အံ့ၾသသြားေလာက္ေအာင္ အဆင့္ျမင့္တဲ့ ဂူထဲက ကေလးေတြ ၿခံဳထားတဲ့ အေရးေပၚေဆာင္





ထိုင္းကေလးမ်ားျခံဳထားသည့္ အေရးေပၚအာကာသျခံဳေစာင္
လွိုဏ္ဂူအတြင္းမွထိုင္းကေလးမ်ား၏အေျခအေနႏွင့္ပတ္သက္၍ ဒုတိယေျမာက္ရုပ္သံဗီဒီယိုကို ထိုင္းေရတပ္အထူးတပ္ဖြဲ ့က ယေန ့( ဇူလိုင္ ၄) နံနက္တြင္၄င္းတို ့ ၏ FB မွ ထုတ္ျပန္ေပးခဲ့သည္။
ကေလးမ်ားမွာ ဂူအျပင္မွ ေစာင့္ဆိုင္းေနသူမ်ားအား ႏွုတ္ဆက္စကားေျပာခြင့္ရခဲ့ၾကျပီး ကေလးမ်ား၏ က်န္းမာေရးအေျခအေနကလည္း ေကာင္းမြန္ေနေၾကာင္းသိရသည္။ ေရတပ္အထူးတပ္ဖြဲ ့မ်ားႏွင့္အတူ ေရငုပ္က်ြမ္းက်င္သည့္ စစ္တပ္ဆရာဝန္မ်ားလည္း လိုက္ပါသြားကာ ကေလးမ်ား၏ က်န္းမာေရးအေျခအေနကို စစ္ေဆးေပးခဲ့ျခင္းျဖစ္သည္။
ထိုင္း Navy Seal မွ ဒုတိယေျမာက္တရားဝင္ထုတ္ျပန္ေပးခဲ့သည္ ့ ဗီဒီယိုတြင္ ကေလးမ်ားက Space Emergency Blanket အေရးေပၚအာကာသျခံဳေစာင္မ်ားကို ဝတ္ဆင္ထားၾကသည္ကို ေတြ ့ရသည္။
အဆိုပါ အေရးေပၚအာကာသဝတ္စံုႏွင့္ပတ္သက္သည့္သတင္းအေၾကာင္းအရာအား ကေလးမ်ားကို ျပန္လည္ မေတြ ့ခင္ ဇူလိုင္ ၂ နံနက္ပိုင္းကတည္းကထိုင္းသတင္း မီဒီယာတစ္ခုမွ အယ္ဒီတာတစ္ဦးက ၄င္း၏ ကိုယ္ပိုင္ FB တြင္ တင္ထားခဲ့ျခင္းျဖစ္သည္။
အဆိုပါ အေရးေပၚအာကာသျခံဳေစာင္ကို အေရးေပၚေစာင္ဟုလည္းေခၚဆိုၾကေၾကာင္း အေမရိကန္နာဆာမွ ပထမဆံုးတီထြင္ထုတ္လုပ္ခဲ့ျခင္းျဖစ္ျပီး၁၉၆၄ခုႏွစ္တြင္ စတင္ထုတ္လုပ္ခဲ့ကာ လကမ႓ာသို ့ သြားသည့္ အပိုလို အာကာသခရီးစဥ္တစ္ခုတြင္ အသံုးျပဳခဲ့ေၾကာင္း အာကာသယာဥ္မွူး၏ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းခ်ဳပ္ေပး ႏိုင္သည့္ ဝတ္စံုျဖစ္ကာ ပလပ္စတစ္အပါအဝင္ အလူမီနီယံေလာင္းထားသည့္သတၱဳမ်ားျဖင့္ ထည့္သြင္းခ်ဳပ္လုပ္ထားေၾကာင္း ၄င္းက ေရးသားထားသည္။
ထို ့အတူ ခႏၶာကိုယ္တြင္းမွ အပူခ်ိန္က်ဆင္းမွု ့ကို ၈၀ ရာခိုင္ႏွုန္းအထိကာကြယ္ေပးႏိုင္သည့္ အေရးေပၚျခံေစာင္ျဖစ္ေၾကာင္းကိုလည္း ကေလးမ်ားအား ရွာေဖြ မေတြ ့မီ ဇူလိုင္ ၂ နံနက္ပိုင္းကတည္းက အဆိုပါ သတင္းအယ္ဒီတာက ၄င္း၏ FB တြင္ ထိုင္းဘာသာျဖင့္ေရးတင္ခဲ့ျခင္းျဖစ္သည္။
ယေန ့( ဇူလိုင္ ၄ ) နံနက္က ထိုင္း Navy Seal မွ ထုတ္ျပန္သည့္ ဒုတိယေျမာက္ ရုပ္သံဗီဒီယိုတြင္ အဆိုပါ Space Emergency Blanket မ်ားကို ထိုင္းကေလးမ်ားဝတ္ဆင္ထားျခင္းအား ေတြ ့ျမင္ခဲ့ရျခင္းျဖစ္သည္။
Ref း Thai Navy Seal Video
The Ladies News
===========
ထိုင်းကလေးများခြုံထားသည့် အရေးပေါ်အာကာသခြုံစောင်
