အသက္၃၃နွစ္မွာ သိန္း၃ေသာင္းခြဲအိမ္ဝ ယ္ဖို႕ဘယ္လိုျကိုးစားနိုင္တာလဲ...???



pageတစ္ခုက အိမ္ေရာင္းတယ္ ေစ်းက သိန္းေပါင္း၃၅၀၀၀ ပလူပ်ံေနတဲ႕ေကာမန္ ့ေတြၾကားက မန္ ့ေလးတစ္ခုဖတ္မိလို ့ ယူလာတာ

ပံုေတြနဲ႕ copy ယူလာတဲ႔စာနဲ႕ ဆက္စပ္ဖတ္ၾကည့္ပါေလ

(ေမးသူ) အသက္၃၃နွစ္မွာသိန္း၃ေသာင္းခြဲအိမ္ဝ ယ္ဘို႕ဘယ္လိုျကိုးစားနိုင္တာလဲရိုးသားတဲ႕အလု ပ္နဲ႕သာမာန္ကေတာ့မရနိုင္ဘူးေနာ္.....။

(ေျဖသူ)

၈ တန္းႏွစ္ကစလို႔ management နဲ႔ဆိုင္တဲ့စာအုပ္ေတြ အေတြးအေခၚပိုင္းနဲ႔သက္ဆိုင္တဲ့စာအုပ္ေတြ ဖတ္တဲ့ေနရာမွာ အားႀကီးခဲ့ပါတယ္။

ဆယ္တန္းကို ေအာင္တယ္ဆိုရံုေလးပဲေအာင္တဲ့အထိ စာဖတ္ဝါသနာပါခဲ့ပါတယ္။ တစ္ဆက္တည္းမွာပဲ ေမြးရပ္ေျမမွာ ႏိုင္ငံျခားသားေတြနဲ႔ english ကို မ႐ွက္တမ္းဝင္ေျပာရင္း ေလ့လာသင္ယူခဲ့ပါတယ္။

ဆယ္တန္းေအာင္တဲ့အခ်ိန္ကစလို႔ လုပ္ငန္းခြင္ဝင္ခဲ့ပါတယ္။ ျမန္မာျပည္က ဘြဲ႔တစ္ခုရၿပီးခ်ိန္ Kuwait မွာ ပထမဆံုးျမန္မာ့အလုပ္သမားအျဖစ္နဲ႔ Starbucks မွာ Barista အျဖစ္ အလုပ္ရခဲ့ပါတယ္။



အဲဒီအခ်ိန္တုန္းက Agent fees ေပးစရာမလိုတဲ့အျပင္ Air ticket ေတာင္ အလကားျပန္ေပးပါတယ္။ ၂ ႏွစ္လံုးလံုး ပိုက္ဆံစုတဲ့အေနနဲ႔ ထမင္းအိုးတည္ၿပီး sausage ၾကက္အူေခ်ာင္းေတြ discount ခ်ထားတာေတြဝယ္ထားၿပီး တစ္နပ္ကို တစ္ေခ်ာင္းနဲ႔ ထမင္းျဖဴကို အေျပာင္းအလဲမ႐ွိ စားခဲ့ပါတယ္။

တစ္ခါတစ္ရံ ၾကက္ေတာင္ပံေလးေတြေျပာင္းစားခဲ့ပါတယ္။ စေရာက္ၿပီး ၈ လအၾကာမွာ Store Manager အျဖစ္ရာထူးတိုးခဲ့ၿပီး လစာ ၄ ဆေလာက္ တက္ခဲ့ပါတယ္။

ငယ္ငယ္က စာဖတ္ခဲ့တဲ့အက်ိဳးဆက္ေၾကာင့္ ဆိုင္ကိုလာေနက် regular customer တစ္ေယာက္နဲ႔ရင္းႏွီးၿပီး သူ႔အလုပ္ကိစၥေတြပါ တိုငိပင္လာတဲ့အထိ trust တစ္ခုကိုရခဲ့ပါတယ္။

Kuwait မွာ ဖြင့္ထားတဲ့ သူ႔ hotel မွာ ျဖစ္လာတဲ့ အခက္အခဲျပသနာေတြ လာတိုင္ပင္တယ္။ က်ေတာ္က အဆိုးအေကာင္းခြဲျပတယ္။ solution ေတြေပးတယ္။ သူ accept လုပ္တယ္ ေအာင္ျမင္သြားတယ္။

