ဆြမ္းဘုန္းေပးခါနီး အုန္းေမာင္းေခါက္တာ ဘာေၾကာင့္လဲ ? သိခ်င္လို ့လိုက္ရွာေနတာ ၾကာျပီဗ်ာ ခုမွသိရေတာ့တယ္ :D



ဂ်ပန္ေခတ္က ျဖစ္သည္စစ္ကိုင္းေတာင္ရိုး မဂၤလာေစတီေခ်ာင္သို႔ဂ်ပန္အရာရွိတစ္ဦးႏွင့္ စကားျပန္တစ္ဦးေရာက္လာ၏။

ဆြမ္းစားခ်ိန္ျဖစ္ေသာေၾကာင့္ ေၾကးေမာင္းထိုးတံုးေခါက္ရာ ဂ်ပန္အရာရွိက ဘာလုပ္တာလဲ ဟုေမး၏။

စကားျပန္က ဆြမ္းစားမွာမို႔ ေၾကးေမာင္းထိုးတံုးေခါက္ျခင္းျဖစ္ေၾကာင္း ရွင္းျပရာဂ်ပန္အရာရွိႀကီးက ....

” ဒဘုန္းႀကီးေတြ သူမ်ားလွဴတဲ့ဆြမ္းစားတာေတာင္ ဒီလို ေၾကးေမာင္းေတြတံုးေတြေခါက္ၿပီးစားရင္ ကိုယ့္ဖာသာရွာစားရင္ေတာ့ အေျမာက္ေဖာက္ၿပီးမ်ား စားမလား မသိဘူး” ဟု မွတ္ခ်က္ျပဳသတဲ့.....

ထိုမွတ္ခ်က္ကို စကားျပန္က မဂၤလာေစတီဆရာေတာ္ႀကီးအား ေလွ်ာက္ထားရာဆရာေတာ္ႀကီးက ....

” ဘုန္းႀကီးတို႔ ဒီလိုေၾကးေမာင္းထိုး တံုးေတြ ေခါက္ၿပီးစားတာဟာ ၾကြားခ်င္လို႔ မဟုတ္ဘူး။



ဒီအနီးအနားမွာ ဘုရားဖူး ခရီးသြားသံဃာေတာ္ေတြ ဆြမ္းမျပည့္စံုေသးရင္ဒီေနရာမွာ ဆြမ္း ဆြမ္းဟင္းအျပည့္အစံု ရွိပါတယ္။

ဆြမ္းစားၾကြေတာ္မူၾကပါလို႔ အသိေပးဖိတ္ၾကားတာ ျဖစ္​တဲ့အျပင္​ ေနာက္​ၿပီး​ေတာ့ ႐ြာ​ေတြက ဆြမ္း ဆြမ္​းဟင္​​း ​ေလာင္​းလွဴ​ၾကေသာ ဆြမ္​ဒါယိကာ ဆြမ္​းဒါယိကာမ မ်ားအ​ေနျဖင့္​ ...

့မိမိတို႔လွဴလိုက္​တဲ့ ဆြမ္​း ခဲဘြယ္တို႔ကို ​ဆရာ​ေတာ္​ သံဃာ​ေတာ္​မ်ား ဘုန္​း​ေပးသံုး​ေဆာင္​ ​ေတာ့မွာျဖစ္​တဲ့အတြက္​အလွဴရွင္​မ်ားအ​ေနျဖင္​့ ​ေကာင္​းမႈကုသိုလ္​ အစုစုအတြက္​ သာဓုအႏု​ေမာဒနာ ​ေခၚဆိုနိုင္​ဘို႔ျဖစ္​တယ္​ တကာဟု ရွင္းျပ၏။



ဆရာေတာ္ႀကီး ရွင္းျပတာကို နားေထာင္၍ဂ်ပန္အရာရွိႀကီးက နားလည္သေဘာက်သည့္အေနျဖင့္ အႀကိမ္ႀကိမ္ အေလးျပဳသြားသည္ဟူ၏ေပးလိုသည့္ မွတ္ခ်က္မွာ ....

