ဖုန္းဆိုတာ ပန္းေလးေတြေႂကြေစဖို႕ မျဖစ္ပါေစနဲ႔လို႔သာ ဆုေတာင္းေနမိပါေတာ႔တယ္.....



(‘ ဖုန္းဆိုတာ ပန္းေလးေတြေႂကြေစဖို႕ မျဖစ္ပါေစနဲ႔လို႔သာ ဆုေတာင္းေနမိပါေတာ႔တယ္)

အစ္မ အစ္မ သိလား’

‘သမီး မွာ ခ်စ္သူ ရွိေနၿပီ’

‘အလဲ႔ ဟုတ္လွခ်ည္လား’

‘ျပပါဦး ညီမ ရဲ႕’

‘ဘယ္သူတုန္း ဘယ္ကတုန္း’

‘ေဟာဒီမွာၾကည့္ ‘ မတ္တပ္ရပ္လ်က္ ရိုက္ထားေသာေယာက်ာ္းေလးတစ္ဦး၏ပံု

‘အမယ္ မဆိုးပါဘူး ေခ်ာသားဟ ‘

‘နာမည္က ဘယ္သူလဲ ဘာလုပ္လဲ ဘယ္မွာေနလဲ’

‘အဟီး ဘာမွမသိဘူး နာမည္ေလးတစ္ခုဘဲသိတာ’

‘ေအ ေျပာစမ္းပါဦး’

‘ကိုထက္လြင္တဲ႕ အစ္မ ရဲ႕’

‘က်န္တာေတာ့ဘာမွမသိ’

‘အင္ ဒါနဲ႕ညည္းကဘယ္လိုခ်စ္သူျဖစ္တာတုန္း’

‘အမယ္ေလး ငါ့အစ္မအပ်ိဳႀကီးရယ္’

‘ဒါေၾကာင့္ အပ်ိဳႀကီး ျဖစ္ေနတာ’ ‘ဒီေခတ္က online ေခတ္ေလ အစ္မ ရဲ႕’

‘online ေခတ္ online ေပၚကေတြ႕တာ အစ္မ ေရ’

‘အယ္ ညည္းတို႕ကလဲစိတ္ခ်ရပါ့မလား’

‘အျပင္မွာေတာင္တစ္ခါမွမဆံုဖူးဘူး အစ္မေရ’

‘ဟယ္ အဲဒါကိုနင္က ခ်စ္သူ ထားတယ္’

‘အေပ်ာ္ေပါ့ အစ္မ ရယ္ ”online ေပၚမွာ ဘယ္သူကအသားလာထိလို႔ရလို႔လဲ အျပင္မွာ ရည္းစား ထားရင္ေတာင္ ဟိုတို႔ဒီတို႔ ခံေနရဦးမယ္။

အခုေတာ့ ေအးေဆးစကားေလးဘာေလးေျပာ။ ပံုေလးဘာေလး ပို႔ေပးရံုဘဲ။

ဘယ္ေလာက္မိုက္လဲ။ အျပင္က ခ်စ္သူ ေတြထက္ေတာင္စိတ္ခ်ရေသး’

‘မသိေတာ့ပါဘူးေအ။ ညည္းတို႔ေခတ္က အဆန္းေတြခ်ည္းဘဲ။ က်ဳပ္တို႕ေတာ့အံ႔ၾသၿပီးရင္း အံ့ၾသေနရေတာ့တာဘဲ။ ဂရုေတာ့စိုက္ဦးေနာ္။ ကိုယ့္ကိုဘာထိခိုက္လာနိုင္မလဲစဥ္းစားဦး။’

‘အမေလး အစ္မ က မရွိရွိတာေတြ ေတြးပူေနျပန္ၿပီ။ ကိုယ့္ကိုကိုယ္ ထိခိုက္မယ့္အလုပ္မ်ိဳးေတာ့ သမီးကလုပ္ပါ့မလားလို႔။ စိတ္ခ်ပါအစ္မရဲ႕။ သတိထားပါ့မယ္ေနာ္။

‘ေမနွင္း ေရ ေမနွင္း’ အေမ့ေခၚသံေၾကာင့္သတိျပန္ဝင္လာရင္း

‘ဟုတ္ ဘာလဲ အေမ’ ‘ဒီမွာ ရဲေတြေရာက္ေနတယ္၊ ‘ နင့္ကို ေမးစရာေလးေတြရွိလို႔တဲ႕

‘ ရဲေတြျမင္မွ ရဲရဲျဖာေနေသာ ျမင္ကြင္း တစ္ခုဆီသို႔ အေတြးက ျပန္ေရာက္သြားသည္….. အဲဒီေန႔က မိညိဳတို႔အိမ္မွျပန္လာၿပီးၿပီးခ်င္း အိမ္ျပန္ေရာက္ေတာ႔ အေရးႀကီးကိစၥတစ္ခုျဖင့္ ခ်က္ျခင္းခရီးထြက္ခဲ႔ရသည္။ ခရီးကျပန္လာေတာ့ မိညိဳတို႔အိမ္ အရင္ဝင္မိသည္။

‘မိညိဳ ေရ မိညိဳ’

‘ေအးေအး သမီးလာလာ’ ‘ မိညိဳ အိပ္ခန္းထဲမွာေနဖင္ထိုးေနၿပီ အခုထိမထေသးဘူး’

‘ေမနွင္းဘဲႏႈိးၿပီး ႀကီးေမဆီေခၚခဲ႔ေပေတာ့’

‘ဟုတ္ ႀကီးႀကီး’

‘မိညိဳေရ မိညိဳ ထေတာ့ေလ’ အိပ္ခန္းထဲကိုဝင္လာကတည္းကေခၚလာလိုက္တာ အိပ္ရာ ထက္မွာလည္းမေတြ႕ေရခ်ိဳးခန္းေရွ႕ဆီတျဖည္းျဖည္းေလွ်ာက္လာသည္။ ေလာ့ခ်ထားလား မခ်ထားလားၾကည့္မိသည္။ ေလာ့ခ်မထား…တျဖည္းျဖည္းခ်င္းတြန္းဖြင့္လိုက္သည္။ ျမင္ေတြ႔လိုက္ ရသည္႔ ျမင္ကြင္းေၾကာင္႔ မူးမိုက္ တုန္လႈပ္သြားသည္။ ေရခ်ိဳးခန္းတစ္ခန္းလံုး ရဲရဲနီလ်က္ လက္ေကာက္ဝတ္မွ စီးက်လာေသာ ေသြးမ်ားျဖင့္ ေသြးအိုင္ထဲဝယ္ ေခြေခြေလးလဲက်လ်က္ရွိေသာ ကြၽန္မ၏ ခ်စ္လွစြာေသာညီမေလး အမေလး… လုပ္ၾကပါအံုးမိညိဳ.. မိညိဳ… မိညိဳေရ …

‘ ညီမ ညီမ ရရဲ႕လား ‘

‘ေအာ္ အင္း ဟုတ္ကဲ႔’

‘အစ္ကိုတို႔ဘာမွေမးစရာမရွိေတာ့ပါဘူး’

‘ဒီသက္ေသခံစာအုပ္ေလးျပန္လာေပးတာ’

‘ဟုတ္ကဲ႕’ ဒိုင္ယာရီေလးတစ္အုပ္ စာအုပ္ကို ဖြင့္လိုက္သည္နွင့္ ဘယ္ေတာ႔မွ ေမ႔ႏိုင္မည္မဟုတ္ေသာ ဇာတ္လမ္းေလးတစ္ပုဒ္၊ ျမင္ကြင္း တြင္ စတင္ေပၚလာသည္။

ဒီေန႕ Facebook စသံုးတယ္ Profile picture တင္ၿပီးတာနဲ႔ လူတစ္ေယာက္ အရင္စအပ္တယ္။ ပထမဆံုး Facebook friend မို႔ ဝမ္းသာအားရလက္ခံလိုက္မိတယ္။ အေကာင့္နာမည္က ထက္လြင္တဲ႕ ကြၽန္မ ပံုတင္တိုင္း ဘာပံုျဖစ္ျဖစ္ likeေပးတယ္။ တျဖည္းျဖည္းနဲ႔ ထက္လြင္ကို သံေဃာဇဥ္တြယ္လာမိတယ္။

‘လွလားဟင္ ‘ ဆိုရင္ ‘နတ္သမီးေလးလိုလွပါ့ ‘ ‘ေခ်ာလိုက္တာမြတ္ေနတာဘဲတို႔’။ ‘စားပါဦး ‘ ဆိုရင္ ‘တကယ္လာစားရမလား ‘ တို႔ ‘စားေကာင္းမဲ႕ပံုဘဲေနာ္တို႕ ‘ အျမဲတမ္း ကြန္မန္႔ေပးတယ္။ အျပင္မွာမျမင္ဘူးေပမယ့္ စိတ္ထဲမွာတျဖည္းျဖည္းရင္းနွီးလာမိတယ္။

ကိုထက္လြင္ဆ္ိုတာ.. ျဖဴျဖဴေခ်ာေခ်ာနဲ႕စိတ္ထားေကာင္းမယ့္ အစ္ကိုတစ္ေယာက္ျဖစ္မွာပါေလ။ ဒီေန႕အိမ္နဲ႕ျပႆနာတက္တယ္။

Feelingsadဆိုၿပီးဘာစာမွမေရးဘဲတင္ထားလိုက္တယ္။ တင္ၿပီးၿပီးခ်င္းမၾကာခင္ message တစ္ခုဝင္လာတယ္။ ကိုထက္လြင္ဆီကေပါ့။ ‘မဂၤလာပါကေလးမ’ ‘ဟုတ္ကဲ႔ပါ အစ္ကို’ ‘ဘာေတြစိတ္ညစ္ေနတာတုန္း’ ‘ဒီလိုပါဘဲအစ္ကိုရာ အိမ္နဲ႕ကြိဳင္တက္ေနလို႔’ ‘ မွန္မွန္ေျပာစမ္း လူႀကီး ေတြကဆိုးတာလား ငါ့ညီမကဆိုးတာလား’