ေနာက္ေတာ့ Singapore မွာ႐ွိတဲ့ သူ႔ company မွာ အလုပ္လာလုပ္ဖို႔ ကမ္းလွမ္းပါတယ္။ Kuwait မွာ ၂ ႏွစ္ contract ျပည့္သြားခ်ိန္မွာ Singapore ကသူ႔ company မွာ area manager အျဖစ္ အလုပ္တန္းဝင္ခဲ့ပါတယ္။



Experience and Education background အားနည္းတဲ့သူတစ္ေယာက္ကို Area Manager တန္းခန္႔တဲ့အခ်ိန္မွာ ျဖစ္ေပၚလာတဲ့ အခက္အခဲေတြ ရင္စည္းခံခဲ့ရပါတယ္။

ေရာက္ၿပီး ၂ လအၾကာမွာ Challenge တစ္ခုလက္ခံခဲ့ပါတယ္။ အရႈံးေပၚလို႔ ပိတ္ရေတာ့မယ့္ Store တစ္ခုကို ၆ လအခ်ိန္အတြင္း profit 20% ျပေပးဖို႔အတြက္ပါ ။

သို႔ေပမယ့္ 4 လအတြင္းမွာ 40% ျပေပးႏိုင္တဲ့အတြက္ Area manager ဘဝကေန အသက္ ၂၅ ႏွစ္အရြယ္မွာ Assistant Operation Manager အျဖစ္ Company ရဲ႕ Operation တစ္ခုလံုးကို ကိုင္တြယ္ရပါတယ္။

က်ေတာ္မေရာက္ခင္ အသက္အငယ္ဆံုး AOM က ၄၂ ႏွစ္ပါ။

ၿပိးေတာ့ Poly မွာ MBA entrance ေျဖခဲ့ပါတယ္ reject ျဖစ္ပါတယ္။ အဲဒါနဲ႔ SMU မွာ သူ႔ recommend နဲ႔ entrance ဝင္ေျဖေတာ့ေအာင္ပါတယ္။

၁၈ လတိတိ တစ္ရက္ကို ၄ နာရီပဲ အိပ္ခဲ့ပါတယ္။

Office hours – 9 am to 5 pm

School hours – 6 pm to 11 pm

Sunday လိုေန႔မ်ိဳးမွာေတာင္ အက်င့္ပါသြားမွာစိုးလို႔ သာယာသြားမွာစိုးလို႔ ၄ နာရီထက္ပိုမအိပ္ခဲ့ပါဘူး။

MBA ၿပိးသြားခ်ိန္မွာ က်ေတာ့ လစာ $13,200 SGD ျဖစ္သြားပါၿပီ။ 2 ႏွစိဆကိလုပ္ခဲ့ၿပီး သူနဲ႔ partnership အျဖစ္ တစ္ေယာက္တစ္ဝက္ share သေဘာ Insurance Company တစ္ခုေထာင္ၿပီး CEO အျဖစ္ က်ေတာ္ အုပိခ်ဳပ္ခဲ့ပါတယ္။

အခုေတာ္ေတာ္ ေအာင္ျမင္ေနခဲ့ပါၿပီ အဲဒီအျပင္ Singapore ရဲ႕အဓိကက်တဲ့ စီးပြားေရးလမ္းေၾကာင္းျဖစ္တဲ့ Logistics Company တစ္ခုကိုလဲ အစပ်ိဳးထားပါေသးတယ္။ ျမန္မာျပည္မွာလဲ စီးပြားေရး လုပ္ငန္း ၃ ခု႐ွိပါေသးတယ္

ဆိုေတာ့ က်ေတာ္ေျပာသြားခဲ့တဲ့ က်ေတာ့ဘဝအေၾကာင္းအရာေတြထဲမွာ မ႐ိုးသားတဲ့အလုပ္ သို႔မဟုတ္ သာမာန္မဟုတ္တဲ့အလုပ္ တစ္ခုခုမ်ား သံသယျဖစ္စရာပါခဲ့မယ္ဆိုရင္ ေထာက္ျပႏိုင္ပါတယ္။

တစိခုပဲ႐ွိပါတယ္ မသိႏိုင္ မျမင္ႏိုင္တဲ့ အတိတ္ဘဝက ကုသိုလ္ကံကိုယံုၿပီး ထိုင္ဆုေတာင္းေနတာမ်ိဳး မလုပ္ခဲ့ပါဘူး ဘာသာေရးေကာင္းမႈကိုသိုလ္ေတြလုပ္ၿပီး ထီထိုးတာမ်ိဳးလဲမလုပ္ခဲ့ပါဘူး

