ကံကိုပဲ အားကိုးရတော့မှာပေါ့ ကလေးတို့ရေ… ကယ်ဆယ်ရေး နောက်ဆုံး အခြေအနေ
ကလေးတွေဝင်သွားချိန်တုန်းက ရေမတက်သေးပေမဲ့ ကလေးတွေဝင်သွားပြီးတဲ့နောက် ရေတွေတက်လာတာကြောင့် ကလေးတွေ ပြန်ထွက်ရခက်သွားတဲ့အခြေအနေရှိသွားတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေကဆိုပါတယ် နောက်ဆုံးမှာကလေးတွေက ရွံနွံတွေ ကိုဖြတ်ပြီး ကျောက်တောင်ကို ကုတ်ပြိးတက်သွားတဲ့လက္ခဏာတွေ တွေ့ ရတယ်လို့ ချင်းရိုင်ကလာတဲ့သတင်းတချို့ မှာပါတယ် ။
အဲဒီလှိုင်ဂူကြီးရဲ့ အကျယ်အ၀န်း (၈ )Rai လောက်ရှိပြီး ၃၂၀၀ပေလောက် ကျယ်ဝန်းတာပါ ဒီထဲမှာကျောက်တောင်အကြီးအငယ်များလည်း အများအပြားရှိပြီး ကျောက်ကြိုကျောက်ကြားတွေကအပေါက်များစွာရှိတယ်လို့လည်းဆိုပါတယ် ။
Aye Aye Mar (Saw)
မယ်ဆိုင်ဂူ ကယ်ဆယ်ရေး နောက်ဆုံး အခြေအနေ
The Irrawaddy – Burmese Edition is live
ကံကိုပဲ အားကိုးရတော့မှာပေါ့ ကလေးတို့ရေ…
ဂူ ထဲဝင်သွားတဲ့ ကလေးများ တစ်ညအိပ်ပြီးနောက် လက်ရှိ အခြေအနေ သတင်း
ကလေးတွေဝင်သွားချိန်တုန်းက ရေမတက်သေးပေမဲ့ ကလေးတွေဝင်သွားပြိီးတဲ့နောက် ရေတွေတက်လာတာကြောင့် ကလေးတွေ ပြန်ထွက်ရခက်သွားတဲ့အခြေအနေရှိသွားတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေကဆိုပါတယ် နောက်ဆုံးမှာကလေးတွေက ရွံနွံတွေ ကိုဖြတ်ပြီး ကျောက်တောင်ကို ကုတ်ပြိးတက်သွားတဲ့လက္ခဏာတွေ တွေ ့ရတယ်လို့ ချင်းရိုင်ကလာတဲ့သတင်းတချို ့မှာပါတယ် ။
အဲဒီလှိုင်ဂူဟာ မှောင်မဲနေပြီးကလေးတွေအနေနဲ့ ဓါတ်မီးလည်းကောင်းကောင်းပါသွားပုံမရသလို ရေတွေဆက်တက်လာတဲ့အတွက် အသက်ရှင်နိုင်ဖို့အတွက် တွေ ့တဲ့အပေါက်ကို ဆက်တက်သွားနိုင်တယ်ဆိုတဲ့ ယူဆချက်တွေပဲ ရှိနေပါတယ် ။
အဲဒီလှိုင်ဂူကြီးရဲ ့အကျယ်အဝန်း (၈ )Rai လောက်ရှိပြိီး ၃၂ဝဝပေလောက် ကျယ်ဝန်းတာပါ ဒီထဲမှာကျောက်တောင်အကြီးအငယ်များလည်း အများအပြားရှိပြီး ကျောက်ကြိုကျောက်ကြားတွေကအပေါက်များစွာရှိတယ်လို့လည်းဆိုပါတယ် ။
တချို ့အပေါက်တွေက တွားသွားပြိး ငုံ့ဝင်ပြီး တက်ရသလို အလင်းမရှိ မှောင်မဲနေပြီး ကြောက်စရာကောင်းတယ်လို့လည်းပြောကြပါတယ် ဒီကျောက်တောင်တွေကြားထဲမှာ မှောင်မဲနေတာကြောင့် သူတို့အချင်းချင်းလည်းလူစုကွဲသွားနိုင်သလို ကလေးတွေလည်း အပေါက်များစွာကြားထဲကိုရောက်သွားနိုင်တာမို ့အားလုံးကို ပြန်ရှာတွေ ့နိုင်ဖို့ခက်ခဲနေဆဲဖြစ်ပါတယ် ။
ကယ်ဆယ်ရေးလုပ်နေသူတွေကတော့ ရေနဲ့ရွံနွံတွေကြားမှာ ဆက်တက်ပြီးကလေးတွေကို ရှာတွေ ့ဖို ့ဆိုတာခဲယဉ်းသွားပြီးမို့ ဒီနေ့အဖို ့လက်လျော့လိုက်ကြပါပြီ။
ဒီလှိုင်ဂူမှာနှစ်စဉ်လူပျောက်တာတွေရှိပြီး ၃ရက်လောက်နေ့မှ ရှာတွေ ့တာမျိုး ၁ဝရက်နေမှရှာတွေ ့တာမျိုးတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ် ဒါပေမဲ့ အဲဒီကာလတွေတုန်းကအခုလိုရေတွေများနေတဲ့အချိန်မျိုးတော့မဟုတ်ဘူးလို့ဆိုပါတယ်။ အဲဒီအချိန်မှာတောင်မှ ရှာတွေ ့ဖို ့အခက််အခဲရှိခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်သူတွေကဆိုပါတယ် ။
အခုပျောက်ဆုံးသွားတဲ့ကလေးတွေကတော့ အသက် (၁၁)နှစ်ကနေ အသက် (၁၇)နှစ်အရွယ်ကလေးအားလုံး ၁၂ဦးဖြစ်ပြီး အသက် (၂၅)နှစ်အရွယ်နည်းပြဆရာလေး နဲ့ဆိုရင် အားလုံး(၁၃)ဦးပါ ။
ကလေးငယ်လေးတွေဆိုတော့ ဘယ်လောက်တောင်ကြောက်နေရှာမလဲမသိဘူး ။ဘယ်သူပဲဖြစ်ဖြစ် အသက်ဘေးကြုံရတဲ့အခါ ကူသူကယ်သူမတွေ ့ရခင်မှာ ထိပ်လန့်နေမှာပေါ့လေ ။
သူတို ့တွေအသက်ရှင်လျှက် ပြန်တွေ ့ရနိုင်ဖို့အတွက် ကယ်ဆယ်ရေးတွေ ဆက်လုပ်နေရဆဲဖြစ်ပါတယ် ။
ကလေးတွေကံကောင်းကြပါစေလို ့ပဲဆုတောင်းနေမိပါတော့တယ် !!!!
Aye Aye Mar (Saw)
Comments