‘ေအးပါ ေအးပါ ငါ့ညီမကဝမ္းနည္းေနတယ္ဆိုလို႔လာေမးၾကည့္တာ’ ‘Bye ညီမ’ ‘စိတ္ခ်မ္းသာေအာင္ေနပါေလရစ္’ ‘ဟုတ္ကဲ႔ပါအစ္ကို ေက်းေက်းပါ’ ခ်က္ျခင္းဆိုသလို out သြားခဲ႕ေသာေၾကာင့္ ကိုထက္လြင္အေပၚ ဆက္၍ေမးခ်င္ သိခ်င္ ေျပာခ်င္လာသည့္စိတ္မ်ားကို အတင္းၿမိဳခ်လိုက္ရသည္။

‘မဂၤလာပါ ညီမ’ ‘ဟုတ္ကဲ႔ေျပာပါ ကိုထက္လြင္’ ‘ညီမ ကိုေမးစရာရွိတယ္’ ‘ေမးပါ အစ္ကို’ ‘ညီမမွာအိမ္ေတြျခံေတြေရာင္းမယ့္အသိရွိလား’ ‘ဟင့္အင္းမရွိဘူး အစ္ကို ဘာလို႕’ ‘အစ္ကိုတို႔ပိုက္ဆံေတြပိုေနလို႔ အဲဒါဝယ္ထားမလားလို႔ အိမ္ေစ်းေတြကတက္ေနေတာ့ေလ’ ‘အလဲ႔ အလဲ႔ သူေဌးေပါ့ေလ ၾကည့္စမ္း’ ‘မဟုတ္ပါဘူး သိန္းတစ္ေထာင္ေလာက္ဘဲခ်မ္းသာတာပါ’

‘အမေလးေလး အဲဒါသူေဌးမဟုတ္ဘူးလား’ ‘ေနာက္တာပါ ညီမရာ ဘယ္ကခ်မ္းသာရမွာလဲ အေမ့ဘက္ကအေမြရလာလို႔ပါ’ ‘အင္းပါ အစ္ကို တကယ္လို႔ ညီမတို႔ဝန္းက်င္မွာရွိရင္ အစ္ကို႔ကိုေျပာမယ္ေလ’ ‘ဟုတ္ၿပီ ဟုတ္ၿပီ ညီမ Bye’

အမယ့္ ကိုထက္လြင္ကသူေဌးဟ ဒီလိုနွင့္ ေန႔တိုင္းစကားေတြလာေျပာေနေသာ ကိုထက္လြင္အား သံေဃာဇဥ္ႀကိဳးက ႏြယ္ပင္ကေလးလို ရစ္တြယ္လာခဲ႔သည္။ ဟို ေအးမို႕ ဆိုတဲ႕စာေရးဆရာမေလး ေရးသလိုေပါ့ ” သံေယာဇဥ္ ႀကိဳး ဘယ္သူပ်ိဳး တန္ခိုး ရွိန္ဝါ ျပင္းလွတယ္။

” တကယ္ တကယ္ ကြၽန္မ ရဲ႕မခုန္ဘူးေသးတဲ႕နွလံုးသားေလး စခုန္လာခဲ႔ပါၿပီ။ ‘ကိုထက္လြင္’ ‘ရွင္ အဲ ဗ်ာ အဲ ေညာင္ အဲ ေဗ်ာင္’ ‘အာ ေျပာင္စပ္စပ္နဲ႕’ ‘စပ္ရင္ေရေသာက္ေလ’ အာ ေသေတာ့မယ္’ ‘မလုပ္ပါနဲ႕ သားကလူပ်ိဳေလးရွိေသးတယ္’ ‘ အင္ ေသေလ’ ‘ေသနိင္ေသးပါဘူး လူပ်ိဳႀကီး ဘြကကြၽတ္မွ ေသခ်င္ေသပေလ့ေစ’ ‘အခုထိခ်စ္သူမရွိေသးဘူးလား’ ‘ရည္းစားဆ္ိုလို႔မူးလို႔ေတာင္႐ႈစရာမရွိဘူး’ ‘ရုပ္ဆိုးလို႔ေနမွာပါ’

‘အမယ္ ဒီမွာကိုယ့္ပံုၾကည့္ ၾကည့္ ‘ ဆိုကာ ဓာတ္ပံုတစ္ပံုပို႕ေပးသည္။ ဟယ္ ကိုရီးယား မင္းသားေလးလိုတကယ္ကိုေခ်ာလွသည္။

‘အလဲ႔ အေခ်ာသားဘဲ’ ‘အဲဒါကိုရည္းစားမရွိဘူးဆိုေတာ့ မယံုနိုင္စရာဘဲ ‘ ‘တကယ္ပါ ညီမ ေရ’ ‘အရင္က တစ္ေယာက္ရွိခဲ႔ဘူးတယ္’ ‘အစ္ကိုအရမ္းခ်စ္ခဲ႔တာ’ ‘ဒါေပမယ့္လည္းအစ္ကို႔ကိုထားသြားခဲ႔တယ္’ ‘Sorry ညီမ ရယ္”? သနားဂရုဏာစိတ္တို႔တဖြဖြယိုဖိတ္လာသည္။ ‘ငါ့အစ္ကိုက ဘာျပစ္ခ်က္ရွိလို႔ ပစ္သြားရတာတဲ႔လည္း’ ‘မသိပါဘူး ညီမ ရယ္’

‘အစ္ကို ကေတာ့ခ်စ္ေနမိဆဲဘဲ’ ‘ေအာ္ သူမွမခ်စ္နိုင္ဘဲေလ’ ‘အင္း အစ္ကိုအလုပ္ေလးေပၚလာလို႔’ ‘တာ့တာ ညီမ ေရ’ ‘ဟုတ္ကဲ႔’ ေအာ္သစၥာမရွိသည့္ မိန္းမတစ္ေယာက္ေၾကာင ့္င့ါအစ္ကို ရင္ကြဲခဲ႔တာပါလား စိတ္မေကာင္းလိုက္တာအစ္ကိုရာ ဒီေန႕ဆို facebook သံုးတာ ခုနွစ္လေတာင္ရွိေတာ့မယ္။

ကိုထက္လြင္ နဲ႔လည္း ေတာ္ေတာ္ရင္းနွွီးလာၿပီ။ ေနာက္ပိုင္းေတာ့ ကိုထက္လြင္စကားမ်ားက အေနွာင့္အသြားမလြတ္ေတာ့ ခက္တာက ကြၽန္မ ကိုယ္တိုင္လဲအဲဒီအေႏွာင့္အသြားမလြတ္တာေလးေတြကိုဘဲ သေဘာက်ေနမိတာေလ။ ‘ညီမ ဖုန္းနံပတ္ေလးေပးနိုင္မလား’ ‘ဟုတ္

၀၉××××××××’ ‘အစ္ကို႔ဖုန္းကဒီမွာ’ ‘ ၀၉××××××××’ ‘ ဖုန္း ဆက္လို႔ရတယ္မလားဆက္မယ္ေနာ္’ ‘ဟုတ္ကဲ႕ဆက္ပါ အစ္ကို’ ကိုထက္လြင္ က ဖုန္းနံပတ္ေတာင္းသြားၿပီးေနာက္ပိုင္း ဖုန္း ကိုတၾကည့္ၾကည့္ျဖစ္ေနခဲ႔မိတာကြၽန္မပါ။

‘အင္း ညီမ အစ္ကိုေျပာစရာရွိတယ္’ ‘ေျပာေလ အစ္ကို’ ‘အစ္ကို႔ကုိစိတ္မဆိုးရဘူးေနာ္’ ‘အာစိတ္ဆိုးစရာလား’ ‘အစ္ကို႔ိုကိုမုန္းမသြားရဘူးေနာ္’ ‘အာ မမုန္းပါဘူး’ ‘ အစ္ကို႕ကို ဘယ္လိုစိတ္ထားထား အခုလ္ိုမ်ိဳးေလးဘဝက္ို မ႐ုတ္သိမ္းသြားရဘူးေနာ္’

‘ဟုတ္ကဲ႔ပါအစ္ကိုရယ္’ ‘ေျပာမွာျဖင့္ေျပာပါ’ ‘ခ်စ္တယ္ ညီမရယ္’ ‘တကယ္ေတာ့ ညီမကိုခ်စ္ေနမိခဲ႔တာၾကာပါၿပီ Profile picture ေလး စျမင္ကတည္းက ခ်စ္မိသြားတာပါ’ ‘တကယ္ပါ မလိမ္ပါဘူး ညီမရယ္’

‘ညီမမ်က္နွာေလးျမင္ေနရရင္အစ္ကိုအလိုလိုေပ်ာ္ေနမိတာ’ ‘ညီမတင္သမွ်ပံုေတြ အစ္ကို အကုန္ save လုပ္ထားတယ္’ ‘ဟယ္ တကယ္လား’ ‘ဟုတ္တာေပါ့ညီမရယ္’ ‘အစ္ကိုက ငယ္ခ်စ္ဦးေၾကာင့္ အခ်စ္ ကို အရမ္းေၾကာက္ေနမိခဲ႔တာ’

‘ညီမ နဲ႕ေတြ႕မွသူ႕အလိုလို အခ်စ္က ျပန္ရွင္သန္နိုးၾကားလာခဲ႔တယ္’ ‘အစ္ကို႔ကို မခ်စ္နိုင္ဘူးဆိုလဲရပါတယ္ေနာ္’ ‘ စိမ္းကားဖို႔ေတာ့မၾကံလိုက္ပါနဲ႕ေနာ္’ ‘အစ္ကိုေတာင္းပန္ပါတယ္’ ‘အစ္ကို႕ကိုျပန္ခ်စ္ပါေနာ္’ ‘အင္း စဥ္းစားရဦးမယ္ေလ’ ‘စဥ္းစားပါ စဥ္းစားပါ ဘဝတစ္ေလွ်ာက္လံုးလက္တြဲသြားရမယ့္ကိစၥဘဲ’

