စာဖတ္သူဟာ..လက္ရွိ ဝင္ေငြနဲ႔ မရပ္တန္႔ဘဲ ဆက္လက္တိုးတက္ခ်င္တယ္ဆုိရင္ အသိေလး တခုေပးပါရေစ...



စာဖတ္သူဟာ..လက္ရွိ ဝင္ေငြနဲ႔ မရပ္တန္႔ဘဲ ဆက္လက္တိုးတက္ခ်င္တယ္ဆုိရင္ အသိေလး တခုေပးပါရေစ..

လူေတြရဲ႕ ဝင္ေငြဟာ သူတုိ႔ ရဲ႕ အရည္အခ်င္းေကာင္းနဲ႔ တုိက္ရိုက္ အခ်ိဳးက်ပါတယ္။

အရည္အခ်င္းေကာင္း နည္းသူဟာ ဝင္ေငြနည္းပါတယ္ ။ အရည္အခ်င္းေကာင္း မ်ားသူဟာ ဝင္ေငြမ်ားပါတယ္…

ကိုယ္က ဝင္ေငြမ်ားခ်င္တယ္ဆုိရင္ အရည္အခ်င္းေကာင္းေတြျမွင့္ရပါမယ္…

ဒီလုိ ျမွင့္လုိက္တုိင္းမွာ ဝင္ေငြေတြ လုိက္ၿပီးတိုးပါတယ္…

အုိေခ… ဒီ အသိေလးကို နားလည္ လက္ခံလာၿပီဆုိရင္..

ကိုယ္လုိခ်င္တဲ့ ဝင္ေငြတခုကို အရင္ ရည္မွန္းပါ..ဘယ္ေလာက္လုိခ်င္လဲ…

၁ဝ သိန္းလား၊ သိန္း ၂၀ လား၊ သိန္း ၄၀ လား…

သိန္း ၅၀ လား၊ သိန္း ၁၀၀ လား…

ဒါကို ရည္မွန္းၿပီးရင္ ဒီ ဝင္ေငြေတြရႏုိင္တဲ့ အလုပ္ကို စဥ္းစားပါ၊ ဒီအတြက္ လိုအပ္တဲ့ အရည္အခ်င္းေကာင္းေတြ ဆက္ျဖည့္ပါ။

ဒီမွာ အေရးပါလာမွာ တခုက အခ်ိန္ပါ…

အကယ္၍ မ်ား ကိုယ္ဟာ ဝင္ေငြ တိုးဖုိ႔ ႀကိဳးစားေနၿပီဆုိရင္ ကိုယ္လုပ္တဲ့ အလုပ္တုိင္းဟာ ဒီဝင္ေငြ တုိးဖုိ႔အတြက္ ျဖည့္ဆည္းေပးႏုိင္တဲ့ အလုပ္ေတြ ေရြးလုပ္ျဖစ္ဖုိ႔လုိပါတယ္။

ဒီအလုပ္ေတြ လုပ္လာၿပီဆုိရင္ ကိုယ့္ရဲ႕အခ်ိန္တန္ဖိုးလည္း တက္လာပါတယ္။

ဥပမာ –ဆုိပါစုိ႔… ကၽြန္ေတာ္တုိ႔ တေန႔ကို ၁၀ နာရီနဲ႔ ၁လကို ရက္ ၂၀ ေလာက္ အလုပ္လုပ္တယ္။

ဒီေတာ့… ရက္ ၂၀ နဲ႔ ၁၀ နာရီ ေျမွာက္လုိက္ရင္ ရက္ ၂၀ x ၁၀ နာရီ = နာရီ ၂၀၀ ရမယ္… (တလကို နာရီ ၂၀၀ အလုပ္လုပ္တယ္ေပါ့)

တလကို ၅ သိန္း ရတယ္ဆုိရင္ တစ္နာရီ ဘယ္ေလာက္တန္လဲတြက္ဖုုိ႔. ၅ သိန္းကို နာရီ ၂၀၀ နဲ႔ျပန္ စားၾကည့္ရေအာင္ လခ ၅ သိန္း / နာရီ ၂၀၀ = ၂၅၀၀ က်ပ္ ရမယ္…(တစ္နာရီဟာ ၂၅၀၀ က်ပ္တန္တယ္ေပါ့)

ကိုယ္က ဝင္ေငြ ၁၀ သိန္း ရခ်င္တာဆုိရင္ အခုန တြက္ခဲ့သလုိ …

ဝင္္ေငြ ၅ သိန္းမွာ တစ္နာရီ ၂၅၀၀ တန္ရင္..

ဝင္ေငြ ၁၀ သိန္းမွာ တစ္နာရီကို ၅၀၀၀ တန္ပါတယ္…

သိန္း ၂၀ ဆုိရင္ တစ္နာရီကို ၁ ေသာင္းတန္ပါတယ္…

သိန္း ၂၀၀ ဆုိရင္ေတာ့ တစ္နာရီကို ၁ သိန္းတန္သြားပါတယ္…

ကဲ… နာရီေတြဟာ တန္ဖိုးတက္လာၿပီလား…

“ကိုသူူရေရ.. ဒီေလာက္ ရပါ့မလား” လုိ႔ ေတြးေနရင္ဟုတ္ကဲ့.. ရႏုိင္ပါတယ္..

အရည္အခ်င္းေကာင္းတန္ဖိုးေတြသာ ျမွင့္လုုိက္ပါ…

နာရီတုိင္းဟာ အဖိုးတန္လာပါတယ္…

လူေတြ ေဖ့ဘြတ္ တခါသံုးရင္ မသိလုိက္၊ မသိဖာသာနဲ႔၁၅ မိနစ္ေလာက္ ကုန္သြားတတ္ပါတယ္..

