လွိုဏ္ဂူႀကီးထဲမွာ ၉ ရက္ၾကာ သူတို႔ဘယ္လို အသက္ရွင္နိုင္ခဲ့ၾကလဲ..?



“ေရအသက္ တစ္မနက္၊ ထမင္းအသက္ ၇ ရက္” ဆိုရိုးရွိခဲ့တဲ့အတိုင္း၊ လူဟာ ထမင္းမစားရပဲ ၇ ရက္ခန႔္ေနနိုင္ေသးေပမယ့္ ေရကို တစ္မနက္စာအခ်ိန္ေလာက္ မေသာက္ရရင္ေတာ့ အသက္ဆုံးရွုံးနိုင္ပါတယ္လို႔ ဆိုလိုပါတယ္။

ဒါေပမယ့္ လွိုဏ္ဂူထဲမွာ ပိတ္မိေနခဲ့တဲ့ ကေလး ၁၂ ေယာက္နဲ႔ သူတို႔ရဲ့ နည္းၿပ ၁ ဦးတို႔ဟာ ၉ ရက္တိုင္တိုင္ အစာေရစာျပတ္လပ္ခဲ့ေသာ္လည္း အသက္ရွင္က်န္ေနခဲ့ပါတယ္။ သူတို႔ဘယ္လိုမ်ား ရွင္သန္ေအာင္ ႀကိဳးစားခဲ့ရပါလဲ..။

သူတို႔အားလုံးဟာ ေက်ာက္ဂူႀကီးထဲမွာ သဘာဝအတိုင္းျဖစ္ေပၚေနတဲ့ ေက်ာက္စက္ပန္းဆြဲႀကီးေတြကေန တစ္ေပါက္တစ္ေပါက္က်လာတဲ့ ေရကိုေသာက္သုံးၿပီး ၉ ရက္တိုင္တိုင္ အသက္ရွင္ဖို႔ ႀကိဳးပမ္းခဲ့ၾကရတယ္လို႔ ကယ္ဆယ္ေရးလုပ္ငန္းမွာ ပါဝင္ေဆာင္ရြက္ခဲ့တဲ့ ဆရာဝန္တစ္ဦးက ေျပာခဲ့ပါတယ္။

လွိုဏ္ဂူရဲ့ ေခါင္းမိုးေပၚကေန မိုးရြာျခင္း၊ ႏွင္းက်ျခင္းေတြေၾကာင့္ ျဖစ္တည္လာတဲ့ ေက်ာက္စက္ပန္းဆြဲေတြ တြဲလြဲက်ေနတာကို ေတြ႕ခဲ့ရပါတယ္။ အဲဒီပန္းဆြဲေနရာေတြက ေရခ်ိဳ တစ္စက္ တစ္စက္က်ေနပါတယ္။ အဲဒီေရခ်ိဳတစ္ေပါက္ျခင္းစီကို မၽွေဝေသာက္သုံးရင္း အသက္ရွင္ဖို႔ ႀကိဳးစားခဲ့ၾကတာပါ။



ကေလးေတြအဖြဲ႕ကို ေတြ႕ရွိၿပီးခ်ိန္မွာ ဆရာဝန္နဲ႔ ေဆြးေႏြးညႇိႏွိုင္းေရးပုဂၢိဳလ္တို႔အပါအဝင္ ထိုင္းေရတပ္မေတာ္က အဖြဲ႕ဝင္ ၇ ဦးတို႔က အတူတူရွိေနေပးၾကပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ ဖရာရြတ္ခ်န္အိုခ်ာ က ဒီအေရးမွာ လာေရာက္ကူညီၾကတဲ့ အဖြဲ႕ေတြ နိုင္ငံျခားသားေတြအားလုံးကို ေက်းဇူးအထူးတင္ပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ကေလးေတြကို အျပင္ကိုျပန္လည္ ကယ္ထုတ္နိုင္ဖို႔ အစီစဥ္ႏွစ္ခု Plan A, Plan B ေရးဆြဲထားပါတယ္။ ေရေတြလႊမ္းေနတာက အႀကီးမားဆုံး အဟန႔္အတားျဖစ္ေနၿပီး အတိုင္းတာတစ္ခုထိ လိုအပ္သေလာက္ ေရေတြကို စုပ္ထုတ္ၿပီးပါက ကေလးေတြကို ျပန္လည္ကယ္ထုတ္မယ္လို႔ ေရတပ္တပ္မွူး Rear Admiral Apakorn Yuukongkaew က ေျပာၾကားခဲ့ပါတယ္။