‘ေသခ်ာစဥ္းစားပါ’ ‘ၿပီးရင္ခ်စ္တယ္လို႔ေျဖေပးပါေနာ္’ ‘အင္ ပိုင္စိုးပိုင္နင္း’ ‘ဒီလိုစီးပိုးေနရင္ေတာ့ မခ်စ္နိုင္ေတာ့ေပါင္’ ‘အာ အာ မလုပ္ပါနဲ႕အစ္ကိုအေျဖေကာင္းကိုေစာင့္ေမွ်ာ္ေနမယ္ေနာ္’ ‘အရမ္းခ်စ္တယ္ကေလးမရယ္’ ‘ေတာ္ပါ လွ်ာအရိုးမရွိတိုင္း’ ‘တကယ္ခ်စ္လို႔ပါကြာ’ ‘စပါယ္ရွယ္ ကိုခ်စ္တာ’ ‘ေတာ္ၿပီ’ ‘အာ အပိုေတြ ေတာ္ျပီ ေတာ္ျပီ ဒါဘဲ ဒါဘဲ’ Internet ကုိ ပိတ္လိုက္သလိုမ်ဳိး နွလံုးသားကိုလည္း ပိတ္လို႔ရရင္ သိပ္ေကာင္းမွာဘဲေနာ္…ရင္ေတြခုန္လြန္းလို႔ေလ။

‘ခ်စ္တယ္ ကို’ ‘တကယ္လားဟင္’ ‘တစ္ကယ္ နွစ္ကယ္ သံုးကယ္ ေလးကယ္’ ‘တကယ္လားလို႔’ ‘အင္းေပါ့လို႕’ ‘ဟ ဟ ဟ ေပ်ာ္လိုက္တာ ညီမ ရာ’ ခ်က္ျခင္း Phone call ဝင္လာသည္။ ကိုထက္လြင္ဆီက.. ‘အင္ ဘာလည္း online ကလည္းေျပာလို႔ရတာဘဲကိုရယ္’ ‘မရပါဘူး ဒီအသံခ်ိဳခ်ိဳေလးကိုၾကားခ်င္ေသးတာေပါ့လို႔’ ‘ခ်စ္လားဟင္’

‘ဘယ္နွစ္ခါေမးေနမွာလဲ’ ‘ေသတဲ႕အထိ’ ‘တကယ္ေကာ တစ္သက္လံုးခ်စ္မွာမို႔လား’ ‘အခုဘဝမွ ေနာင္သံသရာအဆက္ဆက္ထိ’ ‘အပိုေတြသိပ္ေျပာတာဘဲသိလား’ ‘တကယ္ခ်စ္လို႔ပါ ကေလးမရယ္’ ‘ကိုယ့္ကို ခ်စ္လားဟင္’ ‘အရမ္းခ်စ္တယ္ ကို’ ဖုန္း ကို ဆတ္ခနဲခ်ပစ္လိုက္သည္။

တဆတ္ဆတ္ခုန္ေနေသာရင္ကိုေတာ့ ခ်ပစ္လို႔မရပါလားကြယ္.. ဒီလိုနွင့္..ဖုန္း ေတြေျပာ Messageေတြပို႔နွင့္ အျပင္မွာတစ္ခါမွ မေတြ႕ဘူးၾကေပမယ့္ ေလလိႈင္းထဲမွ ၾကင္နာယုယမႈေလးေတြကိုပင္ ေက်နပ္ေနမိခဲ႔သည္။

ရည္းစားထားတယ္ဆိုတာဒီေလာက္ေပ်ာ္စရာေကာင္းရင္ အေစာႀကီးကတည္းကထားခဲ႔ပါတယ္ ဒိုင္ယာရီေလးရယ္ ‘ေတာက္ အခ်ိန္ေတြနွေျမာလိုက္တာ ‘ ဟိဟိ ဒီစကားၾကားရင္ေတာ့ မမ ကြၽန္မကိုထုေတာ့မည္။

မမကို ခ်စ္သူသက္တမ္း သံုးလျပည့္မွ ဖြင့္ေျပာျပမည္ဟုၾကံထားခဲ႔သည္။ ဒီေန႔က ခ်စ္သူသက္တမ္းသံုးလျပည့္ မိတ္ေဆြျဖစ္တာ တစ္နွစ္နဲ႔ တစ္လျပည့္တဲ႔ေန႕ မနက္ေစာေစာထံုးစံအတုိင္း မမအိမ္ကိုေပါက္ခ်လာသည္။ ကိုထက္လြင္ဓာတ္ပံုကိုျပရင္းမိတ္ဆက္ေပးမိေတာ့ ‘အေခ်ာသားဟ ‘ဆိုၿပီး အျပင္မွာေကာျမင္ဘူးလို႔လားေမးသည္။

ဟင့္အင္း Online ခ်စ္သူေလဆ္ုိေတာ့ ေတာ္ေတာ့္ကို နားမလည္နိုင္သည့္ မ်က္နွာအမူအယာျဖစ္သြားသည္။ ‘သတိေတာ႔ထားေနာ္ ‘ လို႔ေျပာေတာ့ ‘မမ ကလည္း online မွာခ်စ္သူျဖစ္တာ သမီးအသားေတာင္ သူထိလို႔မရဘူး ‘ ဆ္ုိေတာ့…စိတ္ခ်သြားဟန္ျဖင့္ ‘မမ ခရီးသြားရဦးမယ္၊ တစ္ရက္ေလာက္ေတာ့ၾကာမယ္။ ကိုယ္႔ကိုယ္ကို ဂရုစိုက္ေနာ္၊ မမက အလုပ္ေတြ႐ႈပ္မွာမို႔ ဖုန္းေတာင္ဆက္နိုင္မယ္မထင္ဘူး’

‘ဟုတ္ကဲ႔မမ စိတ္ခ်ပါ’ မမ ထြက္သြားၿပီးသည္နွင့္ မၾကာခင္ ကိုထက္လြင္ဆီမွ ဖုန္းဝင္လာသည္။ ‘ညီမ အစ္ကိုအလုပ္ကိစၥနဲ႕နိုင္ငံျခားသြားရေတာ့မယ္’ ‘ညီမနဲ႕အရမ္းေတြ႕ခ်င္မိတယ္ကြာ’ ‘အစ္ကိုနဲ႕အျပင္မွာေတြ႕နိုင္မလား’ ‘စိတ္ထဲမွာ ႐ုတ္တရက္ဝမ္းနည္းလာမိသည္’ ‘အင္းေလ အစ္ကို ဘယ္မွာေတြ႕မလဲ’

‘လူရွင္းတဲ႔ေနရာ စကားေအးေဆးေျပာလို႕ရမယ့္ေနရာေပါ့ ညီမရယ္’×××အဲ႔ဒီေနရာက္ိုလာခဲ႔ေနာ္’ ‘ဆက္ဆက္လာခဲ႔ေနာ္၊ အစ္ကို နိုင္ငံျခားမသြားခင္ အရမ္းကိုေတြ႕ခ်င္ေနမိလို႔ပါ’ ‘အင္းပါ အစ္ကိုရယ္’ မနက္အိပ္ယာထသည္နွင္ ့ကမန္းကတမ္းေရခ်ဳိးၿပီး ခ်ိန္းထားေသာေနရာသို႔ အသည္းအသန္သြားခ်င္ေနမိသည္။ စိတ္ထဲမွာလည္းကို ့ကိုအရမ္းေတြ႕ခ်င္ေနသည္။

ခ်ိန္းထားသည္႔ေနရာေရာက္ေတာ့တကယ့္ကိုလူျပတ္ေသာေနရာပင္။ ကြၽန္မကိုေတြ႕သည္နွင့္ သူထိုင္ေနရာက အေျပးထလာျပီး ကြၽန္မကို တင္းတင္းဖက္ထားသည္။ ကြၽန္မျငင္းဆန္ခ်င္စိတ္မရွိသလို ႐ုန္းကန္ခ်င္စိတ္လဲမရွိ။

စိတ္ထဲမွာေဝးရေတာ့မည္ဆ္ုိေသာအသိတစ္ခုက ေနာင္လာမည့္အနမ္းမ်ားႏွင္႔ အထိအေတြ႔ အပြတ္အသပ္ အေခ်ာ့အျမဴမ်ားကိုပါလိုက္ေလ်ာေပးေစခဲ႔သည္။ တျဖည္းျဖည္း ျပင္း႐ွလာၿပီး ကတုန္ကယင္ပါ ျဖစ္လာသည့္အတြက္ ‘ေတာ္ၿပီ ကို ရယ္ ‘ ဟုအသံေဖ်ာ့ေဖ်ာ့နွင့္ေတာင္းဆိုလိုက္သည္။ ကိုထက္လြင္က လူျခင္းခြာသည္။ ပခံုးနွစ္ဖက္ကိုကိုင္ထားရင္း ‘ခ်စ္တယ္ညီမရယ္အရမ္းခ်စ္တာဘဲ အစ္ကိုကတစ္နွစ္ေလာက္ၾကာမယ္ထင္တယ္’ ‘အင္ တစ္နွစ္ေတာင္’ ‘ဟုတ္တယ္ ညီမရယ္ ။

ဒါေၾကာင့္ထိန္းခ်ဳပ္မထားနိုင္ေတာ့ဘဲ အကုန္လြတ္ထြက္ကုန္တာပါဗ်ာ ”’ခြင့္လႊတ္ပါေနာ္ ညီမ၊ ခြင့္လႊတ္ပါေနာ္’ ‘အစ္ကို႔ကိုအထင္အျမင္ေသးစိတ္ပ်က္သြားၿပီလားဟင္’ ‘စိတ္မဆိုးပါနဲ႕ေနာ္’ ‘မဆိုးပါဘူးလို႔’ ‘အစ္ကို တစ္ခုေလာက္ ထပ္ေတာင္းဆိုလို႔ရမလားညီမ ‘တစ္ခုတည္းပါကြာ တစ္ခုတည္းပါေနာ္’ ‘ညီမကို အစ္ကိုတစ္ေနရာေခၚသြားပါရေစ’

‘လိုက္မယ္မလားဟင္’ အသိစိတ္တို႔က ဘာကိုဆိုလို၍ ဘာက္ုိရည္ညႊန္းေနမွန္းသိေသာ္လည္း အေစာကအထိအေတြ႕အပြတ္အသပ္တို႔ေၾကာင့္ခုန္ေနေသာနွလံုးသားကမျငင္းဆန္ခ့ဲႏိုင္ေတာ့… ဤသို႔ျဖင့္ တည္းခိုခန္းတစ္ခု၏အခန္းတစ္ခန္းဆီသို ႔ကြၽန္မတို႔နွစ္ဦးသား ေရာက္သြားခဲ႔သည္။