တေန႔ကို အနည္းဆံုး ၄ေခါက္ပဲ ၾကည့္ဦး (ဒီ့ထက္မ်ားပါတယ္) ၁နာရီ ကုန္သြားပါၿပီ။

အကယ္၍ မ်ား ကိုယ္က ဝင္ေငြ သိန္း ၂၀ မွန္းထားရင္… ၁နာရီ ၁ေသာင္း ပလံုခနဲ ျဖစ္သြားပါတယ္…

ဒီအသိဝင္လာတဲ့အတြက္…ကၽြန္ေတာ္ဟာ ဝင္ေငြ ဒီေလာက္နဲ႔ မရပ္တန္႔ခ်င္ပါဘူး…

ကၽြန္ေတာ္ ဒီ့ထက္ ရခ်င္ပါတယ္… ရႏုိင္တယ္လုိ႔လည္း ယံုတယ္…

ဒီအတြက္ နည္းလမ္းေတြရွာတယ္…ပညာေတြ ထပ္ၿပီး စုေဆာင္းတယ္၊လက္ေတြ႔ က်င့္သံုးတယ္…

တကယ္ တိုးတက္လာပါတယ္…ခက္တာ တခုက…တိုးတက္လာတာနဲ႔ အညီ အလုပ္ေတြ အမ်ားႀကီးပိလာတယ္…

အလုပ္ေတြ မၿပီးျဖစ္လာပါတယ္…ဟုိဟာလုပ္ရမလုိ… ဒီဟာပဲလုပ္ရမလုိ…ဟိုအလုပ္လည္း မၿပီး… ဒီအလုပ္လည္း မၿပီးျဖစ္ပါတယ္ မိတ္ေဆြလည္း ႀကံဳဖူးမယ္ထင္ပါတယ္..

ဒီေတာ့ ဘာလုပ္ရမလဲ.. ဆက္ၿပီး ေလ့လာတယ္။ဒီေတာ့ စာအုပ္ေတြဖတ္ၾကည့္ပါတယ္..အလုပ္ၿပီးဖုိ႔ အခ်ိန္ကို စီမံရမယ္တဲ့.. Time Management ေပါ့ဗ်ာ…

လုပ္ရမယ့္ အလုပ္ေတြကို ေန႔စဥ္ ToDo list အေနနဲ႔ ခ်ေရးပါတဲ့..ဒါနဲ႔ ခ်ေရးၾကည့္ပါတယ္.. လိုက္လုပ္ပါတယ္…

ပထမပိုင္းေတာ့ ဟုတ္မလုိလိုပဲ..List ထဲက အလုပ္ေတြ ၿပီးေပမယ့္ တကယ့္တိုးတက္မႈ ကို မျမင္ရဘူး…

တကယ္ ၿပီးရမယ့္ အလုပ္ေတြ ၿပီးမလာဘူး…မၿပီးေသးတဲ့ ..အလုပ္ေတြၾကည့္ၿပီး စိတ္ဖိစီးလာတယ္..

အခ်ိန္ဇယားေတြဆြဲဆုိလုိ႔လည္း ဆြဲၾကည့္တယ္…ဒါလည္း ၁ပတ္၊ ၂ပတ္ပဲ..ၿပီးရင္ ျပန္ေမ့ေပ်ာက္ေပ်ာက္ျဖစ္ၿပီး … မလုပ္ျဖစ္ျပန္ဘူး

ဘာလုိေနသလဲ??

ဒီမွာ ေတြ႔လာတာက နည္းလမ္းသိယံုတင္မရေသးဘူး။ အသံုးျပဳပံုလည္း သိရမယ္ ဆုိတာပါ..

အလုပ္ေတြ ၿပီးယံုတင္ မရေသးဘူး၊ အေရးႀကီးတဲ့ အလုပ္ေတြကိုု ၿပီးဖုိ႔ ေရြးခ်ယ္တတ္ရမယ္ဆိုတာပါ..

အလုပ္ေတြ ျမန္ျမန္နဲ႔ မ်ားမ်ားၿပီးဖို႔ လုိပါတယ္။အဲ့ဒီ ၿပီးရမယ့္ အလုပ္ေတြမွာလည္း အေရးႀကီးတဲ့ အလုပ္ေတြပါေနဖုိ႔လုိပါတယ္…

ဒါမွ.. ၿပီးသေလာက္ အက်ိဳးရွိလာမွာပါ..ဒါမွ… အခ်ိန္ေတြ တန္ဖိုးတက္လာမွာပါ…

ဆက္လက္ေလ့လာတဲ့အခါမွာ…ဒီလုိ ေျပာင္းလဲတိုးတက္ဖုိ႔အတြက္ ဦးေႏွာက္အလုပ္လုပ္ပံုနဲ႔အေရးႀကီးတဲ့ အလုပ္ေတြကို ၿပီးေျမာက္ေအာင္အခ်ိန္ကုိ အသံုးျပဳစီမံခန္႔ခြဲပံုကို သိဖုိ႔လုိပါတယ္။

အခ်ိန္ဟာ စိတ္ခံစားမႈနဲ႔ဆုိင္ပါတယ္..ကိုယ္ႀကိဳက္တာ လုပ္ေနရင္… အခ်ိန္ကုန္မွန္းမသိကုန္ၿပီး မႀကိဳက္တာ လုပ္ရရင္ေတာ့… အခ်ိန္ၾကာတယ္လုိ႔ ခံစားရမွာပါ..ဒီလုိ ခံစားမႈဟာ ဦးေႏွာက္က ထုတ္ေပးပါတယ္..

