တိုက္ခန္းေပါင္း (၁၀၀၀) ေက်ာ္ကို မဲႏိႈက္ေပးေနၿပီ.....


တိုက္ခန္းေပါင္း ၁၀၀၀ ေက်ာ္ကို အမွန္တကယ္ေနထိုင္စရာမ႐ွိသူမ်ားအား မဲႏိႈက္ေပး

တန္ဖိုးနည္းအိမ္ရာတိုက္ခန္း ၁၀၀၀ ေက်ာ္အတြက္ ေလ်ွာက္ထားသူ ၆၀၀၀ ေက်ာ္အား ယမန္ေန႔ (ဇြန္ ၂၅ ရက္) နံနက္ ၉ နာရီမွစ၍ ၿမိဳ႕ျပႏွင့္ အိမ္ယာဖြံ႔ၿဖိဳးေရး ဦးစီးဌာနတြင္ မဲႏိႈက္ေရြးခ်ယ္ခဲ့သည္။



မဲေပါက္သူမ်ား၏ နာမည္မ်ားကို ခ႐ိုင္ေလးခ႐ိုင္ခြဲ၍ ေၾကညာသြားမည္ျဖစ္ၿပီး ခ႐ိုင္ေထြအုပ္မွတဆင့္ ၿမိဳ႕နယ္ေထြအုပ္သို႔ ဆင့္ကဲဆင့္ကဲ အေၾကာင္းၾကားသြားမည္ျဖစ္ေၾကာင္းႏွင့္ ဇူလိုင္လလယ္ေလာက္တြင္ အၿပီးသတ္ႏိုင္ဖြယ္႐ွိေၾကာင္း သိရသည္။



“ေက်ာင္းသားေလးေတြကို ကြၽန္ေတာ္တို႔ မဲႏိႈက္ခိုင္းတာေပါ့။ ဌာနဆိုင္ရာေတြလည္း မဟုတ္ပါဘူး၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း မဟုတ္ပါဘူး။ ေက်ာင္းသားေလးေတြက မဲႏိႈက္ေပးတာျဖစ္တဲ့အတြက္ ပိုၿပီးေတာ့ ပြင့္လင္းျမင္သာပါတယ္” ဟု အိမ္ယာမ်ားေရာင္းခ်ေရး ေကာ္မတီဝင္ ဦးညီညီကေျပာသည္။



“ရခဲ့ရင္ေတာ့ ေပ်ာ္တာေပါ့၊ မရခဲ့ဘူးဆိုရင္လည္း ေနာက္တၾကိမ္ထပ္ေစာင့္ေပးရမွာေပါ့။ ေက်ာင္းသားေတြနဲ႔ မဲႏိႈက္တာက သူတို႔အဆင္ေျပသလို လုပ္တာပဲ ဆိုေတာ့လည္း ေက်နပ္ရမွာေပါ့” ဟု ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္တြင္ အိမ္ငွါးေနထိုင္ၿပီး တန္ဖိုးနည္းအိမ္ရာ ေလ်ွာက္ထားသူ ေဒၚတင္တင္ခိုင္က ေျပာသည္။



အဆိုပါ အိမ္ရာမ်ားကို အက်ိဳးစီးပြားအတြက္ ဝယ္ယူျခင္း၊ ေနထိုင္စရာ႐ွိပါလ်က္ ဝယ္ယူျခင္းစသည့္ စည္းမ်ဥ္းစည္းကမ္ႏွင့္ ကိုက္ညီမႈမ႐ွိပါက ျပန္လည္သိမ္းယူသြားမည္ျဖစ္ၿပီး သိမ္းယူသည့္အခါတြင္လည္း တိုက္ခန္းတန္ဖိုး၏ ၁၀ ရာခိုင္ႏႈန္း ျပန္လည္ႏႈတ္ယူကာ ေငြျပန္အမ္း၍ Blacklist သြင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

အိမ့္သႏၱာထြန္း

============

တိုက်ခန်းပေါင်း ၁၀၀၀ ကျော်ကို အမှန်တကယ်နေထိုင်စရာမရှိသူများအား မဲနှိုက်ပေး

တန်ဖိုးနည်းအိမ်ရာတိုက်ခန်း ၁၀၀၀ ကျော်အတွက် လျှောက်ထားသူ ၆၀၀၀ ကျော်အား ယမန်နေ့ (ဇွန် ၂၅ ရက်) နံနက် ၉ နာရီမှစ၍ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနတွင် မဲနှိုက်ရွေးချယ်ခဲ့သည်။



မဲပေါက်သူများ၏ နာမည်များကို ခရိုင်လေးခရိုင်ခွဲ၍ ကြေညာသွားမည်ဖြစ်ပြီး ခရိုင်ထွေအုပ်မှတဆင့် မြို့နယ်ထွေအုပ်သို့ ဆင့်ကဲဆင့်ကဲ အကြောင်းကြားသွားမည်ဖြစ်ကြောင်းနှင့် ဇူလိုင်လလယ်လောက်တွင် အပြီးသတ်နိုင်ဖွယ်ရှိကြောင်း သိရသည်။

“ကျောင်းသားလေးတွေကို ကျွန်တော်တို့ မဲနှိုက်ခိုင်းတာပေါ့။ ဌာနဆိုင်ရာတွေလည်း မဟုတ်ပါဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း မဟုတ်ပါဘူး။ ကျောင်းသားလေးတွေက မဲနှိုက်ပေးတာဖြစ်တဲ့အတွက် ပိုပြီးတော့ ပွင့်လင်းမြင်သာပါတယ်” ဟု အိမ်ယာများရောင်းချရေး ကော်မတီဝင် ဦးညီညီကပြောသည်။

“ရခဲ့ရင်တော့ ပျော်တာပေါ့၊ မရခဲ့ဘူးဆိုရင်လည်း နောက်တကြိမ်ထပ်စောင့်ပေးရမှာပေါ့။ ကျောင်းသားတွေနဲ့ မဲနှိုက်တာက သူတို့အဆင်ပြေသလို လုပ်တာပဲ ဆိုတော့လည်း ကျေနပ်ရမှာပေါ့” ဟု ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အိမ်ငှါးနေထိုင်ပြီး တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူ ဒေါ်တင်တင်ခိုင်က ပြောသည်။

အဆိုပါ အိမ်ရာများကို အကျိုးစီးပွားအတွက် ဝယ်ယူခြင်း၊ နေထိုင်စရာရှိပါလျက် ဝယ်ယူခြင်းစသည့် စည်းမျဉ်းစည်းကမ်နှင့် ကိုက်ညီမှုမရှိပါက ပြန်လည်သိမ်းယူသွားမည်ဖြစ်ပြီး သိမ်းယူသည့်အခါတွင်လည်း တိုက်ခန်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ပြန်လည်နှုတ်ယူကာ ငွေပြန်အမ်း၍ Blacklist သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

အိမ့်သန္တာထွန်း

Comments