�Update: 11:32PM ၊ 30/6/2018� (၈)ရက္ေျမာက္ေန႔ အလြန္မွာ သတင္းေကာင္းၾကားရေတာ့မယ္လို႔ အားလံုး ခန္႔မွန္းထား....



(၈)ရက္ေျမာက္ေန႔ အလြန္မွာ သတင္းေကာင္းၾကားရေတာ့မယ္လို႔ အားလံုး ခန္႔မွန္းထား

�Update: 11:32PM ၊ 30/6/2018�

::::::::::::::::::::::::::::::::::::::::::::

မယ္ဆိုင္ဂူအတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ေနတဲ့ ေတာ္ဝင္ေရတပ္အထူးအဖြဲ႕ဟာ ဇြန္လ (၃၀)ရက္ေန႔ ညပိုင္းမွာ ဂူအခန္း အမွတ္(၃)ကေန ေနာက္ထပ္ေပ (၆၀၀)ေက်ာ္ အထိကို တိုးကပ္သြားၾကၿပီလို႔ သိရပါတယ္။

ဒီေန႔လယ္ပိုင္းမွာ ရဟတ္ယာဥ္နဲ႔ ဂူရဲ႕အေပၚဘက္မွာ ရွာေဖြေတြ႔ရိွထားတဲ့ ဂူေပါက္ႏွစ္ေပါက္ကေန ကင္မရာေတြ၊ ရွာေဖြေရးကိရိယာေတြ တပ္ဆင္ေနတဲ့အဖြဲ႕နဲ႔ ဂူအတြင္းက အထူးေရငုပ္အဖြဲ႕ေတြလည္း ဆက္သြယ္မိသြားၾကၿပီး ရိကၡာ၊အင္အား ျဖည့္တင္းေနၾကၿပီလို႔ သိရပါတယ္။



ေမွ်ာ္မွန္းထားတဲ့ အတုိင္း ဒီေနရာမွာ ကေလးေတြေတြ႔ခဲ့ရင္ အျပင္ကိုေခၚထုတ္ဖို႔ လုိအပ္တဲ့ ခႏၶာကိုယ္ႀကံ႕ခုိင္မႈအတြက္ က်န္းမာေရးအတြက္ အေရးေပၚေစာင့္ေရွာက္မႈေပးႏုိင္ဖို႔ ေရငုပ္အဖြဲ႕မွာ ဆရာဝန္လည္း ပါဝင္လာၿပီး ဂူေပါက္တစ္ေလွ်ာက္မွာလည္း ေအာက္စီဂ်င္ဗူးေတြကို (၇၅) ေပအကြာတိုင္းမွာ ရိွေနဖို႔ ျပင္ဆင္ထားတယ္လုိ႔ သိရပါတယ္။

ရွာေဖြကယ္ဆယ္ေရး (၈)ရက္ေျမာက္ေန႔မွာေတာ့ ရာသီဥတုသာယာေနၿပီး ညပိုင္းအခ်ိန္ထိ မိုးရြာသြန္းျခင္းမရိွတာေၾကာင့္ မၾကာခင္ သတင္းေကာင္းၾကားရဖြယ္ရိွတယ္လုိ႔ သတင္းထုတ္ျပန္ထားပါတယ္။

လက္ရွိမွာ ရာသီဥတုတည္ၿငိမ္ေနၿပီး ေရမ်ားကို ဘက္ေပါင္းစံုက စုပ္ထုတ္ေနမႈေၾကာင့္လည္း ဂူအတြင္းေရမ်ားေလ်ာ့က်လာတဲ့အတြက္ သတင္းေကာင္းၾကားရေတာ့မယ္လို႔ ခန္းမွန္းေနၾကတာလည္းျဖစ္ပါတယ္။

Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊ ထိုင္းႏိုင္ငံ(ေျမာက္ပိုင္း)၊ ခ်င္း႐ိုင္းခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕၊ ပုံဖာရပ္ကြက္ရွိ ဒြိဳင္းနန္းႏြန္းေတာင္ေျခ အနီး ဇြန္လ (၂၃)ရက္ေန႔ ကတည္းက လူငယ္(၁၃)ဦး ပိတ္မိေနသည့္ ဂူအတြင္း ရွာေဖြကယ္ဆယ္မႈ လုပ္ငန္းမ်ားကို နည္းလမ္းမ်ိဳးစံုျဖင့္ ဇြန္လ(၂၃)ရက္ေန႔ ညပိုင္းကတည္းကစ၍ ယေန႔ ဇြန္လ(၃၀)ရက္ေန႔ ညပိုင္းအထိ ေဆာင္ရြက္ေနၾကျခင္းျဖစ္သည္။

#TachileikNewsAgency #TachileikNewsAgencyUpdate #TNAUpdate

===============

(၈)ရက်မြောက်နေ့ အလွန်မှာ သတင်းကောင်းကြားရတော့မယ်လို့ အားလုံး ခန့်မှန်းထား

�Update: 11:32PM ၊ 30/6/2018�

::::::::::::::::::::::::::::::::::::::::::::

မယ်ဆိုင်ဂူအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ တော်ဝင်ရေတပ်အထူးအဖွဲ့ဟာ ဇွန်လ (၃၀)ရက်နေ့ ညပိုင်းမှာ ဂူအခန်း အမှတ်(၃)ကနေ နောက်ထပ်ပေ (၆၀၀)ကျော် အထိကို တိုးကပ်သွားကြပြီလို့ သိရပါတယ်။

ဒီနေ့လယ်ပိုင်းမှာ ရဟတ်ယာဉ်နဲ့ ဂူရဲ့အပေါ်ဘက်မှာ ရှာဖွေတွေ့ရှိထားတဲ့ ဂူပေါက်နှစ်ပေါက်ကနေ ကင်မရာတွေ၊ ရှာဖွေရေးကိရိယာတွေ တပ်ဆင်နေတဲ့အဖွဲ့နဲ့ ဂူအတွင်းက အထူးရေငုပ်အဖွဲ့တွေလည်း ဆက်သွယ်မိသွားကြပြီး ရိက္ခာ၊အင်အား ဖြည့်တင်းနေကြပြီလို့ သိရပါတယ်။

မျှော်မှန်းထားတဲ့ အတိုင်း ဒီနေရာမှာ ကလေးတွေတွေ့ခဲ့ရင် အပြင်ကိုခေါ်ထုတ်ဖို့ လိုအပ်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် ကျန်းမာရေးအတွက် အရေးပေါ်စောင့်ရှောက်မှုပေးနိုင်ဖို့ ရေငုပ်အဖွဲ့မှာ ဆရာဝန်လည်း ပါဝင်လာပြီး ဂူပေါက်တစ်လျှောက်မှာလည်း အောက်စီဂျင်ဗူးတွေကို (၇၅) ပေအကွာတိုင်းမှာ ရှိနေဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ရှာဖွေကယ်ဆယ်ရေး (၈)ရက်မြောက်နေ့မှာတော့ ရာသီဥတုသာယာနေပြီး ညပိုင်းအချိန်ထိ မိုးရွာသွန်းခြင်းမရှိတာကြောင့် မကြာခင် သတင်းကောင်းကြားရဖွယ်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ရာသီဥတုတည်ငြိမ်နေပြီး ရေများကို ဘက်ပေါင်းစုံက စုပ်ထုတ်နေမှုကြောင့်လည်း ဂူအတွင်းရေများလျော့ကျလာတဲ့အတွက် သတင်းကောင်းကြားရတော့မယ်လို့ ခန်းမှန်းနေကြတာလည်းဖြစ်ပါတယ်။

Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းကစ၍ ယနေ့ ဇွန်လ(၃၀)ရက်နေ့ ညပိုင်းအထိ ဆောင်ရွက်နေကြခြင်းဖြစ်သည်။

#TachileikNewsAgency #TachileikNewsAgencyUpdate #TNAUpdate

Comments