ဒီေတာ့..အခ်ိန္ထက္ အလုပ္ကို ေရြးတတ္ဖုိ႔ လုိပါတယ္..ဘယ္အလုပ္ကို ဘယ္အခ်ိန္မွာ လုပ္ရမယ္ဆိုတာလည္း သိဖုိ႔လုုိပါတယ္..

မနက္မွာ ဘယ္အလုပ္ဟာ အသင့္ေတာ္ဆံုး..ေန႔လည္မွာ ဘယ္အလုပ္ဟာ အသင့္ေတာ္ဆံုး…ညေနမွာ ဘယ္အလုပ္ဟာ အသင့္ေတာ္ဆံုး…ဆုိတာေတြ သိလာရင္.. ေဖ့ဘြတ္လည္း ျဖတ္စရာမလုိသလုိ…အလုပ္ေတြ မၿပီးလုိ႔ စိတ္ဖိစီးတာေတြလည္း မျဖစ္လာေတာ့ပါဘူး…

ဒီနည္းလမ္းေတြကို ဆက္လက္ေလ့လာၿပီး.. က်င့္သံုးခဲ့တာလက္ရွိအထိ ေနရာတခု ေရာက္လာပါၿပီ။

ဘယ္အလုပ္ကို ဘယ္အခ်ိန္မွာလုပ္ၿပီးဘယ္လုိၿပီးရမယ္ဆိုတာပါ အဆင္သင့္ျဖစ္ေနပါၿပီ။

အလုပ္ပံုကိုု ေတြ႔လုိ႔ စိတ္ညစ္ေနမယ့္အစား…ဆက္တုိက္ အစဥ္အတုိင္း ဘယ္အလုပ္ကို ဘယ္အခ်ိန္မွာလုပ္မယ္ဆုိတာ တန္းေပၚေနပါၿပီ။

ဘာနဲ႔ေတာင္ သြားတူလည္းဆုိရင္…ရန္ကုန္ၿမိဳ႕ႀကီးေပၚကို ကၽြန္ေတာ္ အူလည္လည္နဲ႔တက္ခဲ့တုန္းကဘယ္ကားက ဘယ္ကို ေရာက္တာ မသိတဲ့အတြက္…

ခဏခဏ မွားစီးခဲ့ေပမယ့္..အခ်ိန္ၾကာလာေတာ့… ဘယ္အခ်ိန္မွာ ဘယ္ကားစီးရမယ္ဆုိတာကိုသိလာၿပီး…. သာသာယာယာ အိမ္ျပန္ေနရသလိုပါပဲ..

အလုပ္လည္းၿပီး… အခ်ိန္လည္းပုိရ….စိတ္လည္းေအး… ဝင္ေငြလည္းတိုးေပါ့ဗ်ာ..

ကိုယ္ေရာ…ဒီလုိမ်ိဳး အေရးႀကီးတဲ့ အလုပ္ေတြကို စိတ္ဖိစီးမႈ မမ်ားပဲနဲ႔စိတ္လက္ၾကည္ၾကည္နဲ႔… ဘယ္အခ်ိန္မွာ ဘာလုပ္ရမယ္…

ဘယ္လုိ လုပ္ရမယ္ဆုိတဲ့ နည္းလမ္းသာ သိသြားရင္…ဘယ္ေလာက္မ်ား အဆင္ေျပမလဲ…

ေျပာလက္စနဲ႔.. ဘယ္လုိလုပ္ရမယ္ဆုိတာ ေျပာျပပါ့မယ္..

ကၽြန္ေတာ္တုိ႔ Neuroscience ဆုိတဲ့ ဦးေႏွာက္အေၾကာင္းေလ့လာတဲ့အခါမွာ… ဦးေႏွာက္ဟာ Focus (အာရံုစိုက္မႈ)အေပၚမူတည္ၿပီး အလုပ္လုပ္ပါတယ္.

ဥပမာ။ ။ကိုယ္က အလုပ္တခု လုပ္ခ်ိန္မွာ၊ အျခားတခုကုိ သြားစဥ္းစားေနရင္ Focus ေျပာင္းသြားၿပီး..လက္ရွိအလုပ္လည္းမၿပီး..ေနာက္အလုပ္လည္း မစျဖစ္…ျဖစ္တတ္ပါတယ္။

ဒီလုိ.. မစျဖစ္ေတာ့ ေရွ႕ေရးကို …ပုိစုိးရိမ္ၿပီး.. ပိုေတြး..ပိုေတြးေတာ့ လက္ရွိအလုပ္က ပိုမၿပီး… ဒီလုိနဲ႔လံုးလည္ ခ်ာလည္ လုိက္ေနတတ္ပါတယ္…(ျဖစ္ဘူးလား မသိဘူး)

ဒီလုိနဲ႔ ေန႔စဥ္ရက္ဆက္ျဖစ္လာရင္…တလၾကာလည္း .. ဘာမွ ျဖစ္မလာ..ႏွစ္လၾကာလည္း .. ဘာမွ ျဖစ္မလာ…တစ္ႏွစ္ၾကာေတာ့လည္း… ဘာႀကီးမွ မျဖစ္ ျဖစ္လာပါတယ္..

အေရးႀကီးတာက… ကၽြန္ေတာ္တုိ႔ အလုပ္အေပၚ စိတ္ခ်ေနဖုိ႔ပါ..တနည္းအားျဖင့္.. ဘယ္အလုပ္ကို ဘယ္အခ်ိန္လုပ္မယ္ဆုိတာကိုစီစဥ္ထားႏုိင္ရင္… စိတ္ေအးလက္ေအး Focus ေကာင္းေကာင္းနဲ႔လက္ရွိ အလုပ္ကိုု ၿပီးေအာင္ လုပ္ႏိုင္ပါမယ္…

အခ်ိန္ အပိုင္းလိုက္ Focus နဲ႔သြားတဲ့အတြက္..တခုၿပီး တခု.. သူေရာက္လာတဲ့ အခ်ိန္ေတြမွာ ..လုုပ္သြားရင္းနဲ႔ အလုပ္ေတြ တခုျခင္း ရွင္းႏုိင္လာပါမယ္..

