သက္ဆုိင္ရာ တာဝန္႐ွိသူမ်ားမွ အျမန္ဆုံးကုိင္တြယ္ေျဖ႐ွင္းေပးႏုိင္ပါရန္ ေမတၱာရပ္ခံအပ္ပါသည္..



သက္ဆုိင္ရာတာဝန္႐ွိသူမ်ားမွ အျမန္ဆုံးကုိင္တြယ္ေျဖ႐ွင္းေပးႏုိင္ပါရန္ ေမတၱာရပ္ခံအပ္ပါသည္..

တာဝန္႐ွိသူမ်ားသိ႐ွိေစရန္ Share ေပးၾကပါလုိ႔အကူညီေတာင္းခံအပ္ပါတယ္

မုဒုံျမဳိ့ေကာ့ခပုံေက်းရြာ ေမာ္-သံကားလမ္းမေဘး ျမင္းႏွစ္ေကာင္ဘုရားမုဒ္ဝအနီးတြင္ ေမာ္လျမဳိင္ဘက္မွ ‘ဆြံအ’ေနသူအမ်ဳိးသမီးတစ္ဦးသည္ အသက္ ၅ ႏွစ္ခန့္အရြယ္ ကေလးငယ္တစ္ဦးႏွင့္ လသားအရြယ္ကေလးငယ္တစ္ဦးအားအသုံးျပဳကာေန႔စဥ္ ေတာင္းရမ္းစားေသာက္ေနပါသည္။



အဆုိပါအမ်ဳိးသမီးကုိ လြန္ခဲ့ေသာ ၄ လခန္႔က လမ္းေပၚတြင္မူးလဲ၍ က်ြန္ေတာ္တုိ႔ မုဒုံအေရးေပၚကယ္ဆယ္ေရးအဖြဲ႔မွ မုဒုံေဆး႐ုံသုိ႔ ကယ္ဆယ္ျပဳစုပုိ႔ေဆာင္ေပးခဲ့ရဖူးပါသည္။ လက္႐ွိအခ်ိန္တြင္လည္ ကေလးငယ္အားအသုံးခ်၍လမ္းေပၚ (သုိ႔)လမ္းေဘးတြင္ ေတာင္းရမ္းစားေသာက္လ်က္႐ွိပါသည္။



ေစတနာ႐ွိသူ ျပည္သူမ်ားမွ မုိးရာသီျဖစ္သည့္အတြက္ ကေလးငယ္၏မိခင္ဆုိသူအား ေငြေၾကးေသာ္လည္ေကာင္း အဝတ္စားမ်ား ထီး မုိးကာမ်ား လႉဒါန္းေသာ္လည္ မိခင္ဆုိသည္ေတာင္းရမ္းသူသည္ ထီး မုိးကာမ်ားအား အေဝးတြင္သြားဖြက္ထားၿပီး မုိးေရထဲ၌ ခရီးသြားမ်ား သနားေအာင္ျပဳ၍ေသာ္လည္ေကာင္း ကေလးငယ္ ၂ ဦးအားအသုံးခ်၍ေသာ္လည္ေကာင္း ေတာင္းရမ္းစားေသာက္လ်က္႐ွိပါသည္။



ယေန႕နံနက္ ကြၽန္ေတာ္တုိ႔သြားေရာက္ၾကည့္႐ႈခဲ့ရာ မုိးရာသီျဖစ္သည့္အတြက္ လသားကေလးငယ္သည္ မုိးေရစုိရြဲ႔လ်က္႐ွိသည္ကုိ စိတ္မေကာင္းစြာေတြ႔႐ွိခဲ့၍ အသုံးျပဳရန္ ထီးတစ္ေခ်ာင္းဝယ္လႉေပးခဲ့ပါသည္။ စုံးစမ္းသိ႐ွိရသည္မွာ ယင္းအမ်ဳိးသမီးသည္ ေန႔စဥ္ နံနက္ ၈ နာရီခ်ိန္ခန္႔၌ လူငယ္တစ္ဦးမွ ဆုိင္ကယ္ျဖင့္ ေတာင္းရမ္းစားေသာက္ရာေနရာသုိ႔ပုိ႔ေဆာင္ေပးၿပီး ေန႔ခင္း ၁၂ နာရီ ၁ နာရီခန္႔တြင္ ၾကဳံရာလုိင္းကားျဖင့္ျပန္သြားေၾကာင္းစုံးစမ္းသိ႐ွိရပါသည္။