ခုတင္ေဘးမွာေျခစံုရပ္ရင္းတစ္ေယာက္မ်က္နွာတစ္ေယာက္ၾကည့္ရင္းမွသည္……. ကိစၥဝိစၥမ်ားၿပီးဆံုးေတာ ့နွစ္ေယာက္သားေမာေမာနွင့္ ဖက္လ်က္ အိပ္ေပ်ာ္သြားမိသည္ကို သတိရမိသည္။ ကိုယ္လက္တို႔က တဆစ္ဆစ္ကိုက္ခဲေနသည္။

ေဘးကုိၾကည္လိုက္ေတာ႔ သူမရွိေတာ့။ အေတြ႕ထူးအေငြ႕ထူးမို႔ ႐ူးမတတ္ခံစားရသည္။ ကိုယ္တကယ္ခ်စ္သူအား အပ်ိဳစင္ဘဝကို ေပးအပ္လိုက္ျခင္းသည္ စိတ္ထဲတြင္မည္မွ်ၾကည္ႏူးမိေၾကာင္း လက္ေတြ႔ၾကံဳမွပင္.. ကိုက မနက္ျဖန္စာခ်ဳပ္မွာ လက္မွတ္ထိုးမယ္ေျပာတာပဲ။

အခုေတာ့ဘယ္သြားေနလဲမသိ။ ျမန္ျမန္ ျပန္လာခဲ႔ပါေတာ့ ကိုရယ္..ဒီမွာညီမလြမ္းလွပါၿပီ။ ထိုစဥ္ အခန္းဝတံခါးက တျဖည္းျဖည္းပြင့္လာသည္။ ‘ ကိုကိုလားဟင္’ ‘ကို ျပန္လာၿပီလား’ ဟာ ကိုကိုမဟုတ္၊ လူစိမ္းတစ္ေယာက္ ‘႐ွင္ ႐ွင္ ဘယ္ခန္းထဲဝင္လာတာလဲ ျပန္ထြက္သြား ျပန္ထြက္သြား’

‘ဟား ဟား’ ‘႐ွင္ ႐ွင္ ကြၽန္မကိုကိုေရာက္လာရင္ ႐ွင့္ကိုသတ္မွာေနာ္’ ‘ကိုကို ျပန္မေရာက္ခင္ထြက္သြား သြား လို႔ေျပာေနတယ္’ ‘ေအးေဆးေပါ့ေကာင္မေလးရယ္’ ‘ညည္းကိုေစ်းႀကီးေပးဝယ္ထားရတာ ဘာလို႔နွင္ထုတ္ေနတာတုန္း’ ‘႐ွင္ ဘာစကားေျပာတာလဲ’ ‘ဟုတ္တယ္ေလ..မင္းသိပ္ခ်စ္၊ သိပ္ျမတ္နိုးရပါတယ္ဆိုတဲဲ႔ မင္းကိုကိုက မင္းကို ငါ့လက္ထဲေရာင္းစားသြားတာေလ’ ‘ထပ္ေျပာလိုက္ေသးတယ္’

‘ဒါေလးကို ၾကာၾကာေစာင့္ၿပီးမွ ခြင္ဖန္လိုက္နုိုင္လို႔ အပ်ိဳဖူးေလးေတာ့ ေႁခြပါရေစဆိုၿပီး ပိုက္ဆံထပ္ေပးတာေတာင္မယူဘဲ အပ်ိဳရည္ဖူးေလး ေႁခြသြားေသးတယ္’ ‘ဟား ဟား လာပါကြာ’ ‘မင္းကိုကိုနဲ႕တုန္းကအရမ္းေကာင္းတယ္မလား’ ‘မင္းကိုကိုထက္ တို႔ကဝါရင့္ပါတယ္’ ‘မင္းကိုကိုထက္ေကာင္းေစရမယ္’ ‘လာထား ‘ ဆုိကာကုတင္ေပၚေရာက္လာသည္။

ခြန္အားရွိသမွ် ႐ုန္းကန္ေအာ္ဟစ္ပါေသာ္လည္း….. ေဘးတေစာင္းလွဲ မ်က္ရည္တသြင္သြင္စီးက်ေနရင္း ေခြေခြေလးလွဲေနမိသည္။ လူႀကီးက အဝတ္အစားေတြျပန္ဝတ္ရင္း ‘ ဒီမယ္ကေလးမ မင္းႀကိဳက္တဲ့ဆီတုိင္ ေျပာခ်င္တာက အခုငါတို႔ျဖစ္ပ်က္ခဲ႔သမွ်ကို ဗီဒီယိုရိုက္ထားတယ္။ မင္းတိုင္တာနဲ႔ online ေပၚျပန္႕ၿပီးသားဘဲ သေဘာေပါက္တယ္ဟုတ္’ ‘လုပ္ရဲရင္ေတာ့ လုပ္ၾကည့္ေပါ့ကြာ ဟား ဟားဟား ‘ အားရပါးရရယ္ကာထြက္သြားသည္။

သြားၿပီ၊ သြားပါၿပီ.. ကြၽန္မ ဘဝတစ္ခုလံုး ေရစုန္ေမ်ာပါသြားသလို ခံစားမိသည္။ ကိုရယ္ ညီမရဲ႕ယံုၾကည္မႈေတြကို အလြဲသံုးစားလုပ္ရက္တယ္ေနာ္၊ ကြၽန္မ ကို ေရာင္းစားသြားတာဆို။ ခြင္ဖန္သြားတာဆို။ ဟုတ္လား။ ျပန္လာခဲ႔ပါကိုရယ္။ကိုမရွိတုန္းအဲလူႀကီးလာေစာ္ကားသြားတာေနမွာပါ။

ကိုျပန္လာရင္ကြၽန္ မကိုလက္ထပ္မွာပါ ေနာ္ .. ေနာ္။ ဖုန္းဆီကိုလက္လွမ္းသည္။ ကို႔ဖုန္းကိုလွမ္းေခၚသည္။ စက္ပိတ္ထားသည္။ ထပ္ခါထပ္ခါေခၚသည္။ စက္ပိတ္ထားသည္။ တစ္နွစ္ေက်ာ္ၾကာ ရင္းနွီးမႈေတြ၊ ခ်စ္ခဲ႔မိတဲ႔အခ်စ္ေတြက အခုလိုေႁခြခ်ခံရဖို႔ဘဲလား။

‘ ရက္စက္လိုက္တာ ကို ရယ္။ ရက္စက္လိုက္တာ။’ မ်က္ရည္ကိုထိန္း စိတ္ကိုသိမ္း၍ ဒယီးဒယိုင္ျဖစ္ေနေသာေျခလွမ္းတို႔ျဖင့္ အိမ္ကိုျပန္လာခဲ႔မိသည္။ အိပ္ခန္းထဲေရာက္မွ တံခါးကိုပိတ္ရင္း ေခါင္းအံုးေပၚမ်က္နွာအပ္၍ အားရပါးရငိုခ်မိသည္။

တစ္ကိုယ္လံုး အထိမခံနိုင္ေလာက္ေအာင္ ကိုက္ခဲေနေသာ္လည္း နွလံုးသားရဲ႕နာက်င္ကိုက္ခဲမႈက္ိုမွီနိုင္ပါဦးမလား ‘မမ ကလည္းဒီေန႕မွခရီးထြက္သြားတယ္ မမ နဲ႕ေတြ႕ခ်င္လိုက္တာ ငါ ဘာဆက္လုပ္သင့္လဲ ငါ့မမေကာ ငါ့ကိုဘယ္လိုအၾကံေပးမွာလဲမသိဘူးေနာ္ ငါမွားခဲ႔တယ္ အလြန္႕အလြန္ကိုမွားခဲ႔တယ္ ဒါေပမယ့္ င့ါဘဝကိုငါအရံႈးမေပးခ်င္ေသးဘူး ဘာႀကီးဘဲျဖစ္ေနျဖစ္ေန ရွင္သန္ေနနိုင္ရမွာဘဲ ငါ့မမလည္း ရွိတယ္ ငါ ဘဝ ခရီး ကိုရဲရဲေလွ်ာက္လွမ္းနိုင္ရမယ္။

ဟန္ေဆာင္အင္မတန္ေကာင္းၿပီး ေက်ာရရံုသာၾကံတဲ႔ ဒီလူယုတ္မာကို လည္းစိတ္ထဲမွ ထုတ္ပစ္နိုင္ဖို႔ ႀကိဳးစားရမယ္။ ကလင္ ကလင္ ေဟာဖုန္းတစ္ခုလာေနတယ္။ ကိုကိုပဲျဖစ္မယ္။ ဒိုင္ယာရီ ေလးေရ ၿပီးမွ ေရးေတာ့မယ္.. အေစာတုန္းက စိတ္ကူးမိခဲ႔တာေတြ ေရွ႕ခရီးလမ္းကို ရဲရဲဆက္ေလွ်ာက္မယ္ဆိုတာေတြ မလုပ္နိုင္ေတာ့တာ ေတာင္းပန္ပါတယ္ေနာ္။

…. ကြၽန္မ ဝမ္းသာအားရ ဖံုးကိုင္လိုက္တဲ႔ခါ ‘ညီမ တစ္ညဘယ္ေလာက္လဲတဲ႕’ ‘ဘာကိုေျပာတာလည္းမသိဘူး႐ွင့္ ‘ ဆ္ုိေတာ့ ‘ဟို Movie ထဲကေကာင္မေလးမွတ္လားတဲ့’ ‘ေတာင့္ေျဖာင့္ေနလို႔ ခ်စ္စရာေလးမို႔ေခၚမိတာပါတဲ့’ ‘ႀကိဳက္ေစ်းေတာင္းပါတဲ႕’ ဖုန္းကို္ခ်လိုက္တယ္။

