ဒီ အချက်တွေကြည့်ခြင်းအားဖြင့် ငလျှင်​ အကြီးကြီးလှုပ်တော့မယ်ဆိုတာကို သိနိုင်ပါပြီ..























=======================



==========

ငလျင်ကို ကြိုသိနိုင်ဘို့- ဗေဒင် မဟုတ်သော နည်းလမ်းများ ဖြစ်ပါတယ်။

အောက်ပါ တို့ကို လေ့လာပါ။

၁) earthquake lights ဆိုတဲ့ ငလျင် အလင်းရောင်။

ငလျင်အကြီးကြီး တခု ဖြစ်တော့မယ် ဆိုယင်- ရက်အနည်းငယ် ကတည်းက- မြေကြီး နေရာ အချို့ကနေ- အလင်းရောင်း များ ထွက်တတ်တယ် ဆိုပါတယ်. တခါ တလေ တော့လည်း- စက္ကန့် အလိုကျမှ အလင်းရောင်များ ထွက်လာတတ် တယ် ဆိုပါတယ်။ အပြာရောင် အလင်း ဖြစ်တတ်ပြီး- မြေကြီးကနေ အပေါ်ဘက်ကို လျှပ်စီး လက်နေသလိုမျိုး မြင်ရတတ်တယ် ဆိုပါတယ်.

၂) တိရစ္ဆာန်တွေရဲ့ ပုံမှန် မဟုတ်တဲ့ အပြုအမူ တွေပါ။

အထူးသဖြင့်- ပျားတွေ၊ ငှက်တွေ၊ ဝက်ဝံ တွေ ဟာ- သူတို့ အောင်းနေရာကနေ ထွက်လာ တတ်ပါတယ်.

ငလျင် လှုပ်ခါနီးမှာ ကြက်တွေဟာ လည်း- ဥ-အုတာ ရပ်သွားတတ်ပါတယ်။

အိမ်မှာ ငါးခူ မွေးထားနိုင်ယင် အင်မတန် ကောင်းပါတယ်။

ငါးခူ ဟာ- လျှပ်စစ် သံလိုက်လှိုင်းတွေ ကို အာရုံ ခံနိုင်စွမ်း ကောင်းတဲ့ အတွက်- ငလျင် လှုပ်ခါ နီးမှာ ငါးခူတွေဟာ- ကြမ်းကြမ်းတမ်းတမ်.. ကူးခတ် နေကြပါလိမ့်မယ်။

ခွေးနဲ့ ကြောင် တို့ကတော့- သူတို့လောက် စောစာ မသိပေမယ့်- လူတွေထက် စာယင် နည်းနည်း စောသိ တတ်ကြပါတယ်။ သူတို့ ကြောက်လန့် နေပုံ ရသလား သတိပြုပါ။

၃) ငလျင်ကြီး မလှုပ်ခင်- ငလျင်လေး foreshocks တွေ လာတတ်တာမို့- အဲဒါကိုလည်း သတိပြုကြပါ။

အောက်မှာ ပြထားတာကတော့-

=======================

၂၀၀၈-ခုနှစ်၊ မေလ ၁၂-ရက်တွင် – တရုတ်ပြည် – စီချွမ် ဒေသတွင် ဖြစ်ပွားခဲ့သော နှစ်ပေါင်း ၅၈- အတွင်း အပြင်းဆုံး ငလျင်ကြီး ဖြစ်ပြီး- လူပေါင်း ၆-သောင်း၊ ၈-ထောင် ၏ အသက်ကို နှုတ်ယူနိုင်ခဲ့ပြီး၊ လူဦးရေ ၄.၈ သန်းကို အိုးမဲ့ အိမ်မဲ့ ဖြစ်စေသော ငလျင်ကြီး ပေါ်ပေါက်ခဲ့စဉ် က- ဖားများ ထူးခြားစွာ ထွက်ပေါ်လာကြပုံ..

မှိငြမ်း.. http://pinewooddesign.co.uk

Comments