ဖတ္မိသူတိုင္း ငိုမိပါလိမ့္မယ္.. ဂူတြင္းေပ်ာက္ေနတဲ့ သူငယ္ခ်င္းအတြက္ သူကူညီႏိုင္တာ ကူညီခ်င္လို႔ပါတဲ့



သန္ေလာင္နန္ႏြန္ဂူထဲတြင္ ေပ်ာက္ဆံုးေနသည့္ သူငယ္ခ်င္းအတြက္ အမွိုက္သိမ္းကူညီေနသည့္ လူငယ္ေလး
ဇြန္ ၂၃ ရက္ေန ့မြန္းလြဲပိုင္းကတည္းက သန္ေလာင္နန္ႏြန္ လွိုဏ္ဂူအတြင္းသို ့ ဝင္ေရာက္ျပီးေနာက္ ေပ်ာက္ဆံုးေနသည့္ ကေလး ၁၂ ဦးႏွင့္ နည္းျပျဖစ္သူတို ့ကိုထိုင္းအစိုးရက ႏိုင္ငံေတာ္အဆင့္သတ္မွတ္ကာ ရွာေဖြမွု ့မ်ားျပဳလုပ္ေနသည္မွာ ယေန ့(ဇြန္ ၃၀) ဆိုပါက သီတင္းပတ္ တစ္ပတ္ျပည့္ခဲ့ျပီ ျဖစ္သည္။
ယခုရွာေဖြကယ္ဆယ္ေရး လုပ္ငန္းစဥ္ကို ေဒသဆိုင္ရာခ်င္းရိုင္တာဝန္ရွိသူမ်ားသာမကထိုင္းဗဟိုအစိုးရမွတာဝန္ရွိသူမ်ား တပ္မေတာ္ ရဲတပ္ဖြဲ ့ဝင္မ်ား ၾကက္ေျခနီအဖြဲ ့ဝင္မ်ားသာမက လူမွု ့ေရးအဖြဲ ့အစည္းမ်ားကလည္း လာေရာက္ပူးေပါင္းကူညီေနသကဲ့သို ့ ျပည္ပႏိုင္ငံမ်ားမွလည္းကူညီေပးမွု ့မ်ားရွိေနကာ လူေပါင္း ၁၀၀၀ ခန့္ျဖင့္ ဇြဲမေလ်ာ့စတမ္းရွာေဖြေနၾကျခင္းျဖစ္သည္။
လွိုဏ္ဂူသို ့ေရာက္ရွိေနသူမ်ားစြာ ရွိေနသကဲ့သို ့၄င္းတို ့အတြက္ စားေသာက္ဖြယ္ရာမ်ားကိုလည္း လွဴဒါန္းေပးေနၾကသူမ်ားရွိေနၾကသည္။ လူသြားလူလာထူထပ္ ရွုပ္ေထြးေနေသာ္လည္း အမွိုက္သရိုက္မ်ားကင္းစင္ေနျခင္းမွာထိုင္းလူမွု ့ေရးအဖြဲ ့အစည္းမ်ားက ေစတနာ့ဝန္ထမ္း မ်ားအျဖစ္ ေန ့စဥ္အမွိုက္မ်ားလာေရာက္သိမ္းဆည္းေပးေနျခင္းေၾကာင့္ ျဖစ္ေၾကာင္း သိရသည္။
ထို ့အတူ ထိုကဲ့သို ့ အမွိုက္မ်ားလာေရာက္သိမ္းဆည္းေပးေနသူမ်ားထဲတြင္အဖြဲ ့ႏွင့္မဟုတ္ဘဲသီးျခားတစ္ဦးတည္း အမွိုက္မ်ားကို လိုက္လံေကာက္သိမ္းေနသည့္ ဆယ္ေက်ာ္သက္အရြယ္ လူငယ္ေလးတစ္ဦးလည္းပါဝင္ခဲ့သည္။
“‘မက္မန္သီးေလး ” ဟုအမည္ရသည့္ အဆိုပါလူငယ္ေလးကို ထိုင္းေန ့စဥ္သတင္းစာတစ္ေစာင္မွ ဂ်ာနယ္လစ္က ေမးျမန္းခဲ့ရာ – —