“အကယ္၍ အဲဒီနည္းက အလုပ္မျဖစ္ဘူးဆိုရင္ အျခားနည္း ေျပာင္းသုံးပါမယ္၊ ကၽြန္ေတာ္တို႔မွာ Plan A Plan B ရွိပါတယ္၊ ကေလးေတြအားလုံး သူတို႔မိဘေတြဆီကို မလြဲမေသြျပန္ၾကရမွာပါ” လို႔ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ Plan A နဲ႔ Plan B က ဘယ္လိုေတြ စီစဥ္ထားတယ္ ဆိုတာကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိခဲ့ပါဘူး။

ဦးစြာ သူတို႔ကို က်န္းမာသန္စြမ္းလာေအာင္ လုပ္ၿပီးပါက ေရငုတ္ျခင္းဆိုင္ရာ အေျခခံေတြကို လိုအပ္သေလာက္ ေလ့က်င့္သင္းၾကားေပးမွာျဖစ္ပါတယ္။ လွိုဏ္ဂူထဲက ေရေတြကို အဂၤါေန႔ထဲက ၇၅ နာရီၾကာဆက္တိုက္ စုပ္ထုတ္ခဲ့ရာ လီတာေပါင္း သန္း ၁၂၀ ေလာက္ စုပ္ထုတ္ၿပီးၿပီျဖစ္ပါတယ္။

၁၃ ေယာက္အဖြဲ႕ဟာ သူတို႔ရဲ့က်န္းမာေရး၊ ခႏၶာကိုယ္ႂကြက္သား ျပန္လည္ျဖည့္တင္းေရးေတြက ၿခိမ္းေျခာက္ေနဆဲျဖစ္တယ္လို႔ ကၽြမ္းက်င္သူေတြက ဆိုပါတယ္။ ဒါေပမယ့္ သူတို႔ရဲ့ စိတ္ပိုင္းဆိုင္ရာက ပိုၿပီးႀကံ့ခိုင္တာေၾကာင့္ ေမၽွာ္လင့္ခ်က္ ေပ်ာက္ဆုံးမသြားပဲ ေမွာင္မဲစိုစြတ္ၿပီး ဘာမွစားစရာေသာက္စရာမရွိတဲ့ ေနရာမွာ ၉ ရက္ၾကာအသက္ရွင္ေနနိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ အလုံးစုံျပန္လည္ ကယ္ထုတ္နိုင္ဖို႔ဆိုရင္ေတာ့ ရက္သတၱပတ္အခ်ိဳ႕ ဒါမွမဟုတ္ လေပါင္းအခ်ိဳ႕ အခ်ိန္ယူရမယ္လို႔ ကၽြမ္းက်င္သူမ်ားက ဆိုပါတယ္။



“စိတ္ပိုင္းဆိုင္ရာက အေရးအႀကီးဆုံးပါပဲ” ဟု ေရေဘး မီးေဘးေတြမွာ ကယ္ဆယ္ေရးအေတြ႕အၾကဳံရွိတဲ့ ကယ္ဆယ္ေရးသမား Andrew Watson က ဆိုပါတယ္။

ကယ္ဆယ္ေရးသမားေတြကေတာ့ ေရပမာဏေလ်ာ့က်သြားတာနဲ႔ အျမန္ဆုံးကယ္ထုတ္သြားဖို႔ ဆႏၵရွိေနပါတယ္။ ဒါေပမယ့္ ေရကူးဖို႔၊ ေရငုတ္ဖို႔၊ ေရငုတ္ကရိယာေတြ အသုံးျပဳနိုင္ဖို႔အတြက္ သင္ၾကားေပးရမွာ ျဖစ္သလို အေတြ႕အၾကဳံမရွိေသးတဲ့ ကေလးေတြ ျဖစ္ေနတာေၾကာင့္လည္း စဥ္းစားခ်င့္ခ်ိန္ၿပီးမွ လုပ္ေဆာင္ဖို႔ လိုအပ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

