

Photo Credit
credit #Zinmoe
#ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ် ကိုကာကွယ်ရင်းအသက်စွန့်လွှတ်ခဲ့သော်
ကျိုက်ထို အမှတ် ၂ ခြေမြန်တပ်ရင်းမှ တပ်သား
#စောတင်မောင်ဝင်းအား ယနေ့ညနေ ၄နာရီ ၃ဝကျော်ခန့်တွင် စစ်အခမ်းအနားဖြင့် သဂြိုလ်ပြီးစီး
ဘီးလင်းမြို့နယ်အတွင်း ရေဘေးသင့်ဒေသခံပြည်သူများအား ကူညီကယ်ဆယ်စဉ် ရေစီးနှင့်အတူ မျောပါသွားခဲ့သည့် စစ်သည် ၃ ဦးအနက် စစ်သည် ၁ ဦး၏ ရုပ်အလောင်းအားပြန်လည်တွေ့ရှိ၊ ကျန်စစ်သည် ၂ ဦးအား ဆက်လက်ရှာဖွေလျက်ရှိ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဇူလိုင် ၂၅ ရက် ရေကြီး ရေလျှံမှုများကြောင့် နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရေ ဘေးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိစဉ် ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းတွင် ရေစီးနှင့်အတူ မျောပါပျောက်ဆုံး သွားခဲ့သည့် စစ်သည် ၃ ဦးအနက် စစ်သည် ၁ ဦး၏ ရုပ်အလောင်းအား ယနေ့ နေ့လယ်ပိုင်းတွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံကယ်ဆယ်ရေးအဖွဲ့များနှင့် ရေကူး ကျွမ်းကျင်သူများ ပူးပေါင်း၍ အဆိုပါစစ်သည် ၃ ဦးမျောပါရာရေစီးကြောင်းတစ်လျှောက်၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မစောတံတား၏ တောင်ဘက်မီတာ ၅၀၀ ခန့်အကွာ နေရာရှိ
ရေအောက်ချုံနွယ်များအတွင်း ငြိတွယ်လျက် ရှိသော စစ်သည်တစ်ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်စစ်သည် ၂ ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သတင်း ရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Photo Credit
credit #Zinmoe

Comments