ခရီးသြား ဆရာေတာ္သံဃာေတာ္တို႔အေနျဖင့္ ဆြမ္းဘုဥ္းခ်ိန္ေရာက္လွ်င္စားေသာက္ဆိုင္မ်ားဝင္၍ အကုန္အက်ခံဘုဥ္းေပးေတာ္မမူၾကပါႏွင့္...။

သိသိ မသိသိ ဆြမ္းစားခ်ိန္ ေၾကးေမာင္းထိုးတံုးေခါက္ေသာ ေက်ာင္းတိုက္မ်ားသို႔သာဝင္ေရာက္ ဘုဥ္းေပးေတာ္မူၾကပါ။

၎ေၾကးေမာင္းသံ တံုးေခါက္သံတို႔သည္အရွင္ဘုရားတို႔အား ဆြမ္းစားပင့္ျခင္းပင္ျဖစ္ပါေပ၏။



photo ဘုန္​းမင္​းျမတ္

AshinTe jawtara မွကူးယူေဖာ္ျပသည္။

===============

ဂျပန်ခေတ်က ဖြစ်သည်စစ်ကိုင်းတောင်ရိုး မင်္ဂလာစေတီချောင်သို့ဂျပန်အရာရှိတစ်ဦးနှင့် စကားပြန်တစ်ဦးရောက်လာ၏။

ဆွမ်းစားချိန်ဖြစ်သောကြောင့် ကြေးမောင်းထိုးတုံးခေါက်ရာ ဂျပန်အရာရှိက ဘာလုပ်တာလဲ ဟုမေး၏။

စကားပြန်က ဆွမ်းစားမှာမို့ ကြေးမောင်းထိုးတုံးခေါက်ခြင်းဖြစ်ကြောင်း ရှင်းပြရာဂျပန်အရာရှိကြီးက ....

” ဒဘုန်းကြီးတွေ သူများလှူတဲ့ဆွမ်းစားတာတောင် ဒီလို ကြေးမောင်းတွေတုံးတွေခေါက်ပြီးစားရင် ကိုယ့်ဖာသာရှာစားရင်တော့ အမြောက်ဖောက်ပြီးများ စားမလား မသိဘူး” ဟု မှတ်ချက်ပြုသတဲ့.....

ထိုမှတ်ချက်ကို စကားပြန်က မင်္ဂလာစေတီဆရာတော်ကြီးအား လျှောက်ထားရာဆရာတော်ကြီးက ....

” ဘုန်းကြီးတို့ ဒီလိုကြေးမောင်းထိုး တုံးတွေ ခေါက်ပြီးစားတာဟာ ကြွားချင်လို့ မဟုတ်ဘူး။

ဒီအနီးအနားမှာ ဘုရားဖူး ခရီးသွားသံဃာတော်တွေ ဆွမ်းမပြည့်စုံသေးရင်ဒီနေရာမှာ ဆွမ်း ဆွမ်းဟင်းအပြည့်အစုံ ရှိပါတယ်။

ဆွမ်းစားကြွတော်မူကြပါလို့ အသိပေးဖိတ်ကြားတာ ဖြစ်​တဲ့အပြင်​ နောက်​ပြီး​တော့ ရွာ​တွေက ဆွမ်း ဆွမ်​းဟင်​​း ​လောင်​းလှူ​ကြသော ဆွမ်​ဒါယိကာ ဆွမ်​းဒါယိကာမ များအ​နေဖြင့်​ ...

့မိမိတို့လှူလိုက်​တဲ့ ဆွမ်​း ခဲဘွယ်တို့ကို ​ဆရာ​တော်​ သံဃာ​တော်​များ ဘုန်​း​ပေးသုံး​ဆောင်​ ​တော့မှာဖြစ်​တဲ့အတွက်​အလှူရှင်​များအ​နေဖြင်​့ ​ကောင်​းမှုကုသိုလ်​ အစုစုအတွက်​ သာဓုအနု​မောဒနာ ​ခေါ်ဆိုနိုင်​ဘို့ဖြစ်​တယ်​ တကာဟု ရှင်းပြ၏။

ဆရာတော်ကြီး ရှင်းပြတာကို နားထောင်၍ဂျပန်အရာရှိကြီးက နားလည်သဘောကျသည့်အနေဖြင့် အကြိမ်ကြိမ် အလေးပြုသွားသည်ဟူ၏ပေးလိုသည့် မှတ်ချက်မှာ ....

ခရီးသွား ဆရာတော်သံဃာတော်တို့အနေဖြင့် ဆွမ်းဘုဉ်းချိန်ရောက်လျှင်စားသောက်ဆိုင်များဝင်၍ အကုန်အကျခံဘုဉ်းပေးတော်မမူကြပါနှင့်...။

သိသိ မသိသိ ဆွမ်းစားချိန် ကြေးမောင်းထိုးတုံးခေါက်သော ကျောင်းတိုက်များသို့သာဝင်ရောက် ဘုဉ်းပေးတော်မူကြပါ။

၎င်းကြေးမောင်းသံ တုံးခေါက်သံတို့သည်အရှင်ဘုရားတို့အား ဆွမ်းစားပင့်ခြင်းပင်ဖြစ်ပါပေ၏။

photo ဘုန်​းမင်​းမြတ်

AshinTe jawtara မှကူးယူဖော်ပြသည်။

Comments