမှာ တပိုင်တနိုင်ငါးဖမ်းတဲ့ ဆလုံတွေသုံးသလိုမျိုး အန္တာရယ်ရှိတဲ့ Compressor မျိုးမဟုတ်ပဲ…
Regulator (အသက်ရှူပိုက်) တစ်ခုအတွက် အရေးကြီးတဲ့ First Stage, Second Stage (Scuba Diving အသုံးအဆောင်ပစ္စည်းအခေါ်အဝေါ် မြန်မာလို မရှိ) တွေကို လေဖိအား (Pressure) တွေ စံနှုန်းတွေနဲ့ စနစ်တကျ တပ်ဆင် ချိတ်ဆက်ထားတာမို့ အန္တာရာယ်ကင်းပါတယ်…
အပေါ်မှာ အသုံးပြု မောင်းနှင်ထားတဲ့ Compressor တွေကလည်း ကျွန်တော်တို့ လမ်းပေါ်မှာ ကားဘီး လေထိုးတဲ့ Compressor မျိုးမဟုတ်ပဲ…
ဆီ (အဆီ)၊ ရေ (Moisture) စတာတွေကို မပါဝင်အောင် စနစ်တကျ သန့်စင် (Purified) လုပ်ထားပြီးတော့မှ လေပေးတဲ့ Compressor တွေ ဖြစ်ပါတယ်…
ဆီ (အဆီ) ရေ (Moisture) ပါတဲ့ လေကို Helmet ထဲမှာသော်လည်းကောင်း၊ Scuba Diving Tank များမှာသော်လည်းကောင်း ထည့်သွင်း အသုံးပြုလို့မရပါ…
ရှူရှိုက်မိပါက အဆိပ်အတောက် ဖြစ်စေပါတယ်…
နောက်တစ်ချက်က…
ကျွန်တော် မနေ့က ပြောခဲ့သလိုပဲ ဒီ Helmet ကိုသုံးပြီး ကလေးတွေအားလုံးဟာ (ပုံပါအတိုင်း) လှိုဏ်ဂူအတွင်းမှာ ချိတ်ဆက် သွယ်တန်းပြီး ဖြစ်တဲ့ လမ်းပြ ကြိုးတွေကိုကိုင်ပြီး ထွက်လာဖို့ရှိပါတယ်…
ဒီ Helmet ကိုသုံးမယ်ဆိုရင် ရေကူးစရာ မလိုပဲ လမ်းလျှောက်ပြီး သွားလို့ရတဲ့ အနေအထားဖြစ်ပါတယ်…
ပိုက်တွေတော့ တော်တော်ရှည်ရှည်ပေးရမယ့် သဘောရှိပါတယ် (ဒါပေမယ့် ဒါက မပြောပလောက်ပါ)
ဒီလိုဆိုရင်တော့ သိပ်မကြာခင် ကာလအတွင်းမှာ အားလုံးပျော်ရွှင်ကျန်းမာစွာနဲ့ အပြင်ကို ကယ်ထုတ်နိုင်တော့မှာ ဖြစ်ပါကြောင်း…
(ကိုယ်စိတ်ဝင်စားသော… မဆိုသလောက်ကျွမ်းကျင်သော ပညာရပ်နှင့် ဆက်စပ်နေသောကြောင့်သာ ရေးနေခြင်းဖြစ်ပါတယ်… ဒီပညာရပ်တွေဟာ နိုင်ငံတကာမှာ တော်တော်ကျယ်ပြန့်နေပြီ ဖြစ်ပေမယ့် ကျွန်တော်တို့ နိုင်ငံမှာတော့ အထိုက်အလျောက်အားနည်းနေသေးတဲ့အတွက် တတ်နိုင်သမျှ အသိပညာ ဖြန့် ဖြူးပေးရန်အတွက်သာ ရည်ရွယ်ခြင်းဖြစ်ပါတယ်.. Keyboard တစ်လုံးနဲ့ လေကန်နေခြင်း မဟုတ်ပါကြောင်း…)
Credit – Pyiet Oo Aung

Comments