ေတာ္ေတာ္မ်ားမ်ား ေမးၾကတယ္ ...သရဲပူးၿပီး ေပ်ာက္ေနတဲ့ ကေလးေတြ အေၾကာင္းေျပာတာ ဟုတ္လားတဲ့....



ထိုင္းဆိုတာ ျမန္မာနဲ႔ ယဥ္ေက်းမွဴအတူတူပဲမို႔ျမန္မာျပည္မွာ တစ္ခုခုျဖစ္ရင္ နဂါးေတြ နတ္ေတြ ဝင္ပူးသလို ဒီမွာလဲ သရဲေတြဝင္ပူးပါတယ္

ဂတီးဂတီးပဲ

ဟိုလူ႔ပူးဟိုလိုေျပာ ဒီလူပူးဒီလိုေျပာ

ယံုၾကလားဆိုရင္ ျမန္မာျပည္လိုပဲ ယံုတဲ့သူယံုတယ္အမ်ားစုကေတာ့ မယံုၾကပါဘူး

ေနာက္ဆံုးရတဲ့ သတင္းကေတာ့ သူတို႔ခန္းမွန္းထားတဲ့ ပတၱယား ကမ္းေျခ လို႔ တင္စားတဲ့ အကြာေဝးတူတဲ့ ေနရာကို ေတာ့ ကယ္ဆယ္ေရးအဖြဲ႔ေတြ ေရာက္သြားပါၿပီဒါေပမယ့္ အဲဒီ ေနရာကေန ပတၱယားကမ္းေျခကို သြားလို႔ရတဲ့ လမ္းရွိမရွိ မေသခ်ာေသးပါဘူးေနာက္ၿပသနာက ဒီဂူထဲကို ေတာင္တက္ဝါသနာလို ဂူၾကည့္ဝါသနာ ပါတဲ့ႏိုင္ငံျခားသားေတြက လြဲရင္ ဘယ္သူမွ အဆံုးထိ မေရာက္ဖူးၾကဘူး။

အဲဒီေျမပံုကလဲ အဂၤလိပ္ လူစြန္႔စားေတြ ေရးထားတာျဖစ္ လို႔ ဘယ္ေလာက္ထိ မွန္ႏိုင္လဲ ဆိုတာ ေျပာဖို႔ခက္ၿပီး သူတို႔ မေရာက္ခဲ့တဲ့ လမ္းေၾကာင္းေတြ အမ်ားႀကီး ရွိႏိုင္ပါေသးတယ္။



ေျမပံုအရဆိုရင္ေတာ့ ဂူဟာ ၁၁ ကီလိုမီတာ ထိရွည္ပါတယ္ မ်က္စိထဲျမင္ေအာင္ေျပရရင္ ၁၁ ကီလိုမီတာဆိုတာ ဆူးေလကေန ေအဒီ မီပြိဳင့္ေလာက္ထိ ေဝးပါတယ္ မတူတာက လမ္းမွာ လမ္းခြဲေတြနဲ႔ အေပါက္ေတြလဲ အမ်ားႀကီး ရွိေနျပန္ပါေသးတယ္။ဂူတစ္ဝက္ေလာက္ကသာ ထိုုင္းပိုင္နက္ျဖစ္ၿပီး က်န္တာက ျမန္မာျပည္ဘက္ အျခမ္းေရာက္သြားပါတယ္ ဒါေပမယ့္ ျမန္မာျပည္ဘက္က ထြက္ေပါက္က ဘယ္ဂူျဖစ္မလဲဆိုတာ ဘယ္သူမွ အတိက် မသိပါဘူး။



ရာဇဝင္လာ ပံုျပင္ေတြအရဆိုရင္ရွမ္းသို႔မဟုတ္ လာအိုက မ်ိဳးႏြယ္စုတစ္ခုရဲ႕ ဘုရင့္သမီးေတာ္ေလးဟာ သာမန္လူတစ္ေယာက္နဲ႔ ႀကိဳက္ၿပီး လိုက္ေျပးတယ္ ၿပီးေတာ့ ဒီဂူထဲမွာ လာပုန္းေနၾကတယ္အေဖရဲ႕ လူယံုေတြက ရွာေတြေတာ့ ေကာင္ေလးကို သတ္လိုက္တယ္ ေကာင္ေလးေသေတာ့ ေကာင္မေလးက သူ႔ကိုသူသတ္ေသလိုက္တယ္။