ရင္ေတြကေတာ့ တဆတ္ဆတ္ တုန္ေနတုန္းဘဲ ငါ့ ဘဝ သြားၿပီ။ ငါ့ ဘဝ ငါ့ ဘဝ ေလး ေၾကမြကုန္ပါၿပီ ဒိုင္ယာရီေလးရယ္ ငါ ငါ ငါ့ဘဝေလာကဓံႀကီးကိုငါအရံႈးေပးလိုက္ပါၿပီဟာ ေပးလိုက္ပါေတာ့မယ္… ‘ေတာက္’ ညီမငယ္၏ ဒိုင္ယာရီစာအုပ္ကိုပိတ္ရင္း ကြၽန္မေတာက္ေခါက္လိုက္မိသည္။ မိုက္ရိုင္းလိုက္သည့္အေကာင္၊ လူမဆန္လိုက္သည့္အေကာင္။

ထိုအေကာင္မ်ိဳးေတြနဲ႔ ထိေတြ႕ေစနိုင္ေသာ အဓိက တရားခ ံ ကိုလည္း စိမ္းစိမ္းကားကားၾကည့္မိလိုက္သည္။ ေခတ္မွီ Touch ဖုန္းေလး လွပသည္။ အသံုးဝင္သည္။ သို႕ေသာ္ အႏၲရာယ္မ်ားသည္။ ေသေစနိုင္သည္။

မ်က္ရည္ တို႔က အတိုင္းသားစီးက်လာသည္။ ညီမေလး ကံဆိုးလိုက္တာကြယ္။ ေအာ္.. ဒီဖုန္း ဒီလူယုတ္မာေတြေၾကာင့္ ပန္းေလးေတြ ဘယ္နွစ္ပြင့္ ေႂကြလြင့္ခဲ႔ရၿပီလဲကြယ္…ႏႈတ္ဖ်ားမွ စကားတစ္ခြန္းဖြဖြေရရြတ္ေနမိေတာ႔သည္။ ‘ ဖုန္းဆိုတာ ပန္းေလးေတြေႂကြေစဖို႕ မျဖစ္ပါေစနဲ႔လို႔သာ ဆုေတာင္းေနမိပါေတာ႔တယ္။’

ညီမငယ္ေလးမ်ားဖတ္မိေစခ်င္လို႔ ရွဲေပးဖို႔ မေမ့ပါနဲ႔ေနာ္

Credit Original writer

=====================

(‘ ဖုန်းဆိုတာ ပန်းလေးတွေကြွေစေဖို့ မဖြစ်ပါစေနဲ့လို့သာ ဆုတောင်းနေမိပါတော့တယ်)

အစ်မ အစ်မ သိလား’

‘သမီး မှာ ချစ်သူ ရှိနေပြီ’

‘အလဲ့ ဟုတ်လှချည်လား’

‘ပြပါဦး ညီမ ရဲ့’

‘ဘယ်သူတုန်း ဘယ်ကတုန်း’

‘ဟောဒီမှာကြည့် ‘ မတ်တပ်ရပ်လျက် ရိုက်ထားသောယောကျာ်းလေးတစ်ဦး၏ပုံ

‘အမယ် မဆိုးပါဘူး ချောသားဟ ‘

‘နာမည်က ဘယ်သူလဲ ဘာလုပ်လဲ ဘယ်မှာနေလဲ’

‘အဟီး ဘာမှမသိဘူး နာမည်လေးတစ်ခုဘဲသိတာ’

‘အေ ပြောစမ်းပါဦး’

‘ကိုထက်လွင်တဲ့ အစ်မ ရဲ့’

‘ကျန်တာတော့ဘာမှမသိ’

‘အင် ဒါနဲ့ညည်းကဘယ်လိုချစ်သူဖြစ်တာတုန်း’

‘အမယ်လေး ငါ့အစ်မအပျိုကြီးရယ်’

‘ဒါကြောင့် အပျိုကြီး ဖြစ်နေတာ’ ‘ဒီခေတ်က online ခေတ်လေ အစ်မ ရဲ့’

‘online ခေတ် online ပေါ်ကတွေ့တာ အစ်မ ရေ’

‘အယ် ညည်းတို့ကလဲစိတ်ချရပါ့မလား’

‘အပြင်မှာတောင်တစ်ခါမှမဆုံဖူးဘူး အစ်မရေ’

‘ဟယ် အဲဒါကိုနင်က ချစ်သူ ထားတယ်’

‘အပျော်ပေါ့ အစ်မ ရယ် ”online ပေါ်မှာ ဘယ်သူကအသားလာထိလို့ရလို့လဲ အပြင်မှာ ရည်းစား ထားရင်တောင် ဟိုတို့ဒီတို့ ခံနေရဦးမယ်။

အခုတော့ အေးဆေးစကားလေးဘာလေးပြော။ ပုံလေးဘာလေး ပို့ပေးရုံဘဲ။

ဘယ်လောက်မိုက်လဲ။ အပြင်က ချစ်သူ တွေထက်တောင်စိတ်ချရသေး’

‘မသိတော့ပါဘူးအေ။ ညည်းတို့ခေတ်က အဆန်းတွေချည်းဘဲ။ ကျုပ်တို့တော့အံ့သြပြီးရင်း အံ့သြနေရတော့တာဘဲ။ ဂရုတော့စိုက်ဦးနော်။ ကိုယ့်ကိုဘာထိခိုက်လာနိုင်မလဲစဉ်းစားဦး။’

‘အမလေး အစ်မ က မရှိရှိတာတွေ တွေးပူနေပြန်ပြီ။ ကိုယ့်ကိုကိုယ် ထိခိုက်မယ့်အလုပ်မျိုးတော့ သမီးကလုပ်ပါ့မလားလို့။ စိတ်ချပါအစ်မရဲ့။ သတိထားပါ့မယ်နော်။

‘မေနှင်း ရေ မေနှင်း’ အမေ့ခေါ်သံကြောင့်သတိပြန်ဝင်လာရင်း

‘ဟုတ် ဘာလဲ အမေ’ ‘ဒီမှာ ရဲတွေရောက်နေတယ်၊ ‘ နင့်ကို မေးစရာလေးတွေရှိလို့တဲ့

‘ ရဲတွေမြင်မှ ရဲရဲဖြာနေသော မြင်ကွင်း တစ်ခုဆီသို့ အတွေးက ပြန်ရောက်သွားသည်….. အဲဒီနေ့က မိညိုတို့အိမ်မှပြန်လာပြီးပြီးချင်း အိမ်ပြန်ရောက်တော့ အရေးကြီးကိစ္စတစ်ခုဖြင့် ချက်ခြင်းခရီးထွက်ခဲ့ရသည်။ ခရီးကပြန်လာတော့ မိညိုတို့အိမ် အရင်ဝင်မိသည်။

‘မိညို ရေ မိညို’

‘အေးအေး သမီးလာလာ’ ‘ မိညို အိပ်ခန်းထဲမှာနေဖင်ထိုးနေပြီ အခုထိမထသေးဘူး’

‘မေနှင်းဘဲနှိုးပြီး ကြီးမေဆီခေါ်ခဲ့ပေတော့’

‘ဟုတ် ကြီးကြီး’

‘မိညိုရေ မိညို ထတော့လေ’ အိပ်ခန်းထဲကိုဝင်လာကတည်းကခေါ်လာလိုက်တာ အိပ်ရာ ထက်မှာလည်းမတွေ့ရေချိုးခန်းရှေ့ဆီတဖြည်းဖြည်းလျှောက်လာသည်။ လော့ချထားလား မချထားလားကြည့်မိသည်။ လော့ချမထား…တဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်သည်။ မြင်တွေ့လိုက် ရသည့် မြင်ကွင်းကြောင့် မူးမိုက် တုန်လှုပ်သွားသည်။ ရေချိုးခန်းတစ်ခန်းလုံး ရဲရဲနီလျက် လက်ကောက်ဝတ်မှ စီးကျလာသော သွေးများဖြင့် သွေးအိုင်ထဲဝယ် ခွေခွေလေးလဲကျလျက်ရှိသော ကျွန်မ၏ ချစ်လှစွာသောညီမလေး အမလေး… လုပ်ကြပါအုံးမိညို.. မိညို… မိညိုရေ …

‘ ညီမ ညီမ ရရဲ့လား ‘

‘အော် အင်း ဟုတ်ကဲ့’

‘အစ်ကိုတို့ဘာမှမေးစရာမရှိတော့ပါဘူး’

‘ဒီသက်သေခံစာအုပ်လေးပြန်လာပေးတာ’

‘ဟုတ်ကဲ့’ ဒိုင်ယာရီလေးတစ်အုပ် စာအုပ်ကို ဖွင့်လိုက်သည်နှင့် ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သော ဇာတ်လမ်းလေးတစ်ပုဒ်၊ မြင်ကွင်း တွင် စတင်ပေါ်လာသည်။

ဒီနေ့ Facebook စသုံးတယ် Profile picture တင်ပြီးတာနဲ့ လူတစ်ယောက် အရင်စအပ်တယ်။ ပထမဆုံး Facebook friend မို့ ဝမ်းသာအားရလက်ခံလိုက်မိတယ်။ အကောင့်နာမည်က ထက်လွင်တဲ့ ကျွန်မ ပုံတင်တိုင်း ဘာပုံဖြစ်ဖြစ် likeပေးတယ်။ တဖြည်းဖြည်းနဲ့ ထက်လွင်ကို သံဃောဇဉ်တွယ်လာမိတယ်။

‘လှလားဟင် ‘ ဆိုရင် ‘နတ်သမီးလေးလိုလှပါ့ ‘ ‘ချောလိုက်တာမွတ်နေတာဘဲတို့’။ ‘စားပါဦး ‘ ဆိုရင် ‘တကယ်လာစားရမလား ‘ တို့ ‘စားကောင်းမဲ့ပုံဘဲနော်တို့ ‘ အမြဲတမ်း ကွန်မန့်ပေးတယ်။ အပြင်မှာမမြင်ဘူးပေမယ့် စိတ်ထဲမှာတဖြည်းဖြည်းရင်းနှီးလာမိတယ်။

ကိုထက်လွင်ဆ်ိုတာ.. ဖြူဖြူချောချောနဲ့စိတ်ထားကောင်းမယ့် အစ်ကိုတစ်ယောက်ဖြစ်မှာပါလေ။ ဒီနေ့အိမ်နဲ့ပြဿနာတက်တယ်။