တရက္ အလုပ္ေတြ အၿပီးျဖတ္…တလ အလုပ္ေတြ ျဖတ္…ႏွစ္လၾကာတာ့ အလုပ္ေတြ အရွိန္အဟုန္နဲ႔ၿပီး..

တစ္ႏွစ္ၾကာေတာ့ အေရးႀကီးအလုပ္ေတြ ပိုမိုၿပီးေျမာက္လာတဲ့အတြက္အရွိန္အဟုန္ေကာင္းေကာင္းနဲ႔တစ္လၿပီး တစ္လ၊ တစ္ႏွစ္ၿပီး တစ္ႏွစ္…ဘဝတိုးတက္မႈ ေကာင္းလာပါမယ္..

အလုပ္ေကာင္းေတြ ေရြးခ်ယ္ၿပီးေျမာက္ေအာင္လုပ္ႏုိင္တဲ့အက်ိဳးေၾကာင့္… ဝင္ေငြေကာင္းလည္း တိုးလာပါမယ္…

ဒီလို Focus ေျပာင္းလဲဖုိ႔အတြက္ အလုပ္လုပ္ခ်ိန္မွာမိမိကုိ အေႏွာင့္အယွက္ မေပးႏုိင္တဲ့ ပတ္ဝန္းက်င္ေကာင္းဖန္တီးေပးႏုိင္ရပါမယ္..

အေကာင္းဆံုးကေတာ့.. အလုပ္လုပ္ခ်ိန္မွာ ဖုန္းကိုSilence (သုိ႔) Flight Mode ေျပာင္းထားတာပါပဲ…

ဒီ့အျပင္… အခ်ိန္ဇယားဆြဲမယ္ဆုိရင္..ကိုယ္လုပ္ခ်င္တဲ့ အလုုပ္ေတြႀကီးပဲ မထည့္ဘဲ..ဦးေႏွာက္ရဲ႕ အခ်ိန္ေပၚမူတည္ၿပီး .. အလုပ္လုပ္ပံုကိုနားလည္ထားရပါမယ္။

(အမ်ားအားျဖင့္ ဦးေႏွာက္ဟာ မနက္ပိုင္းမွာအင္ျပည့္အားျပည့္နဲ႔ Focus လုပ္ႏုိင္ပါတယ္။)

ဒီလုိ သိထားမွ.. ဘယ္အခ်ိန္မွာ Focus မ်ားတဲ့ အလုပ္လုပ္မယ္၊ဘယ္အခ်ိန္မွာေတာ့ Focus နည္းတဲ့ အလုပ္လုပ္မယ္၊ဘယ္အခ်ိန္မွာေတာ့ စိတ္ အပမ္းေျပေအာင္ ေနမယ္။

ဘယ္အခ်ိန္မွာေတာ့ လူေတြနဲ႔ စကားေျပာမယ္။…. စသျဖင့္ စီစဥ္ထားႏုိင္ရင္..

ဦးေႏွာက္ အတြက္ အလုပ္အစီအစဥ္ က်နတဲ့အတြက္ ဦးေႏွာက္ႀကီးလည္း မပင္ပန္းေတာ့ပါဘူး.

ဦးေႏွာက္က သူမပင္ပန္းဘူးထင္လာရင္..အလုပ္ကို ပင္ပန္းတယ္လုိ႔မျမင္ဘူး။ ေပ်ာ္စရာ… အေလ့အက်င့္တခု၊ လုပ္ရိုးလုပ္စဥ္ တခုလုိျမင္လာပါမယ္။

ေခတ္လူငယ္တိုင္း #ေလာကသုတ ေပ့ကို Like မလုပ္ရေသးရင္ ေပ့ထဲသြားၾကည့္ၿပီး Like လုပ္ထားလိုက္ၾကဦးေနာ္..။ 

ဒါဆုိရင္ အခ်ိန္ဇယားကို ပုိၿပီးလုပ္ခ်င္လာမယ္။ ကၽြန္ေတာ္တုိ႔ အေရးႀကီးတဲ့ အလုပ္ေတြကို ပုိၿပီးေျမာက္လာမယ္..

ဒီအတုိိင္းေရွ႕ဆက္သြားရင္…ငယ္ငယ္က ေလာက္စာလံုး လိမ့္သလုိ၊အေရွ႕က တခုကိုထိလုိ႔၊ ေနာက္က တခုေတြပါဆက္တုိက္အဆင့္အဆင့္ထိၿပီး လဲသြားသလုိ…

အလုပ္ တခုၿပီးသြားတာနဲ႔… ေနာက္အလုပ္္ေတြပါ ဆင့္ကဲ ဆင့္ကဲ့…ၿပီးလာပါမယ္..

ေန႔ရက္တုိင္းမွာ အလုပ္ဝန္မပိ…ပိုမို လြတ္လပ္ေပါ့ပါးလာၿပီး…အလုပ္ဖိစီးမႈဒဏ္ကေလ်ာ့ခ်ႏုိင္ပါမယ္…

ကိုယ့္အတြက္ အပမ္းေျဖအခ်ိန္ေရာ..မိသားစု အခ်ိန္ေတြပါ ေပးႏုိင္လာပါမယ္..