ေကာင္မေလးမွာက ကိုယ္ဝန္နဲ႔ပါဒီေတာင္ကို အေဝးက ၾကည့္ရင္ ကိုယ္ဝန္နဲ႔ အိပ္ေနတဲ့ မိန္းကေလ တစ္ေယာက္နဲ႔ တူတယ္လို႔ ေျပာၾကပါတယ္ဒါေၾကာင့္ ေတာင္ကို အိပ္ေနတဲ့ မိန္းကေလးလို႔ ေခၚၾကပါတယ္တဲ့ ေကာင္မေလးဆီက စီးက်လာတဲ့ ေသြးေတြကေတာ့ မယ္ဆိုင္ေခ်ာင္း ျဖစ္သြားပါတယ္တဲ့အဲဒီမွာ အေရးပါတာက အခါနဲ႔ လားဟူ တိုင္းရင္းသားရင္းသားေတြပါပဲ သူတို႔ေတြက ျမန္မာနဲ႔ ထိုင္းနယ္စပ္က ေတာင္ေတြေပၚမွာ က်င္လယ္က်က္စားတာမို႔ ဒီဂူရဲ႕ ထြက္ေပါက္ေတြ မလြယ္ေပါက္ေတြကို သူတို႔ေတြ ေသခ်ာေပါက္ သိႏိုင္တယိလို႔ ေဒသခံေတြက ထင္ၾကတယ္။



သူတို႔က်ေတာ့လဲ နတ္ကို ယံုၾကည္သူေတြျဖစ္တာေၾကာင့္ ဒီကေလးေတြဟာ ေသသြားတဲ့ မင္းသမီးရဲ႕ ပဠန္းဆက္ေတြ ျဖစ္လို႔ မင္းသမီးေခၚထားတာအဲဒီေတာ့ ဂူေပါက္ေတြ လမ္းေတြကို လိုက္မျပရဲၾကဘူး တကယ္မသိလို႔ မျပတာလဲ ျဖစ္ႏိုင္ပါတယ္။

ဘယ္လိုပဲ ျဖစ္ျဖစ္ ေကာလဟာကေတာ့ မ်ားပါတယ္ေတြၿပီ မေတြ႕ႏိုင္ေတာ့ဘူး အစရွိသျဖင့္ေပါ့ေနာက္ဆံုးဒီစာေရးတဲ့ အထိကေတာ့ ဘာမွမေတြ႕ေသးပါဘူး။



ကိုယ္တိုင္လဲ ဂူနားတစ္ဝိုက္မွာ သတင္းယူေနတာမို႔ ေတြ႕တာနဲ႕ခ်က္ျခင္း ေျပာပါမယ္ ကေလးေတြ အသက္ရွင္လွ်က္ျပန္ေတြပါေစလို႔ ဆုေတာင္းေပးပါတယ္။

Credit to Soe Zeya Tun

============

ထိုင်းဆိုတာ မြန်မာနဲ့ ယဉ်ကျေးမှူအတူတူပဲမို့မြန်မာပြည်မှာ တစ်ခုခုဖြစ်ရင် နဂါးတွေ နတ်တွေ ဝင်ပူးသလို ဒီမှာလဲ သရဲတွေဝင်ပူးပါတယ်

ဂတီးဂတီးပဲ

ဟိုလူ့ပူးဟိုလိုပြော ဒီလူပူးဒီလိုပြော

ယုံကြလားဆိုရင် မြန်မာပြည်လိုပဲ ယုံတဲ့သူယုံတယ်အများစုကတော့ မယုံကြပါဘူး

နောက်ဆုံးရတဲ့ သတင်းကတော့ သူတို့ခန်းမှန်းထားတဲ့ ပတ္တယား ကမ်းခြေ လို့ တင်စားတဲ့ အကွာဝေးတူတဲ့ နေရာကို တော့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်သွားပါပြီဒါပေမယ့် အဲဒီ နေရာကနေ ပတ္တယားကမ်းခြေကို သွားလို့ရတဲ့ လမ်းရှိမရှိ မသေချာသေးပါဘူးနောက်ပြသနာက ဒီဂူထဲကို တောင်တက်ဝါသနာလို ဂူကြည့်ဝါသနာ ပါတဲ့နိုင်ငံခြားသားတွေက လွဲရင် ဘယ်သူမှ အဆုံးထိ မရောက်ဖူးကြဘူး

အဲဒီမြေပုံကလဲ အင်္ဂလိပ် လူစွန့်စားတွေ ရေးထားတာဖြစ် လို့ ဘယ်လောက်ထိ မှန်နိုင်လဲ ဆိုတာ ပြောဖို့ခက်ပြီး သူတို့ မရောက်ခဲ့တဲ့ လမ်းကြောင်းတွေ အများကြီး ရှိနိုင်ပါသေးတယ်