“” က်ြန္ေတာ္က ခ်င္းရိုင္ခရိုင္ အမွတ္ ၁ ေက်ာင္းကပါ။ ဒီေန ့က စေနေန ့ဆိုေတာ့ ေက်ာင္းပိတ္တယ္ေလ။ ဒီရွာေဖြေရးလုပ္ငန္းေတြမွာ ကူညီခ်င္လို ့ပါ။ က်ြန္ေတာ္ ကူညီႏိုင္တဲ့အရာရွိရင္ ကူညီမွာပါ အစ္ကို။ ဒီကိုလာဖို ့ အိမ္ကေန စက္ဘီးစီးလာခဲ့တာပါ။ ဂူဝေရာက္ဖို ့ တစ္ ကီလိုမီတာ ( ၀ ဒသာမ ၆၂၁ မိုင္) ေလာက္ တစ္ေယာက္တည္း လမ္းေလ်ာက္ခဲ့ရပါတယ္။ ကူညီလို ့ရသမွ်ကူညီဖို ့ လာတာပါ။ က်ြန္ေတာ့္သူငယ္ခ်င္းျဖစ္တဲ့ Qui က ေတာဝက္ရိုင္းေဘာလံုးအသင္းကပါ။ ဒီလွိုဏ္ဂူထဲမွာ ပိတ္မိေနတဲ့ ၁၃ ဦးထဲက တစ္ေယာက္ပါ ” ဟု အဆိုပါလူငယ္ေလးက ေျပာၾကားခဲ့သည္။အသက္ငယ္ေသာ္လည္းကူညီလိုစိတ္ျဖင့္ အမွိုက္သိမ္းကူညီျခင္းကို ခ်ီးက်ဳးမွု ့ သူငယ္ခ်င္းႏွစ္ဦးၾကားမွ ျဖစ္ရပ္အတြက္ ဝမ္းနည္းမွု ့မ်ားျဖင့္ ေမးျမန္းခဲ့သည့္ သတင္းေထာက္က လူမွု ့ကြန္ရက္တြင္ တင္ခဲ့ရာ Like ႏွင့္ Share ျပဳလုပ္သူ အလြန္မ်ားျပားခဲ့သည္။
Refး Joey Kanis
Credit to The Ladies News
==========
သန်လောင်နန်နွန်ဂူထဲတွင် ပျောက်ဆုံးနေသည့် သူငယ်ချင်းအတွက် အမှိုက်သိမ်းကူညီနေသည့် လူငယ်လေး
ဇွန် ၂၃ ရက်နေ ့မွန်းလွဲပိုင်းကတည်းက သန်လောင်နန်နွန် လှိုဏ်ဂူအတွင်းသို ့ ဝင်ရောက်ပြီးနောက် ပျောက်ဆုံးနေသည့် ကလေး ၁၂ ဦးနှင့် နည်းပြဖြစ်သူတို ့ကိုထိုင်းအစိုးရက နိုင်ငံတော်အဆင့်သတ်မှတ်ကာ ရှာဖွေမှု ့များပြုလုပ်နေသည်မှာ ယနေ ့(ဇွန် ၃၀) ဆိုပါက သီတင်းပတ် တစ်ပတ်ပြည့်ခဲ့ပြီ ဖြစ်သည်။
ယခုရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို ဒေသဆိုင်ရာချင်းရိုင်တာဝန်ရှိသူများသာမကထိုင်းဗဟိုအစိုးရမှတာဝန်ရှိသူများ တပ်မတော် ရဲတပ်ဖွဲ ့ဝင်များ ကြက်ခြေနီအဖွဲ ့ဝင်များသာမက လူမှု ့ရေးအဖွဲ ့အစည်းများကလည်း လာရောက်ပူးပေါင်းကူညီနေသကဲ့သို ့ ပြည်ပနိုင်ငံများမှလည်းကူညီပေးမှု ့များရှိနေကာ လူပေါင်း ၁၀၀၀ ခန့်ဖြင့် ဇွဲမလျော့စတမ်းရှာဖွေနေကြခြင်းဖြစ်သည်။