မိသားစု နဲ႔ ထမင္းဝုိင္းမွာ အလုပ္အေၾကာင္းေတြးမေနပဲ…ေက်းဇူးရွင္ အေဖ၊ အေမ၊..ခ်စ္ခင္ပြန္း၊ ခ်စ္ဇနီး၊ …သားေလး၊ သမီးေလးတုိ႔အတြက္…မိသားစု ပိုစည္းလံုးသြားေစမယ့့္ ႏွလံုးသား စကားေတြ ေျပာျဖစ္လာပါမယ္..

စာေတာင္ အေတာ္ရွည္သြားၿပီဗ်ာ…

သင္ၾကား က်င့္သံုးခဲ့တဲ့ Modern Applied ways of using Time Efficiently (MATE) အဆင့္ျမင့္ အခ်ိန္ကို ေကာင္းေကာင္းအသံုးခ်နည္း သင္တန္းရဲ႕နည္းလမ္းေပါင္းမ်ားစြာထဲက…အေျခခံ အခ်က္ေလးကို ဒီ စာဖတ္ေနသူအတြက္အက်ိဳးရွိေအာင္ ဆြဲထုတ္ေရးသားေပးလုိက္ပါတယ္..

အဆင္ေျပပါေစဗ်ာ..

ကိုသူရ

@SuccessUpsize

#Credit

================

စာဖတ်သူဟာ..လက်ရှိ ဝင်ငွေနဲ့ မရပ်တန့်ဘဲ ဆက်လက်တိုးတက်ချင်တယ်ဆိုရင် အသိလေး တခုပေးပါရစေ..

လူတွေရဲ့ ဝင်ငွေဟာ သူတို့ ရဲ့ အရည်အချင်းကောင်းနဲ့ တိုက်ရိုက် အချိုးကျပါတယ်။

အရည်အချင်းကောင်း နည်းသူဟာ ဝင်ငွေနည်းပါတယ် ။ အရည်အချင်းကောင်း များသူဟာ ဝင်ငွေများပါတယ်…

ကိုယ်က ဝင်ငွေများချင်တယ်ဆိုရင် အရည်အချင်းကောင်းတွေမြှင့်ရပါမယ်…

ဒီလို မြှင့်လိုက်တိုင်းမှာ ဝင်ငွေတွေ လိုက်ပြီးတိုးပါတယ်…

အိုခေ… ဒီ အသိလေးကို နားလည် လက်ခံလာပြီဆိုရင်..

ကိုယ်လိုချင်တဲ့ ဝင်ငွေတခုကို အရင် ရည်မှန်းပါ..ဘယ်လောက်လိုချင်လဲ…

၁ဝ သိန်းလား၊ သိန်း ၂၀ လား၊ သိန်း ၄၀ လား…

သိန်း ၅၀ လား၊ သိန်း ၁၀၀ လား…

ဒါကို ရည်မှန်းပြီးရင် ဒီ ဝင်ငွေတွေရနိုင်တဲ့ အလုပ်ကို စဉ်းစားပါ၊ ဒီအတွက် လိုအပ်တဲ့ အရည်အချင်းကောင်းတွေ ဆက်ဖြည့်ပါ။

ဒီမှာ အရေးပါလာမှာ တခုက အချိန်ပါ…

အကယ်၍ များ ကိုယ်ဟာ ဝင်ငွေ တိုးဖို့ ကြိုးစားနေပြီဆိုရင် ကိုယ်လုပ်တဲ့ အလုပ်တိုင်းဟာ ဒီဝင်ငွေ တိုးဖို့အတွက် ဖြည့်ဆည်းပေးနိုင်တဲ့ အလုပ်တွေ ရွေးလုပ်ဖြစ်ဖို့လိုပါတယ်။

ဒီအလုပ်တွေ လုပ်လာပြီဆိုရင် ကိုယ့်ရဲ့အချိန်တန်ဖိုးလည်း တက်လာပါတယ်။

ဥပမာ –ဆိုပါစို့… ကျွန်တော်တို့ တနေ့ကို ၁၀ နာရီနဲ့ ၁လကို ရက် ၂၀ လောက် အလုပ်လုပ်တယ်။

ဒီတော့… ရက် ၂၀ နဲ့ ၁၀ နာရီ မြှောက်လိုက်ရင် ရက် ၂၀ x ၁၀ နာရီ = နာရီ ၂၀၀ ရမယ်… (တလကို နာရီ ၂၀၀ အလုပ်လုပ်တယ်ပေါ့)

တလကို ၅ သိန်း ရတယ်ဆိုရင် တစ်နာရီ ဘယ်လောက်တန်လဲတွက်ဖုုိ့. ၅ သိန်းကို နာရီ ၂၀၀ နဲ့ပြန် စားကြည့်ရအောင် လခ ၅ သိန်း / နာရီ ၂၀၀ = ၂၅၀၀ ကျပ် ရမယ်…(တစ်နာရီဟာ ၂၅၀၀ ကျပ်တန်တယ်ပေါ့)

ကိုယ်က ဝင်ငွေ ၁၀ သိန်း ရချင်တာဆိုရင် အခုန တွက်ခဲ့သလို …

ဝင််ငွေ ၅ သိန်းမှာ တစ်နာရီ ၂၅၀၀ တန်ရင်..

ဝင်ငွေ ၁၀ သိန်းမှာ တစ်နာရီကို ၅၀၀၀ တန်ပါတယ်…

သိန်း ၂၀ ဆိုရင် တစ်နာရီကို ၁ သောင်းတန်ပါတယ်…

သိန်း ၂၀၀ ဆိုရင်တော့ တစ်နာရီကို ၁ သိန်းတန်သွားပါတယ်…

ကဲ… နာရီတွေဟာ တန်ဖိုးတက်လာပြီလား…

“ကိုသူူရရေ.. ဒီလောက် ရပါ့မလား” လို့ တွေးနေရင်ဟုတ်ကဲ့.. ရနိုင်ပါတယ်..