မြေပုံအရဆိုရင်တော့ ဂူဟာ ၁၁ ကီလိုမီတာ ထိရှည်ပါတယ် မျက်စိထဲမြင်အောင်ပြေရရင် ၁၁ ကီလိုမီတာဆိုတာ ဆူးလေကနေ အေဒီ မီပွိုင့်လောက်ထိ ဝေးပါတယ် မတူတာက လမ်းမှာ လမ်းခွဲတွေနဲ့ အပေါက်တွေလဲ အများကြီး ရှိနေပြန်ပါသေးတယ်။ဂူတစ်ဝက်လောက်ကသာ ထိုုင်းပိုင်နက်ဖြစ်ပြီး ကျန်တာက မြန်မာပြည်ဘက် အခြမ်းရောက်သွားပါတယ် ဒါပေမယ့် မြန်မာပြည်ဘက်က ထွက်ပေါက်က ဘယ်ဂူဖြစ်မလဲဆိုတာ ဘယ်သူမှ အတိကျ မသိပါဘူး

ရာဇဝင်လာ ပုံပြင်တွေအရဆိုရင်ရှမ်းသို့မဟုတ် လာအိုက မျိုးနွယ်စုတစ်ခုရဲ့ ဘုရင့်သမီးတော်လေးဟာ သာမန်လူတစ်ယောက်နဲ့ ကြိုက်ပြီး လိုက်ပြေးတယ် ပြီးတော့ ဒီဂူထဲမှာ လာပုန်းနေကြတယ်အဖေရဲ့ လူယုံတွေက ရှာတွေတော့ ကောင်လေးကို သတ်လိုက်တယ် ကောင်လေးသေတော့ ကောင်မလေးက သူ့ကိုသူသတ်သေလိုက်တယ်

ကောင်မလေးမှာက ကိုယ်ဝန်နဲ့ပါဒီတောင်ကို အဝေးက ကြည့်ရင် ကိုယ်ဝန်နဲ့ အိပ်နေတဲ့ မိန်းကလေ တစ်ယောက်နဲ့ တူတယ်လို့ ပြောကြပါတယ်ဒါကြောင့် တောင်ကို အိပ်နေတဲ့ မိန်းကလေးလို့ ခေါ်ကြပါတယ်တဲ့ ကောင်မလေးဆီက စီးကျလာတဲ့ သွေးတွေကတော့ မယ်ဆိုင်ချောင်း ဖြစ်သွားပါတယ်တဲ့အဲဒီမှာ အရေးပါတာက အခါနဲ့ လားဟူ တိုင်းရင်းသားရင်းသားတွေပါပဲ သူတို့တွေက မြန်မာနဲ့ ထိုင်းနယ်စပ်က တောင်တွေပေါ်မှာ ကျင်လယ်ကျက်စားတာမို့ ဒီဂူရဲ့ ထွက်ပေါက်တွေ မလွယ်ပေါက်တွေကို သူတို့တွေ သေချာပေါက် သိနိုင်တယိလို့ ဒေသခံတွေက ထင်ကြတယ်

သူတို့ကျတော့လဲ နတ်ကို ယုံကြည်သူတွေဖြစ်တာကြောင့် ဒီကလေးတွေဟာ သေသွားတဲ့ မင်းသမီးရဲ့ ပဠန်းဆက်တွေ ဖြစ်လို့ မင်းသမီးခေါ်ထားတာအဲဒီတော့ ဂူပေါက်တွေ လမ်းတွေကို လိုက်မပြရဲကြဘူး တကယ်မသိလို့ မပြတာလဲ ဖြစ်နိုင်ပါတယ်

ဘယ်လိုပဲ ဖြစ်ဖြစ် ကောလဟာကတော့ များပါတယ်တွေပြီ မတွေ့နိုင်တော့ဘူး အစရှိသဖြင့်ပေါ့နောက်ဆုံးဒီစာရေးတဲ့ အထိကတော့ ဘာမှမတွေ့သေးပါဘူး

ကိုယ်တိုင်လဲ ဂူနားတစ်ဝိုက်မှာ သတင်းယူနေတာမို့ တွေ့တာနဲ့ချက်ခြင်း ပြောပါမယ် ကလေးတွေ အသက်ရှင်လျှက်ပြန်တွေပါစေလို့ ဆုတောင်းပေးပါတယ်

Credit to Soe Zeya Tun

Comments