သာမာန္မဟုတ္တာဆိုလို႔ အပ်င္းမႀကီးပဲ အစားအေသာက္အေနအထိုင္ ဆင္းရဲၾကမ္းတမ္းစြာ ဘဝကို ႐ုန္းကန္ခဲ့ရတာနဲ့ ရပ္တည္ေနတဲ့ေနရာတစိခုအတြက္ ဘာဆင္ေျခမွမေပးပဲ အေကာင္းဆံုးေလ်ွာက္လွမ္းႏိုင္ဖို႔ ႀကိဳးစားခဲ့တာ ပဲ႐ွိပါတယ္ခင္ဗ်ာ။

ေက်းဇူးတင္ပါတယ္

crd;orginal writer

=============

pageတစ်ခုက အိမ်ရောင်းတယ် စျေးက သိန်းပေါင်း၃၅၀၀၀ ပလူပျံနေတဲ့ကောမန် ့တွေကြားက မန် ့လေးတစ်ခုဖတ်မိလို ့ ယူလာတာ

ပုံတွေနဲ့ copy ယူလာတဲ့စာနဲ့ ဆက်စပ်ဖတ်ကြည့်ပါလေ

(မေးသူ) အသက်၃၃နှစ်မှာသိန်း၃သောင်းခွဲအိမ်ဝ ယ်ဘို့ဘယ်လိုကြိုးစားနိုင်တာလဲရိုးသားတဲ့အလု ပ်နဲ့သာမာန်ကတော့မရနိုင်ဘူးနော်

(ဖြေသူ)

၈ တန်းနှစ်ကစလို့ management နဲ့ဆိုင်တဲ့စာအုပ်တွေ အတွေးအခေါ်ပိုင်းနဲ့သက်ဆိုင်တဲ့စာအုပ်တွေ ဖတ်တဲ့နေရာမှာ အားကြီးခဲ့ပါတယ်။

ဆယ်တန်းကို အောင်တယ်ဆိုရုံလေးပဲအောင်တဲ့အထိ စာဖတ်ဝါသနာပါခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ မွေးရပ်မြေမှာ နိုင်ငံခြားသားတွေနဲ့ english ကို မရှက်တမ်းဝင်ပြောရင်း လေ့လာသင်ယူခဲ့ပါတယ်။

ဆယ်တန်းအောင်တဲ့အချိန်ကစလို့ လုပ်ငန်းခွင်ဝင်ခဲ့ပါတယ်။ မြန်မာပြည်က ဘွဲ့တစ်ခုရပြီးချိန် Kuwait မှာ ပထမဆုံးမြန်မာ့အလုပ်သမားအဖြစ်နဲ့ Starbucks မှာ Barista အဖြစ် အလုပ်ရခဲ့ပါတယ်။

အဲဒီအချိန်တုန်းက Agent fees ပေးစရာမလိုတဲ့အပြင် Air ticket တောင် အလကားပြန်ပေးပါတယ်။ ၂ နှစ်လုံးလုံး ပိုက်ဆံစုတဲ့အနေနဲ့ ထမင်းအိုးတည်ပြီး sausage ကြက်အူချောင်းတွေ discount ချထားတာတွေဝယ်ထားပြီး တစ်နပ်ကို တစ်ချောင်းနဲ့ ထမင်းဖြူကို အပြောင်းအလဲမရှိ စားခဲ့ပါတယ်။

တစ်ခါတစ်ရံ ကြက်တောင်ပံလေးတွေပြောင်းစားခဲ့ပါတယ်။ စရောက်ပြီး ၈ လအကြာမှာ Store Manager အဖြစ်ရာထူးတိုးခဲ့ပြီး လစာ ၄ ဆလောက် တက်ခဲ့ပါတယ်။

ငယ်ငယ်က စာဖတ်ခဲ့တဲ့အကျိုးဆက်ကြောင့် ဆိုင်ကိုလာနေကျ regular customer တစ်ယောက်နဲ့ရင်းနှီးပြီး သူ့အလုပ်ကိစ္စတွေပါ တိုငိပင်လာတဲ့အထိ trust တစ်ခုကိုရခဲ့ပါတယ်။

Kuwait မှာ ဖွင့်ထားတဲ့ သူ့ hotel မှာ ဖြစ်လာတဲ့ အခက်အခဲပြသနာတွေ လာတိုင်ပင်တယ်။ ကျတော်က အဆိုးအကောင်းခွဲပြတယ်။ solution တွေပေးတယ်။ သူ accept လုပ်တယ် အောင်မြင်သွားတယ်။