လှိုဏ်ဂူသို ့ရောက်ရှိနေသူများစွာ ရှိနေသကဲ့သို ့၄င်းတို ့အတွက် စားသောက်ဖွယ်ရာများကိုလည်း လှူဒါန်းပေးနေကြသူများရှိနေကြသည်။ လူသွားလူလာထူထပ် ရှုပ်ထွေးနေသော်လည်း အမှိုက်သရိုက်များကင်းစင်နေခြင်းမှာထိုင်းလူမှု ့ရေးအဖွဲ ့အစည်းများက စေတနာ့ဝန်ထမ်း များအဖြစ် နေ ့စဉ်အမှိုက်များလာရောက်သိမ်းဆည်းပေးနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ထို ့အတူ ထိုကဲ့သို ့ အမှိုက်များလာရောက်သိမ်းဆည်းပေးနေသူများထဲတွင်အဖွဲ ့နှင့်မဟုတ်ဘဲသီးခြားတစ်ဦးတည်း အမှိုက်များကို လိုက်လံကောက်သိမ်းနေသည့် ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ဦးလည်းပါဝင်ခဲ့သည်။
“‘မက်မန်သီးလေး ” ဟုအမည်ရသည့် အဆိုပါလူငယ်လေးကို ထိုင်းနေ ့စဉ်သတင်းစာတစ်စောင်မှ ဂျာနယ်လစ်က မေးမြန်းခဲ့ရာ – —
“” ကျွန်တော်က ချင်းရိုင်ခရိုင် အမှတ် ၁ ကျောင်းကပါ။ ဒီနေ ့က စနေနေ ့ဆိုတော့ ကျောင်းပိတ်တယ်လေ။ ဒီရှာဖွေရေးလုပ်ငန်းတွေမှာ ကူညီချင်လို ့ပါ။ ကျွန်တော် ကူညီနိုင်တဲ့အရာရှိရင် ကူညီမှာပါ အစ်ကို။ ဒီကိုလာဖို ့ အိမ်ကနေ စက်ဘီးစီးလာခဲ့တာပါ။ ဂူဝရောက်ဖို ့ တစ် ကီလိုမီတာ ( ၀ ဒသာမ ၆၂၁ မိုင်) လောက် တစ်ယောက်တည်း လမ်းလျောက်ခဲ့ရပါတယ်။ ကူညီလို ့ရသမျှကူညီဖို ့ လာတာပါ။ ကျွန်တော့်သူငယ်ချင်းဖြစ်တဲ့ Qui က တောဝက်ရိုင်းဘောလုံးအသင်းကပါ။ ဒီလှိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ ၁၃ ဦးထဲက တစ်ယောက်ပါ ” ဟု အဆိုပါလူငယ်လေးက ပြောကြားခဲ့သည်။အသက်ငယ်သော်လည်းကူညီလိုစိတ်ဖြင့် အမှိုက်သိမ်းကူညီခြင်းကို ချီးကျုးမှု ့ သူငယ်ချင်းနှစ်ဦးကြားမှ ဖြစ်ရပ်အတွက် ဝမ်းနည်းမှု ့များဖြင့် မေးမြန်းခဲ့သည့် သတင်းထောက်က လူမှု ့ကွန်ရက်တွင် တင်ခဲ့ရာ Like နှင့် Share ပြုလုပ်သူ အလွန်များပြားခဲ့သည်။
Refး Joey Kanis
Credit to The Ladies News

Comments