ထုိ႔ေၾကာင့္ မုဒုံျမဳိ့နယ္ ၊ ေမာ္လျမဳိင္ခ႐ုိင္ ၊ မြန္ျပည္နယ္ မွ တာဝန္႐ွိပုဂၢိလ္မ်ားအေနျဖင့္ ယခုကဲ့သုိ႔လုပ္ေဆာင္ေနမႈအား တားဆီးေပးပါရန္ႏွင့္ ဥပေဒႏွင့္အညီထိန္းေၾကာင္းၾကပ္မတ္ေပးပါရန္ ေတာင္းဆုိတင္ျပအပ္ပါသည္။ မုိးေရထဲ၌ စုိရြဲေသာအႏီွးျဖင့္ထုတ္ထားေသာ လူမမယ္ကေလးငယ္အားလည္ေကာင္ ေက်ာင္းေနရြယ္ အသက္ ၅ ႏွစ္ခန္႔႐ွိကေလးငယ္အားလည္ေကာင္း သနားမိေသာေၾကာင့္ယခုကဲ့သုိ႔ေတာင္းဆုိရျခင္းျဖစ္ပါသည္ ။ သက္ဆုိင္ရာတာဝန္႐ွိသူမ်ားမွ အျမန္ဆုံးကုိင္တြယ္ေျဖ႐ွင္းေပးႏုိင္ပါရန္ ေမတၱာရပ္ခံအပ္ပါသည္။



#မည္သည့္အဖြဲ႔စည္းတြင္ တာဝန္႐ွိမွန္းမသိ၍ တာဝန္သိျပည္သူတစ္ဦးအေနျဖင့္ လူမႈကြန္ယက္အသုံးျပဳကာေဖာ္ျပရျခင္းျဖစ္ပါသည္။ တာဝန္သိျပည္သူမ်ားအေနျဖင့္လည္ တာဝန္႐ွိသူမ်ားသိ႐ွိေအာင္ ဝုိင္းဝန္း Share ေပးၾကပါရန္ ေတာင္းဆုိအပ္ပါသည္။

#အမႊာညီေနာင္ 👬

Credit – San Lin Oo

============

သက်ဆိုင်ရာတာဝန်ရှိသူများမှ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်..

တာဝန်ရှိသူများသိရှိစေရန် Share ပေးကြပါလို့အကူညီတောင်းခံအပ်ပါတယ်

မုဒုံမြို့ကော့ခပုံကျေးရွာ မော်-သံကားလမ်းမဘေး မြင်းနှစ်ကောင်ဘုရားမုဒ်ဝအနီးတွင် မော်လမြိုင်ဘက်မှ ‘ဆွံအ’နေသူအမျိုးသမီးတစ်ဦးသည် အသက် ၅ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦးနှင့် လသားအရွယ်ကလေးငယ်တစ်ဦးအားအသုံးပြုကာနေ့စဉ် တောင်းရမ်းစားသောက်နေပါသည်။

အဆိုပါအမျိုးသမီးကို လွန်ခဲ့သော ၄ လခန့်က လမ်းပေါ်တွင်မူးလဲ၍ ကျွန်တော်တို့ မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ မုဒုံဆေးရုံသို့ ကယ်ဆယ်ပြုစုပို့ဆောင်ပေးခဲ့ရဖူးပါသည်။ လက်ရှိအချိန်တွင်လည် ကလေးငယ်အားအသုံးချ၍လမ်းပေါ် (သို့)လမ်းဘေးတွင် တောင်းရမ်းစားသောက်လျက်ရှိပါသည်။