နောက်တော့ Singapore မှာရှိတဲ့ သူ့ company မှာ အလုပ်လာလုပ်ဖို့ ကမ်းလှမ်းပါတယ်။ Kuwait မှာ ၂ နှစ် contract ပြည့်သွားချိန်မှာ Singapore ကသူ့ company မှာ area manager အဖြစ် အလုပ်တန်းဝင်ခဲ့ပါတယ်။

Experience and Education background အားနည်းတဲ့သူတစ်ယောက်ကို Area Manager တန်းခန့်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေ ရင်စည်းခံခဲ့ရပါတယ်။

ရောက်ပြီး ၂ လအကြာမှာ Challenge တစ်ခုလက်ခံခဲ့ပါတယ်။ အရှုံးပေါ်လို့ ပိတ်ရတော့မယ့် Store တစ်ခုကို ၆ လအချိန်အတွင်း profit 20% ပြပေးဖို့အတွက်ပါ ။

သို့ပေမယ့် 4 လအတွင်းမှာ 40% ပြပေးနိုင်တဲ့အတွက် Area manager ဘဝကနေ အသက် ၂၅ နှစ်အရွယ်မှာ Assistant Operation Manager အဖြစ် Company ရဲ့ Operation တစ်ခုလုံးကို ကိုင်တွယ်ရပါတယ်။

ကျတော်မရောက်ခင် အသက်အငယ်ဆုံး AOM က ၄၂ နှစ်ပါ။

ပြိးတော့ Poly မှာ MBA entrance ဖြေခဲ့ပါတယ် reject ဖြစ်ပါတယ်။ အဲဒါနဲ့ SMU မှာ သူ့ recommend နဲ့ entrance ဝင်ဖြေတော့အောင်ပါတယ်။

၁၈ လတိတိ တစ်ရက်ကို ၄ နာရီပဲ အိပ်ခဲ့ပါတယ်။

Office hours – 9 am to 5 pm

School hours – 6 pm to 11 pm

Sunday လိုနေ့မျိုးမှာတောင် အကျင့်ပါသွားမှာစိုးလို့ သာယာသွားမှာစိုးလို့ ၄ နာရီထက်ပိုမအိပ်ခဲ့ပါဘူး။

MBA ပြိးသွားချိန်မှာ ကျတော့ လစာ $13,200 SGD ဖြစ်သွားပါပြီ။ 2 နှစိဆကိလုပ်ခဲ့ပြီး သူနဲ့ partnership အဖြစ် တစ်ယောက်တစ်ဝက် share သဘော Insurance Company တစ်ခုထောင်ပြီး CEO အဖြစ် ကျတော် အုပိချုပ်ခဲ့ပါတယ်။

အခုတော်တော် အောင်မြင်နေခဲ့ပါပြီ အဲဒီအပြင် Singapore ရဲ့အဓိကကျတဲ့ စီးပွားရေးလမ်းကြောင်းဖြစ်တဲ့ Logistics Company တစ်ခုကိုလဲ အစပျိုးထားပါသေးတယ်။ မြန်မာပြည်မှာလဲ စီးပွားရေး လုပ်ငန်း ၃ ခုရှိပါသေးတယ်

ဆိုတော့ ကျတော်ပြောသွားခဲ့တဲ့ ကျတော့ဘဝအကြောင်းအရာတွေထဲမှာ မရိုးသားတဲ့အလုပ် သို့မဟုတ် သာမာန်မဟုတ်တဲ့အလုပ် တစ်ခုခုများ သံသယဖြစ်စရာပါခဲ့မယ်ဆိုရင် ထောက်ပြနိုင်ပါတယ်။

တစိခုပဲရှိပါတယ် မသိနိုင် မမြင်နိုင်တဲ့ အတိတ်ဘဝက ကုသိုလ်ကံကိုယုံပြီး ထိုင်ဆုတောင်းနေတာမျိုး မလုပ်ခဲ့ပါဘူး ဘာသာရေးကောင်းမှုကိုသိုလ်တွေလုပ်ပြီး ထီထိုးတာမျိုးလဲမလုပ်ခဲ့ပါဘူး

သာမာန်မဟုတ်တာဆိုလို့ အပျင်းမကြီးပဲ အစားအသောက်အနေအထိုင် ဆင်းရဲကြမ်းတမ်းစွာ ဘဝကို ရုန်းကန်ခဲ့ရတာနဲ့ ရပ်တည်နေတဲ့နေရာတစိခုအတွက် ဘာဆင်ခြေမှမပေးပဲ အကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့ ကြိုးစားခဲ့တာ ပဲရှိပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်

crd;orginal writer

=============

Comments