



===============


















ဧပရယ်မောင်မောင်

================

တော်တော် အရှက်တရားကင်မဲ့တဲ့ မန်လေးတောင် စက်လှေခါးခ တောင်းတဲ့လုပ်ရပ်

===============

ပုံပါမြင်တဲ့ အတိုင်းဘဲ့ မန်လေးတောင်ပေါ်ကို ဘုရားသွားဖူးမယ်ဆိုရင်( စက်လှေခါးကား စီးနင်းခ ပေးဆောင်ပါရန်တဲ့ ) ရွှေပြားလေးနဲ့ တောင် သေသေချာချာကော့ ထားပါသေးတယ်။

ဘုရားလာဖူးတာ ကုသိုလ်လိုချင်လို့ပါ - အခုဒီလို လုပ်ပုံက ငွေမရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ စက်လှေခါးကားခ မပေးနိုင်ရင် ဘုရားမဖူးရတော့ဘူးပေါ့ ( ဟုတ်လား )။

ပြည်တွင်နေ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အလှူပါဘဲ့လို့ ဘာမှမပြောပေမယ့် ကမ္ဘာလှည့် ခရီးသယ်တွေလာလို့ ဒီလို မြင်သွာရင် နိုင်ငံသိက္ခာ ဘယ်လောက်ထိ ထိခိုက်သွားမလဲဆိုတာ ရော့ စဉ်းစားမိပါသလား။

ဘယ်နိုင်ငံတကာမှမလဲ မကြာဖူး မမြင်ဘူးတဲ့ လုပ်ရပ်ဗျ ...

ဒီစက်လှေခါး လုပ်ပေးတာ ဘုရာလာဖူးတဲ့သက်ကြီးရွှယ်အိုတွေ အတွက်အဆင်ပြေအောင် စေတနာထားပြီးလုပ်ပေးတာမဟုတ်ဘူးပေါ့ - အဲလိုလား - ဗျ....။

ဘုရားကို ခုတုံလုပ်ပြီး ခင်ဗျာတို့ စီးပွားရှာတာဘဲ့ဗျ....။

ဒီစက်လှေခါး အတွက် သုံးစွဲတဲ့ လျပ်စစ်မီးတာခ ဖိုး မတတ်နိုင်ရင်လဲ စက်လှေခါးကို ရပ်ထားပါဗျ -

ဘုရားလာဖူးတဲ့ သူတွေခြေနဲ့ လျှောက်တက်လိမ့်မယ် ...။

ခင်ဗျာ တို့ အခုလုပ်တဲ့ လုပ်ရပ်က ဘုရားဖူးပြီး ကုသိုလ်ယူချင်တဲ့ သူတွေကို အကုသိုလ်စိတ်ဝင်အောင် ငွေအတင်း တောင်းနေတာဘဲ့ဗျ...။

သက်ဆိုင်ရာ လူကြီးမင်းများ အနေနဲ့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ ဒီလိုအရှက်မဲ့ လုပ်နေတဲ့ လုပ်ရပ်ကို ဘာကြောင့် ထိုင်ကြည့်နေတာလဲ -ဗျ။

ခင်ဗျာ တို့လုပ်ပုံက ကြားလို့ မြင်လို့မှ မကောင်းဘူးဗျ...။

ဧပရယ်မောင်မောင်

================

Comments