လှိုဏ်ဂူအတွင်းမှထိုင်းကလေးများ၏အခြေအနေနှင့်ပတ်သက်၍ ဒုတိယမြောက်ရုပ်သံဗီဒီယိုကို ထိုင်းရေတပ်အထူးတပ်ဖွဲ ့က ယနေ ့( ဇူလိုင် ၄) နံနက်တွင်၄င်းတို ့ ၏ FB မှ ထုတ်ပြန်ပေးခဲ့သည်။
ကလေးများမှာ ဂူအပြင်မှ စောင့်ဆိုင်းနေသူများအား နှုတ်ဆက်စကားပြောခွင့်ရခဲ့ကြပြီး ကလေးများ၏ ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်နေကြောင်းသိရသည်။ ရေတပ်အထူးတပ်ဖွဲ ့များနှင့်အတူ ရေငုပ်ကျွမ်းကျင်သည့် စစ်တပ်ဆရာဝန်များလည်း လိုက်ပါသွားကာ ကလေးများ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးပေးခဲ့ခြင်းဖြစ်သည်။
ထိုင်း Navy Seal မှ ဒုတိယမြောက်တရားဝင်ထုတ်ပြန်ပေးခဲ့သည် ့ ဗီဒီယိုတွင် ကလေးများက Space Emergency Blanket အရေးပေါ်အာကာသခြုံစောင်များကို ဝတ်ဆင်ထားကြသည်ကို တွေ ့ရသည်။
အဆိုပါ အရေးပေါ်အာကာသဝတ်စုံနှင့်ပတ်သက်သည့်သတင်းအကြောင်းအရာအား ကလေးများကို ပြန်လည် မတွေ ့ခင် ဇူလိုင် ၂ နံနက်ပိုင်းကတည်းကထိုင်းသတင်း မီဒီယာတစ်ခုမှ အယ်ဒီတာတစ်ဦးက ၄င်း၏ ကိုယ်ပိုင် FB တွင် တင်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အရေးပေါ်အာကာသခြုံစောင်ကို အရေးပေါ်စောင်ဟုလည်းခေါ်ဆိုကြကြောင်း အမေရိကန်နာဆာမှ ပထမဆုံးတီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး၁၉၆၄ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ကာ လကမ႓ာသို ့ သွားသည့် အပိုလို အာကာသခရီးစဉ်တစ်ခုတွင် အသုံးပြုခဲ့ကြောင်း အာကာသယာဉ်မှူး၏ခန္ဓာကိုယ်အပူချိန်ကို ထိန်းချုပ်ပေး နိုင်သည့် ဝတ်စုံဖြစ်ကာ ပလပ်စတစ်အပါအဝင် အလူမီနီယံလောင်းထားသည့်သတ္တုများဖြင့် ထည့်သွင်းချုပ်လုပ်ထားကြောင်း ၄င်းက ရေးသားထားသည်။
ထို ့အတူ ခန္ဓာကိုယ်တွင်းမှ အပူချိန်ကျဆင်းမှု ့ကို ၈၀ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်သည့် အရေးပေါ်ခြံစောင်ဖြစ်ကြောင်းကိုလည်း ကလေးများအား ရှာဖွေ မတွေ ့မီ ဇူလိုင် ၂ နံနက်ပိုင်းကတည်းက အဆိုပါ သတင်းအယ်ဒီတာက ၄င်း၏ FB တွင် ထိုင်းဘာသာဖြင့်ရေးတင်ခဲ့ခြင်းဖြစ်သည်။
ယနေ ့( ဇူလိုင် ၄ ) နံနက်က ထိုင်း Navy Seal မှ ထုတ်ပြန်သည့် ဒုတိယမြောက် ရုပ်သံဗီဒီယိုတွင် အဆိုပါ Space Emergency Blanket များကို ထိုင်းကလေးများဝတ်ဆင်ထားခြင်းအား တွေ ့မြင်ခဲ့ရခြင်းဖြစ်သည်။
Ref း Thai Navy Seal Video
The Ladies News

Comments