Feelingsadဆိုပြီးဘာစာမှမရေးဘဲတင်ထားလိုက်တယ်။ တင်ပြီးပြီးချင်းမကြာခင် message တစ်ခုဝင်လာတယ်။ ကိုထက်လွင်ဆီကပေါ့။ ‘မင်္ဂလာပါကလေးမ’ ‘ဟုတ်ကဲ့ပါ အစ်ကို’ ‘ဘာတွေစိတ်ညစ်နေတာတုန်း’ ‘ဒီလိုပါဘဲအစ်ကိုရာ အိမ်နဲ့ကွိုင်တက်နေလို့’ ‘ မှန်မှန်ပြောစမ်း လူကြီး တွေကဆိုးတာလား ငါ့ညီမကဆိုးတာလား’

‘အေးပါ အေးပါ ငါ့ညီမကဝမ်းနည်းနေတယ်ဆိုလို့လာမေးကြည့်တာ’ ‘Bye ညီမ’ ‘စိတ်ချမ်းသာအောင်နေပါလေရစ်’ ‘ဟုတ်ကဲ့ပါအစ်ကို ကျေးကျေးပါ’ ချက်ခြင်းဆိုသလို out သွားခဲ့သောကြောင့် ကိုထက်လွင်အပေါ် ဆက်၍မေးချင် သိချင် ပြောချင်လာသည့်စိတ်များကို အတင်းမြိုချလိုက်ရသည်။

‘မင်္ဂလာပါ ညီမ’ ‘ဟုတ်ကဲ့ပြောပါ ကိုထက်လွင်’ ‘ညီမ ကိုမေးစရာရှိတယ်’ ‘မေးပါ အစ်ကို’ ‘ညီမမှာအိမ်တွေခြံတွေရောင်းမယ့်အသိရှိလား’ ‘ဟင့်အင်းမရှိဘူး အစ်ကို ဘာလို့’ ‘အစ်ကိုတို့ပိုက်ဆံတွေပိုနေလို့ အဲဒါဝယ်ထားမလားလို့ အိမ်စျေးတွေကတက်နေတော့လေ’ ‘အလဲ့ အလဲ့ သူဌေးပေါ့လေ ကြည့်စမ်း’ ‘မဟုတ်ပါဘူး သိန်းတစ်ထောင်လောက်ဘဲချမ်းသာတာပါ’

‘အမလေးလေး အဲဒါသူဌေးမဟုတ်ဘူးလား’ ‘နောက်တာပါ ညီမ ရာ ဘယ်ကချမ်းသာရမှာလဲ အမေ့ဘက်ကအမွေရလာလို့ပါ’ ‘အင်းပါ အစ်ကို တကယ်လို့ ညီမတို့ဝန်းကျင်မှာရှိရင် အစ်ကို့ကိုပြောမယ်လေ’ ‘ဟုတ်ပြီ ဟုတ်ပြီ ညီမ Bye’

အမယ့် ကိုထက်လွင်ကသူဌေးဟ ဒီလိုနှင့် နေ့တိုင်းစကားတွေလာပြောနေသော ကိုထက်လွင်အား သံဃောဇဉ်ကြိုးက နွယ်ပင်ကလေးလို ရစ်တွယ်လာခဲ့သည်။ ဟို အေးမို့ ဆိုတဲ့စာရေးဆရာမလေး ရေးသလိုပေါ့ ” သံယောဇဉ် ကြိုး ဘယ်သူပျိုး တန်ခိုး ရှိန်ဝါ ပြင်းလှတယ်။

” တကယ် တကယ် ကျွန်မ ရဲ့မခုန်ဘူးသေးတဲ့နှလုံးသားလေး စခုန်လာခဲ့ပါပြီ။ ‘ကိုထက်လွင်’ ‘ရှင် အဲ ဗျာ အဲ ညောင် အဲ ဗျောင်’ ‘အာ ပြောင်စပ်စပ်နဲ့’ ‘စပ်ရင်ရေသောက်လေ’ အာ သေတော့မယ်’ ‘မလုပ်ပါနဲ့ သားကလူပျိုလေးရှိသေးတယ်’ ‘ အင် သေလေ’ ‘သေနိင်သေးပါဘူး လူပျိုကြီး ဘွကကျွတ်မှ သေချင်သေပလေ့စေ’ ‘အခုထိချစ်သူမရှိသေးဘူးလား’ ‘ရည်းစားဆ်ိုလို့မူးလို့တောင်ရှုစရာမရှိဘူး’ ‘ရုပ်ဆိုးလို့နေမှာပါ’

‘အမယ် ဒီမှာကိုယ့်ပုံကြည့် ကြည့် ‘ ဆိုကာ ဓာတ်ပုံတစ်ပုံပို့ပေးသည်။ ဟယ် ကိုရီးယား မင်းသားလေးလိုတကယ်ကိုချောလှသည်။

‘အလဲ့ အချောသားဘဲ’ ‘အဲဒါကိုရည်းစားမရှိဘူးဆိုတော့ မယုံနိုင်စရာဘဲ ‘ ‘တကယ်ပါ ညီမ ရေ’ ‘အရင်က တစ်ယောက်ရှိခဲ့ဘူးတယ်’ ‘အစ်ကိုအရမ်းချစ်ခဲ့တာ’ ‘ဒါပေမယ့်လည်းအစ်ကို့ကိုထားသွားခဲ့တယ်’ ‘Sorry ညီမ ရယ်”? သနားဂရုဏာစိတ်တို့တဖွဖွယိုဖိတ်လာသည်။ ‘ငါ့အစ်ကိုက ဘာပြစ်ချက်ရှိလို့ ပစ်သွားရတာတဲ့လည်း’ ‘မသိပါဘူး ညီမ ရယ်’

‘အစ်ကို ကတော့ချစ်နေမိဆဲဘဲ’ ‘အော် သူမှမချစ်နိုင်ဘဲလေ’ ‘အင်း အစ်ကိုအလုပ်လေးပေါ်လာလို့’ ‘တာ့တာ ညီမ ရေ’ ‘ဟုတ်ကဲ့’ အော်သစ္စာမရှိသည့် မိန်းမတစ်ယောက်ကြောင ့်င့ါအစ်ကို ရင်ကွဲခဲ့တာပါလား စိတ်မကောင်းလိုက်တာအစ်ကိုရာ ဒီနေ့ဆို facebook သုံးတာ ခုနှစ်လတောင်ရှိတော့မယ်။

ကိုထက်လွင် နဲ့လည်း တော်တော်ရင်းနှှီးလာပြီ။ နောက်ပိုင်းတော့ ကိုထက်လွင်စကားများက အနှောင့်အသွားမလွတ်တော့ ခက်တာက ကျွန်မ ကိုယ်တိုင်လဲအဲဒီအနှောင့်အသွားမလွတ်တာလေးတွေကိုဘဲ သဘောကျနေမိတာလေ။ ‘ညီမ ဖုန်းနံပတ်လေးပေးနိုင်မလား’ ‘ဟုတ်

၀၉××××××××’ ‘အစ်ကို့ဖုန်းကဒီမှာ’ ‘ ၀၉××××××××’ ‘ ဖုန်း ဆက်လို့ရတယ်မလားဆက်မယ်နော်’ ‘ဟုတ်ကဲ့ဆက်ပါ အစ်ကို’ ကိုထက်လွင် က ဖုန်းနံပတ်တောင်းသွားပြီးနောက်ပိုင်း ဖုန်း ကိုတကြည့်ကြည့်ဖြစ်နေခဲ့မိတာကျွန်မပါ။

‘အင်း ညီမ အစ်ကိုပြောစရာရှိတယ်’ ‘ပြောလေ အစ်ကို’ ‘အစ်ကို့ကိုစိတ်မဆိုးရဘူးနော်’ ‘အာစိတ်ဆိုးစရာလား’ ‘အစ်ကိို့ုကိုမုန်းမသွားရဘူးနော်’ ‘အာ မမုန်းပါဘူး’ ‘ အစ်ကို့ကို ဘယ်လိုစိတ်ထားထား အခုလ်ိုမျိုးလေးဘဝက်ို မရုတ်သိမ်းသွားရဘူးနော်’

‘ဟုတ်ကဲ့ပါအစ်ကိုရယ်’ ‘ပြောမှာဖြင့်ပြောပါ’ ‘ချစ်တယ် ညီမရယ်’ ‘တကယ်တော့ ညီမကိုချစ်နေမိခဲ့တာကြာပါပြီ Profile picture လေး စမြင်ကတည်းက ချစ်မိသွားတာပါ’ ‘တကယ်ပါ မလိမ်ပါဘူး ညီမရယ်’

‘ညီမမျက်နှာလေးမြင်နေရရင်အစ်ကိုအလိုလိုပျော်နေမိတာ’ ‘ညီမတင်သမျှပုံတွေ အစ်ကို အကုန် save လုပ်ထားတယ်’ ‘ဟယ် တကယ်လား’ ‘ဟုတ်တာပေါ့ညီမရယ်’ ‘အစ်ကိုက ငယ်ချစ်ဦးကြောင့် အချစ် ကို အရမ်းကြောက်နေမိခဲ့တာ’

‘ညီမ နဲ့တွေ့မှသူ့အလိုလို အချစ်က ပြန်ရှင်သန်နိုးကြားလာခဲ့တယ်’ ‘အစ်ကို့ကို မချစ်နိုင်ဘူးဆိုလဲရပါတယ်နော်’ ‘ စိမ်းကားဖို့တော့မကြံလိုက်ပါနဲ့နော်’ ‘အစ်ကိုတောင်းပန်ပါတယ်’ ‘အစ်ကို့ကိုပြန်ချစ်ပါနော်’ ‘အင်း စဉ်းစားရဦးမယ်လေ’ ‘စဉ်းစားပါ စဉ်းစားပါ ဘဝတစ်လျှောက်လုံးလက်တွဲသွားရမယ့်ကိစ္စဘဲ’

