မိုးသည္းထန္မႈေၾကာင့္ ထိုင္းလႈိဏ္ဂူထဲ ပိတ္မိေနသည့္ ကေလးငယ္မ်ားအား ရွာေဖြကယ္ဆယ္ေနသည့္ လုပ္ငန္းမ်ား ေႏွာင့္ေႏွး

`
ဇြန္ ၂၇ ။ ။ ထုိင္းႏိုင္ငံေျမာက္ပိုင္းက လႈိဏ္ဂူတစ္ခုထဲ ပိတ္မိေပ်ာက္ဆံုးေနလ်က္ရွိတဲ့ ကေလးငယ္ ၁၂ ဦးပါ ေဘာလံုးအသင္းနဲ႔ နည္းျပျဖစ္သူတို႔ကို ျပန္႐ွာေတြ႕ဖို႔ ႀကိဳးစားေနစဥ္မွာပဲ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ဇြန္လ ၂၇ ရက္မွာေတာ့ ကယ္ဆယ္ေရးလုပ္ငန္းေဆာင္႐ြက္ရာမွာ ေႏွာင့္ေႏွးၾကန္႔ၾကာမႈေတြ ရွိေနတယ္လို႔ သိရပါတယ္။
အသက္ ၁၁ ႏွစ္ကေန ၁၆ ႏွစ္ၾကား အရြယ္အပုိင္းအျခားရွိ ကေလးငယ္ ေယာက်္ားေလး ၁၂ ဦးနဲ႔ ၎တို႔ရဲ႕ ေဘာလံုးအသင္းနည္းျပျဖစ္သူတို႔ဟာ ၿပီးခဲ့တဲ့ ဇြန္လ ၂၃ ရက္ကတည္းက ယင္းလႈိဏ္ဂူထဲ ၀င္ေရာက္ပိတ္မိေပ်ာက္ဆံုးေနတာ ျဖစ္ပါတယ္။
ကယ္ဆယ္ေရးသမားေတြက ၎တို႔ကို ျပန္ေတြ႕ဖို႔ ရွာေဖြမႈေတြ ဆက္လက္လုပ္ေဆာင္ေနလ်က္ရွိၿပီး ယခုလက္ရွိအခ်ိန္မွာ ရာသီဥတု ဆုိး႐ြားမႈနဲ႔ ေတြ႕ႀကံဳေနခဲ့ရတယ္လို႔ ဆိုပါတယ္။
ယခုအခါ မုိးႀကီးမႈေၾကာင့္ အဆိုပါ ဂူမွာ ေရျပည့္လာခဲ့တဲ့အတြက္ ရာနဲ႔ခ်ီတဲ့ ကယ္ဆယ္ေရးသမားေတြဟာ ေရေတြကို ေရစုပ္စက္ေတြ သံုးၿပီး စုပ္ထုတ္ခဲ့ၾကရတယ္လို႔ သိရပါတယ္။
သို႔ေပမယ့္လည္း ျမန္မာနဲ႔ လာအိုနယ္စပ္အနီး Chiang Rai ေဒသေျမာက္ပိုင္းက ယင္းဧရိယာမွာ မိုးက ဆက္တိုက္သည္းထန္ေနခဲ့တဲ့အတြက္ လုပ္ငန္းလုပ္ေဆာင္ရာမွာ ထင္သေလာက္ ခရီးမတြင္ႏိုင္ဘဲ ျဖစ္ေနရတယ္လို႔လည္း သိရပါတယ္။
” ေရလယ္ဗယ္ ျမင့္တက္ေနတာက ကယ္ဆယ္ေရးလုပ္ငန္း လုပ္ရာမွာ အဓိက အခက္အခဲ အတားအဆီး တစ္ခုျဖစ္ေနတယ္၊ မေန႔ညကဆို မိုးက ေတာ္ေတာ္ ႀကီးခဲ့တာပါ” ဆိုၿပီး ကယ္ဆယ္ေရးလုပ္ငန္းတာ၀န္ရွိသူတစ္ဦးျဖစ္တဲ့ Khanchit Chomphudaeng က ေျပာသြားပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ပူေဆြးေသာကေရာက္ေနတဲ့ ေဆြမ်ဳိးမိဘေတြကေတာ့ ဂူထဲ ပိတ္မိေပ်ာက္ဆံုးေနတဲ့ ကေလးငယ္ေတြကို ေဘးမသီရန္မခ ျပန္ေတြ႕ႏိုင္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကို ဆက္လက္ဆုပ္ကိုင္ထားၾကဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။
႐ုပ္သံ-AFP
======================
ဇွန် ၂၇ ။ ။ ထိုင်းနိုင်ငံမြောက်ပိုင်းက လှိုဏ်ဂူတစ်ခုထဲ ပိတ်မိပျောက်ဆုံးနေလျက်ရှိတဲ့ ကလေးငယ် ၁၂ ဦးပါ ဘောလုံးအသင်းနဲ့ နည်းပြဖြစ်သူတို့ကို ပြန်ရှာတွေ့ဖို့ ကြိုးစားနေစဉ်မှာပဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန်လ ၂၇ ရက်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အသက် ၁၁ နှစ်ကနေ ၁၆ နှစ်ကြား အရွယ်အပိုင်းအခြားရှိ ကလေးငယ် ယောကျ်ားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးအသင်းနည်းပြဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်ကတည်းက ယင်းလှိုဏ်ဂူထဲ ဝင်ရောက်ပိတ်မိပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးသမားတွေက ၎င်းတို့ကို ပြန်တွေ့ဖို့ ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေလျက်ရှိပြီး ယခုလက်ရှိအချိန်မှာ ရာသီဥတု ဆိုးရွားမှုနဲ့ တွေ့ကြုံနေခဲ့ရတယ်လို့ ဆိုပါတယ်။
ယခုအခါ မိုးကြီးမှုကြောင့် အဆိုပါ ဂူမှာ ရေပြည့်လာခဲ့တဲ့အတွက် ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေဟာ ရေတွေကို ရေစုပ်စက်တွေ သုံးပြီး စုပ်ထုတ်ခဲ့ကြရတယ်လို့ သိရပါတယ်။
သို့ပေမယ့်လည်း မြန်မာနဲ့ လာအိုနယ်စပ်အနီး Chiang Rai ဒေသမြောက်ပိုင်းက ယင်းဧရိယာမှာ မိုးက ဆက်တိုက်သည်းထန်နေခဲ့တဲ့အတွက် လုပ်ငန်းလုပ်ဆောင်ရာမှာ ထင်သလောက် ခရီးမတွင်နိုင်ဘဲ ဖြစ်နေရတယ်လို့လည်း သိရပါတယ်။
” ရေလယ်ဗယ် မြင့်တက်နေတာက ကယ်ဆယ်ရေးလုပ်ငန်း လုပ်ရာမှာ အဓိက အခက်အခဲ အတားအဆီး တစ်ခုဖြစ်နေတယ်၊ မနေ့ညကဆို မိုးက တော်တော် ကြီးခဲ့တာပါ” ဆိုပြီး ကယ်ဆယ်ရေးလုပ်ငန်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Khanchit Chomphudaeng က ပြောသွားပါတယ်။
လက်ရှိအချိန်မှာတော့ ပူဆွေးသောကရောက်နေတဲ့ ဆွေမျိုးမိဘတွေကတော့ ဂူထဲ ပိတ်မိပျောက်ဆုံးနေတဲ့ ကလေးငယ်တွေကို ဘေးမသီရန်မခ ပြန်တွေ့နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားကြဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
ရုပ်သံ-AFP

Comments