အရည်အချင်းကောင်းတန်ဖိုးတွေသာ မြှင့်လုုိက်ပါ…

နာရီတိုင်းဟာ အဖိုးတန်လာပါတယ်…

လူတွေ ဖေ့ဘွတ် တခါသုံးရင် မသိလိုက်၊ မသိဖာသာနဲ့၁၅ မိနစ်လောက် ကုန်သွားတတ်ပါတယ်..

တနေ့ကို အနည်းဆုံး ၄ခေါက်ပဲ ကြည့်ဦး (ဒီ့ထက်များပါတယ်) ၁နာရီ ကုန်သွားပါပြီ။

ခေတ်လူငယ်တိုင်း #လောကသုတ ပေ့ကို Like မလုပ်ရသေးရင် ပေ့ထဲသွားကြည့်ပြီး Like လုပ်ထားလိုက်ကြဦးနော်..။


အကယ်၍ များ ကိုယ်က ဝင်ငွေ သိန်း ၂၀ မှန်းထားရင်… ၁နာရီ ၁သောင်း ပလုံခနဲ ဖြစ်သွားပါတယ်…

ဒီအသိဝင်လာတဲ့အတွက်…ကျွန်တော်ဟာ ဝင်ငွေ ဒီလောက်နဲ့ မရပ်တန့်ချင်ပါဘူး…

ကျွန်တော် ဒီ့ထက် ရချင်ပါတယ်… ရနိုင်တယ်လို့လည်း ယုံတယ်…

ဒီအတွက် နည်းလမ်းတွေရှာတယ်…ပညာတွေ ထပ်ပြီး စုဆောင်းတယ်၊လက်တွေ့ ကျင့်သုံးတယ်…

တကယ် တိုးတက်လာပါတယ်…ခက်တာ တခုက…တိုးတက်လာတာနဲ့ အညီ အလုပ်တွေ အများကြီးပိလာတယ်…

အလုပ်တွေ မပြီးဖြစ်လာပါတယ်…ဟိုဟာလုပ်ရမလို… ဒီဟာပဲလုပ်ရမလို…ဟိုအလုပ်လည်း မပြီး… ဒီအလုပ်လည်း မပြီးဖြစ်ပါတယ် မိတ်ဆွေလည်း ကြုံဖူးမယ်ထင်ပါတယ်..

ဒီတော့ ဘာလုပ်ရမလဲ.. ဆက်ပြီး လေ့လာတယ်။ဒီတော့ စာအုပ်တွေဖတ်ကြည့်ပါတယ်..အလုပ်ပြီးဖို့ အချိန်ကို စီမံရမယ်တဲ့.. Time Management ပေါ့ဗျာ…

လုပ်ရမယ့် အလုပ်တွေကို နေ့စဉ် ToDo list အနေနဲ့ ချရေးပါတဲ့..ဒါနဲ့ ချရေးကြည့်ပါတယ်.. လိုက်လုပ်ပါတယ်…

ပထမပိုင်းတော့ ဟုတ်မလိုလိုပဲ..List ထဲက အလုပ်တွေ ပြီးပေမယ့် တကယ့်တိုးတက်မှု ကို မမြင်ရဘူး…

တကယ် ပြီးရမယ့် အလုပ်တွေ ပြီးမလာဘူး…မပြီးသေးတဲ့ ..အလုပ်တွေကြည့်ပြီး စိတ်ဖိစီးလာတယ်..

အချိန်ဇယားတွေဆွဲဆိုလို့လည်း ဆွဲကြည့်တယ်…ဒါလည်း ၁ပတ်၊ ၂ပတ်ပဲ..ပြီးရင် ပြန်မေ့ပျောက်ပျောက်ဖြစ်ပြီး … မလုပ်ဖြစ်ပြန်ဘူး

ဘာလိုနေသလဲ??

ဒီမှာ တွေ့လာတာက နည်းလမ်းသိယုံတင်မရသေးဘူး။ အသုံးပြုပုံလည်း သိရမယ် ဆိုတာပါ..

အလုပ်တွေ ပြီးယုံတင် မရသေးဘူး၊ အရေးကြီးတဲ့ အလုပ်တွေကိုု ပြီးဖို့ ရွေးချယ်တတ်ရမယ်ဆိုတာပါ..

အလုပ်တွေ မြန်မြန်နဲ့ များများပြီးဖို့ လိုပါတယ်။အဲ့ဒီ ပြီးရမယ့် အလုပ်တွေမှာလည်း အရေးကြီးတဲ့ အလုပ်တွေပါနေဖို့လိုပါတယ်…

ဒါမှ.. ပြီးသလောက် အကျိုးရှိလာမှာပါ..ဒါမှ… အချိန်တွေ တန်ဖိုးတက်လာမှာပါ…

ဆက်လက်လေ့လာတဲ့အခါမှာ…ဒီလို ပြောင်းလဲတိုးတက်ဖို့အတွက် ဦးနှောက်အလုပ်လုပ်ပုံနဲ့အရေးကြီးတဲ့ အလုပ်တွေကို ပြီးမြောက်အောင်အချိန်ကို အသုံးပြုစီမံခန့်ခွဲပုံကို သိဖို့လိုပါတယ်။

အချိန်ဟာ စိတ်ခံစားမှုနဲ့ဆိုင်ပါတယ်..ကိုယ်ကြိုက်တာ လုပ်နေရင်… အချိန်ကုန်မှန်းမသိကုန်ပြီး မကြိုက်တာ လုပ်ရရင်တော့… အချိန်ကြာတယ်လို့ ခံစားရမှာပါ..ဒီလို ခံစားမှုဟာ ဦးနှောက်က ထုတ်ပေးပါတယ်..