‘သေချာစဉ်းစားပါ’ ‘ပြီးရင်ချစ်တယ်လို့ဖြေပေးပါနော်’ ‘အင် ပိုင်စိုးပိုင်နင်း’ ‘ဒီလိုစီးပိုးနေရင်တော့ မချစ်နိုင်တော့ပေါင်’ ‘အာ အာ မလုပ်ပါနဲ့အစ်ကိုအဖြေကောင်းကိုစောင့်မျှော်နေမယ်နော်’ ‘အရမ်းချစ်တယ်ကလေးမရယ်’ ‘တော်ပါ လျှာအရိုးမရှိတိုင်း’ ‘တကယ်ချစ်လို့ပါကွာ’ ‘စပါယ်ရှယ် ကိုချစ်တာ’ ‘တော်ပြီ’ ‘အာ အပိုတွေ တော်ပြီ တော်ပြီ ဒါဘဲ ဒါဘဲ’ Internet ကို ပိတ်လိုက်သလိုမျိုး နှလုံးသားကိုလည်း ပိတ်လို့ရရင် သိပ်ကောင်းမှာဘဲနော်…ရင်တွေခုန်လွန်းလို့လေ။

‘ချစ်တယ် ကို’ ‘တကယ်လားဟင်’ ‘တစ်ကယ် နှစ်ကယ် သုံးကယ် လေးကယ်’ ‘တကယ်လားလို့’ ‘အင်းပေါ့လို့’ ‘ဟ ဟ ဟ ပျော်လိုက်တာ ညီမ ရာ’ ချက်ခြင်း Phone call ဝင်လာသည်။ ကိုထက်လွင်ဆီက.. ‘အင် ဘာလည်း online ကလည်းပြောလို့ရတာဘဲကိုရယ်’ ‘မရပါဘူး ဒီအသံချိုချိုလေးကိုကြားချင်သေးတာပေါ့လို့’ ‘ချစ်လားဟင်’

‘ဘယ်နှစ်ခါမေးနေမှာလဲ’ ‘သေတဲ့အထိ’ ‘တကယ်ကော တစ်သက်လုံးချစ်မှာမို့လား’ ‘အခုဘဝမှ နောင်သံသရာအဆက်ဆက်ထိ’ ‘အပိုတွေသိပ်ပြောတာဘဲသိလား’ ‘တကယ်ချစ်လို့ပါ ကလေးမရယ်’ ‘ကိုယ့်ကို ချစ်လားဟင်’ ‘အရမ်းချစ်တယ် ကို’ ဖုန်း ကို ဆတ်ခနဲချပစ်လိုက်သည်။

တဆတ်ဆတ်ခုန်နေသောရင်ကိုတော့ ချပစ်လို့မရပါလားကွယ်.. ဒီလိုနှင့်..ဖုန်း တွေပြော Messageတွေပို့နှင့် အပြင်မှာတစ်ခါမှ မတွေ့ဘူးကြပေမယ့် လေလှိုင်းထဲမှ ကြင်နာယုယမှုလေးတွေကိုပင် ကျေနပ်နေမိခဲ့သည်။

ရည်းစားထားတယ်ဆိုတာဒီလောက်ပျော်စရာကောင်းရင် အစောကြီးကတည်းကထားခဲ့ပါတယ် ဒိုင်ယာရီလေးရယ် ‘တောက် အချိန်တွေနှမြောလိုက်တာ ‘ ဟိဟိ ဒီစကားကြားရင်တော့ မမ ကျွန်မကိုထုတော့မည်။

မမကို ချစ်သူသက်တမ်း သုံးလပြည့်မှ ဖွင့်ပြောပြမည်ဟုကြံထားခဲ့သည်။ ဒီနေ့က ချစ်သူသက်တမ်းသုံးလပြည့် မိတ်ဆွေဖြစ်တာ တစ်နှစ်နဲ့ တစ်လပြည့်တဲ့နေ့ မနက်စောစောထုံးစံအတိုင်း မမအိမ်ကိုပေါက်ချလာသည်။ ကိုထက်လွင်ဓာတ်ပုံကိုပြရင်းမိတ်ဆက်ပေးမိတော့ ‘အချောသားဟ ‘ဆိုပြီး အပြင်မှာကောမြင်ဘူးလို့လားမေးသည်။

ဟင့်အင်း Online ချစ်သူလေဆ်ုိတော့ တော်တော့်ကို နားမလည်နိုင်သည့် မျက်နှာအမူအယာဖြစ်သွားသည်။ ‘သတိတော့ထားနော် ‘ လို့ပြောတော့ ‘မမ ကလည်း online မှာချစ်သူဖြစ်တာ သမီးအသားတောင် သူထိလို့မရဘူး ‘ ဆ်ုိတော့…စိတ်ချသွားဟန်ဖြင့် ‘မမ ခရီးသွားရဦးမယ်၊ တစ်ရက်လောက်တော့ကြာမယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်နော်၊ မမက အလုပ်တွေရှုပ်မှာမို့ ဖုန်းတောင်ဆက်နိုင်မယ်မထင်ဘူး’

‘ဟုတ်ကဲ့မမ စိတ်ချပါ’ မမ ထွက်သွားပြီးသည်နှင့် မကြာခင် ကိုထက်လွင်ဆီမှ ဖုန်းဝင်လာသည်။ ‘ညီမ အစ်ကိုအလုပ်ကိစ္စနဲ့နိုင်ငံခြားသွားရတော့မယ်’ ‘ညီမနဲ့အရမ်းတွေ့ချင်မိတယ်ကွာ’ ‘အစ်ကိုနဲ့အပြင်မှာတွေ့နိုင်မလား’ ‘စိတ်ထဲမှာ ရုတ်တရက်ဝမ်းနည်းလာမိသည်’ ‘အင်းလေ အစ်ကို ဘယ်မှာတွေ့မလဲ’

‘လူရှင်းတဲ့နေရာ စကားအေးဆေးပြောလို့ရမယ့်နေရာပေါ့ ညီမရယ်’×××အဲ့ဒီနေရာက်ိုလာခဲ့နော်’ ‘ဆက်ဆက်လာခဲ့နော်၊ အစ်ကို နိုင်ငံခြားမသွားခင် အရမ်းကိုတွေ့ချင်နေမိလို့ပါ’ ‘အင်းပါ အစ်ကိုရယ်’ မနက်အိပ်ယာထသည်နှင် ့ကမန်းကတမ်းရေချိုးပြီး ချိန်းထားသောနေရာသို့ အသည်းအသန်သွားချင်နေမိသည်။ စိတ်ထဲမှာလည်းကို ့ကိုအရမ်းတွေ့ချင်နေသည်။

ချိန်းထားသည့်နေရာရောက်တော့တကယ့်ကိုလူပြတ်သောနေရာပင်။ ကျွန်မကိုတွေ့သည်နှင့် သူထိုင်နေရာက အပြေးထလာပြီး ကျွန်မကို တင်းတင်းဖက်ထားသည်။ ကျွန်မငြင်းဆန်ချင်စိတ်မရှိသလို ရုန်းကန်ချင်စိတ်လဲမရှိ။

စိတ်ထဲမှာဝေးရတော့မည်ဆ်ုိသောအသိတစ်ခုက နောင်လာမည့်အနမ်းများနှင့် အထိအတွေ့ အပွတ်အသပ် အချော့အမြူများကိုပါလိုက်လျောပေးစေခဲ့သည်။ တဖြည်းဖြည်း ပြင်းရှလာပြီး ကတုန်ကယင်ပါ ဖြစ်လာသည့်အတွက် ‘တော်ပြီ ကို ရယ် ‘ ဟုအသံဖျော့ဖျော့နှင့်တောင်းဆိုလိုက်သည်။ ကိုထက်လွင်က လူခြင်းခွာသည်။ ပခုံးနှစ်ဖက်ကိုကိုင်ထားရင်း ‘ချစ်တယ်ညီမရယ်အရမ်းချစ်တာဘဲ အစ်ကိုကတစ်နှစ်လောက်ကြာမယ်ထင်တယ်’ ‘အင် တစ်နှစ်တောင်’ ‘ဟုတ်တယ် ညီမရယ် ။

ဒါကြောင့်ထိန်းချုပ်မထားနိုင်တော့ဘဲ အကုန်လွတ်ထွက်ကုန်တာပါဗျာ ”’ခွင့်လွှတ်ပါနော် ညီမ၊ ခွင့်လွှတ်ပါနော်’ ‘အစ်ကို့ကိုအထင်အမြင်သေးစိတ်ပျက်သွားပြီလားဟင်’ ‘စိတ်မဆိုးပါနဲ့နော်’ ‘မဆိုးပါဘူးလို့’ ‘အစ်ကို တစ်ခုလောက် ထပ်တောင်းဆိုလို့ရမလားညီမ ‘တစ်ခုတည်းပါကွာ တစ်ခုတည်းပါနော်’ ‘ညီမကို အစ်ကိုတစ်နေရာခေါ်သွားပါရစေ’

‘လိုက်မယ်မလားဟင်’ အသိစိတ်တို့က ဘာကိုဆိုလို၍ ဘာက်ုိရည်ညွှန်းနေမှန်းသိသော်လည်း အစောကအထိအတွေ့အပွတ်အသပ်တို့ကြောင့်ခုန်နေသောနှလုံးသားကမငြင်းဆန်ခဲ့နိုင်တော့… ဤသို့ဖြင့် တည်းခိုခန်းတစ်ခု၏အခန်းတစ်ခန်းဆီသို ့ကျွန်မတို့နှစ်ဦးသား ရောက်သွားခဲ့သည်။

ခုတင်ဘေးမှာခြေစုံရပ်ရင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းမှသည်……. ကိစ္စဝိစ္စများပြီးဆုံးတော ့နှစ်ယောက်သားမောမောနှင့် ဖက်လျက် အိပ်ပျော်သွားမိသည်ကို သတိရမိသည်။ ကိုယ်လက်တို့က တဆစ်ဆစ်ကိုက်ခဲနေသည်။

ဘေးကိုကြည်လိုက်တော့ သူမရှိတော့။ အတွေ့ထူးအငွေ့ထူးမို့ ရူးမတတ်ခံစားရသည်။ ကိုယ်တကယ်ချစ်သူအား အပျိုစင်ဘဝကို ပေးအပ်လိုက်ခြင်းသည် စိတ်ထဲတွင်မည်မျှကြည်နူးမိကြောင်း လက်တွေ့ကြုံမှပင်.. ကိုက မနက်ဖြန်စာချုပ်မှာ လက်မှတ်ထိုးမယ်ပြောတာပဲ။