သူတို႔ ၁၃ ဦးအဖြဲ႕ကို စတင္ေတြ႕ရွိခဲ့တဲ့ ဝါရင့္အေတြ႕အၾကဳံရွိ ၿဗိတိသ်ေရငုတ္သမား John Volanthen နဲ႔ Rick Staton ႏွစ္ဦးတို႔ဟာ အဲဒီေနရာကို ေရာက္ဖို႔ ေရေအာက္လမ္းေၾကာင္းက်ဥ္းက်ည္းေလးထဲမွာ နာရီနဲ႔ခ်ီၿပီး လုံးပန္းႀကိဳးစား တိုးဝင္ခဲ့ၾကရတာျဖစ္ပါတယ္။

Ref:CNA

Credit – popolay

===========

“ရေအသက် တစ်မနက်၊ ထမင်းအသက် ၇ ရက်” ဆိုရိုးရှိခဲ့တဲ့အတိုင်း၊ လူဟာ ထမင်းမစားရပဲ ၇ ရက်ခန့်နေနိုင်သေးပေမယ့် ရေကို တစ်မနက်စာအချိန်လောက် မသောက်ရရင်တော့ အသက်ဆုံးရှုံးနိုင်ပါတယ်လို့ ဆိုလိုပါတယ်။

ဒါပေမယ့် လှိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ ကလေး ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြ ၁ ဦးတို့ဟာ ၉ ရက်တိုင်တိုင် အစာရေစာပြတ်လပ်ခဲ့သော်လည်း အသက်ရှင်ကျန်နေခဲ့ပါတယ်။ သူတို့ဘယ်လိုများ ရှင်သန်အောင် ကြိုးစားခဲ့ရပါလဲ..။

သူတို့အားလုံးဟာ ကျောက်ဂူကြီးထဲမှာ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျောက်စက်ပန်းဆွဲကြီးတွေကနေ တစ်ပေါက်တစ်ပေါက်ကျလာတဲ့ ရေကိုသောက်သုံးပြီး ၉ ရက်တိုင်တိုင် အသက်ရှင်ဖို့ ကြိုးပမ်းခဲ့ကြရတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဆရာဝန်တစ်ဦးက ပြောခဲ့ပါတယ်။

လှိုဏ်ဂူရဲ့ ခေါင်းမိုးပေါ်ကနေ မိုးရွာခြင်း၊ နှင်းကျခြင်းတွေကြောင့် ဖြစ်တည်လာတဲ့ ကျောက်စက်ပန်းဆွဲတွေ တွဲလွဲကျနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီပန်းဆွဲနေရာတွေက ရေချို တစ်စက် တစ်စက်ကျနေပါတယ်။ အဲဒီရေချိုတစ်ပေါက်ခြင်းစီကို မျှဝေသောက်သုံးရင်း အသက်ရှင်ဖို့ ကြိုးစားခဲ့ကြတာပါ။

ကလေးတွေအဖွဲ့ကို တွေ့ရှိပြီးချိန်မှာ ဆရာဝန်နဲ့ ဆွေးနွေးညှိနှိုင်းရေးပုဂ္ဂိုလ်တို့အပါအဝင် ထိုင်းရေတပ်မတော်က အဖွဲ့ဝင် ၇ ဦးတို့က အတူတူရှိနေပေးကြပါတယ်။ ထိုင်းဝန်ကြီးချုပ် ဖရာရွတ်ချန်အိုချာ က ဒီအရေးမှာ လာရောက်ကူညီကြတဲ့ အဖွဲ့တွေ နိုင်ငံခြားသားတွေအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားခဲ့ပါတယ်။

ကလေးတွေကို အပြင်ကိုပြန်လည် ကယ်ထုတ်နိုင်ဖို့ အစီစဉ်နှစ်ခု Plan A, Plan B ရေးဆွဲထားပါတယ်။ ရေတွေလွှမ်းနေတာက အကြီးမားဆုံး အဟန့်အတားဖြစ်နေပြီး အတိုင်းတာတစ်ခုထိ လိုအပ်သလောက် ရေတွေကို စုပ်ထုတ်ပြီးပါက ကလေးတွေကို ပြန်လည်ကယ်ထုတ်မယ်လို့ ရေတပ်တပ်မှူး Rear Admiral Apakorn Yuukongkaew က ပြောကြားခဲ့ပါတယ်။