ဒီတော့..အချိန်ထက် အလုပ်ကို ရွေးတတ်ဖို့ လိုပါတယ်..ဘယ်အလုပ်ကို ဘယ်အချိန်မှာ လုပ်ရမယ်ဆိုတာလည်း သိဖို့လုုိပါတယ်..

မနက်မှာ ဘယ်အလုပ်ဟာ အသင့်တော်ဆုံး..နေ့လည်မှာ ဘယ်အလုပ်ဟာ အသင့်တော်ဆုံး…ညနေမှာ ဘယ်အလုပ်ဟာ အသင့်တော်ဆုံး…ဆိုတာတွေ သိလာရင်.. ဖေ့ဘွတ်လည်း ဖြတ်စရာမလိုသလို…အလုပ်တွေ မပြီးလို့ စိတ်ဖိစီးတာတွေလည်း မဖြစ်လာတော့ပါဘူး…

ဒီနည်းလမ်းတွေကို ဆက်လက်လေ့လာပြီး.. ကျင့်သုံးခဲ့တာလက်ရှိအထိ နေရာတခု ရောက်လာပါပြီ။

ဘယ်အလုပ်ကို ဘယ်အချိန်မှာလုပ်ပြီးဘယ်လိုပြီးရမယ်ဆိုတာပါ အဆင်သင့်ဖြစ်နေပါပြီ။

အလုပ်ပုံကိုု တွေ့လို့ စိတ်ညစ်နေမယ့်အစား…ဆက်တိုက် အစဉ်အတိုင်း ဘယ်အလုပ်ကို ဘယ်အချိန်မှာလုပ်မယ်ဆိုတာ တန်းပေါ်နေပါပြီ။

ဘာနဲ့တောင် သွားတူလည်းဆိုရင်…ရန်ကုန်မြို့ကြီးပေါ်ကို ကျွန်တော် အူလည်လည်နဲ့တက်ခဲ့တုန်းကဘယ်ကားက ဘယ်ကို ရောက်တာ မသိတဲ့အတွက်…

ခဏခဏ မှားစီးခဲ့ပေမယ့်..အချိန်ကြာလာတော့… ဘယ်အချိန်မှာ ဘယ်ကားစီးရမယ်ဆိုတာကိုသိလာပြီး…. သာသာယာယာ အိမ်ပြန်နေရသလိုပါပဲ..

အလုပ်လည်းပြီး… အချိန်လည်းပိုရ….စိတ်လည်းအေး… ဝင်ငွေလည်းတိုးပေါ့ဗျာ..

ကိုယ်ရော…ဒီလိုမျိုး အရေးကြီးတဲ့ အလုပ်တွေကို စိတ်ဖိစီးမှု မများပဲနဲ့စိတ်လက်ကြည်ကြည်နဲ့… ဘယ်အချိန်မှာ ဘာလုပ်ရမယ်…

ဘယ်လို လုပ်ရမယ်ဆိုတဲ့ နည်းလမ်းသာ သိသွားရင်…ဘယ်လောက်များ အဆင်ပြေမလဲ…

ပြောလက်စနဲ့.. ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြပါ့မယ်..

ကျွန်တော်တို့ Neuroscience ဆိုတဲ့ ဦးနှောက်အကြောင်းလေ့လာတဲ့အခါမှာ… ဦးနှောက်ဟာ Focus (အာရုံစိုက်မှု)အပေါ်မူတည်ပြီး အလုပ်လုပ်ပါတယ်.

ဥပမာ။ ။ကိုယ်က အလုပ်တခု လုပ်ချိန်မှာ၊ အခြားတခုကို သွားစဉ်းစားနေရင် Focus ပြောင်းသွားပြီး..လက်ရှိအလုပ်လည်းမပြီး..နောက်အလုပ်လည်း မစဖြစ်…ဖြစ်တတ်ပါတယ်။

ဒီလို.. မစဖြစ်တော့ ရှေ့ရေးကို …ပိုစိုးရိမ်ပြီး.. ပိုတွေး..ပိုတွေးတော့ လက်ရှိအလုပ်က ပိုမပြီး… ဒီလိုနဲ့လုံးလည် ချာလည် လိုက်နေတတ်ပါတယ်…(ဖြစ်ဘူးလား မသိဘူး)

ဒီလိုနဲ့ နေ့စဉ်ရက်ဆက်ဖြစ်လာရင်…တလကြာလည်း .. ဘာမှ ဖြစ်မလာ..နှစ်လကြာလည်း .. ဘာမှ ဖြစ်မလာ…တစ်နှစ်ကြာတော့လည်း… ဘာကြီးမှ မဖြစ် ဖြစ်လာပါတယ်..

အရေးကြီးတာက… ကျွန်တော်တို့ အလုပ်အပေါ် စိတ်ချနေဖို့ပါ..တနည်းအားဖြင့်.. ဘယ်အလုပ်ကို ဘယ်အချိန်လုပ်မယ်ဆိုတာကိုစီစဉ်ထားနိုင်ရင်… စိတ်အေးလက်အေး Focus ကောင်းကောင်းနဲ့လက်ရှိ အလုပ်ကိုု ပြီးအောင် လုပ်နိုင်ပါမယ်…

အချိန် အပိုင်းလိုက် Focus နဲ့သွားတဲ့အတွက်..တခုပြီး တခု.. သူရောက်လာတဲ့ အချိန်တွေမှာ ..လုုပ်သွားရင်းနဲ့ အလုပ်တွေ တခုခြင်း ရှင်းနိုင်လာပါမယ်..