အခုတော့ဘယ်သွားနေလဲမသိ။ မြန်မြန် ပြန်လာခဲ့ပါတော့ ကိုရယ်..ဒီမှာညီမလွမ်းလှပါပြီ။ ထိုစဉ် အခန်းဝတံခါးက တဖြည်းဖြည်းပွင့်လာသည်။ ‘ ကိုကိုလားဟင်’ ‘ကို ပြန်လာပြီလား’ ဟာ ကိုကိုမဟုတ်၊ လူစိမ်းတစ်ယောက် ‘ရှင် ရှင် ဘယ်ခန်းထဲဝင်လာတာလဲ ပြန်ထွက်သွား ပြန်ထွက်သွား’

‘ဟား ဟား’ ‘ရှင် ရှင် ကျွန်မကိုကိုရောက်လာရင် ရှင့်ကိုသတ်မှာနော်’ ‘ကိုကို ပြန်မရောက်ခင်ထွက်သွား သွား လို့ပြောနေတယ်’ ‘အေးဆေးပေါ့ကောင်မလေးရယ်’ ‘ညည်းကိုစျေးကြီးပေးဝယ်ထားရတာ ဘာလို့နှင်ထုတ်နေတာတုန်း’ ‘ရှင် ဘာစကားပြောတာလဲ’ ‘ဟုတ်တယ်လေ..မင်းသိပ်ချစ်၊ သိပ်မြတ်နိုးရပါတယ်ဆိုတဲဲ့ မင်းကိုကိုက မင်းကို ငါ့လက်ထဲရောင်းစားသွားတာလေ’ ‘ထပ်ပြောလိုက်သေးတယ်’

‘ဒါလေးကို ကြာကြာစောင့်ပြီးမှ ခွင်ဖန်လိုက်နိုုင်လို့ အပျိုဖူးလေးတော့ ခြွေပါရစေဆိုပြီး ပိုက်ဆံထပ်ပေးတာတောင်မယူဘဲ အပျိုရည်ဖူးလေး ခြွေသွားသေးတယ်’ ‘ဟား ဟား လာပါကွာ’ ‘မင်းကိုကိုနဲ့တုန်းကအရမ်းကောင်းတယ်မလား’ ‘မင်းကိုကိုထက် တို့ကဝါရင့်ပါတယ်’ ‘မင်းကိုကိုထက်ကောင်းစေရမယ်’ ‘လာထား ‘ ဆိုကာကုတင်ပေါ်ရောက်လာသည်။

ခွန်အားရှိသမျှ ရုန်းကန်အော်ဟစ်ပါသော်လည်း….. ဘေးတစောင်းလှဲ မျက်ရည်တသွင်သွင်စီးကျနေရင်း ခွေခွေလေးလှဲနေမိသည်။ လူကြီးက အဝတ်အစားတွေပြန်ဝတ်ရင်း ‘ ဒီမယ်ကလေးမ မင်းကြိုက်တဲ့ဆီတိုင် ပြောချင်တာက အခုငါတို့ဖြစ်ပျက်ခဲ့သမျှကို ဗီဒီယိုရိုက်ထားတယ်။ မင်းတိုင်တာနဲ့ online ပေါ်ပြန့်ပြီးသားဘဲ သဘောပေါက်တယ်ဟုတ်’ ‘လုပ်ရဲရင်တော့ လုပ်ကြည့်ပေါ့ကွာ ဟား ဟားဟား ‘ အားရပါးရရယ်ကာထွက်သွားသည်။

သွားပြီ၊ သွားပါပြီ.. ကျွန်မ ဘဝတစ်ခုလုံး ရေစုန်မျောပါသွားသလို ခံစားမိသည်။ ကိုရယ် ညီမရဲ့ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ရက်တယ်နော်၊ ကျွန်မ ကို ရောင်းစားသွားတာဆို။ ခွင်ဖန်သွားတာဆို။ ဟုတ်လား။ ပြန်လာခဲ့ပါကိုရယ်။ကိုမရှိတုန်းအဲလူကြီးလာစော်ကားသွားတာနေမှာပါ။

ကိုပြန်လာရင်ကျွန် မကိုလက်ထပ်မှာပါ နော် .. နော်။ ဖုန်းဆီကိုလက်လှမ်းသည်။ ကို့ဖုန်းကိုလှမ်းခေါ်သည်။ စက်ပိတ်ထားသည်။ ထပ်ခါထပ်ခါခေါ်သည်။ စက်ပိတ်ထားသည်။ တစ်နှစ်ကျော်ကြာ ရင်းနှီးမှုတွေ၊ ချစ်ခဲ့မိတဲ့အချစ်တွေက အခုလိုခြွေချခံရဖို့ဘဲလား။

‘ ရက်စက်လိုက်တာ ကို ရယ်။ ရက်စက်လိုက်တာ။’ မျက်ရည်ကိုထိန်း စိတ်ကိုသိမ်း၍ ဒယီးဒယိုင်ဖြစ်နေသောခြေလှမ်းတို့ဖြင့် အိမ်ကိုပြန်လာခဲ့မိသည်။ အိပ်ခန်းထဲရောက်မှ တံခါးကိုပိတ်ရင်း ခေါင်းအုံးပေါ်မျက်နှာအပ်၍ အားရပါးရငိုချမိသည်။

တစ်ကိုယ်လုံး အထိမခံနိုင်လောက်အောင် ကိုက်ခဲနေသော်လည်း နှလုံးသားရဲ့နာကျင်ကိုက်ခဲမှုက်ိုမှီနိုင်ပါဦးမလား ‘မမ ကလည်းဒီနေ့မှခရီးထွက်သွားတယ် မမ နဲ့တွေ့ချင်လိုက်တာ ငါ ဘာဆက်လုပ်သင့်လဲ ငါ့မမကော ငါ့ကိုဘယ်လိုအကြံပေးမှာလဲမသိဘူးနော် ငါမှားခဲ့တယ် အလွန့်အလွန်ကိုမှားခဲ့တယ် ဒါပေမယ့် င့ါဘဝကိုငါအရှုံးမပေးချင်သေးဘူး ဘာကြီးဘဲဖြစ်နေဖြစ်နေ ရှင်သန်နေနိုင်ရမှာဘဲ ငါ့မမလည်း ရှိတယ် ငါ ဘဝ ခရီး ကိုရဲရဲလျှောက်လှမ်းနိုင်ရမယ်။

ဟန်ဆောင်အင်မတန်ကောင်းပြီး ကျောရရုံသာကြံတဲ့ ဒီလူယုတ်မာကို လည်းစိတ်ထဲမှ ထုတ်ပစ်နိုင်ဖို့ ကြိုးစားရမယ်။ ကလင် ကလင် ဟောဖုန်းတစ်ခုလာနေတယ်။ ကိုကိုပဲဖြစ်မယ်။ ဒိုင်ယာရီ လေးရေ ပြီးမှ ရေးတော့မယ်.. အစောတုန်းက စိတ်ကူးမိခဲ့တာတွေ ရှေ့ခရီးလမ်းကို ရဲရဲဆက်လျှောက်မယ်ဆိုတာတွေ မလုပ်နိုင်တော့တာ တောင်းပန်ပါတယ်နော်။

…. ကျွန်မ ဝမ်းသာအားရ ဖုံးကိုင်လိုက်တဲ့ခါ ‘ညီမ တစ်ညဘယ်လောက်လဲတဲ့’ ‘ဘာကိုပြောတာလည်းမသိဘူးရှင့် ‘ ဆ်ုိတော့ ‘ဟို Movie ထဲကကောင်မလေးမှတ်လားတဲ့’ ‘တောင့်ဖြောင့်နေလို့ ချစ်စရာလေးမို့ခေါ်မိတာပါတဲ့’ ‘ကြိုက်စျေးတောင်းပါတဲ့’ ဖုန်းကို်ချလိုက်တယ်။

ရင်တွေကတော့ တဆတ်ဆတ် တုန်နေတုန်းဘဲ ငါ့ ဘဝ သွားပြီ။ ငါ့ ဘဝ ငါ့ ဘဝ လေး ကြေမွကုန်ပါပြီ ဒိုင်ယာရီလေးရယ် ငါ ငါ ငါ့ဘဝလောကဓံကြီးကိုငါအရှုံးပေးလိုက်ပါပြီဟာ ပေးလိုက်ပါတော့မယ်… ‘တောက်’ ညီမငယ်၏ ဒိုင်ယာရီစာအုပ်ကိုပိတ်ရင်း ကျွန်မတောက်ခေါက်လိုက်မိသည်။ မိုက်ရိုင်းလိုက်သည့်အကောင်၊ လူမဆန်လိုက်သည့်အကောင်။

ထိုအကောင်မျိုးတွေနဲ့ ထိတွေ့စေနိုင်သော အဓိက တရားခ ံ ကိုလည်း စိမ်းစိမ်းကားကားကြည့်မိလိုက်သည်။ ခေတ်မှီ Touch ဖုန်းလေး လှပသည်။ အသုံးဝင်သည်။ သို့သော် အန္တရာယ်များသည်။ သေစေနိုင်သည်။

မျက်ရည် တို့က အတိုင်းသားစီးကျလာသည်။ ညီမလေး ကံဆိုးလိုက်တာကွယ်။ အော်.. ဒီဖုန်း ဒီလူယုတ်မာတွေကြောင့် ပန်းလေးတွေ ဘယ်နှစ်ပွင့် ကြွေလွင့်ခဲ့ရပြီလဲကွယ်…နှုတ်ဖျားမှ စကားတစ်ခွန်းဖွဖွရေရွတ်နေမိတော့သည်။ ‘ ဖုန်းဆိုတာ ပန်းလေးတွေကြွေစေဖို့ မဖြစ်ပါစေနဲ့လို့သာ ဆုတောင်းနေမိပါတော့တယ်။’

ညီမငယ်လေးများဖတ်မိစေချင်လို့ ရှဲပေးဖို့ မမေ့ပါနဲ့နော်

Credit Original writer

Comments