“အကယ်၍ အဲဒီနည်းက အလုပ်မဖြစ်ဘူးဆိုရင် အခြားနည်း ပြောင်းသုံးပါမယ်၊ ကျွန်တော်တို့မှာ Plan A Plan B ရှိပါတယ်၊ ကလေးတွေအားလုံး သူတို့မိဘတွေဆီကို မလွဲမသွေပြန်ကြရမှာပါ” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် Plan A နဲ့ Plan B က ဘယ်လိုတွေ စီစဉ်ထားတယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။

ဦးစွာ သူတို့ကို ကျန်းမာသန်စွမ်းလာအောင် လုပ်ပြီးပါက ရေငုတ်ခြင်းဆိုင်ရာ အခြေခံတွေကို လိုအပ်သလောက် လေ့ကျင့်သင်းကြားပေးမှာဖြစ်ပါတယ်။ လှိုဏ်ဂူထဲက ရေတွေကို အင်္ဂါနေ့ထဲက ၇၅ နာရီကြာဆက်တိုက် စုပ်ထုတ်ခဲ့ရာ လီတာပေါင်း သန်း ၁၂၀ လောက် စုပ်ထုတ်ပြီးပြီဖြစ်ပါတယ်။

၁၃ ယောက်အဖွဲ့ဟာ သူတို့ရဲ့ကျန်းမာရေး၊ ခန္ဓာကိုယ်ကြွက်သား ပြန်လည်ဖြည့်တင်းရေးတွေက ခြိမ်းခြောက်နေဆဲဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာက ပိုပြီးကြံ့ခိုင်တာကြောင့် မျှော်လင့်ချက် ပျောက်ဆုံးမသွားပဲ မှောင်မဲစိုစွတ်ပြီး ဘာမှစားစရာသောက်စရာမရှိတဲ့ နေရာမှာ ၉ ရက်ကြာအသက်ရှင်နေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အလုံးစုံပြန်လည် ကယ်ထုတ်နိုင်ဖို့ဆိုရင်တော့ ရက်သတ္တပတ်အချို့ ဒါမှမဟုတ် လပေါင်းအချို့ အချိန်ယူရမယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

“စိတ်ပိုင်းဆိုင်ရာက အရေးအကြီးဆုံးပါပဲ” ဟု ရေဘေး မီးဘေးတွေမှာ ကယ်ဆယ်ရေးအတွေ့အကြုံရှိတဲ့ ကယ်ဆယ်ရေးသမား Andrew Watson က ဆိုပါတယ်။

ကယ်ဆယ်ရေးသမားတွေကတော့ ရေပမာဏလျော့ကျသွားတာနဲ့ အမြန်ဆုံးကယ်ထုတ်သွားဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ရေကူးဖို့၊ ရေငုတ်ဖို့၊ ရေငုတ်ကရိယာတွေ အသုံးပြုနိုင်ဖို့အတွက် သင်ကြားပေးရမှာ ဖြစ်သလို အတွေ့အကြုံမရှိသေးတဲ့ ကလေးတွေ ဖြစ်နေတာကြောင့်လည်း စဉ်းစားချင့်ချိန်ပြီးမှ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

သူတို့ ၁၃ ဦးအဖွဲ့ကို စတင်တွေ့ရှိခဲ့တဲ့ ဝါရင့်အတွေ့အကြုံရှိ ဗြိတိသျရေငုတ်သမား John Volanthen နဲ့ Rick Staton နှစ်ဦးတို့ဟာ အဲဒီနေရာကို ရောက်ဖို့ ရေအောက်လမ်းကြောင်းကျဉ်းကျည်းလေးထဲမှာ နာရီနဲ့ချီပြီး လုံးပန်းကြိုးစား တိုးဝင်ခဲ့ကြရတာဖြစ်ပါတယ်။

Ref:CNA

Credit – popolay

Comments