အေဖေခၚခ …တစ္​ရက္​ ၆၀၀ က်ပ္ !!!



အေဖေခၚခ …တစ္​ရက္​ ၆၀၀ က်ပ္ !!!

~~~~~~~~~~~~~~~~~~~~

ရပ္ကြက္တစ္ခုမွာ..ကိုထြန္းနဲ႔မၾကည္ျပာ ဆိုတဲ႔လင္မယား သားသမီးသံုးေယာက္

ေမြးဖြားထားတယ္ေပါ့ !

ကိုထြန္းဟာ အရက္ကြ်န္ျဖစ္သြားျပီ !

အရက္ကလြဲလို ့..သူ႔ဘဝမွာ ဘာမွမရွိ !

မျကည္ျပာကိုလည္း သူဂရုမစိုက္ေတာ့ !

သားသမီးသံုးေယာက္ကိုလည္း..စိတ္

မဝင္စားေတာ့ !

သူသိတာက..

မၾကည္ျပာဆီကရမဲ႔ ..အရက္ဖိုး မနက္ ၂၀၀၊ ေန႔လည္ ၂၀၀ နဲ႔ ညေန ၂၀၀၊

ဒါပဲ….သူ သိေတာ့တယ္ !

မၾကည္ျပာကေတာ့..ေခါင္းရြက္ဗ်တ္ထိုး

ေစ်းသည္ဘဝနဲ႔ မိသားစုကိုဦးေဆာင္ျပီး ကေလးေတြ စားစရိတ္ ေက်ာင္းစားရိတ္အျပင္..ကိုထြန္းအတြက္​အရက္ဖိုးကိုပါ

ေန႔စဥ္ ပင္ပန္​းႀကီးစြာရွာေဖြေနရတယ္ !

ဒါကို..မၾကည္ျပာရဲ႕ အစ္မေတြအေဒၚ

ေတြက မေက်နပ္ၾကေတာ့ဘူး !

ဒါနဲ႕..မၾကည္ျပာကို ေခၚဆူၾကတယ္ !

ညည္း ဒီေလာက္ ေယာက္်ားရွားေနလား !

ညည္း ဒီေလာက္ ေယာက္်ားအေပၚခ်စ္ေနတာလား !

ညည္း ဒီေလာက္ အရွက္မဲ႔ေနရလား !

ေဆြမ်ိဳး​ေတြပါ..သိကၡာက်ရတယ္ !

သူရွိေနလည္း…ကိုယ့္ဟာကိုယ္လုပ္စားေနရတယ္ !

သူမရွိေတာ့ရင္လည္း..ကိုယ့္ဟာကိုယ္လုပ္စားရမွာပဲေလ !

ဘာလို ့…ဒီေလာက္သံုးမရတဲ႔ အရက္သမားကို အရက္ဖိုးေပးရွာေကြ်းျပီး

သူနိွပ္စက္​တာ ခံေနရတာလည္း ?

ညည္း..သူနဲ႔ မကြာေသးဘူးလား ?

ဘာလား​ေပါ့ ?….ညာလား​ေပါ့ ?

မၾကည္ျပာက..အေဒၚေတြ ၊ အစ္မေတြ

ေျပာသမ်ွကို ေအးေဆးစြာနားေထာင္​ေန

လိုက္​တယ္​….ၿပီးမွ…!

အေဒၚတို ့အစ္မတို႔ေျပာတာ မွန္​ေပမယ္​့

ကိုထြန္းကို…ကြ်န္မ မကြဲနိုင္ပါဘူး !

ေယာက္်ားရွားလို ..သူ႔ကို ခ်စ္လြန္းလို ႔

ကြ်န္မ ဒုကၡေတြခံျပီး…

သူနဲ႔ေပါင္းေနတာ..မဟုတ္ပါဘူး !

ကြ်န္မေမြးထားတဲ႔ က​ေလးသံုးေယာက္

မွာ…သူမ်ားေတြနဲ႕တန္းတူ အေဖလို ့ေခၚခြင့္ရဖို ့!

သူမ်ားကေလးေတြနဲ႔တန္းတူ..အေဖလို႔

ေခၚလိုက္ရင္”ေဟ”လို ့ ျပန္ထူးေပးဖို ့!

သူ႔ကို ကြ်န္မသားသမီးေလးေတြအတြက္

အေဖေခၚခ…ေပးေနတာပါ !

က်ြန္​မအ႐ြယ္​ရွိ​ေသးတာ..​ေနာက္​အိမ္​

ေထာင္​ျပဳလို႔ရႏိုင္​တာက မွန္​​ေပမယ္​့

က်ြန္​မက​ေလး​ေတြအတြက္​ ..ပ​ေထြးကို

“အ​ေဖ” လို႔ အ​ေခၚမခံႏိုင္​ပါဘူး !

ကုိထြန္​းကိုေပးေနတာ..အရက္ဖိုး

မဟုတ္ပါဘူး !

ကြ်န္မ…သားေလးေတြ သမီးေလး

ေတြအတြက္…အေဖေခၚခ ေပးေနတာပါ !

အေဒၚေတြအစ္မေတြမွာ..ေခါင္း

ငိုက္စိုက္ က်သြားပါေတာ့တယ္ !

မၾကည္​ျပာ..မွန္​လား / မွားလား !!

(ေက်းဇူးျပဳ ၿပီး..စာဖတ္​သူရဲ႕ သ​ေဘာ

ထားအျမင္​​ေလး ​ေရး​ေပးခဲ့ပါ။ လြတ္​လပ္​စြာ အျမင္ကြဲျပားခြင္​့ရွိပါတယ္​ !!)

 Credit # “အတိတ္ေခတ္”

============

အဖေခေါ်ခ …တစ်​ရက်​ ၆၀၀ ကျပ် !!!
~~~~~~~~~~~~~~~~~~~~

ရပ်ကွက်တစ်ခုမှာ..ကိုထွန်းနဲ့မကြည်ပြာ ဆိုတဲ့လင်မယား သားသမီးသုံးယောက်

မွေးဖွားထားတယ်ပေါ့ !