စေတနာရှိသူ ပြည်သူများမှ မိုးရာသီဖြစ်သည့်အတွက် ကလေးငယ်၏မိခင်ဆိုသူအား ငွေကြေးသော်လည်ကောင်း အဝတ်စားများ ထီး မိုးကာများ လှူဒါန်းသော်လည် မိခင်ဆိုသည်တောင်းရမ်းသူသည် ထီး မိုးကာများအား အဝေးတွင်သွားဖွက်ထားပြီး မိုးရေထဲ၌ ခရီးသွားများ သနားအောင်ပြု၍သော်လည်ကောင်း ကလေးငယ် ၂ ဦးအားအသုံးချ၍သော်လည်ကောင်း တောင်းရမ်းစားသောက်လျက်ရှိပါသည်။

ယနေ့နံနက် ကျွန်တော်တို့သွားရောက်ကြည့်ရှုခဲ့ရာ မိုးရာသီဖြစ်သည့်အတွက် လသားကလေးငယ်သည် မိုးရေစိုရွဲ့လျက်ရှိသည်ကို စိတ်မကောင်းစွာတွေ့ရှိခဲ့၍ အသုံးပြုရန် ထီးတစ်ချောင်းဝယ်လှူပေးခဲ့ပါသည်။ စုံးစမ်းသိရှိရသည်မှာ ယင်းအမျိုးသမီးသည် နေ့စဉ် နံနက် ၈ နာရီချိန်ခန့်၌ လူငယ်တစ်ဦးမှ ဆိုင်ကယ်ဖြင့် တောင်းရမ်းစားသောက်ရာနေရာသို့ပို့ဆောင်ပေးပြီး နေ့ခင်း ၁၂ နာရီ ၁ နာရီခန့်တွင် ကြုံရာလိုင်းကားဖြင့်ပြန်သွားကြောင်းစုံးစမ်းသိရှိရပါသည်။

ထို့ကြောင့် မုဒုံမြို့နယ် ၊ မော်လမြိုင်ခရိုင် ၊ မွန်ပြည်နယ် မှ တာဝန်ရှိပုဂ္ဂိလ်များအနေဖြင့် ယခုကဲ့သို့လုပ်ဆောင်နေမှုအား တားဆီးပေးပါရန်နှင့် ဥပဒေနှင့်အညီထိန်းကြောင်းကြပ်မတ်ပေးပါရန် တောင်းဆိုတင်ပြအပ်ပါသည်။ မိုးရေထဲ၌ စိုရွဲသောအနှီးဖြင့်ထုတ်ထားသော လူမမယ်ကလေးငယ်အားလည်ကောင် ကျောင်းနေရွယ် အသက် ၅ နှစ်ခန့်ရှိကလေးငယ်အားလည်ကောင်း သနားမိသောကြောင့်ယခုကဲ့သို့တောင်းဆိုရခြင်းဖြစ်ပါသည် ။ သက်ဆိုင်ရာတာဝန်ရှိသူများမှ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#မည်သည့်အဖွဲ့စည်းတွင် တာဝန်ရှိမှန်းမသိ၍ တာဝန်သိပြည်သူတစ်ဦးအနေဖြင့် လူမှုကွန်ယက်အသုံးပြုကာဖော်ပြရခြင်းဖြစ်ပါသည်။ တာဝန်သိပြည်သူများအနေဖြင့်လည် တာဝန်ရှိသူများသိရှိအောင် ဝိုင်းဝန်း Share ပေးကြပါရန် တောင်းဆိုအပ်ပါသည်။

#အမွှာညီနောင် 👬

Credit – San Lin Oo

Comments