တရက် အလုပ်တွေ အပြီးဖြတ်…တလ အလုပ်တွေ ဖြတ်…နှစ်လကြာတာ့ အလုပ်တွေ အရှိန်အဟုန်နဲ့ပြီး..

တစ်နှစ်ကြာတော့ အရေးကြီးအလုပ်တွေ ပိုမိုပြီးမြောက်လာတဲ့အတွက်အရှိန်အဟုန်ကောင်းကောင်းနဲ့တစ်လပြီး တစ်လ၊ တစ်နှစ်ပြီး တစ်နှစ်…ဘဝတိုးတက်မှု ကောင်းလာပါမယ်..

အလုပ်ကောင်းတွေ ရွေးချယ်ပြီးမြောက်အောင်လုပ်နိုင်တဲ့အကျိုးကြောင့်… ဝင်ငွေကောင်းလည်း တိုးလာပါမယ်…

ဒီလို Focus ပြောင်းလဲဖို့အတွက် အလုပ်လုပ်ချိန်မှာမိမိကို အနှောင့်အယှက် မပေးနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းဖန်တီးပေးနိုင်ရပါမယ်..

အကောင်းဆုံးကတော့.. အလုပ်လုပ်ချိန်မှာ ဖုန်းကိုSilence (သို့) Flight Mode ပြောင်းထားတာပါပဲ…

ဒီ့အပြင်… အချိန်ဇယားဆွဲမယ်ဆိုရင်..ကိုယ်လုပ်ချင်တဲ့ အလုုပ်တွေကြီးပဲ မထည့်ဘဲ..ဦးနှောက်ရဲ့ အချိန်ပေါ်မူတည်ပြီး .. အလုပ်လုပ်ပုံကိုနားလည်ထားရပါမယ်။

(အများအားဖြင့် ဦးနှောက်ဟာ မနက်ပိုင်းမှာအင်ပြည့်အားပြည့်နဲ့ Focus လုပ်နိုင်ပါတယ်။)

ဒီလို သိထားမှ.. ဘယ်အချိန်မှာ Focus များတဲ့ အလုပ်လုပ်မယ်၊ဘယ်အချိန်မှာတော့ Focus နည်းတဲ့ အလုပ်လုပ်မယ်၊ဘယ်အချိန်မှာတော့ စိတ် အပမ်းပြေအောင် နေမယ်။

ဘယ်အချိန်မှာတော့ လူတွေနဲ့ စကားပြောမယ်။…. စသဖြင့် စီစဉ်ထားနိုင်ရင်..

ဦးနှောက် အတွက် အလုပ်အစီအစဉ် ကျနတဲ့အတွက် ဦးနှောက်ကြီးလည်း မပင်ပန်းတော့ပါဘူး.

ဦးနှောက်က သူမပင်ပန်းဘူးထင်လာရင်..အလုပ်ကို ပင်ပန်းတယ်လို့မမြင်ဘူး။ ပျော်စရာ… အလေ့အကျင့်တခု၊ လုပ်ရိုးလုပ်စဉ် တခုလိုမြင်လာပါမယ်။

ဒါဆိုရင် အချိန်ဇယားကို ပိုပြီးလုပ်ချင်လာမယ်။ ကျွန်တော်တို့ အရေးကြီးတဲ့ အလုပ်တွေကို ပိုပြီးမြောက်လာမယ်..

ဒီအတိုိင်းရှေ့ဆက်သွားရင်…ငယ်ငယ်က လောက်စာလုံး လိမ့်သလို၊အရှေ့က တခုကိုထိလို့၊ နောက်က တခုတွေပါဆက်တိုက်အဆင့်အဆင့်ထိပြီး လဲသွားသလို…

အလုပ် တခုပြီးသွားတာနဲ့… နောက်အလုပ််တွေပါ ဆင့်ကဲ ဆင့်ကဲ့…ပြီးလာပါမယ်..

နေ့ရက်တိုင်းမှာ အလုပ်ဝန်မပိ…ပိုမို လွတ်လပ်ပေါ့ပါးလာပြီး…အလုပ်ဖိစီးမှုဒဏ်ကလျော့ချနိုင်ပါမယ်…

ကိုယ့်အတွက် အပမ်းဖြေအချိန်ရော..မိသားစု အချိန်တွေပါ ပေးနိုင်လာပါမယ်..

မိသားစု နဲ့ ထမင်းဝိုင်းမှာ အလုပ်အကြောင်းတွေးမနေပဲ…ကျေးဇူးရှင် အဖေ၊ အမေ၊..ချစ်ခင်ပွန်း၊ ချစ်ဇနီး၊ …သားလေး၊ သမီးလေးတို့အတွက်…မိသားစု ပိုစည်းလုံးသွားစေမယ့့် နှလုံးသား စကားတွေ ပြောဖြစ်လာပါမယ်..

စာတောင် အတော်ရှည်သွားပြီဗျာ…

သင်ကြား ကျင့်သုံးခဲ့တဲ့ Modern Applied ways of using Time Efficiently (MATE) အဆင့်မြင့် အချိန်ကို ကောင်းကောင်းအသုံးချနည်း သင်တန်းရဲ့နည်းလမ်းပေါင်းများစွာထဲက…အခြေခံ အချက်လေးကို ဒီ စာဖတ်နေသူအတွက်အကျိုးရှိအောင် ဆွဲထုတ်ရေးသားပေးလိုက်ပါတယ်..

အဆင်ပြေပါစေဗျာ..

ကိုသူရ

@SuccessUpsize

#Credit

Comments