ကိုထွန်းဟာ အရက်ကျွန်ဖြစ်သွားပြီ !

အရက်ကလွဲလို ့..သူ့ဘဝမှာ ဘာမှမရှိ !

မကြည်ပြာကိုလည်း သူဂရုမစိုက်တော့ !

သားသမီးသုံးယောက်ကိုလည်း..စိတ်

မဝင်စားတော့ !

သူသိတာက..

မကြည်ပြာဆီကရမဲ့ ..အရက်ဖိုး မနက် ၂၀၀၊ နေ့လည် ၂၀၀ နဲ့ ညနေ ၂၀၀၊

ဒါပဲ….သူ သိတော့တယ် !

မကြည်ပြာကတော့..ခေါင်းရွက်ဗျတ်ထိုး

စျေးသည်ဘဝနဲ့ မိသားစုကိုဦးဆောင်ပြီး ကလေးတွေ စားစရိတ် ကျောင်းစားရိတ်အပြင်..ကိုထွန်းအတွက်​အရက်ဖိုးကိုပါ

နေ့စဉ် ပင်ပန်​းကြီးစွာရှာဖွေနေရတယ် !

ဒါကို..မကြည်ပြာရဲ့ အစ်မတွေအဒေါ်

တွေက မကျေနပ်ကြတော့ဘူး !

ဒါနဲ့..မကြည်ပြာကို ခေါ်ဆူကြတယ် !

ညည်း ဒီလောက် ယောက်ျားရှားနေလား !

ညည်း ဒီလောက် ယောက်ျားအပေါ်ချစ်နေတာလား !

ညည်း ဒီလောက် အရှက်မဲ့နေရလား !

ဆွေမျိုး​တွေပါ..သိက္ခာကျရတယ် !

သူရှိနေလည်း…ကိုယ့်ဟာကိုယ်လုပ်စားနေရတယ် !

သူမရှိတော့ရင်လည်း..ကိုယ့်ဟာကိုယ်လုပ်စားရမှာပဲလေ !

ဘာလို ့…ဒီလောက်သုံးမရတဲ့ အရက်သမားကို အရက်ဖိုးပေးရှာကျွေးပြီး

သူနှိပ်စက်​တာ ခံနေရတာလည်း ?

ညည်း..သူနဲ့ မကွာသေးဘူးလား ?

ဘာလား​ပေါ့ ?….ညာလား​ပေါ့ ?

မကြည်ပြာက..အဒေါ်တွေ ၊ အစ်မတွေ

ပြောသမျှကို အေးဆေးစွာနားထောင်​နေ

လိုက်​တယ်​….ပြီးမှ…!

အဒေါ်တို ့အစ်မတို့ပြောတာ မှန်​ပေမယ်​့

ကိုထွန်းကို…ကျွန်မ မကွဲနိုင်ပါဘူး !

ယောက်ျားရှားလို ..သူ့ကို ချစ်လွန်းလို ့

ကျွန်မ ဒုက္ခတွေခံပြီး…

သူနဲ့ပေါင်းနေတာ..မဟုတ်ပါဘူး !

ကျွန်မမွေးထားတဲ့ က​လေးသုံးယောက်

မှာ…သူများတွေနဲ့တန်းတူ အဖေလို ့ခေါ်ခွင့်ရဖို ့!

သူများကလေးတွေနဲ့တန်းတူ..အဖေလို့

ခေါ်လိုက်ရင်”ဟေ”လို ့ ပြန်ထူးပေးဖို ့!

သူ့ကို ကျွန်မသားသမီးလေးတွေအတွက်

အဖေခေါ်ခ…ပေးနေတာပါ !

ကျွန်​မအရွယ်​ရှိ​သေးတာ..​နောက်​အိမ်​

ထောင်​ပြုလို့ရနိုင်​တာက မှန်​​ပေမယ်​့

ကျွန်​မက​လေး​တွေအတွက်​ ..ပ​ထွေးကို

“အ​ဖေ” လို့ အ​ခေါ်မခံနိုင်​ပါဘူး !

ကိုထွန်​းကိုပေးနေတာ..အရက်ဖိုး

မဟုတ်ပါဘူး !

ကျွန်မ…သားလေးတွေ သမီးလေး

တွေအတွက်…အဖေခေါ်ခ ပေးနေတာပါ !

အဒေါ်တွေအစ်မတွေမှာ..ခေါင်း

ငိုက်စိုက် ကျသွားပါတော့တယ် !

မကြည်​ပြာ..မှန်​လား / မှားလား !!

(ကျေးဇူးပြု ပြီး..စာဖတ်​သူရဲ့ သ​ဘော

ထားအမြင်​​လေး ​ရေး​ပေးခဲ့ပါ။ လွတ်​လပ်​စွာ အမြင်ကွဲပြားခွင်​့ရှိပါတယ်​ !!)

Credit # “အတိတ်ခေတ်”

Comments